“ သြဇာ အာဏာ အသုံးပြုနည်း ”
==================
(၁) လက်အောက်ငယ်သားများကို မခံချင်စရာ မပြောနဲ့၊ ပြက်ရယ်မပြုနဲ့၊ ပြောစရာရှိရင် အေးအေး တင်းတင်းမာမာနဲ့
ချက်ပိုင်ပိုင် ပြောချ၊ မလိမ်မာသူတွေဆိုပေမယ့် တစ်ခါတစ်ရံ
ဝမ်းမြောက်ဝမ်းသာ သည်းညည်းခံလိုက်ပါ။
(၂) ဒေါသမထွက်နဲ့ ဒေါသထွက်ရင် လူရယ်စရာဖြစ်ပြီး
အိနြေ္ဒလည်း ကင်းမဲ့သွားတတ်တယ်။
(၃) မ၀င့်ဝါ မထောင်လွှားနဲ့ ၊ နိုင်လိုမင်းထက်ပြုမယ့် ရုပ်မျိုးလည်းမပေါ်စေနဲ့၊
အော်ဖို့ငေါက်ဖို့ အကြောင်း မပေါ်ပေါက်ဘဲနဲ့လည်း မအော် မငေါက်နဲ့၊ အမိန့်များကို အေးအေးတည်တည်ပြောပြီး ပေးရင်လည်း ဖြစ်နိုင်တာပဲလေ။
(၄) လက်အောက်ငယ်သားများကို မဆဲပါနဲ့၊ ဆဲတာဟာ သတ္တိကြောင်ရာရောက်တယ်၊ သူတို့က ပြန်ဆဲနိုင်ကြတာမဟုတ်ဘူး၊ ၀န်ထမ်းတွေကိုလည်း မဆဲပါနဲ့၊
ပြန်ပြောရင် အလုပ်ထုတ်ပစ်ခံရမှာစိုးလို့ ပြန်မပြောဝံ့ကြဘူး၊
သင်မကျေနပ်လျင် ဥပဒေ စည်းကမ်းအရ အရေးယူပါ။
(၅) မထိတထိနဲ့ တရိရိ အပစ်တင်မနေပါနဲ့၊ လိုရင်းကို တိုတိုတုတ်တုတ်နဲ့
အတုံးလိုက် အတစ်လိုက် အပစ်တင်ချလိုက်။
(၆) အခြားလက်အောက်ငယ်သားအောက်ခြေ၀န်ထမ်းများရှေ့မှာ
သူတို့အထက်ကလူကို ဘယ်တော့မှ မကြိမ်းမောင်းပါနဲ့၊
သူ့သြဇာများလျော့ပါသွားလိမ့်မယ်။
(၇) သင်ပေးတဲ့အမိန့်များဟာ တရားသဖြင့် ပေးတဲ့အမိန့်များသာ ဖြစ်စေဖို့မမေ့နဲ့၊
တရားသဖြင့် အမိန့်ဆိုတာ အမိန့်ကို မနာခံရင် လုပ်ငန်းတစ်ခုခုကို
နှောင့်နှေးစေမယ့် အမိန့်မျိုးကို ဆိုလိုပါတယ်။
- ခွန်သီဟသစ်
0 comments:
Post a Comment