Monday, September 30, 2013

တပ်မတော်၏ အပြည့်အ၀ထောက်ခံမှု မရလျှင် ပြောင်းလဲမှု နှေးကွေးသွားနိုင်သည်



မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ဆိုးသည့်ဘက်မှာပဲဖြစ်ပါစေ၊ ကောင်းသည့်ဘက်မှာပဲဖြစ်ပါစေ တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်သာဖြစ်သည်။ ဒါကိုတော့ မည်သူမျှမငြင်းနိုင်ပါ။


တစ်ခါတစ်ရံ တပ်မတော်၏ အခန်းကဏ္ဍကို ဆိုးသည့်ဘက်မှ ရှုမြင်မည်ဆိုပါက တပ်မတော်၏ ရပ်တည်ချက်သည် အငြင်းပွားစရာများ ရှိနေမည်ဖြစ်ပြီး ကောင်းသည့် ဘက်မှရှုမြင်လျှင်လည်း တပ်မတော်အပေါ် ရှုမြင်သုံးသပ်မှုများမှာေ၀၀ါးနေမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့ပြီး အနာဂတ်နိုင်ငံရေးတွင်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အရေးပါနေဦးမည်မှာလည်းသေချာနေသည်။

တချို့ကမူ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် မပါဝင်ရေး၊ တပ်မတော်နှင့် နိုင်ငံရေး မရောထွေးစေရေးကို စင်ပေါ်တင်ပြီး ဆွေးနွေးကြသည်။ သည်အတွေးအခေါ်မှာ သီအိုရီအားဖြင့် မှန်ကန်သော်ငြား လက်တွေ့အခြေအနေနှင့်မူ သဟဇာတ မဖြစ်သည့်၊ လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် ကင်းလွတ်သည့်အယူအဆ ဖြစ်နေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဤကဲ့သို့သော အတွေးသည် မြန်မာ့နိုင်ငံရေး မိုးကောင်းကင်ကို ပိုပြီး ရှုပ်ထွေးမဲမှောင်စေသည့်နည်းဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။ 

လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်အား လုံးဝဖယ်ထားရေး စဉ်းစားပုံစဉ်းစား
နည်းသည် ပြဿနာများအား ရှင်းလင်းပစ်ရာ မရောက်သည့်အပြင် မတည်မငြိမ်ဖြစ်မှုများကို ဖိတ်ခေါ်လိုက်သလိုပင်ဖြစ်စေနိုင်သည်ကို ရှင်းလင်းစွာ လက်ခံရပေမည်။ လက်ရှိအချိန်မှာ မိမိတို့သည် မဟာဗျူဟာမြောက် အတွေးနှင့် နည်းဗျူဟာလုပ်ငန်းစဉ်များကို ရှင်းလင်းစွာ သိမြင်ကိုင်တွယ်တတ်ဖို့ လိုအပ်သည်။ 

မိမိတို့သည် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ယခင်သမိုင်းတွင်ခဲ့ပြီးသည့် သမိုင်းခြေရာများအပေါ်တွင်သာ လုံးဝအခြေစိုက် စဉ်းစားခြင်းသည် သေနင်္ဂဗျူဟာအရပင်လျှင် မှားယွင်းသည်။ မိမိတို့ စဉ်းစားရမည့်အချက်မှာ လက်ရှိတပ်မတော်၏ အခန်းကဏ္ဍ၊ လက်ရှိတပ်မတော်၏ ရပ်တည်ချက်၊ လက်ရှိတပ်မတော်၏ အလင်းအမှောင်များကို ခွဲခြမ်းစိတ်ဖြာရပေမည်။ ပစ္စုပ္ပန်သည် အတိတ်ထက် ပို၍ အရေးပါပြီး လက်တွေ့လည်းကျသည်ဟု မြင်သည်။ ထို့ကြောင့် မိမိတို့သည် တပ်မတော်အပေါ် ရှုမြင် သုံးသပ်မှုအသစ်ဖြင့်သာ မလွဲမသွေ ချဉ်းကပ်ကြရမည်သာ ဖြစ်သည်။ တပ်မတော်သည် ပြည်သူတို့ဘက်သို့ လုံးဝခြေစုံရပ်နိုင်စွမ်း ရှိစေရေး
ဆိုသည်မှာ မိမိတို့၏ တပ်မတော်အပေါ်ထားရှိသော အတွေးအခေါ်အယူအဆ ရှုထောင့်ကို အောင်မြင်အောင်ပြောင်းနိုင် မပြောင်းနိုင်အပေါ်တွင်မူတည်သည်။ 

ယခုအခါ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လုံးဝအသစ်တစ်ဖန် ပြန်လည်ရေးဆွဲရေး အယူအဆသည် လက်ရှိအခြေအနေ၌ မဖြစ်နိုင်ပါ။ ဖွဲ့စည်းပုံ ဥပဒေ ပြုပြင်ပြင်ဆင်ရေးသည်သာ လက်တွေ့လည်းကျပြီး အောင်မြင်ရန်လည်း ရှိသည့်အမြင် ဖြစ်ပါသည်။ မိမိတို့အမြင်၌ တပ်မတော်သည် ဖွဲ့စည်းပုံ လုံးဝ အသစ်ပြန်ဆွဲရေးကိုထောက်ခံလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် မိမိတို့သည် တပ်မတော်အနေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်း ပါဝင်ထောက်ခံလာစေရေးကိုသာ ဆောင်ရွက်သင့်သည်ဟု မြင်သည်။ 

