ယခုတလောပြည်တွင်း မီဒီယာအချို့တွင် တပ်မတော်အပေါ်ပြည်သူလူထုမှ အထင်မှားအမြင်မှား ဖြစ်စေသော အရေးအသားများကို မကြာခဏတွေ့နေ မြင်နေရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများကလည်းအချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနေကြတာတွေ၊ လတ်တလောဖြစ်ပွားခဲ့သော ရေဘေးဒုက္ခသည်များကို ကူညီမှုမှအစ အခြား ကိစ္စရပ်များတွင်လည်း တပ်မတော်မှ နေ့မအား၊ ညမအားပြည်သူလူထုအား ကူညီဆောင်ရွက်ပေးနေကြသည်ကိုလည်း သတင်းအချို့တွင် ဖတ်ရှုရသည်။

ခက်သည်က အချို့သောအကြောင်းအရာ အတော်များများသည် မီဒီယာများ၏ စာမျက်နှာများပေါ်သို့ ရောက်ရှိမလာခဲ့ခြင်းပေ။
ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို တပ်မတော်ဟုခေါ်သည်။နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်တစ်ရပ်မှာ နိုင်ငံတိုင်းအတွက်မ ရှိမဖြစ် လိုအပ်ပါသည်။
ယနေ့ပြောင်းလဲလာသော ကမ္ဘာ့အခြေအနေများ၊ ခေတ်မီတိုးတက်လာသော သိပ္ပံနည်းပညာ လက်နက်ဆန်းများနှင့် ယင်းတို့အပေါ် မူတည်ဖြစ်ထွန်းလာသည့် ခေတ်သစ်စစ်၏ သဘောသဘာဝများကြောင့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီတပ်မတော်တစ်ရပ် ရရှိလာရေးမှာ အလွန်အရေးပါသည့် အချက်တစ်ချက်ဖြစ်လာသည်မှာ ယုံမှားသံသယ ရှိဖွယ်မလိုပေ။
မျက်မှောက်ခေတ် တပ်မတော်၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရပ်ရပ်အား ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်အောင် အကောင်အထည်ဖော်ရေးမှာ မြန်မာနိုင်ငံအတွက် အရေးကြီးသော အချိန်အခါဖြစ်လာပါသည်။
လက်ရှိအခြေအနေတွင် လူ့အခွင့်အရေး၊ တိုင်းရင်းသား လူနည်းစုအရေး၊ ဘာသာရေးပြသနာများနှင့် ပတ်သက်၍ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုပြီး ဒီမိုကရေစီစနစ်သစ်ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ကူးပြောင်းလျက်ရှိသည့် မြန်မာနိုင်ငံအပေါ် ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်လျက်ရှိနေသည်ကိုလည်း နေ့စဉ် တွေ့နေမြင်နေရသည်။
အလားတူ မြန်မာနိုင်ငံဒီမိုကရေစီစနစ်ဆီသို့ အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြင့် ကူးပြောင်းနိုင်အောင်လုပ်ဆောင်ပေးခဲ့သောတပ်မတော်အပေါ်တွင်လည်း ပြည်သူများအထင်မှား၊ အမြင်မှားဖြစ်အောင် ပြည်တွင်းမီဒီယာများအပါ ပြည်ပမီဒီယာအချို့မှလည်း အမျိုးမျိုးပုံဖော်လျက်ရှိသည်ကို သတိထားကြည့်လျှင်တွေ့နိုင်ပေသည်။
နိုင်ငံသူနိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်သည် အေးချမ်းသာယာပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်တည်ဆောက်ရေးတာဝန်ဖြစ်သည်။
ဒီလို အနာဂါတ်နိုင်ငံတော်ကို ပုံဖော်နေတဲ့နေရာမှာ တပ်မတော်ရဲ့ရပ်တည်ချက်ကတော့ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခြင်း ဖြစ်မည်ဆိုတာကတော့ အငြင်းပွားဖွယ်ရာပင်မလိုပေ။
မည်သူတို့ မည်သို့ပင် သွေးထိုးလှုံ့ဆော်နေကြပစေ တပ်မတော်ကတော့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများ
ကို လုပ်ဆောင်ရန်ဆိုသည့်အတိုင်း ကျရာနေရာမှ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မိမိတို့အသက်ကိုပင်ပဓာနမထားပဲ ဦးလည်မသုန်ထမ်းရွက်သွားမည်မှာ ကမ္ဘာတည်သရွေ့ ပျက်မနေတော့မည့် တပ်မတော်သားတို့၏ သစ္စာအဓိဌာန်ပင်ဖြစ်လေတော့သည်....။

0 comments:
Post a Comment