Thursday, August 1, 2013

မိုးရွာသွန်းမှု

မိုးရွာသွန်းမှုလည်းတိုးနေတာနဲ့အတူ ရေကြီးမှုဘေးတွေလည်းတိုးနေတယ်

(၃၁-၇-၂၀၁၃)ရက် နံနက်ပိုငးအထိ မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးကောင်းနေခဲ့ပြန်ပါတယ်။ (၂၄)နာရီအတါင်း မိုးရေချိန် (၁)လက်မခွဲနဲကအထက်ကျော်အောင်ရွာခဲ့တဲ့နေရာတွေ ကဘဲ မနည်းမနောဘဲ။ ဒီတော့လည်း ရေကြီးနိုင်တဲ့နေရာတွေကလည်း ပိုတိုး လာတော့တာပေါ့။ ချင်းတွင်းမြစ်ဝှမ်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးတွေ အလွန်ကောင်းနေ ခဲ့ပါတယ်။ ဒီတော့ ရေကြီးတဲ့ဇာတ်လမ်းမှာ ချင်းတွင်းက ပါလာတော့မှာပေါ့။ ဒါဆိုရင် ဧရာဝတီအောက်ပိုင်းကိုလည်း  ရေတွေ အထက်ဖက် ကရောက်လာတော့မှာပေါ့။

(၃၁-၇-၂၀၁၃)ရက်နေ့ နံနက်ပိုင်းအထိ ရာသီဥတုအခြေအနေတွေကတော့
(၁)ဘင်္ဂလားပင်လယ်အော်မှာမည်သည့်မုန်တိုင်းမျှမရှိပါ။ (မုန်တိုင်းဖြစ်နေတယ်လို့ ကြေငြာသွားလို့ဆိုပြီး မေးနေကြလို့ပါ။)

(၂) (၃၁-၇-၂၀၁၃)ရက်နေ့ နံနက် (၀၀း၃၀)နာရီအချိန်အထိ လွန်ခဲ့တဲ့ (၂၄)နာရီ အတွင်း မိုးရေချိန်(၁)လက်မခွဲ နဲ့အထက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ ဒေသတွေကို
နာဆာရဲ့ဂြိုဟ်တုများမှ တိုင်းတာတွေ့ထားရတာကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသများဖြစ်ကြတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း တို့ဖြစ်ကြပါတယ်။ (အလယ်ပိုင်းဘဲကျန်ပါတော့တယ်။)

(၃) (၃၁-၇-၂၀၁၃)ရက်နေ့ နံနက်အစောပိုင်းအချိန် နာဆာရဲ့ကမ္ဘာပတ်ဂြိုဟ်တုများမှ တိုင်းတာရရှိထားတဲ့ ရေဖုံးလွှမ်းခံနေရသောဒေသများကတော့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်အနောက်အလယ်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်းမြောက်ပိုင်းတို့ဖြစ်ကြပါတယ်။

အရေးကြီးတာက လောလောဆယ်မှာ မုတ်သုံလေကလည်း အားကောင်းနေသေးတဲ့ အပြင် တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အပူပိုင်းမုန်တိုင်း 91W ကလည်းဖြစ်နေ ပါတယ်။ အဲဒီမုန်တိုင်းဟာ အနောက်မြောက်ဖက်ကို ဦးတည်ရွေ့နေပြီး ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ခန့်မှန်းထားတဲ့လမ်းကြောင်းအတိုင်းသာလာခဲ့မယ်ဆိုရင်တော့ နောက်(၂)ရက်မှ(၃) ရက် အတွင်း မြန်မာပြည်မှာ မိုးတွေပိုလာဦးမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ မြန်မာနိုင် ငံတ၀ှမ်းမှာ လက်ရှိကြုံတွေကနေကြရတဲ့ ရေဖုံးလွှမ်းခံနေရတဲ့ဘေးတွေဟာ ပိုမိုကျယ်ပြန့်လာနိုင်တဲ့အပြင် ပိုမိုပြီးတော့လည်း အကြီးစားရေကြီးမှုတွေ ဖြစ် လာနိုင်ပါတယ်။ ဒီတော့ ကြိုတင်ကာကွယ်မှုတွေ မလွဲမသွေ လုပ်ထားကြဖို့လိုပါ လိမ့်မယ်။

ဒေါက်တာထွန်းလွင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...