Tuesday, August 20, 2013

ကမ္ဘာ့ဖော်ရွေမှု အရှိဆုံးမြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့ပါဝင်လာ





ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင်

 မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။
အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း
ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု
ဖော်ပြချက်များမှ သိရသည်။

CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ
၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။
“နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ်” ဟု
Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့များမှာ Florianopolis (ဘရားဇီး)၊
Hobart (Tasmania)၊ (Thimpu) (ဘူတန်)၊ Queenstown (နယူးဇီလန်)၊
Charleston (South Carolina)၊ Cork (အိုင်ယာလန်)၊ Paro (ဘူတန်)၊
မန္တလေး (မြန်မာ)၊ Margaret River (သြစတေးလျ)၊ Kilkenny (အိုင်ယာလန်)၊
Ubud Bali (အင်ဒိုနီးရှား)၊ Chaingmai (ထိုင်း)၊ Christchurch (နယူးဇီလန်)၊
Dubblin (အိုင်ယာလန်)၊ Galenal(Illinois)၊ Victoria( British Columbia)၊
Auckland (နယူးဇီလန်)၊ Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်)နှင့် Asheville (North Corolina) တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများနှင့်
နှစ်သက်မှုရှိသော တိုင်းပြည်တစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံကို
ရောက်ဖူးသူ အများစုထံမှပြောနေကျစကားဖြစ်သည့်

“မြန်မာတွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။
နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား အရေးတယူ ရှိကြပုံပါပဲ” ဟူသော
အချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်းနှင့်
ကမ္ဘာကျော် သတင်းဌာနများက ရေးသား ဖော်ပြလာခြင်းဖြစ်ကြောင်း
ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။....

--photo by ကို တာတေ
- ချမ်းအေးနိုင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...