ကျောင်းဆင်းခေါင်းလောင်းထိုးသည်။ ကလေးများ မတ်တပ်ရပ်ကြသည်။
နိုင်ငံတော်သီချင်းကို ဆိုကြလေသည်။
"ကမ္ဘာမကြေ မြန်မာပြည် ဒို့ ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။
ကမ္ဘာမကြေ မြန်မာပြည် ဒို့ ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ ကာကွယ်မလေ။
ဒါ ဒို့ပြည် ဒါ ဒို့မြေ ဒို့ပိုင်တဲ့မြေ
ဒို့ပြည် ဒို့မြေ
အကျိုးကို ညီညာစွာ ဒို့ တစ်တွေ
ထမ်းဆောင်ပါစို့လေ
ဒို့တာဝန်ပေ ..... အဖိုးတန်မြေ..."
သူတို့၏ အသံလေးများသည် စူးစူးရှရှကလေးတွေ ဖြစ်သည်။
အောင်မြင်ခန့်ညားမှု မရှိကြပါ။
သူတို့ မတ်တပ်ရပ်နေကြပုံများသည် ညီညီညာညာ မရှိကြပါ။
သို့ရာတွင် ..... တစ်နေ့သောအခါ သူတို့သည်
တိုင်းပြည်၏ တာဝန်ကို ညီညာခန့်ညားစွာ ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပါသတည်း ။ ။ ။
- ဆရာမင်းလူရေးတဲ့ ပန်းကျောင်းစာအုပ်ထဲက နှစ်သက်မိတဲ့
စာသားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။
- https://www.facebook.com/excellencenews
0 comments:
Post a Comment