Tuesday, November 26, 2013

သမထ နှင့် ကြောင်




တစ်ခါတုန်းက မာယူကဂျီလို့ခေါ်တဲ့ ဘာသာရေးကျောင်းတော်ကြီးတစ်ခုမှာ
ထင်ရှားတဲ့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရှိတယ်။
သူ့မှာ သူကိုယ်တိုင် မွေးထားတဲ့ ကြောင်လေးတစ်ကောင်လည်း ရှိတယ်။
အဲဒီဘုန်းတော်ကြီးဟာ သူ့ကြောင်ကို သူ့ဘ၀နဲ့အမျှ ချစ်ခင်တယ်။
ဒါကြောင့် ကျောင်းထဲက သမထ ဘာဝနာနဲ့ပတ်သက်လို့
သင်တန်းပေးလေ့ကျင့်တဲ့အခါ သူ့ကြောင်ကို ဘေးမှာ အမြဲတမ်းထားထားတယ်။
ဒါဟာ သူ့တပည့်ကျောင်းသားတွေအတွက် ဖြစ်ရိုးဖြစ်စဉ် မထူးခြားတဲ့
အစဉ်အလာတစ်ခုလို ဖြစ်လာတယ်။

ဒီလိုနဲ့ တစ်မနက်မှာတော့ သူတို့ဟာ အိုမင်းလှပြီဖြစ်တဲ့
ကျောင်းထိုင်ဘုန်းကြီးကို ငြိမ်ငြိမ်သက်သက် သေဆုံးနေတာ တွေ့ကြရတယ်။
" ဒီကြောင်ကို ဘယ်လိုလုပ်ကြမလဲ " တပည့်တွေအချင်းချင်း မေးကြတယ်။
နောက်တက်လာတဲ့ ဆရာလုပ်တဲ့သူဟာ ကွယ်လွန်သွားတဲ့
သူ့ဆရာကို လေးစားမြတ်နိုးသူဖြစ်တယ်။

နောက်ဆုံး ဒီကြောင်ကို ကျောင်းမှာပဲ ဆက်မွေးထားဖို့ သူက ဆုံးဖြတ်လိုက်တယ်။
ဒီကြောင်ဟာ အရင်ကလို သူတို့ သမထလေ့ကျင့်တဲ့အခန်းမှာ
ငြိမ်ငြိမ်သက်သက် ထိုင်မြဲထိုင်နေတယ်။

အနီးအနားကျောင်းတော်တွေက ပညာသင်တပည့်တွေ၊ ဒီကျောင်းကြီးကို
ခဏ၀င်ရောက်တည်းခိုတဲ့ ဘုရားဖူးခရီးသွားတွေဟာ ဒီအဖြစ်ကို
မြင်တွေ့သွားကြတယ်။ ဒီကြောင်းကြီးဟာ ဒီနေရာဒေသတစ်ဝိုက်မှာ
အင်မတန် ကြီးကျယ်တဲ့ကျောင်းဖြစ်တယ်။
ကြောင်တစ်ကောင်ဟာ သမထ ထိုင်နေတဲ့နေရာမှာ
ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဇာတ်လမ်းဟာ
အဲဒီကနေ စတင် ပြန့်ပွားသွားတယ်။

နှစ်များစွာကြာတဲ့အခါ အဲဒီကြောင်ဟာ သေဆုံးသွားတယ်။
ကျောင်းတော်ကြီးက တပည့်တွေဟာ တရားထိုင်တဲ့နေရာမှာ
ကြောင်တစ်ကောင်ရှိနေတာ အလေ့အကျင့်လို ဖြစ်နေတဲ့အတွက်
ဒီအတိုင်း မနေတတ်တော့ပဲ အခြားကြောင်တစ်ကောင်ကို
အစားထိုးမွေးမြူလိုက်တယ်။

အဲဒီအချိန်အခါလောက်မှာပဲ တခြားကျောင်းတော်တွေမှာ
သမထထိုင်တဲ့အခန်းတွေမှာ အသုံးပြုရအောင်
ကြောင်တွေကို မွေးမြူတဲ့အကျင့်က စတင်ထွန်းကားစပြုနေပြီ။
သူတို့က ပျံလွန်တော်မူသွားတဲ့ မာယူကဂျီ ကျောင်းတော်က
ဆရာတော်ကြီး နာမည်သတင်းထင်ရှားတာ၊ 
သူ့ရဲ့ဆုံးမသင်ကြားချက်တွေဟာ
ထိရောက်ကောင်းမွန်တာတွေဟာ ဒီကြောင်ရဲ့ စွမ်းပကား
တစ်နေရာရာက ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်နေကြပြီး
ကွယ်လွန်သွားတဲ့ ဆရာတော်ကြီးရဲ့ သီလသမာဓိ
စင်ကြယ်အားကောင်းမှုကိုတော့ မေ့လျော့နေခဲ့ကြတယ်...။

မျိုးဆက်တစ်ဆက် ကုန်လွန်သွားတယ်။
သမထ ဘာဝနာတရား အားထုတ်တဲ့နေရာမှာ ကြောင်ရဲ့ အရေးပါပုံဟာ
ကျင့်စဉ်နည်းပညာတစ်ရပ်အလား လူထုအကြားမှာ ပြန့်ပွားလာတယ်။
ဒီအကြောင်းကို တက္ကသိုလ်က ပါမောက္ခတစ်ယောက်ကလည်း
ကျမ်းပြုပြီးရေးသားထုတ်ဝေလိုက်တယ်။
အဲဒီကျမ်းထဲမှာ လူတစ်ယောက် သမာဓိသမထ စွမ်းအင်တွေရရှိဖို့
ကြောင်တစ်ကောင်ရဲ့ အထာက်အပံ့ လိုအပ်ကြောင်း ဖော်ပြထားတယ်။

ဒီလိုနဲ့ ရာစုနှစ်တစ်ခု ကုန်ဆုံးသွားတယ်။
သမထဘာဝနာကို လေ့လာလိုက်စားရာမှာ
ကြောင်တစ်ကောင်ရဲ့ စွမ်းပကားဟာ
တစ်စိတ်တစ်ပိုင်းအနေနဲ့ လိုအပ်တယ်ဆိုတဲ့
ကိစ္စဟာ အခိုင်အမာဖြစ်နေခဲ့တယ်။

အဲဒီအချိန်မှာပဲ ဒီကျောင်းတော်ကို အုပ်ချုပ်ဖို့ ဆရာအသစ်တစ်ဦး
ရောက်ရှိလာတယ်။ အဲဒီဆရာဟာ ကြောင်မွေးမြူရမှာကို ရွံရှာတဲ့လူဖြစ်တယ်။
သူက သမထကျင့်တဲ့အခန်းထဲမှာ တပည့်တွေနဲ့အတူရှိနေတဲ့ ကြောင်ကို
ရွှေ့ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အများက ၀ိုင်းကန့်ကွက်ပေမယ့်
သူကတော့ အလျှော့မပေးဘူး။
သူဟာ ထူးချွန်တဲ့ ဆရာတစ်ယောက်ဖြစ်တယ်။
ကြောင်မရှိဘဲနဲ့ သူ့တပည့်တွေ တိုးတက်မှုရှိအောင်
သူဟာ စွမ်းဆောင် သင်ကြားနိုင်ခဲ့တယ်။

အဲဒီအချိန်မှာပဲ ဘုန်းကြီးကျောင်းတွေဟာ
တခြားနည်းလမ်းသစ်တွေကို ရှာဖွေ စူးစမ်းလာကြတယ်။
သမထထိုင်တဲ့အခန်းတိုင်းမှာ ကြောင်တစ်ကောင်စီထားရတော့
ကြောင်တွေအများကြီးကို အစာကျွေးဖို့
ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့ဒဏ်ကို သူတို့ မခံနိုင်ကြတော့ဘူး။
ဒါကြောင့် ကျောင်းတွေမှာ ကြောင်တွေကို
စတင် ဖယ်ရှားလိုက်ကြတယ်။

ဒါဟာ တော်လှန်ရေးအသစ်တစ်ခုလို ဖြစ်နေတယ်။
နောက် အနှစ်နှစ်ဆယ် လောက်ကြာတဲ့အခါ ဒီအကြောင်းကို
စာအုပ်ရေးသားပြုစုကြတယ်။
စာအုပ်နာမည်က " ကြောင်မပါတဲ့ သမထ၏ အရေးပါသော အချက်များ " တဲ့။