ထို့ကြောင့် မိမိတို့နိုင်ငံ လတ်တလော ရင်ဆိုင်နေရသော နိုင်ငံရေးစိန်ခေါ်မှု၊ နိုင်ငံရေး ကြိုးတန်းကို လွတ်အောင် ခုန်ကျော်နိုင်ဖို့ဆိုသည်မှာ တပ်မတော်က ပါဝင်သင့်ပါဝင်ထိုက်သည့် ပါဝင်နိုင်သည့် အခြေအနေများကို ဖန်တီးနိုင်မှသာ ထို နိုင်ငံရေးစိန်ခေါ်မှု ကြိုးတန်းကို လွတ်အောင် ခုန်နိုင်ကြမည် ဖြစ်သည်။ သို့မဟုတ်ပါက မိမိတို့နိုင်ငံ၏နိုင်ငံရေး ဖြစ်စဉ်သည် ပိုမိုနှေးကွေး၊ ပိုမိုမည်းမှောင် သွားနိုင်စရာအကြောင်းရှိပါသည်။ မိမိတို့၏ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ဆိုသည်မှာလည်း ယခုထက်ပိုမို အချိန်ယူရမည့်ကိန်းသို့ ဆိုက်နိုင်သည်ဟုလည်း ယူဆရပါသည်။

- Mizzima

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့


တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်

တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှုတွင် ချောင်းဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ်အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက်မှ တောင်ကျရေများလည်း စီးဆင်းလာခဲ့ကြောင်း သိရသည်။
င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။



-  Eleven Media Group

Thursday, September 26, 2013

NLD ထက်သာတဲ့ ပါတီရှိသလား



NLD ထက်သာတဲ့ ပါတီရှိသလား
------------------------------
စဉ်းစားပေါ့ဗျာ.....

ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ပြောတယ်....... NLD ထက်လုပ်ပြနိုင်တဲ့ ပါတီဆိုရင်တော့ လက်ရှိ လုပ်နေတဲ့အလုပ်တွေနဲ့ပဲ ချိန်ထိုး စဉ်းစားရမယ်..... ဘာကြောင့်လည်း ဆိုတော့ ပါတီတစ်ခုရဲ့ အရည်အချင်းဟာ ပြည်သူလူထုအတွက် ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပဲ.......... အဲ့ဒိတော့ လက်ရှိ လွှတ်တော်ထဲမှာ အောင်မြင်တာ မအောင်မြင်တာကို ဖယ်ထား ကြိုးစားနေတဲ့ လွှတ်တော်အမတ်တွေနဲ့ ချိန်ထိုးရလိမ့်မယ်.....

ဘာလို့လည်းဆိုတော့ ၂၀၁၅ အလွန် လွှတ်တော်ဟာ လက်ရှိ လွှတ်တော်ဥက္ကဌတွေ ဖြစ်ချင်မှ ဖြစ်တော့မယ်........ ပွင့်လင်းတဲ့ ရွေးကောက်ပွဲ၊ မဲမခိုးတဲ့ ရွေးကောက်ပွဲဆိုရင် မဲပေးနိုင်တဲ့ မျှခြေဟာ ပြန့်ကျသွားမှာပဲ...... တိုင်းရင်းသား ဒေသတွေမှာ သူတို့ ပါတီကို သူတို့ပေးကြမယ်...... ဒီလိုပဲ ကျန်တဲ့ မဲဆန္ဒနယ်တွေမှာ လူအများစု သူတို့ကြိုက်တဲ့ ပါတီကို မဲပေးကြမယ်........

လက်ရှိ လွှတ်တော်မှာ တင်သမျှအဆိုကို ထိုင်ကန့်ကွက်နေတဲ့ တပင်တိုင် မင်းသားတွေလည်း ပြောင်းသွားမှာ ဖြစ်သလို၊ အစိုးရ ဝန်ကြီးတွေလည်း ပြောင်းလဲသွားမှာပဲ...... အဲ့ဒိအခါကြရင် တကယ်အလုပ်လုပ်သူတွေရဲ့ အဆိုဟာ အခုလို ဖြစ်ချင်မှ ဖြစ်လာမယ်...... ဒီအတွက်ကြောင့် လက်ရှိ ဘယ်လောက် အလုပ်လုပ်နေသလဲနဲ့ တိုင်းတာရင်တော့ ဦးသိန်းညွန့်ရှိမယ်၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေရှိမယ်...... ဒါမိုင်ကုန်ပဲ...... ကျန်တဲ့ NLD အမတ် အများစုကတော့ မျက်နှာကြည့်ပီး နေရတဲ့ဘဝနဲ့ ပြည်သူ့ဆန္ဒကို အနှောင့်အယှက်ဖြစ်စေတဲ့ လွှတ်တော်ရဲ့ ခြေထိုးတဲ့ မိုဘိုင်းဖုန်း အော်ပရေတာ ကိစ္စမှာပဲ ကန့်ကွက်မဲ မရှိတာကို ကြည့်ရင် NLD အမတ်တွေရဲ့ ရပ်တည်မှု ကို သိနိုင်တယ်......

အမှန်အတိုင်း ဝေဖန်ရရင် ဦးသိန်းညွန့်ဟာ ဒေါ်စုလောက် အရှိန်အဝါမရှိပေမယ့် ကြိုးစားနေတယ် ..... သူတင်တဲ့ အဆိုတွေ အကုန်မအောင်မြင်ပေမယ့် တစ်ချို့ဟာတွေ လွှတ်တော်မှာ မှတ်တမ်း တင်နိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တယ်...... ဦးသိန်းညွန့်လို လူတွေ လွှတ်တော်မှာ ရှိခြင်းအားဖြင့် အိပ်ငိုက်နေတဲ့ လွှတ်တော်အမတ်တွေနေရာမှာ လွှတ်တော်အမတ်ဆိုတာ ဘယ်လိုလုပ်ရတယ်ကွ ဆိုတာကို ပြနေတဲ့ သင်္ကေတ တစ်ခုလို့ မြင်လာတယ်...... သူ့အဆိုတွေ မအောင်မြင်တာကတော့ နောက်ကွယ်က ထောက်ခံမယ့် လူတွေနဲ့ ဆိုင်မယ်.......

