ကျွန်တော် တကယ်ကို မသိလို့ပါဗျာ...
ကျွန်တော်တို့ Professional တွေပေါ့... ဥပမာဗျာ... ဆရာဝန်တွေ၊ စစ်သားတွေ၊ အင်ဂျင်နီယာတွေ စသဖြင့်ပေါ့... တစ်ခုခုမှာ ကျွမ်းကျင်မှု စစ်ဆေးတဲ့ စာမေးပွဲလို... စစ်ဆေးစီစစ်မှုလို တစ်ခုခုကို ဖြတ်သန်းပြီးတော့မှ သက်ဆိုင်ရာ အသိအမှတ်ပြု လတ်မှတ်ရတာပါ... အသိအမှတ်ပြု လက်မှတ်ရမှပဲ လုပ်ငန်းခွင်ကို ဝင်ကြရတာပါ...
ကျွန်တော်တို့ အများစုက အသိအမှတ်ပြု လက်မှတ်တွေ ရယူခဲ့ပြီးမှ Professional လမ်းကို လိုက်လာရတာပါ။
အဲ... သူတို့စာနယ်ဇင်း သမားတွေက ဂျာနယ်လစ်လို့ နာမည်ခံလိုက်တာနဲ့ ဘုရားရှင်က ဧဟိ ဘိက္ခူ လို့ ခေါ်လိုက်တာနဲ့ အလိုလို ရဟန်းအသွင် ဖြစ်သွားသလို ဘဝအဆက်ဆက်က အထုံပါရမီ အစွမ်းအစတွေ ပေါ်လာပြီးတော့ နတ်ရေကန်က ခုချင်းတတ်လာတဲ့ နတ်သား နတ်သမီးတွေလို ဆိုရင်တော့ မသိဘူးပေါ့ဗျာ...
မုဒိတာ ပွားပါတယ်...
သာဓု... သာဓု...
ကိုသာပိုထံမှ ကောက်နှုတ်ချက်
0 comments:
Post a Comment