Monday, August 26, 2013

တပ်မတော်၏ သဘောထားကြီးမှုကြောင့် KIA နှင့် အပြီးသတ်ဆွေးနွေးနိုင်တော့မည်




တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မျှော်မှန်းထားသည့် အောက်တိုဘာလ မတိုင်မီ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးနိုင်မည်ဟု ယူဆကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် သတင်းထောက်များ၏ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ Technical Team နှင့် ကေအိုင်အို၏ Technical Team တို့အကြား တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးက အောက်တို ဘာလောက်မှန်းတယ်။ ကေအိုင်အို နဲ့ကလည်း အဲဒီမတိုင်ခင်ပြီးမယ်လို့ ထင်တာပေါ့။ ဒါကြောင့်မို့ အောက် တိုဘာလောက် မှန်းတာပေါ့'' ဟု ပြောကြားသည်။

''Technical Team တွေနဲ့ တောက်လျှောက် တွေ့နေတယ်။ တွေ့ဖို့ချိန်းတော့ ချိန်းနေပါတယ်။ သူတို့ဆီက အဆင်သင့် ဖြစ်ရင်သွားမှာပါ။ သူတို့က ပြောမှရမှာပဲ။ ကိုယ့်ဆီက အဆင်သင့်ပဲ။ အခက်အခဲမရှိပါဘူး။ သူတို့ Technical Team တွေ ဖွဲ့လိုက်ပြီ။ သူတို့ဆွေးနွေး နေကြတာပေါ့။ အဲဒါတွေအားလုံး ဆွေးနွေးလို့ပြီးရင် လူကြီးတွေ လိုက်သွားမှာပေါ့။ အားလုံး လူငယ်တွေ ဆွေးနွေးတာ မပြီးသေးလို့ လူကြီးတွေက လိုက်လို့မရသေးတာ ပေါ့'' ဟု ၀န်ကြီးဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

 အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုလက်မှတ် ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောဆန္ဒ ရယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...