အဓိက အများစု မေးခွန်းထုတ်လာကြတာက ဦးသိန်းညွန့်လို သာမန်လူတောင် ဒီလိုလုပ်နေချိန်မှာ လွှတ်တော် အမတ် ၄၄ ယောက်တောင် လွှတ်တော်ထဲကို ဝင်သွားတဲ့ ပါတီကြီးကလူတွေ ဘာလို့ ငြိမ်နေလဲ ဆိုတာပဲဗျ..... 

ခက်တာက NLD က အမတ်တွေ လွှတ်တော်ထဲ ဝင်သွားပေမယ့် ပြောပလောက်အောင် ခိုင်မာတဲ့ အရွေ့တစ်ခု မဖန်တိးနိုင်ဘူး....... သာမာန် လွှတ်တော်အမတ်တွေမို့လို့ မဖန်တီးနိုင်ရင် နိုင်ငံတကာက သိတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ဖန်တီးမှု အရွေ့ ဆိုရအောင်ကလည်း မယ်မယ်ရရ မရှိ..... အဲ့ဒါကို ထောက်ပြတိုင်းမှာ ဆက်ဆက်ခါ နာကြတယ်........

ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေဟာ ခက်ခဲနေတဲ့အချိန်မှာ ရနိုင်သလောက် Space ကို ချဲ့ယူပြီး ကြိုးစားနေတဲ့လူတွေလို့ပဲ မြင်တယ်...... ကျန်တာ အကုန်ကောင်းလာမှ၊ ငါတို့တင်သမျှ အဆိုကို ထောက်ခံသူတွေ များလာမှ၊ အဆင်ပြေမှ အဆိုတင်မယ် လုပ်မယ်ဆိုတဲ့ လွှတ်တော် အမတ်တွေ ကိုတော့ အချောင်သမား စိတ်ဓါတ်နဲ့နေကြတဲ့ လွှတ်တော်အမတ်တွေလို့ပဲ ဆိုရမယ်...... လက်ရှိ အွန်လိုင်း လော်ဘီတွေအရလည်း အဲ့ဒိလို လွှတ်တော်အမတ်တွေဟာ ဘယ်ပါတီကလည်း ဆိုတာ အများဆုံး သိနိုင်တယ်..... ဝေးဝေးပြေးကြည့်ဖို့ မလိုဘူး NLD ပဲ.......

ဘာကြောင့် ဒါကို ထောက်ပြနေသလဲ မေးရင် လွှတ်တော်တစ်ရက် ကျင်းပတဲ့ ကုန်ကျစားရိတ်ဟာ သိန်း ၃၀ အထက်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ဘူးတယ်..... ဒီအတွက် လွှတ်တော် ကျင်းပတဲ့ ရက်တွေ အသက်ဝင်ဝင်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိတာတွေ လုပ်စေဖို့ လွှတ်တော် အမတ်တွေကို တိုက်တွန်းရမှာပဲ...... နောက်မို့ဆိုရင် ဒီ ပိုက်ဆံ သိန်း ၃၀ ဟာ မြန်မာနိုင်ငံက မရှိဆင်းရဲ မပြည့်စုံတဲ့ ကျောင်းတွေကို ဖြည့်ဆည်းဆောက်ပေးနေရင်တောင် အခုလောက်ဆို တော်တော်လေးကို ခရီးရောက်နေပီ ဆိုတာပဲ...... ဒါကို ထောက်ပြသူ နည်းကြတယ် ဘာကြောင့် လည်း ဆိုတော့ ဒေါင်းမိခင်နဲ့ ဖွတ်ဖခင်တို့ ပြေလည်နေသလို၊ စာနယ်ဇင်း အများစုကလည်း ဖွတ်ဥက္ကဌကို လက်ရှောင်နေကြတယ်......

အခုလက်ရှိ ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ဆိုတယ်...... ဒါပေမယ့် NLD ပါတီရဲ့ အရည်အချင်း ဆိုတာနဲ့ တိုင်းတာရင်က လူကြိုက်များတာကို ဖယ်ထား၊ ဒေါ်စုရှိတာကို ဖယ်ထားရင် NLD ဆိုတာ ဘာဖြစ်မလဲ အထူးတလည်ကို ပြောစရာမရှိတာ...... အမြောက်တပ်သားတွေနဲ့ တကယ်လုပ်သူတွေနဲ့ တစ်ချိန်းချိန်း ရန်စောင်နေတဲ့ ပါတီရဲ့ ပကတိ ဖြစ်ရပ်မှန်ဟာ ဒီလှိုင်း သိန်း ၁၈၀၀ ကွာတာမှာ ထွက်လာတယ်...... ဒီတော့ ပွင့်ပွင့်လင်းလင်း ဆိုရရင် NLD ဆိုတာ ဒေါ်စုအရှိန်ကြောင့်ဆိုတာ ငြင်းမရဘူး..... ဒီအတွက် ပပဝတီကြောင့် ခုနှစ်ဆောင် တိုက်ခန်း မီးလင်းတာကို မီးလာနေလို့ မီးလင်းတယ် ထင်နေတဲ့နောက်တော့ ဘယ်တော့မှ အဖြေမှန်ရမှာ မဟုတ်ဘူး......

