Thursday, August 22, 2013

တပ်ချုပ်ကြီး မှတ်တမ်းဓါတ်ပုံများ

အမျိုးသား သီချင်း နှင့် နိုင်ငံတော် အလံအား ဂါရဝ ပြုခြင်းဖြင့် ဂုဏ်ယူရအောင် ဆောင်ရွက်သွားရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ မြန်မာ့ တပ်မတော် သေနတ်ပစ် အားကစား သမားများအား ပြောကြား







မိမိ တိုင်းပြည်တွင် ပြုလုပ်သော အာဆီယံ နိုင်ငံ အားလုံးပါဝင်သည့် နိုင်ငံတကာ ပြိုင်ပွဲဖြစ်၍ မိမိနိုင်ငံ အမျိုးသား သီချင်း နှင့်အတူ မိမိနိုင်ငံတော် အလံအား လွှင့်ထူပြီး ဂါရဝပြုခြင်းဖြင့် ဂုဏ်ယူရအောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပြိုင်ပွဲ၏ အောင်မြင်မှုသည် နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်သိက္ခာ ဖြစ်သဖြင့် ပြိုင်ပွဲဝင်များမှ 
အစ၊ အလယ်၊ အဆုံး သုံးပါး စလုံး ကြိုးစားအားထုတ် သွားကြရန် လိုကြောင်းဖြင့်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
သြဂုတ် ၂၁ရက်တွင် တပ်မတော် စက်ပစ်ကွင်း (ပြင်ဦးလွင်)၌ (၂၃) ကြိမ်မြောက်
အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့်
မြန်မာ့ တပ်မတော် သေနတ်ပစ် အသင်းမှ အားကစား သမားများအား တွေ့ဆုံစဉ် မှာကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...