Thursday, August 22, 2013

ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ် ...




ရေဗူးပေါက်တာ မလိုချင်ဘူး ၊ ရေပါတာပဲ လိုချင်တယ် ....ဆိုတဲ့ စကား 
အတော်များများ လက်မခံချင်ကြဘူး ။

ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ် ... ဆိုတဲ့ အဓိပ္ပါယ်နဲ့
ရေဗူးပေါက် နဲ့ ရေခပ်ပါ ... ဆိုတဲ့ အဓိပ္ပါယ်က အတော်ကွဲပါတယ် ။

ဒါပေမဲ့ ရေဗူးပေါက် တာမလိုချင်ဘူး ၊ ရေပါတာပဲလိုချင်တယ် ဆိုလိုက်တာနဲ့

ရေဗူးပေါက် နဲ့ ရေခပ်ရမယ် ဆိုတဲ့ mindset ကြီး က ကိုယ့် အတွေးခေါ်ခံယူချက်တွေကိုဘောင်ခတ်ပစ်လိုက်တယ် ။ 
အဲဒီအခါ လက်တွေ့ အခြေတွေ နဲ့ ကင်းကွာပြီး ...
လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကို ရှာတွေးကြံဆဖို့ အလိုလို ပိတ်ပင်သွားရတာပါပဲ ။

လူ့ဘဝ ဆို တာ ဟာ ....ဒီအရပ်မှာတော့ ဒီဖိနပ်စီး ၊ ဒီခရီးကိုဒီထီးဆောင်း ၊ 

ဒီလမ်းသွားတော့ ဒီပန်းပန် ၊ ဒီအချိန်ဆိုရင် ဒီထမီဝတ် ၊ 
ဒီအခါ မှာ တော့ ဒီပုဝါခြုံ ရယ်လို့ if ...else ...statement တွေ နဲ့
 ကြိုရေးထားတဲ့ Program မဟုတ်ပါဘူး ။

ရေဗူးအကောင်း နဲ့ ရေခပ်ခွင့် ... ဆိုတာလည်း 

အမြဲတစေရနေလိမ့်မယ်လို့ မျှော်လင့်လို့ မရဘူး ။

လက်ထဲမှာရေဗူးအပေါက်ကြီးရှိနေပေမဲ့ ရေပါအောင်ခတ်ရမဲ့ အခြေနေတွေလည်းမလွဲမသေရှိလာ ကြဦးမှာ ။

အခက်အခဲ ၊ အကျပ်အတည်းတွေ ကြားမှာ ရေဗူးပေါက်ပဲရှိနေပေမဲ့ ..

ရေခပ်ရမဲ့ အခြေနေတွေ ကို ဘဝက မလွဲမသွေတောင်းဆိုလာဦးမှာပါ ။ 
အချိန်အခါတွေက ခိုင်းစေလာဦးမှာပါ ။
အဲဒီအခါ ပေါက်နေတဲ့ ရေဗူးကိုဖာလို့ရရင်ဖာပါ ။ 

မရရင်လွှင့်ပစ်လိုက်ပါ ။ တခြား ဘယ်နည်းနဲ့ ရေရနိုင်မလဲ ။
ပုလင်းနဲ့ လား ၊ ပုံးနဲ့လား ၊ အိုးနဲ့လား ၊
ယုတ်စွ အဆုံး ... လက်ခုပ်နဲ့လား ၊ ပါးစပ်နဲ့ငုံပြီး ခပ်မှာလား ။
ကိုယ့် အသိဥာဏ်နဲ့ သာချင့်ချိန်သုံးစွဲ ဖို့ပါ ။

မေးခွန်းကို ရှင်းရှင်းလင်းလင်းသိခြင်းဟာ ၊ အဖြေတစ်ဝက်ရရှိခြင်းပါပဲ ။

ရေဗူးပေါက်တာမလိုချင်ဘူး ၊ ရေပါတာပဲလိုချင်တယ် ဆိုတဲ့ ပုစ္ဆာမှာ ...
ရေရချင်တာ ဟာ အဓိက လိုလားချက်ပါ ။ ရေဗူးပေါက်တာဟာ

အခြေနေတစ်ခုသာဖြစ်ပါတယ် ။

နေမဝင်အင်ပါယာကြီး နဲ့ ပုခုံးချင်းယှဉ်ပြီး ဆီမီးခွက်မင်းသားလေး အောင်ဆန်း အပြိုင်လင်း နိုင်ခဲ့တာဟာ ... ရေဗူးပေါက်ပဲ ပိုင်ပေမဲ့ ၊

 ရေရအောင်ခတ်နိုင်ခဲ့ တဲ့ အရည်ချင်းတွေကြောင့် ပါ ပဲ ။

ရေဗူးပေါက် နေပေမဲ့ ရေရအောင်ခတ်နိုင်တဲ့ ခါ အောင်မြင်မှုတွေက 

ခင်ဗျားကို လက်ခုပ်တီးပြီး ကြိုနေပါလိမ့်မယ် ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...