Tuesday, October 8, 2013

အခြေခံဥပဒေနှင့် ဒို့ တာဝန်အရေး(၃)ပါး


ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရသစ် တက်လာခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်း အားဖြင့် တ၀က်ရှိပြီဟု ဆိုနိုင်ပြီဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်ကူးပြောင်းလာ သည့်သမ္မတကြီးဦးသိန်စိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် မြစ်ဆုံကိစ္စအပါအ၀င်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ လူမျိုးရေးပဋိပခများအပါအ၀င် အဖျက်အမှောင့်များ စွာကြုံတွေ့ခဲ့ရသော် လည်းစေ့စပ် ညှိနှိုင်းမှု များဖြင့် အဖြေရှာ၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့ ဟန်ချက်ညီ စွာဖြင့် လျှောက်လမ်းနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာ နိုင်ငံသည် ပြောင်းလဲမှု လမ်းကြောင်းသစ် ပေါ်သို့ တက်လှမ်းခဲ့ပြီ ဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်းရောက်ရာနေရာတွင်တခမ်းတနားဖြင့်ကြိုဆိုနေကြသည်ကိုလည်းတွေ့မြင်နေရပြီဖြစ်သည်။

အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပခများမှာ နောက်ကွယ်မှကြိုးကိုင်မှုများ ရှိနေသည်ဟု အစိုးရအဖွဲ့ဝင်လူကြီးများနှင့် နိုင်ငံရေးလေ့လာသူအချို့မှ ထုတ်ဖော်ပြောကြားခဲ့ရ သည်အထိတစ်ခုပြီး တစ်ခုဆက်တိုက် ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ယခုတစ်ဖန်လူပြိန်းကြိုက်နိုင်ငံရေးလှုပ်ရှားမှုများအသွင်ဖြင့်ခေတ်စားလာနေသည့်ကိစ္စတစ်ရပ်မှာအခြေခံဥပဒေ အသစ်ပြန် လည်ရေးဆွဲရေးပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုဖြင့် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ လက်တွဲညီညီဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးပုံဖော်နေသည့် ကာလတွင် ယခုကဲ့သို့ နောက်ကြောင်းပြန်လှည့်သွားစေ မည့်၊ နောက်ကြောင်းပြန်ရောက်သွားစေမည့် ကိစ္စမျိုးအား ထုတ်ဖော်ပြောဆိုလာခြင်းမှာ အသွင်ကူးပြောင်း စ နိုင်ငံတစ်နိုင်ငံအတွက် အန္တရာယ်ကြီးမားပြီး၊ အလွန်တရာမှ စိတ်ပျက်ဖွယ်ကောင်းလှကြောင်း နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် နိုင်ငံတကာမှ လေ့လာသူများက ဝေဖန်ထောက်ပြခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်သည်။

အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲမည်ဟု ပြောနေကြသောကိစ္စသည် တစ်နည်းအားဖြင့် ယခုအစိုးရ သစ်တက်လာပြီသည့်နောက်ပိုင်းမည်သည့်နိုင်ငံရေး ပါတီနှင့်မှ မပတ်သက်ဘဲ လွတ်လွတ် လပ်လပ်ကိုယ့်မူနှင့်ကိုယ်နေနေခဲ့သည့် တပ်မတော်အား ထိပ်ပုတ်၊ခေါင်းပုတ်ဖြင့် ရန်စလာခြင်း ဟုသတ်မှတ်နိုင်ပေ သည်

တပ်မတော်ကတော့ ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေကို ထိခိုက်အောင်ပြုလုပ်မည့် မည်သည့်ကိစ္စ၊ မည်သူ့ကိုမဆို လက်ခံမည်မဟုတ်သည့် ၄င်းတို့၏ရပ်တည်ချက်အား အတိအလင်းပင်ပြောကြားထား ပြီးဖြစ်သည်။

ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ် ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်မတော်က လက်ပိုက်ကြည့်နေတော့မည်မဟုတ်ပေ။

တစ်ဖက်သားထံမှ အပြောင်းအလဲကို လိုချင်လျှင် ပြောင်းလဲလိုသော သဘောထား အပေါ် အသိအမှတ်ပြု၍ ၎င်းတို့ ကိုယ်တိုင်လည်း ပြောင်းလဲပေးရန် လိုအပ်မည် ဖြစ်သည်။ ယခုထိုကဲ့သို့ပြောင်း လဲပြီလား စဉ်းစားသုံးသပ်ရန်လိုလာပြီဖြစ်သည်။

သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ မည်သည့်အဖွဲ့နှင့်မဆို ငြိမ်းချမ်းစွာ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဖိတ်ခေါ် လက်ကမ်းထားခဲ့သော်လည်း KIA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အချို့၏ တုံ့ပြန်မှုများက ၄င်းတို့၏ သဘောထားကိုထင်ဟပ်နေစေသည်။ အချို့က သမ္မတကြီး ကမ်းပေးသော လက်ကို ရှောင်လွှဲ လိုသည်။ အချို့က ကမ်းလက်ကို ဆွဲယူလိုသည်။ အကြောင်းပြချက် မှာလည်း အမျိုးမျိုး ဖြစ်နေသည်။

ယနေ့ ကျွန်တော်တို့နိုင်ငံ လက်ရှိသွားနေသော လမ်းကြောင်းမှာ စစ်ဘက်-အရပ်ဘက် ယုံကြည်မှု တည်ဆောက်ရေး၊ တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်းဖြစ်ပြီး အဓိကဦးဆောင်တဲ့ အင်အားစုက တပ်မတော် ဖြစ်နေသေးတာကိုတော့ မျက်ကွယ်ပြုထား၍ ရမည်မဟုတ်ပေ။ အဲဒီအင်အားစုက နားလည် သဘောပေါက်လာအောင် လုံလောက်တဲ့ အချိန်နဲ့ လက်တွေ့ ဖြတ်သန်းမှု တစ်စုံတစ်ရာ မလုပ်ရသေးခင်မှာ သူတို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဘေးချိတ်လိုက်ပြီး အသစ်ပြန်လည် ရေးကြစို့လို့ပြောရင် ရန်စကား ပြောသလို ဖြစ်နေလို့ အနည်းနဲ့အများ ဆိုသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ပဲ ပြောလိုက်ပါရစေ။

Thura Naing

1 comments:

  1. Blackjack at the Hotel at Borgata - Casino Poker
    Blackjack 토토 사이트 검증 at the Hotel at Borgata - Casino 바카라신규가입쿠폰 Poker You 가상 화폐 추천 will see all of the tables in Blackjack 꽁머니 at the Borgata Poker room. Poker 바카라시스템 Room - Borgata Poker Room.

    ReplyDelete

Related Posts Plugin for WordPress, Blogger...