Monday, August 19, 2013

၈၈ အဖွဲ့များအား စာရင်းစစ်ပြီ

သြဂုတ်လ ၉ ရက်နေ့က ၈၈ ပွဲတော် ကျင်းပတဲ့ ကိစ္စနဲ့ ပါတ်သက်လို့ တစ်ခွန်းပဲ မေးလိုက်မိတာ ထင်ထားတဲ့အတိုင်း ရန်တွေ့တာတွေနဲ့ပဲ အဆုံးသတ်သွားရတယ်..... ဘာကိစ္စ စာရင်းစစ်ချင်ရတာလဲ၊
မင်းက ဘာမို့လို့ မေးတာလည်း၊ အစရှိသဖြင့် မေးခွန်းပေါင်း

သောင်းခြောက်ထောင်နဲ့ အဆဲပေါင်းများစွာနဲ့ တုံ့ပြန်တာတွေ
ပိုများနေတာ တွေ့ရပါတယ်......

ကျွန်တော်မေးရခြင်းက စာရင်းစစ်ဖို့ မဟုတ်သလို အွန်လိုင်းက 

ဒီမို / ၈၈ နာမည်ခံ လူအများစုရဲ့ စိတ်နေ စိတ်ထား အရင်ကနဲ့ ဘယ်လောက် ပြောင်းလဲသွားပီလဲ ဆိုတာကို ကြည့်ခြင် မြင်ချင်တာလည်း တစ်ပိုင်းပေါ့..... ရလာတဲ့ ရလာဘ်ကတော့ အများမြင်တဲ့ အတိုင်းပါပဲ......

အသိတစ်ယောက်ကတော့ ၈၈ အွန်လိုင်းအကောင့်ဖြစ်တဲ့
8888 silver jubilee မှာ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်.....
8888 silver jubilee ကတော့ သြဂုတ်လ ၁၃ ရက်နေ့မှာ
အလှူရှင်များ စာရင်းကို တင်ထားတာ တွေ့ရပါတယ်.....
ဒီနေရာမှာ တစ်ချို့ကတော့ ပြည်သူလူထုစီက ခိုးဝှက်ထားတာ
မပါတဲ့အတွက် တင်စရာမလိုဘူးဆိုတဲ့
အရေးအသားမျိုးတွေလည်း တွေ့ခဲ့ရပါတယ်......

ပြည်သူလူထု သဘောထားကတော့ ရှင်းပါတယ်.....

 နောင် ခေါင်းဆောင်ဖြစ်လာမယ့် လူတွေကို
 ရှေ့က လုပ်သွားတဲ့လူတွေလို မဖြစ်စေချင်ဘူး.....
 နောက်မို့ဆိုရင် ရှေ့က တက်သွားခဲ့တဲ့လူကလည်း ညစ်ပါတ်တာပဲ၊ 
ငါတို့ ညစ်ပါတ်တာ ဘာဖြစ်လဲ ဆိုရင်တော့ ခံရမယ့်လူက ကျွန်တော်တို့ ပြည်သူတွေပဲ....

အခုလက်ရှိ အွန်လိုင်းက တုံ့ပြန်မှုတွေကြောင့် ဘာကို သတိရသလဲဆိုတော့ 

နန်းမတော် မယ်နု မိဖုရားကြီးဖြစ်တော့ နု ဆိုတဲ့ စကားလုံးကို မသုံးရလို့ ထွဋ်ဆိုတာ ပြောင်းသုံးရတယ်ဆိုတဲ့ စကားလေး သတိရမိပါတယ်......
တကယ့် ၈၈ / NLD ဘက်က ကာယကံရှင်တွေက
ဘယ်လိုသဘောထားတယ်၊ ရပ်တည်တယ်ဆိုတာ
သေခြာမသိရပေမယ့် အွန်လိုင်းက ဘက်တော်သားတွေကတော့ 

ဆက်ဆက်ထိမခံ၊ အပြုသဘောမဆန်တဲ့ တုံ့ပြန်မှုတွေနဲ့
တွေ့နေရတာဟာ ကောင်းမွန်တဲ့ အလားအလာတော့ မဟုတ်ပါဘူး......

အခုလက်ရှိ လူအများစုအတွက်တော့ အွန်လိုင်းက

အဲ့ဒိ ဘက်တော်သားတွေကိုကြည့်ပီး
အော် သူတို့က
ဒီလိုပါလားဆိုတဲ့ အမြင်တွေ၊ အုပ်စုလိုက် ဖိထောင်းပါလားဆိုတဲ့
အမြင်တွေသာ တိုးသထက် တိုးလာနေတာ တွေ့ရပါတယ်.....
ကောင်းမွန်တဲ့ နိုင်ငံတော် တစ်ခု တည်ဆောက်ဖို့အတွက်တော့
အယူအဆ မတူသူတွေကို လိုက်ပီး နှိပ်ကွတ်နေတဲ့ ပိုပေါ့လို
လုပ်ရပ်တွေအစား ပူးပေါင်းဆောင်ရွက်လိုစိတ်နဲ့
အပြုသဘော မြင်တဲ့စိတ် ရှိမှ ဖြစ်မယ်ဆိုတာလေးပဲ ထောက်ပြချင်ပါတယ်......

- Voice of James Mint

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...