အခုလက်ရှိက အဲ့ဒါကို မြင်အောင် ထောက်ပြနေတာ...... NLD လောက်အရည်အချင်းရှိတဲ့ ပါတီ ဆိုရင် NLD ဘယ်လောက် အရည်အချင်းရှိလဲ မေးလိုက်တာနဲ့ မဖြေနိုင်ကြဘူး..... လူထုထောက်ခံတာကို အရည်အချင်းလို့ မြင်ကြရင် ဒေါ်စုမရှိတဲ့နောက် NLD ဆိုတာကိုပါေ မးထားတယ်.....မဖြေနိုင်ကြဘူး..... ကိုယ်တိုင်က မဖြေနိုင်ပေမယ့် တစ်ခါတည်းတော့ သမုတ်လိုက် တယ် မုဒိတာ မရှိတဲ့ စာတဲ့...... အဲ့ဒိမှာတင် ကိုယ့်ဟာကိုယ် တရားနည်းလမ်းကျသလား မကျသလား ဆိုတာကို စဉ်စားမကြည့်နိုင်တော့ဘူး.... ဒီလောက် ပုဂ္ဂိုလ်ရေး အာဃာတ လုံးဝမပါတဲ့ သုံးသပ်ပြ ထားတဲ့အပေါ် အမှန်ကို လက်မခံနိုင်ကြတော့ ထုံးစံအတိုင်း ဒီမိုနာမည်ခံတွေရဲ့ တံဆိပ်ကပ် ဖင်ပိတ်ငြင်းတာနဲ့၊ ယောက်ျားကြီးတန်မဲ့ ကွယ်ရာ အတင်းတုတ်ကြတာနဲ့ပဲ အဆုံးသတ်ကြ တယ် .......

နောက်တစ်ခု NLD ရဲ့ အခုအချိန်ထိ အားနည်းချက်ဟာ လူထုရဲ့ ယုံကြည်မှုကို ကိုးစားလွန်ပီး တကယ့်အရေးကြီးတဲ့ ကိစ္စတွေမှာ Plan B ဆိုတာ မရှိခဲ့ဘူး..... ၉၀ ရွေးကောက်ပွဲမှာ အာဏာ လွှဲမပေးရင် ဘာလုပ်မလဲ Plan B မစဉ်းစားခဲ့ဘူး..... ရွေးကောက်ပွဲအပြီး တစ်လကျော် ကြာတဲ့အထိ ငုတ်တုတ်နေခဲ့ပြီး ဟိုဘက်က ချည်ပြီတုတ်ပီးမှ ကမန်းမတန်းထလို့ ဂန္ဓီကြေငြာစာတန်း ထုတ်ခဲ့တယ်...... ဒီလိုပဲ အစဉ်အဆက် ဒေါ်စုမရှိရင် ဘာဆက်လုပ်မလဲ မစဉ်းစားခဲ့ဘူး.... ပါတီခေါင်းဆောင်တွေ စစ်အစိုးရက ထောင်ထဲထည့်ပီး ပါတီကို နိုင်ငံမှာ အတိုက်အခံရှိတယ် ဆိုတဲ့သဘောလောက် ထားခဲ့တာလည်း အမှတ်သညာ မရှိခဲ့ဘူး......

ဘာကြေငြာစာတန်း၊ ညာကြေငြာစာတန်း၊ အပြင်ကို မထုတ်ပြန်ခင်မယ် ထောက်လှမ်းရေးကနေ ဒီစာတန်းပါ ဒီအချက်တွေကို ကျုပ်တို့ မကြိုက်ဘူး ပြင်ပါဆိုပီး လှမ်းပြောလို့ ပြင်ခဲ့ရတဲ့အထိ အတော်လေးကို အားနည်းခဲ့တာကိုလည်း ငြင်းမရဘူး...... အဲ့ဒိလိုပဲ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မပေးရင် ဘာလုပ်မယ်ဆိုတဲ့ Plan B လည်းလုံးလုံးကို မရှိကြဘူး....... ဒီလောက် ဒေါ်စု သွားလာနေတယ် သူမ ပင်ပန်းလို့ မတော် ကျန်းမာရေးကြောင့် ပါတီကို ဦးမဆောင်နိုင်ရင် ဘယ်လိုလမ်းစဉ်တွေနဲ့ ရှေ့ဆက်မလဲ လုံးဝကို မရှိသေးဘူး...... ဒေါ်စုကိုယ်တိုင် ပြောထားတဲ့ စကားကလည်း သူမနောက်ပိုင်း NLD အတွက် စဉ်းစားကို မထားသေးဘူး ဆိုတဲ့စကား...... ဒီအားနည်းချက်တွေကို မမြင်ပဲ NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါ ဆိုတဲ့စကားဟာ အတော်လေး မိုက်မဲတယ်ပဲ ဆိုရမယ်..... လက်ရှိ အရှိကို မမြင်တာလို့ပဲ မြင်မိတယ်......

အဓိက တိုင်းပြည်ကို အားလုံး ကောင်းစေချင်တယ်..... အဲ့ဒိအတွက် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မြင်ဖို့လိုတယ်..... အဓိက အတိုက်အခံအနေနဲ့ လူသိနေတဲ့ ကမ္ဘာသိတဲ့ NLD အနေနဲ့ အခြားသော နိုင်ငံရေး ပါတီတွေထက်ကို ကြိုးစားပြဖို့လိုတယ်..... ကိုယ်ကိုယ်တိုင်က ကြိုးစားမပြပဲ မဏ္ဍပ်တိုင်ပေါ်ပဲ တက်ပြနေရင်တော့ ၂၀၁၅ မှာ ထင်သေလာက် ရလာဘ်မကောင်းရင် ဆက်ပြီး နာမှာ ပြည်သူလူထုပဲ...... အဲ့ဒိအခါကြမှ အခုလို ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုးဟာ အတော်လေးကို ရွံ့စရာကောင်းတဲ့ တာဝန်ယူမှုပဲ ဆိုတာ သိကြပါစေလို့ပဲ ပြောချင်မိတယ်........

