တပ်မတော် စံညွှန်း ...
၁ နေ့ မိုင် ၃၀ ခရီးပေါက်ရမည် တဲ့ ... ။
ဘာနဲ့လဲ .. ( ခြေလျင်ပါ )
မနားတမ်း ၁၅ မိုင် အပြေးတက်နိုင်ရမည် တဲ့ ... ။
ဘာနဲ့လဲ .. ( ပေါင် ၃၀ ၊ ၅ kg G၃ နဲ့ )
ပြောနေရင်လည်း အပိုလို့ ထင်နေပါဦးမယ် ။
သူတို့က လူရှေ့သူရှေ့ ကားဘေးက အပြေးတက်လေးနဲ့လိုက်ပြီး
ပုတ်ခတ် စောင်းမြောင်း သီချင်းရေးတတ်မှ လူရာဝင်တာလေ ။
စစ်သားတွေက အထက်လူကြီးက ပစ်ဆိုတာနဲ့ မဲမဲ မြင် ပစ်တယ်တဲ့ ။
အထက်က အမိန့်မပေးလို့ ရန်သူ ကိုယ့်ကို ပစ်မယ်မှန်း သိလျှက် မပစ်ပဲ နေလိုက်ရတာကိုတော့ သူတို့ မသိ ။
( ဒီ အတွက် ရှင်းလင်းရရင်တော့ပစ်ဆိုတိုင်းပစ်ချင်လို့ပစ်တာ မဟုတ်ပါဘူး အမိန့်ဆိုတာ ကိုယ့်ခေါင်းနဲ့တောင် လိုက်လံ စဉ်းစားလို့ရပါတယ် ။
အနီးလေးကို မြင်ပြီး အဝေးကို မတွေးပဲ အပြစ်ပြောချင်တာနဲ့
ဒီစကားလေးတွေ ပြောတက်တဲ့ လူတစ်ချို့သိဖို့ပါ )
သူတို့က အပြစ်ပြောကြတယ်ဗျ ။
ပြီးရင် သူတို့လောက် တိုင်းပြည်အပေါ် အလုပ်ကျွေးပြုတာ သူတို့ပဲ ရှိတယ် ။
ဒါပေမယ့်ဗျာ ....
" သင့်အား တပ်မတော်မှ အလိုရှိသည် " ဆိုတဲ့ ဆိုင်းဘုတ်ကိုတော့ မျက်လုံးကြီးတွေ ဖွင့်လျက် ပြူးကြောင် ကန်းကြီးတွေ မမြင်လိုက်ဘဲ ကျော်သွားတက်ကျတယ် ။
တပ်မတော်အကြောင်း ဘယ်လောက်သိလဲ .. ?
သူတို့ ဘာမှ မသိပါဘူး ။
မြန်မာ နိုင်ငံ နယ်နမိတ် ဘယ်လောက်ရှိလဲ .. ?
သူတို့ မသိပါဘူး ။ ( သိတာကတော့ မူလတန်း ဖတ်စာအုပ်မှာရေးထားတဲ့ အတိုင်းအတာပဲ သူတို့ သိကောင်းလောက်ရဲ့ ၊ ဒါတောင် ခု ဒီစာ ဖတ်ပြီး ပြန်ရှာနေလောက်ပြီ )
မသိရင်လေ့လာ ဖို့ အင်တာနက်သုံးတာ မဟုတ်ဘူး ။ မနာလိုမှု သ၀န်တိုမှုနဲ့ အပုတ်ချဖို့ပဲ သူတို့ အင်တာနက် သုံးနေတာပါ ၊ ဖွန်ကြောင်ဖို့ အတွက်တော့ သုံးပါရဲ့ ခက်တာက သူတို့ကြောင်တဲ့ မိန်းကလေးက စစ်သား ချစ်သူ ဖြစ်သွားတော့ ပိုနာကြည်းနေတယ်နဲ့တူပါတယ် ။
၁၉၈၂ ခုနှစ်မှာ တပ်မတော်ရဲ့ စွမ်းအားကို ကမ္ဘာက မည်ကဲ့သို့ အသိအမှတ်ပြုသနည်း ?
ကမ္ဘာ့ အဆင့် မြန်မာ့ တပ်မတော် စွမ်းအား ( လက်နက်မပါ စိတ်ဓါတ်ကြီးသာ ) မည်မျှ ရှိသနည်း ?
တကယ်တော့ သူတို့ ဘာဆို ဘာမှ မသိပါဘူး ။
ကြားဖူးပြီး ၊ မမြင်ဖူးတဲ့ မဒိန်းကျင့်မှုဆိုတာကိုပဲ သူတို့အော်နေတာ ။
ပြောပြရရင်တော့ အရှည်ကြီးပဲဗျာ ။
အလျင်းသင့် သလိုပဲ ပြောပြတော့မယ် ။
တကယ်သိချင်တယ် ဆိုရင် ၀င်လာခဲ့လိုက်ပါ ။
ပဲဟင်းနဲ့ ငှက်ဖျားက ခင်ဗျားတို့ကို သင်ကြားပေးပါလိမ့်မယ် ။
- PHAY SIT GYI
0 comments:
Post a Comment