Wednesday, August 21, 2013

ဘူးသီး


ဘုန်းကြီး နဲ့ သူ့ဒကာ တစ်ယောက်.. ဘူးသီးအကြီး ပြိုင်ကြတယ်။

ဘုန်းကြီးက စကားနိုင်လုတယ်ဆိုတာ..
နောက်မှပြောသူက သာတယ်အထင်နဲ့ ..
ဒကာ.. မင့်ဘူးသီး ဘယ်လောက်ကြီးတယ်ဆိုတာ
မင်းအရင်ပြောလို့ ခိုင်းတယ်..။

ဒကာ..က

'' တပည့်တော်ဘူးသီးက ကိုယ်တော်ပြောမယ့် 

ဘူးသီးထက် နှစ်ဆရှိတယ် '' လို့ ပြောချလိုက်တော့.. 
ဘုန်းကြီး ရှုံးပါလေရော..။

အကြံတူတိုင်း နောက်လူ.. သာချင်မှသာတယ်။
မဟာဗျူဟာ ဆိုတာ အမျိုးမျိုးရှိတယ်..။
သေချာပေါက် နိုင်မယ်လို့တော့.. မထင်လေနဲ့..


- Ko Navana

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...