တော်လှန်ရေး အစိုးရဟာ ၁၉၆၂ နောက်ပိုင်းမှာ
၂နှစ်လောက်စောင့်ဆိုင်းပြီး လက်နက်ကိုင်အဖွဲ့
တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်တဲ့ ဖြစ်ရပ်၊
ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ၀ိဓူရ သခင်
ချစ်မောင် စတဲ့  နိုင်ငံရေး သမားကြီး (၃၃) ဦးကို ဖိတ်ခေါ်ပြီး
(၃၃) ဦး ကော်မရှင်ဖွဲ့ ကာ တိုင်းပြည်ကို ဘယ်လို
တည်ဆောက်မလဲ ဆွေးနွေးပေမယ့် အချင်းချင်းသာ အငြင်းပွားပြီး
အဖြေမထွက်ခဲ့တဲ့ ဖြစ်ရပ်၊ ဆိုရှယ်လစ်
လမ်းစဉ် ပါတီကို တည်ထောင်ခဲ့ပြီး ကျန်ပါတီများ ကိုပါ
ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ သော်လည်း မအောင်မြင်တဲ့ ဖြစ်ရပ်
တွေကြောင့် ၁၉၆၄ မတ် (၂၈ ) မှာ
တစ်ပါတီ စနစ်နဲ့ သွားဖို့ပဲ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်……။
မဆလ ပါတီ လုပ်ဆောင်ခဲ့ တဲ့  အမှားတွေ အများကြီးရှိခဲ့တဲ့ အထဲက လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းဆည်းခဲ့ ခြင်း၊ တာဝန်ကျေ စပါးရောင်းချရခြင်းနဲ့
ငွေစက္ကူ တရားမ၀င်ကြေငြာခြင်း တို့ဟာလူထုကို
တိုက်ရိုက် အကြီးအကျယ် ထိခိုက်ခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်လို့ 
အုပ်ချုပ်သူ အစိုးရကို မကျေနပ်ချက်များလာတဲ့ 
ပြည်သူဟာ အစိုးရအပေါ် အယုံ အကြည်လျော့နည်းလာပြီး
တပ်မတော်အပေါ်လဲ မကျေမနပ်ဖြစ်စ ပြုလာခဲ့ပါတယ်……။
တပ်မတော်အနေနဲ့ကတော့ ၁၉၆၂ နှောင်းပိုင်း
မြို့ပြ အုပ်ချုပ်ရေးမှာ တပ်မတော် ခေါင်းဆောင်
ပိုင်း နဲ့  ဦးစီးအရာရှိ တစ်ချို့ သာပါဝင်ခဲ တာဖြစ်ပြီး
တပ်မတော်ရဲ့ ၉၀ ရာခိုင်နူန်းကတော့ မြန်မာပြည်အနှံ့
အပြားက တောနက်တွေထဲမှာ မရပ်မနား တိုက်ပွဲဝင်နေရတာဖြစ်ပေမယ့်
မြေပေါ်/မြေအောက် နိုင်ငံရေး
ပါတီတွေ ရှုပ်ပွ နေတဲ့  မြန်မာပြည်မှာ ၁၉၆၂ ခုနှစ်
အာဏာရယူခဲ့ တာကို မှန်ကန်တဲ့ လုပ်ရပ်အဖြစ်
ဒီကနေ့ ထိတပ်မတော် တစ်ခုလုံးက ရှုမြင်ခဲ့ ပါတယ်…….။
ပြည်တွင်းစစ်ရဲ့  အဆိုးဝါးဆုံးကာလတွေကို ကျော်လွန်ခဲ့တာ
နှစ်အတော်ကြာရှိနေပြီး ဒေသ
အသီးသီးမှာ ငြိမ်းချမ်း စပြုလာတဲ့ အချိန်မှာ လက်ရှိအစိုးရအပေါ်အဆင်မပြေမှုနဲ့ မကျေနပ်ချက်တွေ
တစ်စတစ်စများပြားလာတဲ့  ပြည်သူလူထုဟာ
၁၉၈၆ ခုနှစ်လောက်မှာ ဗကပ တို့ ရဲ့ လူထုတိုက်ပွဲနည်းအတွက်
အကောင်း ဆုံးပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်…....။
အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဟာ ၁၉၇၆၊ ၇၈၊ ၇၉၊ဂ၂ ၊
၈၇ ခုနှစ်တွေမှာ အင်းဒေသ စစ်ဆင်ရေး ၊ ၀ရဇိန် ၊
စွန်ရဲ စစ်ဆင်ရေးတွေနဲ့ ဗကပ မြေအောက် ဆဲလ် ၄၀၀
ကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပေမယ့် ၁၉၈၆ ခုနှစ်တည်းက
မြေပေါ်လှုပ်ရှားမှု အတွက် ကြိုတင်ပြင်ဆင်
နေပြီဖြစ်တဲ့ ဗကပ ယူဂျီ ၄၈၂၈ ဒေသ ပါတီကော်မတီရဲ့လှုပ်ရှားမှုကို
ဒီတစ်ခါတော့ ကြိုတင် မထိန်းချုပ်နိုင်တော့ပါဘူး။
ပြည်တွင်းသောင်းကျန်းမှု ပေါင်းစုံကို တလကြမ်း နှိမ်နင်းရင်း
သောင်းကျန်းသူအများစုကို နယ်စပ်ထိရောက်အောင်
တိုက်ထုတ်နိုင်လိုက်တဲ့အတွက် အသက်ရူချောင်စ ဖြစ်လာတဲ့ 
တပ်မတော်ဟာ အနားယူဖို့ စဉ်းစားလို့ ရအုန်းမယ် မဟုတ်ပါဘူး။
စစ်ရေးမှာ ဆက်တိုက်အထိနာခဲ့တဲ့  သူတို့  ရန်သူတော်
ကြီးက နောက်ဆုံးပိတ် အိတ်နဲ့ လွယ် တိုက် ပွဲကြီးကို ဆင်နွှဲဖို့ အစပျိုးပြင်ဆင်စပြုနေပြီဖြစ်ပါတယ်။
ကျန်အပိုင်းများဆက်တင်ပါမည်။
- Ye Moe
ဆက်လက်ဖတ်ရှုလိုသေးလျှင်
http://goldenlandnew.blogspot.com/2013/08/blog-post_1812.html
http://goldenlandnew.blogspot.com/2013/08/blog-post_9868.html
http://goldenlandnew.blogspot.com/2013/08/blog-post_6870.html
http://goldenlandnew.blogspot.com/2013/08/blog-post_9977.html
http://goldenlandnew.blogspot.com/2013/08/blog-post_5237.html
http://goldenlandnew.blogspot.com/2013/08/blog-post_5118.html
Tuesday, August 20, 2013
တပ်မတော်...ဘာလဲ..ဘယ်လဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment