(၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သောသူများကို သက်ဆိုင်ရာ တက္ကသိုလ်များ တက်ရောက်ရန်အတွက် အောင်လက်မှတ်ဖြင့် ဝင်ခွင့်လျှောက်လွှာပုံစံများကို သြဂုတ်လ(၁)ရက်နေ့တွင် စတင်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။ အောင်လက်မှတ်ကို လှိုင်တက္ကသိုလ်နယ်မြေတွင်ရှိသော ဇွဲကပင်ဆောင်တွင် ထုတ်ယူနိုင်မည်ဖြစ်ပြီး ထုတ်ယူသည့်နေရာတွင် လိုင်စင်ဓာတ်ပုံ(၂)ပုံနှင့် ကိုယ်ရေးရာဇဝင်အကျဉ်း အချက်အလက်များလိုအပ်သလို မိမိဖြေဆိုခဲ့သော စာစစ်ဌာနကျောင်းများက ကြီးကြပ်ရေးမှူးများဆီမှ အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံများကို ထုတ်ယူရမည်ဖြစ်သည်။လျှောက်လွှာများကို သြဂုတ်လ(၅)ရက်မှ(၂၅)ရက်အထိ ပိတ်ရက်မရှိ မိမိတက် ရောက်လိုသော တက္ကသိုလ်နှင့်ဘာသာရပ်များကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။
- SkyNet TV Browser
0 comments:
Post a Comment