Thursday, August 22, 2013

ဂဂ (ခေါ်) ၈၈ကျောင်းသားအိုများ သီချင်းကော်ပီခိုးချထားကြောင်း တွေ့ ရှိ



တစ်သက်လုံးကျောင်းမပြီးတော့သော ဂဂ (ခေါ်) ၈၈ကျောင်းသားအိုများ သီချင်းကော်ပီခိုးချထားကြောင်း တွေ့ ရှိ

၈၈ အရေးတော်ပုံ သီချင်းဟုဆိုကာ မြန်မာနိုင်ငံတွင် သံပြိုင်ဟစ်နေကြသော
"ကမ္ဘာမကြေဘူး" ဆိုသော သီချင်းမှာ
American ရော့ခ် ဂီတ အဖွဲ့ Kansas ရဲ့ ၁၉၇၇ ခုနှစ်က
Dust in the wind ရဲ့သံစဉ်များကိုခိုးချကာဂဂ(ခေါ်)၈၈ သီချင်းဟုဆိုကာ မရှက်တမ်းသီဆိုနေကြသည်ကိုတွေ့ နေရသည်။

မူရင်းသီချင်းကဲ့သို့  Classicalမတီးနိုင်ရ်ျ ရိုးရိုး Rhythm နှင့် တီးပြီးဆိုထားရ
ကြောင်းလဲ သိရှိရပါသည်။ ခိုးချ တေးရေးဆရာ နိုင်မြန်မာက 
ဒီလို သီချင်းတွေ မရေးချင်ဘူး ဆိုပြီး ခပ်တည်တည်နဲ့ 
စင်ပေါ်တက် ပြောနေသော သတင်း တပုဒ်ကိုယခင်ကတွေ့ခဲ့ဖူးပါသည်။
မင်းကိုနိုင်(ခေါ်)ခေါကြီးမှလည်း သူ၏အပေါင်း အဖော်များနှင့်ထောင်ထဲတွင်
ဒီကော်ပီသီချင်းကိုလေချွန်ပြီး တမ်းတသည်ဟုလဲ သိရသည်။

ယခုကဲ့သို့ ခိုးချထားသည့် သီချင်းကို အခမ်းအနားပွဲများတွင် ခံစားချက်အပြည့်ဖြင့်ဟန်လုပ်သီဆိုနေသည်များကို တွေ့နေရသည်မှာလဲ စိတ်မကောင်းစရာတစ်ခုပင်ဖြစ်သည်။သံစဉ်ကိုခိုးယူသူကခိုးယူ၊
ခိုးယူထားမှန်းမသိအမှန်အကန်ဟစ်သူကဟစ်ဖြင့် ဟုတ်တော့လဲဟုတ်နေကြသည်။

 ၈၈မျိုးဆက်ကျောင်းသားအိုများကို တိုက်တွန်းချင်သည်မှာ နောက်ထပ်
ပွဲများကျင်းပပြီး ထပ်မံလုပ်စားမည်ဖြစ်သောကြောင့် ကိုယ်ပိုင်သံစဉ်ဖြင့်
သီချင်းတစ်ပုဒ်လောက် ပြုလုပ်စေချင်ပါသည်ဟု အကြံပြုလိုက်ပါရစေ။


ကိုယ်ပိုင်သံစဉ်လိုချင်ရင်ပြော အကော်ဒီယံအုန်းကျော် ရေးခဲ့တဲ့
 ကျောင်းသားသမဂ္ဂ သီချင်း အလွတ်ရတယ်။ ချရေးပေးလိုက်မယ်။
http://www.youtube.com/watch?v=tH2w6Oxx0kQ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...