Wednesday, July 31, 2013

တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ ( ၂ )

ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ

စီးပွားရေးပညာရှင် အများစုက တရုတ်အစိုးရ၏ ပြဿနာ ဖြေရှင်းပုံသည်
လျင်မြန်ပြီး စွမ်းအား အပြည်အ၀ရှိ ကြောင်း သဘောတူညီကြသည်။
သို့သော် ရေတိုကာလတွင် ပြဿနာပြေလည်သွားသော်လည်း
အနာဂတ် အတွက် ပြဿနာတချို့ရှိသည်ဟု ထောက်ပြကြသည်။

ပြဿနာတစ်ခုမှာ စီးပွားရေးတွင် အစိုးရ၏ အခန်းကဏ္ဍ အလွန်ကြီးမားနေခြင်းဖြစ်သည်။ တရုတ်ဂျီဒီပီမှာ ဂျပန်ကိုကျော်ဖြတ်ပြီး  ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာတော့မည်။
သို့သော် ဂျီဒီပီ၏ ၈၈ ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းမျာမှ လာခြင်းဖြစ်သည်။
ထိုရာခိုင်နှုန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ နှိုင်းယှဉ်၍မရအောင်
မြင့်မားသော ပမာဏ ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍသည်တိုင်းပြည်၏ ဂျီဒီပီနှင့် နှိုင်းစာလျှင် အတော်သေးငယ်သော အစိတ်အပိုင်းကလေးဖြစ်နေသည်။ ထို့ကြောင့် ဈေးကွက်စီးပွားရေးကို တိုးချဲ့လိုသော ပါတီခေါင်းဆောင်တချို့က တရုတ်နိုင်ငံ ၏ အကြီးဆုံးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။ ထိုလုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းများ၊ ဆင်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ တို့ပါဝင်သည်။ အစိုးရအရာရှိုများကိုယ်တိုင်က စီးပွားရေး နှိုးဆွသည့် ငွေကြေး အများစုသည် အစိုးရပိုင် လုပ်ငန်းကြီးများကိုသာ ပို၍ ကြီးမားလာစေသည်ဟု ၀န်ခံ ပြောကြားကြသည်။ ထိုလုပ်ငန်းများကလည်း  အထူးအဖြင့် အဆောက်အအုံများ၊
လမ်း၊တံတားများ ဆောက်လုပ်ခြင်း၌ အဓိကထားမြှုပ်နှံနေသောကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးများတွင် အိမ်ခြံမြေဈေး များ မတရား မြင့်တက်ကုန်ပြီး၊ အက်ဆစ် ပူပေါင်းများ  ဖြစ်ပွားလာနိုင်သည်ဟု  အစိုးရအရာရှိုများက စိုးရိမ်နေကြသည်။ 

စန်းပွင့်နေသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း

တရုတ်အစိုးရသည် မီးရထားလုပ်ငန်းတွင် ဒေါ်လာ ၃၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ နောက်ထပ် မီးရထားလမ်းအရှည် ကီလိုမီတာ ၂၀,၀၀၀ ခန့် ထပ်မံတိုးချဲ့မည်ဟု သိရသည်။ ထိုအထဲမှ ကီလိုမီတာ ၁၃,၀၀၀ ခန့်သည် အမြန်မီးရထားလမ်းများဖြစ်ကြသည်။ ထို အမြန်ရထားများက တစ်နာရီလျှင် ၃၅၀ ကီလိုမီတာထိ မောင်းနှင်နိုင်စွမ်းရှိသည်။ ထိုအမြန်ရထားလမ်းစနစ်ကြောင့် တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုနှင့်တစ်ခု ဆက်သွယ် သွားလာရမှု လျင်မြန်သွားစေခဲ့သည်။ 

ထိုအမြန်ရထားလမ်းစနစ် ပြီးစီးသွားပါက ပေကျင်းနှင့် ရှန်ဟိုင်း ခရီးသည် လေးနာရီမျှသာ ကြာတော့မည် ဖြစ်သည်။ ထိုသို့ဆက်သွယ်မှု လျင်မြန်လာသောကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသော အနောက်ပိုင်းပြည်နယ်များ လည်း လိုက်ပါ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ ပါမောက္ခတစ်ဦးဖြစ်သူ စီဝေးက အမြန်ရထားစနစ်သည် စီးပွားရေးကိုသာမက နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွေကိုပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်သည် ဟုခန့် မှန်းသည်။ 

တရူတ်အရာရှိများက တရုတ်နိုင်ငံသည် ယခင်က သွားလာရေးခက်ခဲသောကြောင့် ပါတီစုံစနစ်ကျင့်သုံး ဖို့ မလွယ်ကူဟု ငြင်းဆိုခဲ့ကြဖူးသည်။ ယခုအချိန်တွင်တော့ တရုတ်နိုင်ငံတစ်ဖက်စွန်းမှ တစ်ဖက်စွန်းသို့ နေ့ချင်းပြီး သွားလာနိုင်ပြီဖြစ်ရာ ပါတီစုံစနစ်ကျင့်သုံးဖို့ ဖြစ်နိုင်ခြေ ရှိနေပြီဖြစ်သည်ဟု ပေကျင်းမှ ပါမောက္ခတစ်ဦးက ထောက်ပြသည်။ တရုတ်နိုင်ငံသည် မီးရထားလမ်းသာမဟုတ်၊ ကားလမ်းအရှည် ၄၄,၀၀၀ မိုင်ခန့် ထပ်မံဖောက်လုပ်မည်ဟု သိရသည်။ လာမည့် ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် လေဆိပ်သစ် ၁၀၀ ခန့် ဆောက်လုပ်မည်ဟုသိရသည်။

- ကျော်သူဟန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...