၂၀၁၅ တော့ ကျုပ်ဘယ်ပါတီမှကို မဲမပေးဘူး စိတ်ပျက်လို့......

ဒီစာနဲ့ ပါတ်သက်လို့ ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်သူ အားလုံးကို ကြိုဆိုတယ်၊ တစ်ယူသန် ငါသိတာ အမှန်ဆိုပီး ပြန်ထောက်ပြတဲ့ စကားတွေကို ဂရုမစိုက်သူမျိုးကို သိပ်ပီး လက်ခံ စကားမပြေဘူး..... ဆဲချင်လည်းဆဲ..... ဘာဆိုတာ အထူးတလည် ပြောဖို့ မရှိဘူး.......

မှတ်ချက် ။ ။ NLD နဲ့ ပါတ်သက်လို့ ဝေဖန်တိုင်းမှာ ဒီလိုစာ ထည့်ရေးနေရတဲ့နောက်တော့ ခင်ဗျားတို့ အဆင့်အတန်း ခင်ဗျားတို့ စဉ်းစားကြပေါ့........


Voice of James Mint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်


Wednesday, September 25, 2013

အစ်ကိုကြီး သက် ကိုမချစ်တော့ဘူး..



၂၀-၉-၂၀၁၃ နေ့၊ ည ၈ နာရီ ၄၅ မိနစ်တွင် ဘောလုံးပွဲကြည့်သည့်ကိစ္စဖြင့် ရန်ဖြစ်စကားများပြီး
"အစ်ကိုကြီး သက်ကိုမချစ်တော့ဘူး" ဟု စာရေးကာ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးသွားသော သေမှုသေခင်းတစ်ခု လှည်းကူးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြေကြည့်ပါ...



ပြည်နယ်အလိုက် ဖယ်ဒရယ် ဖယ်ဒရယ် လို့ ပြောနေတဲ့သူတွေ

ဒါလေးဖြေကြည့်စမ်းပါ

၁)ကိုယ်ကလိုချင်တာလား ?

၂) ကိုယ့်ပြည်နယ်ကလိုချင်တာလား ?

၃)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကလိုချင်တာလဲ ?

၎)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကကိုယ့်ကို ဖယ်ဒရယ်တောင်းဖို့Mandate ပေးထားသလဲ ?

၅)ပေးထားတဲ့ Mandateကရော ပြည်နယ်အတွင်းနေတဲ့သူ အားလုံးကိုကိုယ်စားပြုရဲ့လား ?

၆)ကိုယ့်ပြည်နယ်ထဲက လူဦးရေအမှန်က ?

၇) ကိုယ့်ပြည်နယ်ထဲမှာရော ဖယ်ဒရယ် လိုချင်တာ/ မလိုချင်တာ မရှိနိုင်ဖူးလား ?

၈) ပြည်နယ်သူပြည်နယ်သားတွေရဲ့ဆန္ဒခံယူပြီးပြီလား ?

- Min Tayza

“တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်...”

“တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်...”



RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ်ခု ပေါ်ထွက်လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပိုမိုထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice ။ ။ ပထမဆုံး မေးခွန်းအနေနဲ့ ဒီလပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆိုတဲ့ မူဝါဒ ကွဲနှစ်ခု ပေါ်လာတယ်။ အဲတော့ ဆရာတို့ ပါတီက ဘယ်လမ်းကြောင်းနဲ့ သွားချင်တယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါ။

UUHS ။ ။ ကျွန်တော်တို့ ရခိုင်ပါတီ အပါအဝင် ကျားဖြူရယ်၊ ဆရာ ဦးဇိုဇမ်တို့ ပါတီရယ်၊ ဖလုံစဝေါ်ရယ်၊ မွန်ပါတီပေါ့လေ။ အဲဒီပါတီတွေ ဖွဲ့ထားတဲ့ National Brotherhood Forum ဆိုတာရှိတယ်။ အဲဒါကို National Brotherhood Federation ဆိုပြီး ပြောင်းလိုက်တယ်။ အဲဒီအဖွဲ့အစည်းရဲ့မူက ဖွဲ့စည်းပုံ ပြင်ဆင်ရေးပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကျွန်တော်တို့ နေပြည်တော်မှာ Workshop တွေလုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြင်ဆင်ရေးပဲ။

Voice ။ ။ ခုဖြစ်နေတာက တချို့က ပြင်မယ်၊ တချို့က အသစ်ပြန်ရေးမယ် ဆိုပြီး ပြောကြတယ်။ အဲဒီနှစ်ခုမှာ ဘာက ဒီမိုကရေစီ ကူးပြောင်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှု ဖြစ်သွားနိုင်မလဲ။ အသစ်ပြန်ရေးမယ်ဆို တပ်ကအာဏာ ပြန်သိမ်းနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ် လို့လည်း ပြောနေကြပါတယ်။ အဲဒီအပေါ် ဘယ်လိုအမြင်ရှိပါလဲ။