နောက် ရာစုနှစ်တစ်ခု ကုန်လွန်သွားတယ်။ သမထဘာဝနာကျင့်ကြံတဲ့
ကျောင်းတွေမှာ ကြောင်တွေဟာ လုံးဝပဲ ပျောက်ဆုံးသွားကြတယ်။

ဒီလို မူလအခြေအနေ ပြန်ရောက်ဖို့အတွက် နှစ်ပေါင်း ၂၀၀ ကြာအောင်
အချိန်ယူခဲ့ကြရတယ်။ အခုအချိန်မှာတော့ ဘယ်သူကမှ
" ဒီကျောင်းမှာ ဘာလို့ ကြောင်မရှိရတာလဲ" လို့ မေးမနေကြတော့ပါဘူး....။

- The Importance of the Cat in meditation

Friday, November 8, 2013

7 Days Daily က ရေးတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးပစ်ခတ်မှု ဖြစ်ရပ်မှန်



ဒီနေ့ ထုတ် 7 Days သတင်းစာ ဖတ်လိုက်ရတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
သတင်းစာဆရာကြီး ဂါဒီယန် ဦးစိန်ဝင်းရေးခဲ့တဲ့ “သတင်းကို သတင်းလိုရေးပါ” ဆိုတဲ့ စာကြောင်းလေးကို ဖျတ်ခနဲ သတိရမိတယ်။ သတင်းပါ ဖြစ်စဉ် အကြောင်းအရာကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနားမှာ ဖြစ်ခဲ့တဲ့ လုံခြုံရေး အဖွဲ့က ပစ်ခတ်လိုက်တဲ့ သတင်းပါ ။ ဒီအကြောင်းအရာ ဟာ ကိုယ်နဲ့ သိပ်ပြီး ပါတ်သတ် လှတယ်တော့ မဟုတ်ပေမယ့် မီဒီယာက မီဒီယာ အလုပ် မလုပ်တော့ အဖြစ်မှန် သိနေတဲ့ ကျွန်တော်ကပဲ ရှင်းပြလိုက်ပါတယ်။

-၁၁ -၂၀၁၃ ရက်နေ့ မနက် ၀၀-၄၅ မိနစ် အချိန်မှာ အရပ်သားပွဲစား (၄) ယောက် ဖြစ်တဲ့ ကိုကျော်ဝေထက် ၊ ကိုမျိုးညီညီထွေး ၊ ကိုစိုင်းဝေဖြိုး ၊ သူငယ်ချင်းတစ်ယောက် နဲ့  ဒုလက်ထောက်ညွှန်မှူး ဦးသိန်းဇော်ထွန်းအပါအ၀င် အားလုံးပေါင်း ၅ ယောက်က  မူဆယ်ဘက်မှာ အရက်သောက် စား မူးယစ်ပြီး ပြန်လာကြပါတယ်။ အဲ့ဒီအချိန် မူဆယ်၁၀၅ မိုင်ဂိတ်နှင့် မနီးမဝေးမှာ တပ်မတော် မှ လုံခြုံရေးအတွက် တာဝန် ကျနေတဲ့ ရဲဘော် ၅ ယောက်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ နယ်စပ်ဂိတ် တွေ မှာ မူးယစ်ဆေးဝါး တွေ တင်သွင်းနေတယ်ဆိုတဲ့ သတင်းတွေ အရ တပ်ဘက်မှ ပူတွဲတာဝန်ထမ်းဆောင်ဖို့ အတွက်       တပ်မတော်သား ၅ ဦးက အမြဲတမ်း လုံခြုံရေးတာဝန်ယူပေးရပါတယ်။ 

