စီးပွားရေးကျဆင်းမှုကာလအတွင်း ထူခြားသည့်အချက်တစ်ခုမှာ ထွန်းသစ်စနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့သည် အကျပ်အတည်းဒဏ်ကို ခန့်မှန်းထားသည်ထက် ပို၍ ခံနိုင်ရည်ရှိကြောင်း တွေ့ရ သည်။ အထူးသဖြင့် တရုတ်နိုင်ငံဆိုလျှင် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် အကျိုးဖြစ်ထွန်းမှုများပင် ရရှိခဲ့သည် ဟုဆိုနိုင်သည်။
တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေ များတိုးပွားခဲ့ပြီး၊ တိုင်းပြည်၏ ပို့ကုန်လုပ် ငန်းများလည်း ထိခိုက်ခဲ့ပါသည်။
တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေ များတိုးပွားခဲ့ပြီး၊ တိုင်းပြည်၏ ပို့ကုန်လုပ် ငန်းများလည်း ထိခိုက်ခဲ့ပါသည်။
သို့သော် ယခုနှစ်တွင် တရုတ်၏ စုစုပေါင်းစီးပွားရေးထွက်ကုန် ဂျီဒီပီ သည်
၈.၅ရာခိုင်နှုန်းအထိမြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတ်ာတော်များများမှာ ခုနှစ်တွင် ဂျီဒီပီရာခိုင်နှုန်း အနုတ်လက္ခဏာပြနေချိန်တွင်ဖြစ်၍၊ တရုတ်၏ ၈.၅ရာခိုင်နှုန်းမြင့်တက်မှုသည် အထူး အောင်မြင်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေရှင်းမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာလွန်ကောင်းမွန်ခဲ့သည်။
ပါတီစည်းလုံးညီညွတ်မှု
တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အာဏာရပါတီသည် အများထင်မြင်ယူဆနေသကဲ့သို့ စည်းလုံးညီညွတ် နေသည်မဟုတ်ပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အလေးထားလိုသော သမ္မတ နှင့် ၀န်ကြီးချုပ် တို့က တစ်ဖက်၊ မြို့ပြဖွံ့ဖြိုးမှုကို အဓိကထားလိုသော ပါတီခေါင်းဆောင်ပိုင်းတချို့က တစ်ဖက် နှစ်အုပ်စုကွဲနေကြသည်။ သမ္မတ နှင့် ၀န်ကြီးချုပ်တို့ကဖွံ့ဖြိုးမှုနောက်ကျနေသော တရုတ်ပြည်အနောက်ဘက် ပြည်နယ်များကို တန်းတူ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်လိုသည်။ အခြားပါတီခေါင်းဆောင်များကတော့ ဖွံဖြိုးပြီး ကမ်းရိုးတန်းဒေသ ပိုင်းရှိ ရှန်ဟဲ၊ ရှန်ကျင့်စသောမြိုကပြများကို ကမ္ဘာ့စံပြ မြို့တော်ကြီးများဖြစ်အောင် တည်ဆောက်လိုကြသည်။ သမ္မတနှင့် ၀န်ကြီးချုပ်တို့က စီးပွားရေနှေးကွေးလျှင် နှေးကွေးပစေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဘွန်ထုတ်လုပ်မှုများသည့် စက်ရုံများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးစသည့် နီယိုလစ် (Neo-Liberal)ဆန်သောပေါ်လစီများ ချမှတ်လိုသည်။
ပါတီအီလိုက် ခေါင်းဆောင်ပိုင်းကတော့ ဈေးကွက်စီးပွားရေးကိုပိုပြီး ကြိုးဖြေလွှတ်စေချင်ကြသည်။ စည်းမျဉ်းစည်းကမ်းများလျှော့ချ၊ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပြီး၊ လေဆက်ဖဲယား အယူအဆကို အပြည့်အ၀အသုံးချသူများဖြစ်ကြသည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ အကွဲအပြဲသည် သမ္မတနှင့် ၀န်ကြီးချုပ်ဦးဆောင်သော လက်ဝဲဆန်သည့် အုပ်စုနှင့် ပါတီအီလိုက်များ ဦးဆောင်သော လက်ယာဆန် သော အုပ်စုတို့ဖြစ်ကြသည်။ အခုလောလောဆယ်အချိန်မှာ မည်သည့်အုပ်စုက အသာစီးရနိုင်မလဲဆိုတာ မှန်းရ ခက်နေပါသေးသည်။ ပြည်သူအများစုကတော့ သမ္မတ နှင့် ၀န်ကြီးချုပ် အုပ်စုကို ပို၍သဘောကျကြသည်။ သို့သော် တရုတ်ပြည် တွင် သြဇာအာဏာရှိသည်မှာ တရုတ်ပြည်သူတို့မဟုတ်ဘဲ ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြ သည်။
ပါတီတွင်း ကွဲပြားနေမှုသည် ယခုမှဖြစ်သည်မဟုတ်ဘဲ ယခင်သမ္မတ ကျန်ဇီမင်း လက်ထက်ကတည်းကပင် ရှိခဲ့သည်။ သို့သော်နိုင်ငံတကာ အသိုက်အ၀န်းက သတိပြုမိခြင်းမရှိဘဲ ယခုအချိန်တွင်မှ လူပြောသူပြောများလာ ခြင်းဖြစ်သည်။ နိုင်ငံ၏ ရည်ရှည်ကာလတွင် ရေရှည်ကာလတွင် ချမှတ်ရမည့် ပေါ်လစီဗျူဟာများအပေါ်တွင် ပါတီအုပ်စု နှစ်ခုကွဲပြားနေုကြသော်လည်း၊ တရုတ်နိုင်ငံကို နိုင်ငံတကာစင်မြင့်တွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာရေးမှာ ပါတီအုပ်စုနှစ်ခုစလုံး၏ ဘုံရည်မှန်းချက်ပင်ဖြစ်သည်။
ထို့ကြောင့်ပင် ၂၀၀၈ ခု စီးပွားရေးအကျပ်အတည်း ဖြစ်ပွား လာသောအခါ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်လွှတ်တော်နှစ်ရပ်၌ စီးပွားရေးနှိုးဆွ အစီအစဉ် အတွက် ငြင်းခုံလို့ကောင်းဆဲကာလတွင် တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀ ဘီလီယံတန်သူ၏ စီးပွားရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ အနောက်နိုင်ငံများက အကျပ်အတည်း မဖြစ်မီကပင် ကြွေးမြီဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနှင့်နေပြီး ဖြစ်သောကြောင့်၊ အကျပ်အတည်းကာလတွင် ငွေထပ်မံ သုံးစွဲဖို့ လက်တွန့်နေကြ သည်။
တရုတ်အစိုးရက မူ နိုင်ငံခြားအရန်ငွေ နှစ်ထရီလီယံ မျှရှိနေသောကြောင့် စီးပွားရေး နှိုးဆွအစီအစဉ်ကို အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုကာလအတွင်း တရုတ်နိုင်ငံ အနာဂတ်အတွက် အရေးပါသော အခြေခံ အဆောက်အဦးနှင့် နည်းပညာသုတေသန လုပ်ငန်းများ၌ ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့ကြောင့်ပင် ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီတစ်ခေါက် စီးပွားရေး အကျပ်အတည်းမှာ အမြတ်ထွက်သွားတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပဲ”ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment