Wednesday, August 21, 2013

ကလျာမိမိမုန်း


အကြောစုရာ၊ နွယ်ယှက်ဖြာသည့်
ပိုးလွှာပါးပါး၊ လွှားလွှားဖြန့်ခင်း
ဖောက်ထွင်း၍လျှင်၊ ထင်းထင်းမြင်သား
အမျှင်သေးသေး၊ ရှုပ်လိမ်ထွေးသည့်
အမွှေးဖြိုက်ဖြိုက်၊ ၀မ်းကြာဗိုက်လည်း
လေတိုက်မခံ၊ စပါးနှံသိ့
ကော့ပျံယိမ်းငဲ့.... တနွဲ့နွဲ့တည့်.....။

ဝမ်းကြာဗိုက်နှင့်၊ တဆင့်အောက်စုန်
ကြည့်လေတုန်က၊ မှုံမှုံမွှားမွှား
အသားရွှေရောင်၊ ပြိုးပြိုးပြောင်ထင့်
လျှိုမြောင်ရှိုင်းနက်၊ ဂူတွင်းထက်မှ
လျှပ်ပြက်သောခိုက်၊ မြင်လိုက်ရသည့်
ငှက်သိုက်ပမာ၊ ခြုံလွှာတစ်စ
လျှောကျမြေတွင်၊ တစ်ပိုင်းတင်၍
ဝမ်းပြင်ဆီးစပ်၊ ကြာကလပ်လည်း
အချပ်နှစ်လွှာ၊ ပွင့်အာလုလု
စေ့စေ့စုလျှက်၊ ပန်းနုဝတ်ဆံ
အလျှံရဲရဲ၊ ဟက်တက်ခွဲသို့
စို့စို့သီသီ၊ နီနီထွေးထွေး
ပန်းရောင်ပြေးလျှက်.....။

 ဒေါင်းနွယ်ဆွေ- ကလျာမိမိမုန်းမှ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...