အရက်သောက်ပြီးပြန်လာတဲ့ ကို ကျော်ဝေထက်တို့ အုပ်စု ဟာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် သားတွေကို ကားနဲ့ ၀င်တိုက်ပြီး မောင်းပြေးခဲ့ပါတယ် ။အဲ့အချိန်မှာ ကျန်တဲ့ ရဲဘော် (၂)ယောက် က ကားကို ရပ်ဖို့ ပြောနေတာတောင် မရပ်ပဲ နဲ့ ကိုကျော်ဝေထက်တို့ အုပ်စုက မောင်းပြေးခဲ့လို့အခုလို ပစ်ခတ် မှုတွေ ဖြစ်ကုန်တာပါ။ ၀င်တိုက်ခံလိုက်ရတဲ့  ရဲဘော် (၃) ဦး ဟာ အခု အပြင်းအထန် ဒဏ်ရာ ရပြီး ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။(ရဲဘော် ၁ ယောက်ဆိုရင် ခြေသလုံး အရိုးထက်ပိုင်း ကျိုးပြီး ငေါ့ထွက် နေ တဲ့ အဆင့်ထိရောက်ပြီး အခြေအနေတော်တော်ဆိုးပါတယ်)။ 

 မောင်းပြေးတဲ့ (၅)ယောက်မှာ ယာဉ်မောင်းက ကိုစိုင်းဝေဖြိုးပါ။သေဆုံးသွားတဲ့ တစ်ဦးကတော့ ကိုကျော်ဝေထက်ပါ။ လုံခြုံရေးတာဝန်အရ ကင်းစောင့်နေသော ရဲဘော်များအားဝင်တိုက်ကာ ထွက်ပြေးသွားသည့်အတွက် ရပ်တန့်ရန်ပြောဆိုသော်လည်း ရပ်တန့်မှုမရှိခဲ့သဖြင့်  ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

ဒါကြောင့် ဒီဖြစ်စဉ်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ စာဖတ်သူများအားလုံး သိလောက်ပါပြီ။အစကတည်းက သတင်းစာတွေက အဂတိ ကင်းကင်း ၊ ဘက်လိုက်မှု ကင်းကင်းနဲ့  သတင်းကို သတင်းလိုရေးရင် ဖြစ်စဉ်က ရှင်းပါတယ်။ဒါကြောင့် သတင်းဂျာနယ်တွေ ရေးတိုင်းလည်းချင့်ချိန်ယုံကြပါလို့ပဲ အကြံပေးချင်ပါတယ်။

ဝန်ထမ်းတစ်ဦး

Wednesday, November 6, 2013

လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် မူးယစ်ဆေးဝါး



၂၀၁၀ ခုနှစ်တွင် တပ်မတော်အစိုးရမှ ပြည်သူလူထုရွေးကောက်တင်မြောက်လိုက်သည့် အရပ်သားအစိုးရထံသို့ အာဏာလွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအား နိဂုံးချုပ်စေကာ ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်အဖြစ်သို့ ပြောင်းလဲခဲ့သည်မှာ ယခုဆိုလျှင် တည်ဆဲအစိုးရ၏ သက်တမ်းပင်လျှင် ကုန်ဆုံးရန် သိပ်မလိုတော့ပြီဖြစ်သည်။ ထိုသို့သော အကူးအပြောင်းကာလတွင် ဝေဖန်မှုအချို့ရှိလင့်ကစား ပြည်တွင်းအသိုင်းအ၀ိုင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ ထင်မှတ် မထားလောက်အောင်ပင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့သလို ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး တိုက်ပွဲများ ဖြစ်ပွားသည်ဟု သတ်မှတ်ခံထားရသော နေရာအချို့ကိုလည်း တည်ငြိမ် အေးချမ်းစေခဲ့ပြီး ကေအိုင်အေကဲ့သို့သော အဖွဲ့အစည်းအချို့မှအပ ကျန်ရှိသော လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် အပစ်အခတ်ရပ်စဲကာ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပေသည်။

          နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယအချို့ ရှိနေဆဲဖြစ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေမှာ အလားအလာ အလွန်ကောင်းမွန်နေကြောင်း တွေ့ရှိရမည်ဖြစ်ကာ တပ်မတော်အနေဖြင့်လည်း သမ္မတကြီး၏ အမိန့်အား လိုက်နာကာ အတတ်နိုင်ဆုံး သည်းခံခဲ့သည်ကို လွန်ခဲ့သောနှစ်များက ကေအိုင်အေနှင့်ဖြစ်ပွားခဲ့သည့် မြန်မာပြည်မြောက်ပိုင်းရှိ တိုက်ပွဲများက သက်သေခံနေပေသည်။

လွန်ခဲ့သောနှစ်များစွာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရည်မှန်းချက်မှာ တိုင်းရင်းသားအရေး၊ မိမိတို့နယ်မြေပိုင်ဆိုင်မှု အရေးသာဖြစ်ခဲ့သော်လည်း ယခုအခါ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းချမှုများ၊ တရားမ၀င် သစ်ထုတ်ယူမှုများဖြင့် အဆမတန် ချမ်းသာလာခဲ့သော ထိပ်ပိုင်းမူးယစ်ရာဇာများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ဘိန်းစိုက်ခင်းများအား အစိုးရစစ်ကြောင်းများမှ ဖျက်ဆီးခြင်းအား ကာကွယ်ရန်အတွက်သာ ဖြစ်လာခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ပေသည်။

          ယနေ့အချိန်အခါတွင် အစိုးရမှ မီဒီယာလွတ်လပ်ခွင့်အား အိမ်နီးချင်းနိုင်ငံများမှ အံ့သြ
ရလောက်အောင်ပင် ကင်းလွတ်ခွင့်ပေးခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့၏ ဗျူဟာမှာလည်း ပြောင်းလဲလာခဲ့ကာ မီဒီယာများနှင့် ထိတွေ့ဆက်ဆံလာပြီးနောက် ၄င်းတို့
အဖွဲ့အစည်းများ၏ သတင်းများ၊ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ပုံနှိပ်စာမျက်နှာများထက်တွင်
တွေ့မြင်လာရပေသည်။

          ဤသည်မှာ ယခင်ကကဲ့သို့သော အခြေအနေမျိုးထက်စာလျှင် များစွာ တိုးတက်လာ သော်လည်း တပ်မတော်စစ်ကြောင်းများမှ ၄င်းတို့၏ ဘိန်းစိုက်ခင်းများအားဖျက်ဆီး၍ တိုက်ပွဲများ ဖြစ်ပွားသောအခါတွင်မူ မီဒီယာအကာအကွယ်ယူ၍ တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တိုက်ခိုက်နေသယောင် သက်ဆိုင်ရာ မီဒီယာတိုက်၏ လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆိုင်သော ကိစ္စများတွင် တာဝန်ယူထားသော ငယ်ရွယ်နုနယ်သေးသည့် သတင်းထောက် အချို့အား မဟုတ်မမှန်သတင်းများနှင့် ငွေကြေးအချို့ပေးကာ မူးယစ်ဆေးဝါးကဲ့သို့သော ကိစ္စရပ်များအတွက် အသုံးချလာနေသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်လာရပြီဖြစ်သည်။

          စိုက်ပျိုးထားသော ဘိန်းခင်းများအား အစေးခြစ်ချိန်ရောက်လာပြီဖြစ်သည့် ယခု နိုဝင်ဘာလမှ စတင်ကာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်များအကြား တပ်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည်ကိုလည်း နိုင်ငံရေးစိတ်ဝင်စားသူအချို့ သတိထားမိမည်ဖြစ်ပေသည်။ အစိုးရမှ အပစ်အခတ်ရပ်စဲထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် ကောင်ဆိုင်း၊ ဟိုနမ့်၊ ထီပင်၊ ပွန်ချောင်းတစ်ဝိုက်တွင် နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုလက်အောက်ရှိ တပ်မတော်စစ်ကြောင်းမှ တပ်ခွဲတစ်ခွဲအား ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရကာ တပ်ခွဲမှူးအရာရှိနှင့် စစ်သည်အချို့ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် အပါအ၀င် ဘိန်းခင်းများအားဖျက်ဆီးရန်ရောက်ရှိလာသည့် တပ်မတော် စစ်ကြောင်းများနှင့် တိုက်ပွဲငယ်များဖြစ်ပေါ်ခဲ့သည်ကိုလည်းတွေ့ရမည်ဖြစ်သည်။

          အခုအချိန်က ဘိန်းပေါ်တဲ့ရာသီဆိုတော့ တိုက်ပွဲတွေအဖြစ်များတယ်၊ အစိုးရတပ်ကလည်း ဘိန်းဖျက်ဖို့ရောက်ရောက်လာတော့ ဘိန်းခင်းတွေမှာရှိတဲ့ ရှမ်းအဖွဲ့တွေနဲ့ ချကုန်ကြရော၊ ပုံမှန်ဆိုရင်တော့ ရှမ်းတပ်ဖွဲ့တွေသိပ်မရှိဘူး အင်အား လေးငါးဆယ်လောက်ပဲ၊ ဘိန်းခြစ်တဲ့အချိန်ဆိုရင်တော့ ဘိန်းခင်းတွေကို ကာကွယ်ဖို့ဆိုပြီး လွယ်တိုင်းလျန်ဘက်က အင်အားနှစ်ရာ၊ သုံးရာလောက်ဆင်းလာကြတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ တိုက်ပွဲတွေ မဖြစ်ပွားစေချင်ဘူး အေးအေးချမ်းချမ်း နေချင်လှပြီဟု လုံးတူးတန့် ကျေးရွာဒေသအခေါ် ကျောက်တုံးကြီးကျေးရွာမှ ရွာသားတစ်ဦးနှင့် လိုင်ခါးကျေးရွာမှ ရွာသားတစ်ဦးမှလည်း ပြောကြားခဲ့သည်။ ဒီနားတ၀ိုက်က PNO ပြည်သူ့စစ်တွေလည်းရှိတယ်၊ နားရိုင်း ပြည်သူ့စစ်အဖွဲ့လည်း ရှိတယ်ဆိုတော့ ရှမ်းတပ်တွေက လာရင်လည်း လူအများကြီးနဲ့ လာလေ့ရှိတယ်။ သူတို့ အချင်းချင်းလည်း ချကြတာပဲ၊ အများဆုံးကတော့ PNO အဖွဲ့တွေနဲ့ချကြတာဟုနောင်ဘိုကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်းပြောကြားခဲ့သည်။

          ဘိန်းစိုက်တာကတော့ လူတိုင်းသိနေတာပဲ ဒါပေမယ့် ဘာပြောလို့ရမှာလဲ၊ ဒေသခံတွေကို သူတို့က မျိုးတွေထုတ်ပေးပြီး စိုက်ခိုင်းတယ်၊ စိုက်ပြီးလို့ ဘိန်းခြစ်ပြီးသွားရင်သူတို့ဆီကိုပဲ ပြန်သွင်းရတယ်၊ မျိုးစေ့ပေးကတည်းက ဘိန်းခြစ်ပြီးရင် ဘယ်နှစ်လုံးထွက်မယ်ဆိုတာ (ဘိန်းလုံးတစ်လုံးလျှင် တစ်ပိဿာအလေးချိန်ရှိသည်) သူတို့ကကြိုတွက်ပြီးသား တစ်ခါတလေ တောင်ကြီးဘက်ကလူတွေပါ ဆက်ကြေးပေးပြီး လာစိုက်ကြတယ်ဟု နောင်လေကျေးရွာမှ ရွာခံတစ်ဦးကလည်း ပြောကြားခဲ့သည်။

