၃၁-၇-၂၀၁၃
HTMS
Phutthayotfa Chulalok နှင့် HTMS Phutthaloetla Naphalai စစ်သင်္ဘော များ
ထိုင်းရေတပ် အနေဖြင့် တောင်ကိုရီးယား နိုင်ငံမှ ထိုင်းဘတ်ငွေ ၁၄ ဒသမ ၆ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၄၆၀ သန်း ) တန်ဖိုးရှိ ဖရီးဂိတ် စစ်သင်္ဘောသစ် ၀ယ်ယူရေး အစီအစဉ်အား အစိုးရ အဖွဲ့က ဇူလိုင်လ ၃၀ ရက်တွင် ခွင့်ပြုရန် မျှော်မှန်း ထားကြောင်း ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။
အဆိုပါ အစီအစဉ် နှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ၀န်ကြီး ယင်လပ်ရှီနာ ၀ပ်ထရာ သည် ရေတပ် ဦးစီးချုပ် Surasak Rounroengrom နှင့် ဇူလိုင်လ ၂၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြိး အစီရင်ခံစာ တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာ တွင် ထိုင်းရေတပ် သည် ကိုယ်ပျောက် နည်းပညာ ပါဝင်သည့် ဖရီးဂိတ် စစ်သင်္ဘော တည်ဆောက်ရေး နှင့် ပတ်သက်၍ ဒေ၀ူး သင်္ဘော တည်ဆောက်ရေး ရေကြောင်း အင်ဂျင်နီယာ ကုမ္ပဏီ နှင့် သဘောတူ စာချုပ်ချုပ်ဆို သွားမည် ဖြစ်ကြောင်း ၊ ၄င်း ဖရီးဂိတ် စစ်သင်္ဘောအား စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၁၈၀၀ အတွင်း အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း ဖော်ပြ ပါရှိကြောင်း သိရသည်။
၎င်း အစီရင်ခံစာတွင် ထိုင်းဘတ်ငွေ ၃၀ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၉၅၉ သန်း ) ဖြင့် ဖရီးဂိတ် စစ်သင်္ဘော ၂ စီး ၀ယ်ယူသွားရန် နှင့် ၄င်း သင်္ဘောသစ် ၂ စီးအား ၂၀၁၅ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်တွင် အနားပေးမည့် HTMS Phutthayotfa Chulalok နှင့် HTMS Phutthaloetla Naphalai စစ်သင်္ဘော များနေရာတွင် အစားထိုး အသုံးပြု သွားမည် ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ကတည်းက ထိုင်းရေတပ် ၏ စစ်သင်္ဘော ၀ယ်ယူရေး အစီအစဉ် နှင့် ပတ်သက်၍ အစိုးရက မူအားဖြင့် သဘောတူ ခဲ့ကြောင်း သိရှိရသည်။
- Pyi Chit Thar
0 comments:
Post a Comment