United Arab Emirates(UAE) တပ်မတော်မှ လက်ရှိ အခြား တပ်မတော် တို့တွင်
အသုံးပြုလျက် ရှိသည့် Jobaria Defence System ကုမ္ပဏီ၏ အရေအတွက် အတိအကျ ဖော်ပြထားခြင်း မရှိသော စွမ်းရည် မြင့်မားသည့် Multiple Cradle Launcher(MCLS)စနစ်များအား တပ်ဆင်အသုံးပြုလျက် ရှိနေပြီ ဖြစ်ပါသည်။
အဆိုပါ ဒုံးလက်နက် စနစ်(၂)ခုအား IDEX ပြပွဲတွင် ပြသခဲ့ပြီး လက်နက် စနစ်(၂)ခု အနက် (၁)ခုအား ခရီးသွား အနေအထားဖြင့် ပြသခဲ့ပါသည်။ MCL ဒုံးစနစ်သည် ပြည်ပလက်နက် ထုတ်လုပ်သည့် ကုမ္ပဏီ များနှင့် ပူးပေါင်း၍ ထုတ်လုပ်သော လက်နက် စနစ်များ အနက် (၁)ခု အပါအဝင် ဖြစ်ပါသည်။ သို့သော် အဆိုပါ ဒုံးစနစ်နှင့် ပတ်သက်၍ ပစ္စည်းကိရိယာများ နောက်ဆုံးစုစည်း တပ်ဆင်ခြင်းကိုမူ နိုင်ငံတွင်း၌ပင် ဆောင်ရွက် ခဲ့ပါသည်။
ယင်းလက်နက် စနစ်တွင် Oshkosh Defence ကုမ္ပဏီ၏ အကြီးစား သယ်ယူ ပို့ဆောင်ရေး Heavy Equipment Transporter (HET) (၆ x ၆)ယာဉ်ဖြင့် တွဲဘက် အသုံးပြုထားပါသည်။ ဘီး(၁ဝ)ဘီးတပ် နောက်တွဲယာဉ်ပေါ်တွင် ပါဝါစနစ်(၄)ခု ပါဝင်သော ၁၂၂ မီလီမီတာ ဒုံးပစ်လောင်ချာများ ပါဝင်ပြီး ဒုံးပစ်စင်(၁)ခုတွင် ဒုံးကျည်(၂ဝ)တောင့် ပစ်ခတ်နိုင်သည့် ဒုံးပြွန်သေတ္တာ(၃) ခု ပါဝင်ပါသည်။
HET ယာဉ်တွင် ကျည်လုံခန်း၊ လေအေးပေးစနစ်နှင့် တာယာလေသွင်း စနစ်တို့ကို တပ်ဆင် ထားပါသည်။ တာယာလေသွင်း စနစ်အား အသုံးပြု နေချိန်တွင် နောက်တွဲယာဉ်ပေါ်တွင် ပါရှိသည့် Remote Control ဖြင့် တည်ငြိမ်မှုထိန်း ကိရိယာ(၁ဝ)ခု အား နေရာ ချထားစေမည် ဖြစ်ပါသည်။ အဆိုပါ လုပ်ဆောင်ချက် အားလုံးအား HET ယာဉ်တွင် ပါဝင်သော Auxiliary Power Unit(APU) စနစ်မှ လုပ်ဆောင်ပေးမည် ဖြစ်ပြီး ယာဉ်၏ အင်ဂျင်စက် ရပ်နားထားချိန်တွင်လည်း လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