UUHS ။ ။ အရင်ကတော့ အသစ်ပြင်ရေးမယ် ဆိုတဲ့ အယူအဆကို မကြားဘူး။ ခုတစ်လနှစ်လ အတွင်းမှာ အဲဒါကို စကြားလာရတယ်။ သူတို့မှာ ပြောခွင့်ရှိပါတယ်။ ပြင်ရေးခွင့်လည်း ရှိတယ်။ ပြင်ရေးမယ်ဆို လောလောဆယ် ၂၀၀၈ အောက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လာတယ်။ Free and Fair ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြံ့ခိုင်ရေးက ညစ်ခဲ့တယ် ဆိုပါစေ၊ မြန်မာပြည်မှာ လွှတ်တော်တစ်ခု ပေါ်လာတယ်။ လွှတ်တော် အဆင့်ဆင့် ပေါ်လာတယ်။ နောက်အစိုးရတစ်ခု ပေါ်လာတယ်။ အဲဒီ ပေါ်လာတာဟာ ၂၀၀၈ ကြောင့် ပေါ်လာတာပဲ။ အသစ်ပြန်ရေးမယ်ဆိုရင် အသစ်ပြန်ရေးမယ့် သူတွေက အခုမြန်မာပြည်မှာ ရှိနေတဲ့ လွှတ်တော်တွေ၊ အစိုးရတွေကို ဘယ်လို သဘောထားမလဲ။ အဲဒီပြဿနာ ရှိတယ်။ နောက်တစ်ခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာဟာ တပ်မတော်က သူ့ Interest အတွက် လုပ်တဲ့အပိုင်းတွေ အများကြီးပါတယ်။ တပ်မတော်ရဲ့ သြဇာတွေ အများကြီး ကြီးတယ်။ ခုစဉ်းစားနေတာက ဒီ Process မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့။ Military နဲ့ Civil Relations ကို တဖြည်းဖြည်း ညှိယူဖို့ဆိုတဲ့ အနေအထားတစ်ခု။ ဒါပေမဲ့ အသစ်ပြန်ရေးမယ် ဆိုတဲ့ သဘောထားဟာ အဲ့ဒီ Process ရဲ့ အပြင်ကို ရောက်သွားတယ်။ ဆိုလိုတာက တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ Neglect လုပ်တဲ့ သဘောမျိုး ရောက်သွားတယ်။ ဒါအဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရတယ်။ စိတ်ဆန္ဒစွဲနဲ့ ပြောလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် Intentionally တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ မြန်မာပြည်ထဲက ပစ်ပလိုက်ဖို့ဆိုတဲ့ အယူအဆမျိုးလည်း တပ်မတော်က တွေးကောင်း တွေးနိုင်တယ်။ အဲဒီလို တွေးတယ်ဆိုရင် Very Risky ပဲ။ ဒါ Challenge ပဲ။ 

ရှေ့ကို နည်းနည်း ပြန်ပြောရရင် အရင်တုန်းက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို လုံးဝအမြစ်ဖြုတ်ဖို့ ဆိုရင် နိုင်ငံရေးပါတီတွေက ဒီမိုကရေစီ တိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲကို ပေါင်းစပ်ပြီးတော့ လုံးဝစစ်အစိုးရကို အပြတ်ဖြုတ်ပြီး ဒီမိုကရေစီ လမ်းစဉ်ကို ချီတက်မယ်ဆိုတဲ့ အယူအဆမျိုးတွေ Radical (အစွန်းရောက်) အယူအဆတွေ ပေါ့လေ။ အဲဒါတွေဟာ ရှိခဲ့တယ်။ မအောင်မြင်ဘူး။ လုံးဝမအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီလို အယူအဆမျိုးဟာ တချို့ Elements (လူစု) တွေထဲမှာ ရှိကောင်းလည်း ရှိနိုင်တယ်။ ဒီတော့ စစ်တပ်ရဲ့ သြဇာတစ်စုံတစ်ရာ ရှိနေတဲ့ စစ်တပ်ရဲ့အကျိုးစီးပွားကို ဖန်တီးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်လိုက်မယ်ဆိုရင် Regime Change (စနစ်/အစိုးရပြောင်း) ဆိုတဲ့ အဓိပ္ပာယ် ထွက်သွားနိုင်တယ်။ အဲဒါမျိုး အဓိပ္ပာယ် စစ်တပ်က အကောက်လွဲမယ်ဆိုရင် ကျွန်တော်တို့ အခုရှိနေတဲ့ တစ်စုံတစ်ရာ မကြိုက်ပေမယ့် နည်းနည်းလေး Liberalized (ဖြေလျှော့ပေး) ဖြစ်နေတဲ့ process (ဖြစ်စဉ်) ဟာ အန္တရာယ် ရှိတယ်။ မြန်မာပြည်ရဲ့ အခုသွားနေတဲ့ လမ်းကြောင်းဟာ တချို့ကတော့ Democratic Transition လို့ပြောတယ်။ ကျွန်တော်တို့တော့ မယူဆသေးဘူး။ ဒါ Liberalization အဆင့်ပဲ ရှိသေးတယ်။ ဒီမိုကရေစီဆိုတာ အဝေးကြီးပါ။ Liberalization မှာ ဂျာနယ်တွေ တစ်စုံတစ်ရာ လွတ်လပ်လာတယ်။ မီဒီယာ လွတ်လပ်ခွင့် ရှိလာတယ်လို့ ပြောလို့ရတယ်။ လယ်ယာမြေ ပြဿနာတွေ တိုင်းရင်းသားပါတီတွေနဲ့ သူတို့ရဲ့ Rights တွေကို တောင်းခွင့် ရှိလာတယ်။ ဒါအစပဲ ဘာမှတော့ မရသေးဘူး။ အဲဒီ အစကလေးကာလမှာ ဒီဖွဲ့စည်းပုံရဲ့ အပြင်ဘက်ကို ရောက်နေတဲ့ အယူအဆတွေ နဲ့ တင်လာတယ် ဆိုတာဟာ ကျွန်တော်တို့ အနေနဲ့တော့ လက်တွေ့မကျဘူးလို့ ထင်တယ်။