          အမေရိကန်အပါအ၀င် နိုင်ငံအတော်များများမှလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချလျက်ရှိပြီး တာဝန်ရှိသည့် ထိပ်တန်းခေါင်းဆောင်များကိုလည်း ဆုငွေဒေါ်လာ သန်းချီထုတ်ကာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကိုတွေ့မြင်နိုင်ပေသည်။ ပြီးခဲ့သည့် ၅.၉.၂၀၁၃ ရက်နေ့ထုတ် The Daily သတင်းစာနှင့် The Independent သတင်းစာတို့တွင်လည်း မြန်မာနိုင်ငံတွင် အမြောက်အမြား ထုတ်လုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး စက်ရုံများအား ပိတ်သိမ်းပေးဖို့ ဖိအားပေးရန်အတွက် မြန်မာအစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းသွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မူးယစ်ဆေးဝါး စက်ရုံများအား နေရာအတိအကျဖြင့် ဖော်ပြခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပေသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် ဘိန်းထွက်ရှိသည့် နေရာတခုသက်သက်မဟုတ်တော့ပါ။ ထိုင်းနိုင်ငံတွင် လူသန်းနှင့်ချီ၍ သုံးစွဲနေကြသည့် မက်သဖက်တမင်း စိတ်ကြွဆေးအများစုကို ထုတ်လုပ်ပေးနေသည့် နေရာလည်းဖြစ်နေပါသည်။ အမေရိကန်ကွန်ဂရက် လွှတ်တော် သုတေသနအဖွဲ့၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ မူးယစ်ဆေးကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ၂ ဘီလီယံအကြားတွင် ရှိသည်ဟုသိရသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံနေရာကိုအာဖဂန်နစ္စတန်သို့ ပေးအပ်လိုက်ရသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်းဒုတိယနေရာမှာတော့ ခိုင်ခိုင်မာမာရပ်တည်လျှက် ရှိနေသေးပေသည်။





The Daily သတင်းစာနှင့် The Independent သတင်းစာတို့တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ မူးယစ်ဆေးဝါးစက်ရုံများတည်ရှိရာနေရာနှင့် အရေအတွက်

စဉ်
အဖွဲ့အစည်း
အရေအတွက်
တည်နေရာ
၁။
KIA
၁၀
ကွတ်ခိုင်
၂။
ဦးယောပြည်သူ့စစ်
ကွမ်းလုံ
၃။
ပန်းဆေးကျော်မြင့် (ခ) ရန်မော်လင်း
နမ့်ခမ်း
၎။
မိုင်းပန်ပြည်သူ့စစ်
တန့်ယန်း
၅။
မိုင်းလားပြည်သူ့စစ်
တန့်ယန်း
၆။
ရှမ်းမြောက် RCSS
တန့်ယန်း
၇။
SNPL
ဟိုမိန်း
၈။
UWSA
မိုင်းတုံ
၉။
ကိုးကန့်
မိုင်းတုံ
၁၀။
လားဟူပြည်သူ့စစ်
မိုင်းဆတ်
၁၁။
UWSA
မိုင်းဆတ်
၁၂။
UWSA
တာချီလိတ်
၁၃။
UWSA
မိုင်းပန်
၁၄။
SNPLO
မောက်မယ်
၁၅။
MNDAA
ကိုးကန့်

          အစိုးရမှ ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်အား ယခုလတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သော် အမှောင်ထုထဲ အတွေးကိုယ်စီနှင့် အိပ်စက်ခဲ့ကြရသည့် အောက်ခြေရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များအဖို့ နံနက်မိုးသောက် အလင်းရောက်မည့်အချိန်၊ အာရုဏ်ဦးကာလတစ်ခုသို့ ရောက်လာတော့မည်ဖြစ်ပေသည်။

          နိုဝင်ဘာလအတွင်း တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် တိကျသောအဖြေတစ်ခု၊ အနာဂါတ်သမိုင်းတွင် အရေးပါမည့် ဆုံးဖြတ်ချက်များ ပေးရပေတော့မည်။ အရေးပါပြီဆိုသည်နှင့် အရာရောက်အောင်လည်း အတိတ်သမိုင်းကိုမမေ့မလျော့ အနာဂါတ်နိုင်ငံ၏ အကျိုးစီးပွားကို တိုးပွားစေဖို့ မိမိတို့၏ အဆုံးအဖြတ်သည် လိမ်လိမ်မာမာပါးပါးနပ်နပ်ရှိကြဖို့ ဤဆောင်းပါးဖြင့်  တိုက်တွန်းလိုက်ရပါသည်။


- ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာလူကြီးများ၊ ရထားလမ်းမကြာခဏချော်ကျသည့်ကြားမှ လိုက်လံပို့ဆောင်ပေးသော မြန်မာ့မီးရထား တာဝန်ရှိဝန်ထမ်းများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးအားအထူးကျေးဇူးတင်ရှိပါကြောင်း။

ပရိုမီးသီးယပ်စ်
         
         







          

Related Posts Plugin for WordPress, Blogger...