ဒုံးလက်နက်အား ပစ်ခတ်ရာတွင် ပိုမိုတိကျ မှန်ကန်မှု ရှိစေရေး အတွက် ကွန်ပျူတာ စနစ်သုံး ပစ်ခတ်မှု ထိန်းသိမ်းရေး စနစ် ပါဝင် တပ်ဆင်ထားပြီး ပစ်ခတ်သူ အနေဖြင့် ၁၂၂ မီလီမီတာ ဒုံးကျည်များအား (၁)တောင့်ချင်း ဖြစ်စေ၊ အတွဲလိုက် ဖြစ်စေ ရွေးချယ် ပစ်ခတ်နိုင်မည် ဖြစ်ပါသည်။ ဒုံးကျည်အား ပိုမိုတိကျစွာ ပစ်ခတ်နိုင်ရန် အတွက် Global Positioning System (သို့မဟုတ်) Inertial Navigation စနစ်များကို ထည့်သွင်း တပ်ဆင်ထားပါသည်။
IDEX ပြပွဲတွင် MCL ဒုံးစနစ်များအား Rocketsan ကုမ္ပဏီ၏ TR-122 ဒုံးများ တပ်ဆင်၍ ပြသ ခဲ့ပြီး ယင်းဒုံးကျည်များအား UAE တပ်မတော်တွင် ယခင်နှစ် များစွာကပင် (၆ x ၆)ယာဉ်များပေါ်၌ တပ်ဆင်၍ အသုံးပြု လာခဲ့သော လက်နက်များ ဖြစ်ပါသည်။ စံပြု TR-122 ဒုံးကျည် အမျိုးအစားတွင် ထိကွဲ စနက် အသုံးပြုထားသော HE ကျည်ထိပ်ဖူး အမျိုးအစား တပ်ဆင်ထားပါ သည်။

TRB-122 ဒုံးကျည်တွင် ရေဒါစနက် တပ်ဆင်ထားသည့် သံမဏိ
ဘောစေ့ပေါင်း ၅၅ဝဝ ပါဝင်သော HE ကျည်ထိပ်ဖူး အမျိုးအစား တပ်ဆင် ထားပါသည်။
ကိုးကား ဖော်ပြချက်အရ ဒုံးကျည်များအား ဒုံးပစ်လောင်ချာ၏ တာဝေးအပေါ် မူတည်၍
အဝေးဆုံး ၄ဝ ကီလိုမီတာနှင့် အနီးဆုံး ၁၆ ကီလို မီတာအထိ ပစ်ခတ်နိုင်ကြောင်း သိရှိရပါသည်။
ဒုံးလက်နက်အား ၁ ကြိမ် ပစ်ခတ်ပြီးပါက နောက်တစ်ကြိမ် ပစ်ခတ်နိုင်ရန် အခြား တစ်နေရာသို့ လျင်မြန်စွာ ရွှေ့ပြောင်း နေရာယူနိုင်ပြီး ၁၂၂ မီလီမီတာ ဒုံးကျည်များအား ကျည်ထိုးယာဉ်ပေါ်တွင် ပါဝင်သော ကျည်ထိုးကိရိယာဖြင့် အမြန်ကျည်ထိုး နိုင်ပါသည်။ ယင်းကျည်ထိုး ယာဉ်ကိုလည်း နောက်တွဲ ယာဉ်နှင့် အမျိုးအစား တူညီသောယာဉ်ဖြင့် တည်ဆောက်ထားပါသည်။
IDEX ပြပွဲတွင် ပြသခဲ့သည့် MCL ဒုံးစနစ်အား လမ်းညွှန်စနစ် မပါဝင်သည့် ၁၂၂ မီလီမီတာ မြေပြင်မှ မြေပြင်ပစ် ဒုံးလက်နက်များဖြင့် ပစ်ခတ် ပြသ ခဲ့သော်လည်း MCL ဒုံးစနစ်များတွင်ျွ Rocketsan ကုမ္ပဏီ၏ T-300 ၃ဝဝ မီလီမီတာ ဒုံးကျည်များအား ဒုံးပြွန်(၄)ခုကို အသုံးပြု၍ ပိုမိုကွာဝေးသော ပစ်မှတ်များအား ပစ်ခတ်နိုင်စွမ်း ရှိကြောင်း သိရှိရပါသည်။

0 comments:
Post a Comment