Voice ။ ။ အဲဒါဆို ဘာအန္တရာယ်တွေ ရှိလာနိုင်လဲ။

UUHS ။ ။ တပ်က အကောက်လွဲ သွားနိုင်တာပေါ့။ သူတို့ရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်တယ်လို့ ထင်သွားနိုင်တယ်။ ခုသွားနေတဲ့ ဖြစ်စဉ် တစ်ခုလုံးဟာ စစ်တပ်က နည်းနည်းလေး Liberalized လုပ်လာတယ်ပေါ့။ နည်းနည်းလေး ဆုတ်လာတယ်။ အများကြီး ဆုတ်တာ မဟုတ်ဘူး။ နည်းနည်း နည်းနည်း ဖြည်းဖြည်းချင်း ဆုတ်နေတာ။ ကိုယ့်ရဲ့အကျိုးစီးပွားကို Maintain (ထိန်းသိမ်း) လုပ်ရင်း နည်းနည်း နည်းနည်း ဆုတ်နေတာ။ သူတို့မှာ ကိုယ့်ရဲ့အကျိုး စီးပွားကို ထိန်းတာလည်းပါမယ်။ နောက် စိုးရိမ်စိတ်တွေလည်း ရှိမယ်။ စိုးရိမ်စိတ်တွေ အမျိုးမျိုး ရှိမှာပေါ့လေ။ အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ သွားနေတဲ့ ကိစ္စပါ။ ဒီ Process မှာ စစ်တပ်က နောက်ကို နည်းနည်းဆုတ်တယ်။

 ကျွန်တော်တို့ ဒီမိုကရေစီ ပါတီတွေက ရှေ့ကို နည်းနည်း တိုးခွင့်ရလာတယ်။ အဲဒီ Process သွားနေတယ်။ စစ်တပ်က နောက်ကို နည်းနည်းဆုတ်ရင် စစ်တပ်ရဲ့ ဂုဏ်သိက္ခာက ပိုပိုတက်လာတယ်။ ကျွန်တော်တို့ ဒီမိုကရေစီပါတီတွေ အနေနဲ့လည်း ပိုပြီးတော့ Spacing (နေရာ) တွေ လုပ်ပိုင်ခွင့်တွေ ရလာတယ်။ လူထုတွေ အနေနဲ့လည်း ပိုပြီးတော့ လွတ်လပ်လာတယ်။ အရင်ထက်စာရင် တစ်စုံတစ်ရာ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ နည်းနည်းလေး ပိုပြီးတော့ Free ဖြစ်လာတယ်။ အလုံးစုံ Free ဖြစ်တာပြောတာ မဟုတ်ဘူး။ ခေါင်းလေး နည်းနည်းမော့ကြည့် လာနိုင်တယ်။ စကားလေး နည်းနည်း ပြောရဲလာတယ်။ အဲဒါ စစ်တပ်က နည်းနည်း နည်းနည်း ဆုတ်ပေးလို့။ ဆုတ်ရင် စစ်တပ်က ဂုဏ်သိက္ခာ တက်လာတယ်။ လူထုတွေလည်း နိုးကြားလာတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ အဲဒီ Process က ခုမှစရုံပဲ ရှိသေးတယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်။

Voice ။ ။ ဒီအခြေခံဥပဒေမှာ တချို့အပိုင်းတွေက ဖက်ဒရယ် သဘောပါတယ်လို့ ပြောကြတာလဲ ရှိတယ်။ တိုင်းရင်းသားအဖွဲ့ အချို့ကတော့ ဖက်ဒရယ်ဖြစ်ဖို့ အခြေခံဥပဒေ တစ်ခုလုံး အစအဆုံး ပြန်ရေးမှရမယ်လို့ ပြောကြတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဖက်ဒရယ်အတွက် ပေးထားတယ်လို့ မြင်ပါသလား။

UUHS ။ ။ ဖက်ဒရယ်လစ်ဇင် အကြောင်းပြောမယ်ဆို နည်းနည်းတော့ ကျယ်ပြန့်တယ်။ ဖက်ဒရယ်လစ်ဇင် ဆိုတာ ဘာလဲဆိုတဲ့ Criteria တွေရှိတယ်။ အဲဒါကို နိုင်ငံရေးသမားတွေ မြင်တဲ့အမြင်နဲ့ Scholar (ပညာရှင်) တွေ မြင်တဲ့အမြင်နဲ့ နည်းနည်း ကွဲလိမ့်မယ်။ ဒါပေမဲ့ Form (ပုံစံ) တစ်ခုအနေနဲ့ ခု ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ် နည်းနည်းလေး ဆန်တာတော့ ရှိတယ်။ ဒါပေမဲ့ အဓိပ္ပာယ် အနှစ်သာရတွေမှာ တိုင်းရင်းသား ပြည်သူတွေ၊ အထူးသဖြင့် လူမျိုးစုဒေသတွေမှာ တစ်လျှောက်လုံး တိုင်းရင်းသား အခွင့်အရေးတွေ ဘာမှမခံစားခဲ့ရဘူးလို့ မှတ်ယူနေတဲ့ ကျွန်တော်တို့ ရခိုင်တွေ၊ ရှမ်းတွေ အတွက်တော့ ဒီဖွဲ့စည်းပုံဟာ ဘာမှအာမခံချက် မပေးနိုင်ဘူး။ မပေးနိုင်ပေမယ့် ဒီထဲမှာ တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်းနဲ့ ကျွန်တော်တို့ National Democracy Task တွေရလာမယ်။ ရလာနိုင်အောင်လည်း ဒီမော်ဒယ်လ်ကို တဖြည်းဖြည်း ပြောင်းသွားလို့ ရနိုင်တယ်လို့ ယူဆတဲ့ အပိုင်းတွေ ရှိတယ်။ ဖက်ဒရယ်ဆိုတာ Rigid မဟုတ်ဘူး။ ကျွန်တော်တို့ဟာ Unitary ဒီ ဗဟိုချုပ်ကိုင်မှု ပြင်းထန်တဲ့ Unitary ကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ 

