၁၉၆၂ တော်လှန်ရေးအစိုးရဟာ
ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နေတဲ့ တိုင်းပြည်ကို
အုပ်ချုပ်တဲ့ နေရာမှာ အထောက် အကူပြုဖို့ ရည်ရွယ်ပြီး
လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကော်မတီတွေကို
ဗဟို ၊တိုင်း၊ခရိုင်နဲ့ မြို့ နယ် အထိ အဆင့်လိုက်
စတင်ဖွဲ့ စည်းခဲ့ ပါတယ်။
ကော်မတီ အဖွဲ့ ဝင်တွေဟာ သက်ဆိုင်ရာနယ်မြေတွေမှာ
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့  တပ်မတော်သားတွေ ဖြစ်ပြီး
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နဲ့  ပါတီ ကို
အထောက်အကူပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။
ဒီဆောင်ရွက်ချက်ဟာ တပ်မတော် အနေနဲ့ မြို့ ပြအုပ်ချုပ်ရေး ဘက်မှာ
တရားဝင်စပြီး ပါဝင်လာတယ်လို့ ပြောရင်လဲ မမှားပါဘူး…..။
ဒီနေ့ ခေတ် အခြေအနေနဲ့ စဉ်းစားရင် ဒါဟာ
အင်မတန်နားလည်ရခက်ခဲတဲ့ ကိစ္စ ဖြစ်ပေမယ့်
လို့ အဲဒီခေတ် အနေအထား ကတော့ ကျေးလက်ဒေသတွေ
အတော်များများမှာ သောင်းကျန်းသူ အမာခံတွေ
စိမ့်ဝင်ချုပ် ကိုင်နေတဲ့ ကာလမို့  အုပ်ချုပ်ရေး ယန္တရား ကို
အမှန်တကယ်ပဲ အထောက်အကူပြုနိုင်ခဲ့ ပါတယ်။
တစ်ခါ ၁၉၄၈ ကနေ ၆၂ ခုနှစ် အတွင်း
သူရင်ဆိုင်ခဲ့ ရတဲ့ ခရီးကြမ်းအတွေ့ အကြုံ တွေအရ
တပ်မတော်ဟာ အရပ်သားနိုင်ငံရေးသမား အများစု အပေါ်
မယုံကြည်ရဘူးလို့ ပဲ ကောက်ချက်ချခဲ့ပြီး အုပ်ချုပ်ရေးအာဏာ
တစ်စိတ် တစ်ပိုင်းထဲမှာ ပါတီရဲ့ အမာခံကေဒါတွေ အနေနဲ့  နေရာဝင်ရောက်ရယူခဲ့တာလဲ
တစ်ချက်ပါ ၀င်နိုင်ပါတယ်…။
တော်လှန်ရေး အစိုးရဟာ ၁၉၆၂ နောက်ပိုင်းမှာ
၂နှစ်လောက်စောင့်ဆိုင်းပြီး လက်နက်ကိုင်အဖွဲ့
တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပေမယ့်
မအောင်မြင်တဲ့ ဖြစ်ရပ်၊ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊
ဝိဓူရ သခင်ချစ်မောင် စတဲ့  နိုင်ငံရေး သမားကြီး (၃၃) ဦးကို
ဖိတ်ခေါ်ပြီး (၃၃) ဦး ကော်မရှင်ဖွဲ့ ကာ တိုင်းပြည်ကို
ဘယ်လိုတည်ဆောက်မလဲ ဆွေးနွေးပေမယ့်
အချင်းချင်းသာ အငြင်းပွားပြီး အဖြေမထွက်ခဲ့တဲ့ ဖြစ်ရပ်၊
ဆိုရှယ်လစ်လမ်းစဉ် ပါတီကို တည်ထောင်ခဲ့ပြီး
ကျန်ပါတီများ ကိုပါ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ သော်လည်း
မအောင်မြင်တဲ့ ဖြစ်ရပ်တွေကြောင့် ၁၉၆၄ မတ် (၂၈ ) မှာ
တစ်ပါတီ စနစ်နဲ့ သွားဖို့ပဲ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်……။
တပ်မတော်အနေနဲ့မြို့ပြအုပ်ချုပ်ရေးမှာ
တစ်စိတ်တစ်ပိုင်း ပါဝင်လာပြီဖြစ်ပြီး
တပ်မတော်ခေါင်းဆောင် အတော် များများဟာလဲ တော်လှန်ရေးကောင်စီဝင်တွေ ဖြစ်နေတဲ့ အတွက်
ဘေးပယောဂ ပါ မပါ ဒီနေ့ ထိ အငြင်း ပွားနေရတဲ့ 
လူထုအရေးအခင်းတွေမှာ လူထုနဲ့ ထိပ်တိုက်ရင်ဆိုင်မူတွေကိုလဲ
ရှောင်လွဲလို့မရနိုင်ခဲ့ ပါဘူး…..။
ဝါဒရေးရာ အားကောင်းလွန်းပြီး
မြန်မာပြည်ရဲ့ ရေခံမြေခံ နဲ့ အင်မတန် ကြီးထွားလွယ်တဲ့ ၊
တပ်မတော်ရဲ့ အင် အား သုံးပုံတစ်ပုံလောက်ကို
တောခိုသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ 
အရှေ့ တောင်အာရှမှာ တိုက်ရည်ခိုက်ရည် အကောင်းဆုံး တပ်မတော်တစ်ခုတောင် အနှစ်လေးဆယ်လောက်
တိုက်ခဲ့ ရတဲ့  ဗကပအန္တရာယ် ကို တပ်မတော်ဟာ
အင်မတန်ပဲ စိုးရိမ်စိတ် ကြီးခဲ့ ပါတယ်။
လူထု အရေးအခင်း အတော်များများ ကို
လဲပြီးခဲ့ တဲ့  ဆယ့်လေး ငါးနှစ် အတွေ့ အကြုံတွေအရ
လူထုတိုက်ပွဲနည်းနဲ့ တိုက်ခိုက်လာတဲ့
ဗကပ ယူဂျီတွေရဲ့လှုံ့ဆော်မှု အဖြစ်ပဲ ရှူမြင်ခဲ့ ပါတယ်။
ဒီစိုးရိမ်စိတ်ဟာ ဒီကနေ့ စတုတ္ထ မျိုးဆက်
တပ်မတော် အရာရှိတွေ အထိ
ကူးစက်ခဲ့ တယ်ဆိုရင်လဲ မမှားဘူးလို့ ဆိုနိုင်ပါတယ်………။
ကျန်အပိုင်းများဆက်တင်ပါမည်။
- Ye Moe
ဆက်လက်ဖတ်ရှုလိုသေးလျှင်
http://goldenlandnew.blogspot.com/2013/08/blog-post_1812.html
http://goldenlandnew.blogspot.com/2013/08/blog-post_9868.html
http://goldenlandnew.blogspot.com/2013/08/blog-post_6870.html
http://goldenlandnew.blogspot.com/2013/08/blog-post_9977.html
http://goldenlandnew.blogspot.com/2013/08/blog-post_5237.html
0 comments:
Post a Comment