မြန်မာဆီးဂိမ်း အတွက် စပွန်ဆာငွေ သတ်မှတ်နှုန်းထက် ရရှိသွားပြီဟု ဘဏ္ဍာ ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက် တာမောင်မောင်သိန်းက ပြောသည်။
”ကျွန်တော်တို့ မျှော်မှန်းထားတာ ဒေါ်လာနှစ်သန်းပါ။ အခု ဒေါ်လာနှစ်သန်း တောင် ကျော်သွားပါပြီ။ ဒီငွေတွေကို နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အဖြစ် ထားရှိပြီး ဆီးဂိမ်းမှာ လိုအပ်သလို အသုံးပြုသွားမှာ ပါ”ဟု ၄င်းက သြဂုတ် ၁၉ ရက်နေ့တွင် ပြုလုပ်သည့် Daw Win အထည်ချုပ် လုပ်ငန်း စပွန်ဆာချုပ်ဆိုပွဲတွင် ပြောသည်။
ယင်းသို့ သတ်မှတ်ထားသည့် စပွန် ဆာငွေကြေးထက် ရရှိခဲ့သော်လည်း စပွန် ဆာ ရှာဖွေမှုကို ရပ်ဆိုင်းသွားမည် မဟုတ် ဘဲ လက်ကျန်လ များတွင် ဆက်လက် စပွန် ဆာ ရှာဖွေသွားမည်ဟု ၄င်းက ဆက် လက်ပြောသည်။
”စုစုပေါင်း ဒေါ်လာ သုံးသန်းကျော် လေးသန်း နီးပါးတော့ ရမယ်လို့ မှန်းထား တယ်။ အချိန်လည်း ရှိသေးတယ်။ နောက် ထပ် ကမ်းလှမ်းထားတဲ့ ကုမ္ပဏီတွေလည်း ရှိနေတဲ့ အတွက် မှန်းတာပါ။ နိုဝင်ဘာလ လောက် ဆိုရင်တော့ ပြိုင်ပွဲ နီးလာတဲ့အတွက် စပွန်ဆာ နည်းသွားမယ်လို့ မျှော် မှန်းရပါတယ်”ဟု ၄င်းက ဆက်လက် ပြောသည်။
လက်ရှိ စပွန်ဆာငွေ ဒေါ်လာ နှစ်သန်းကျော်ကို ပြည်တွင်း ကုမ္ပဏီ ၉ ခု နှင့် ပြည်ပ ကုမ္ပဏီ ၂ ခုတို့မှ ရှာဖွေ ထားခြင်း ဖြစ်ကြောင်း၊ စပွန်ဆာ ရှာဖွေမှု တွင် Platinum, Gold, Silver သုံးမျိုး ဖြင့် ရှာဖွေကြောင်း လက်ရှိတွင် Platinum ၉ ခုနှင့် Silver ၂ ခု ရှိပြီဖြစ် ကြောင်း ၄င်းက ဆက်ပြောသည်။
စပွန်ဆာကြေး များအဖြစ် Platinum အဆင့်ကို ဒေါ်လာ သုံးသိန်း၊ Gold အဆင့်ကို ဒေါ်လာနှစ်သိန်းနှင့် Silver အဆင့်ကို ဒေါ်လာ တစ်သိန်း သတ်မှတ်ထားကြောင်း Platinum၊ အ ဆင့်သည် ဆီးဂိမ်းတွင် Official စာ သားပါသည့် လိုဂိုကို အသုံးပြုခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအ တွက် စပွန်ဆာ ရှာဖွေမှုကို ပြည်ပစပွန်ဆာ ရှာဖွေသည့် JK Consultant, Dentsu မှ ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိ ရှာဖွေထား သည့် ဒေါ်လာနှစ်သန်းကျော် သည် အဆိုပါ အဖွဲ့မှ တစ်လ ကျော်ကာလ အတွင်း ရှာဖွေထားခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ကို ဘဏ္ဍာရေးဝန် ကြီးဌာနမှ ဆီးဂိမ်း ကျင်းပရေး ကော်မတီ များနှင့် ပူးပေါင်း ရွေးချယ်၍ ငှားရမ်းထား ခြင်းဖြစ်ကြောင်း သိရသည်။
PN052
0 comments:
Post a Comment