တစ်ရက်က ထုံးစံအတိုင်း သတင်းတွေဘာတွေ လိုက်ဖတ်ရင်းနဲ့ ဆရာကြီး ဒဂုံတာရာဈာပနမှာ ခေါင်းတလားကို ခွပ်ဒေါင်းအလံအုပ်ထားတာတွေ့လိုက်ရပါတယ်။
ကိုယ်တောင် အတော်အံ့သြသွားမိတယ်၊ ဆရာကြီး ဘယ်တုန်းကများ NLD ပါတီဝင်ဖြစ်သွားပါလိမ့်ဆိုပြီး။ ဆရာကြီးNLDပါတီဝင်ဖြစ်တယ်လို့လည်း ဘယ်တုန်းကမှမကြားဖူးပါ။ အောင်ပန်းမှာပဲ ၀ါသနာပါတဲ့စာပေတွေကို ရေးသားရင်းနဲ့ အေးအေးချမ်းချမ်းဘ၀ကို ဖြတ်သန်းနေတာပါ။
ဆရာကြီးသိလိုတဲ့စာတွေ သူ့မြေးမလေးက ဖတ်ပြ၊ဆရာကြီးက သူရေးလိုတဲ့ စာတွေနှုတ်တိုက်ရွတ်ပြ အေးချမ်းစွာ နေနေကြတာပါ။
ဆရာကြီးမှာ ရန်သူမရှိသလို၊ဂိုဏ်းဂဏလည်းမရှိပါ။သူဆီလာလည်သမျှလူတွေကို
ဧည့်ဝတ်ကျေပွန်စွာ လက်ခံတွေ့ဆုံပြီး စကားလက်ခံပြောဖူးတာပဲ၇ှိခဲ့ပါတယ်။
NLDကတစ်ချို့သူတွေ ဆရာကြီးဆီ မကြာခဏသွားပြီး လည်ပတ်နေတာတော့ရှိဖူးမှာပေါ့။
ဒါကိုအခွင့်ကောင်းယူပြီး ဆရာကြီးဆုံးတဲ့အခါ ခွပ်ဒေါင်းအလံကိုအသုံးချတာ
အခွင့်ရေးလက်တစ်ဆုံးးနှိုက်တယ်လို့ ယူဆနိုင်ပါတယ်။
ဆရာကြီးကို NLDမှ ကြည်ညိုကြတာ မဟုတ်ပါ။
စာပေ၀ါသနာရှင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတိုင်းက လေးစားချစ်ခင်ကြပါတယ်။
ငါသေသွားတဲ့အခါ ငါ့ကို ဒေါင်းအလံလေးအုပ်ပြီး မြေချပေးပါလို့
တောင်းဆိုခဲ့တာလည်း တစ်ခါမှ မကြားဖူးပါ။
ငြိမ်းချမ်းရေးဗိသုကာကြီးတွက် ခေါင်းတလားအထက်မှာ
အုပ်မယ်ဆိုရင်တောင် ချိုးငှက်အလံပဲအုပ်ရပါလိမ့်မယ်။
အေးအေးဆေးဆေးနေနေတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ဒီလိုဈာပနမျိုးမှာတောင် နိုင်ငံရေးအသွေးအရောင်တွေရောယှက်နေတာကိုမြင်မိတော့
ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့တော့ ခက်ရချည်သေးရဲ့လို့ ရင်မောရင်း
မြန်မာ့နိုင်ငံရေးအတွက် သက်ပြင်းချမိပါတော့တယ်...။
0 comments:
Post a Comment