Saturday, August 17, 2013

အိုဘာမားက အီဂျစ်အား ရှုတ်ချလိုက်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ဖျက်သိမ်း




အမေရိကန်သမ္မတ အိုဘားမားသည် အီဂျစ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို 

ယနေ့ ထုတ်ပြန်ပြောကြားသည်။ အိုဘားမားက လက်ရှိဖြစ်ပေါ်နေသော 
ပဋိပက္ခများနှင့် ပတ်သက်၍ အီဂျစ်အစိုးရအား ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး
 နှစ်နိုင်ငံ ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကိုလည်း 
ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ သို့သော် အကူအညီပေးရေး 
အစီအစဉ်များကိုမူ ရပ်ဆိုင်းခြင်းမရှိသေးကြောင်း သိရသည်။


အီဂျစ်အား အောင်မြင်မှု ရစေလိုကြောင်း၊ ငြိမ်းချမ်းသော ဒီမိုကရေစီထွန်းကားသော ချမ်းသာကြွယ်ဝသော အီဂျစ်နိုင်ငံကို မိမိတို့ လိုလားကြောင်း အိုဘားမားက ပြောကြာသည်။ မော်စီ ဖြုတ်ချခံခဲ့ရပြီး နိုင်ငံရေး အဖြေရှာရန် အခွင့်အလမ်းရှိခဲ့သော်လည်း ယခုအခါ အီဂျစ်မှာ ပိုမိုအန္တရာယ်များသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည်ကို မိမိတို့ မြင်တွေ့နေရကြောင်းလည်း 

အိုဘားမားက ထည့်သွင်းပြောကြားသည်။

အီဂျစ်တွင် ဖြုတ်ချခံ သမ္မတဟောင်း မော်စီအား ထောက်ခံဆန္ဒပြသူများကို ယမန်နေ့ 

(သြဂုတ် ၁၄ ရက်၊ ဗုဒ္ဓဟူး) က အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခဲ့ရာ လူပေါင်း ၅၂၅ ဦးသေဆုံးခဲ့ပြီး အခြား လူပေါင်း ၃,၇၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအနက် ဂျာနယ်လစ် ၄ ဦးလည်းပါဝင်ကြောင်း သိရသည်။ ယခုအခါ မော်စီ ထောက်ခံသူများက ကိုင်ရိုမြို့တော်နှင့် နိုင်ငံမြောက်ပိုင်းရှိ ဂီဇာမြို့တို့တွင် အစိုးရ အဆောက်အအုံများကို အကြမ်းဖက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

- Planet

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...