Wednesday, August 21, 2013

ဆရာကြီး ဒဂုန်တာရာ၏ အရိုးပြာကို လိမ္မော်ခြံအတွင်း မြှုပ်နှံမည်




အောင်ပန်းမြို့တွင် ကွယ်လွန်သွားသော ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ကို ယနေ့(သြဂုတ် ၂၁ ရက်)တွင် ယင်းမြို့၌ပင် သင်္ဂြိုဟ်မည်ဖြစ်ပြီး ရရှိလာမည့် အရိုးပြာကို မိသားစုပိုင် လိမ္မော်ခြံ၌   မြှုပ်နှံမည်ဟု ဆရာကြီး၏ တူမ ဒေါ်မြင့်မြင့်စိန်က ပြောသည်။

အောင်ပန်းမြို့အထွက် ပင်းတယသို့ သွားသည့်လမ်းတွင်ရှိသော ယင်းမိသားစုပိုင် လိမ္မော်ခြံတွင် စာပေသစ်၏ ဖခင်ကြီးဟု တင်စားနိုင်သည့် ဆရာကြီး၏ အထိမ်းအမှတ်အဖြစ် အမှတ်တရတစ်စုံတစ်ရာ ထုလုပ် သွားရန် ရန်ကုန်မြို့မှ ဗိသုကာပညာရှင် ဦးမော်လင်းနှင့် တိုင်ပင်ကာ စီစဉ်ထားသည်ဟု ဒေါ်မြင့်မြင့်စိန် (ခ) သင်းမြစန်္ဒီက ဆိုသည်။

လက်ရှိတွင် ဈာပနအခမ်းအနားကျင်းပရန် ဖြစ်မြောက်ရေးကော်မတီ တစ်ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ် သည်ဟု ဆရာကြီး၏ တပည့် ဦးအံ့မောင်က ပြောသည်။

ထိုကော်မတီကို အောင်ပန်းမြို့ မဟာဂန္ဓာရုံဆရာတော် ဦးဝါယမနှင့် ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်တို့က နာယကအဖြစ် ဦးစီးမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦးအံ့မောင်၊ ဒုက္ကဋ္ဌအဖြစ် ဒေါ်မြင့်မြင့်စိန်၊ (ဦး)ကိုလေး (အင်းဝဂုဏ်ရည်)၊ 
 ဒေါက်တာအောင်ကျော်တို့က ဆောင်ရွက်ကြမည်ဟုလည်း စုံစမ်းရရှိသည်။

ဆရာကြီး ဒဂုန်တာရာ၏ ဈာပန ရက်လည် ဆွမ်းကပ်ရန် သံဃာ ၉၅ ပါး ပင့်ဖိတ်မည်ဖြစ်ပြီး ဈာပနသို့ ကြွ ရောက်ရန် သီးသန့်ဖိတ်စာများ ပေးပို့မည် မဟုတ်ကြောင်းလည်း ဆရာကြီး၏ တူမ ဒေါ်မြင့်မြင့်စိန်က ဆိုသည်။

သြဂုတ် ၂၀ ရက်တွင် ဆရာကြီး၏ ဈာပနအတွက် အဖွဲ့အစည်း အသီးသီး၊ လူပုဂ်္ဂိုလ် အသီးသီးမှ ပေးပို့ လာသော လွမ်းသူ့ပန်းခွေများ၊ သွေးသောက်ကြေး များ၊ ကူငွေထည့်ဝင်မှုများ တဖွဲဖွဲ ရောက်ရှိလာနေ သည်ကိုလည်း တွေ့ရှိရသည်။

ဂျွန်ချစ်ငြိမ်း
မဇ္ဈိမ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...