Tuesday, July 30, 2013

SKYNET ရုပ်သံမှ Package (၄) မျိုးခွဲပြီး ရောင်းချတော့မည်

SKYNET ရုပ်သံမှ Package (၄) မျိုးခွဲပြီး ရောင်းချတော့မည်


ရွှေသံလွင်ကုမ္ပဏီရဲ့ စကိုင်းနက် အခပေး ဂြိုလ်တု ရုပ်သံလွှင့်ဌာနဟာ စတင်ဝန်ဆောင်မှုပေးစဉ်ကစ ထုတ်လွှင့်သမျှ ချယ်နယ်အားလုံးကို တစ်လ ကျပ် ၁သောင်း၊ တစ်နှစ် ကျပ် ၁ သိန်း ၂ သောင်းဝန်းကျင်နှုန်းနဲ့ငွေကြေးကောက်ခံလျက် ရှိရာကနေ အခု သြဂုတ်လ ၁ ရက်နေ့ကစပြီး Package (၄) မျိုးခွဲပြီး ရောင်းချတော့မယ်လို့ ကြေငြာလာပါတယ်။

SN-1, Package မှာ ရုပ်သံလိုင်း ၂၀၊ တစ်လ ကျပ် ၃၆၀၀၊ တစ်နှစ် ၄၃၂၀၀ ကျပ်၊ SN-2, Package မှာ ရုပ်သံလိုင်း ၇၀ကျော်၊ တစ်လ ကျပ် ၁၂၀၀၀၊ တစ်နှစ် ၁၄၄၀၀၀ ကျပ်၊ SN-3, Package မှာ ရုပ်သံလိုင်း ၉၀ ၀န်းကျင်၊ တစ်လ ကျပ် ၁၆၀၀၀၊ တစ်နှစ် ၁၉၂၀၀၀ ကျပ်၊ HD Package အတွက် တစ်လ ကျပ် ၂ သောင်း၊ တစ်နှစ် ကျပ် ၂၄၀၀၀၀၊ နဲ့ အခြား ရိုးရိုးလိုင်းတွေကိုပါ ယူရင် ထပ်ဆောင်းငွေ ပေးရမှာ ဖြစ်ပါတယ်။

စကိုင်းနက် ရုပ်သံဟာ မြန်မာပရိတ်သတ်တွေ အလွန်ကြိုက်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ စတဲ့ဘောလုံးပွဲစဉ် ထုတ်လွှင့်ခွင့်တွေကို တဦးတည်းမူပိုင်ဝယ်ယူထားတာကြောင့်ပြည်တွင်းမှာ ပြိုင်ဘက်မရှိတော့သလို၊ ဘောလုံးပွဲကြည့် ပရိတ်သတ်တွေအနေနဲ့လည်း အခြားရွေးချယ်စရာမရှိပဲ စကိုင်းနက်ကိုပဲ ၀ယ်ကြည့်ရမှာဖြစ်ကြောင်း ဘာလုံးပွဲကြည့် ရိတ်သတ်တွေက ပြောပြကြပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...