တစ်ချိန်တည်းမှာ အင်မတန် လွတ်လပ်ပြီး ခွဲထွက်နိုင်ခွင့်ကို ဦးတည်တဲ့ Confederation ဆိုတာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက် ကြားထဲမှာ ဖက်ဒရယ်ဆိုတာ မော်ဒယ်လ်တစ်ခုပဲ။ အဲဒီ မော်ဒယ်လ်ဟာ ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေ တပ်မတော်က ခေါင်းဆောင်တွေ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေ ပြည်သူတွေက ဘယ်လိုမျိုးက ကောင်းတဲ့ မော်ဒယ်လ် တစ်ခုလည်းဆိုတာ ကျွန်တော်တို့ အချိန်ယူပြီး သဘောထား ညှိနှိုင်းသွားရမယ်၊ ဆွေးနွေး သွားရမယ်၊ တည်ဆောက် သွားရမယ်။ ဖက်ဒရယ်ကို ဒါမျိုးဖြစ်ရမယ်၊ ဒါက ဖက်ဒရယ် မစစ်ဘူး။ ဒါက ဖက်ဒရယ် စစ်တယ်လို့ ပြောလို့မရဘူး။ ဖက်ဒရယ်ဆို တာ မော်ဒယ်လ်ပဲ။ လက်ရှိ ၂၀၀၈ က ဖက်ဒရယ် ဟုတ်သလိုလိုနဲ့ အနှစ်သာရ မခံစားရဘူး။ ပြည်နယ် အစိုးရတွေ ဖွဲ့ပေးထားတယ်။ လုပ်ပိုင်ခွင့်ကို ဗဟိုက ကိုင်ထားတယ်။ ပုဒ်မ ၂၆၁ (ခ) ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်တဲ့ကိစ္စ ကျွန်တော်တို့ မကြိုက်ဘူး။

 ဒါဟာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူး။ နောက် ရွေးကောက်ပွဲကလည်း မသမာဘူး။ ဝန်ကြီးချုပ် ခန့်တာလည်း ဒီမိုကရေစီ မဆန်ဘူးဆိုတော့ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က လုံးဝလက်ခံနိုင်တဲ့ အနေအထား မဟုတ်ဘူး။ ဒါတကယ့် ဖက်ဒရယ်လစ်ဇင်ရဲ့ အနှစ်သာရထဲမှာ ပါလာတဲ့ Power Sharing (အာဏာခွဲဝေခြင်း) မှာ အများကြီး အနှောင့်အယှက်ပေးတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူး။ တိုင်းရင်းသားတွေကို တန်ဖိုးမထားဘူး။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဇယား (၂) ဆိုတာ ရှိတယ်။ အရေးကြီးတဲ့ ကိစ္စတွေ ဘာမှလုပ်ပိုင်ခွင့် ရေရေရာရာ မရှိဘူး။ ဖက်ဒရယ်လစ်ဇင် အကြောင်းကို ပြောရမယ်ဆိုရင် Power Sharing အကြောင်းကို ပြောရမယ်။ နောက် Resource Sharing (အရင်းမြစ် ခွဲဝေခြင်း)။ ဇယား (၂) မှာ Resource Sharing က ဘာမှမရှိဘူး။ နားလည်အောင် ပြောရမယ်ဆို ရခိုင်ပြည်မှာ သယံဇာတတွေ ထွက်တယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေ ထွက်တယ်။ ရှမ်းပြည်မှာ သတ္တုမိုင်းတွေ ရှိတယ်။ အဲဒါကို ပြည်နယ် အစိုးရက Management Power ဘယ်လောက်ရှိလဲ။ ဒေသဆိုင်ရာ ပြည်သူတွေ ဘယ်လောက် ခံစားခွင့်ရှိသလဲ။

 ဒါ ဖက်ဒရယ် မဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ကိစ္စပဲ။ လိုင်ပိုင်ခွင့်တစ်ခု ပေးထားပေမယ့် ဗလာလို ဖြစ်နေတယ်။ အဲဒါတွေကို ကျွန်တော်တို့က ပြောင်းလို့ရတယ်။ လောလောဆယ် ရှိနေတဲ့ လွှတ်တော်က ခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေက သဘောထားကြီးကြီးနဲ့ ဒါကို လွှတ်ပေးလိုက်မယ်ဆို ပြည်ထောင်စု အတွက်လည်း ကောင်းတယ်။ တိုင်းရင်းသားတွေ အတွက်လည်း ကောင်းတယ်။ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုဘက်ကိုလည်း ဦးတည်တယ်။ ဒါတွေက လုပ်လို့ရတဲ့ Process တွေ။ နောက် တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ကိစ္စတွေ၊ ဒါတွေက ဖက်ဒရယ်လစ်ဇင် အောက်မှာ လုပ်ပိုင်ခွင့်တွေ။ အဲဒါတွေဟာ ပေးလို့ရတယ်ဆိုတော့ ဒါတွေကို ကျွန်တော်တို့က ဒီ Process အောက်မှာပဲ၊ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးစရာ မလိုဘဲနဲ့ ဒါတွေကို ဟိုဘက်က သဘောထားကြီးကြီးနဲ့ လျှော့ပေးမယ် ဆိုရင်၊ သူတို့က လျှော့မယ် သူတို့ ဂုဏ်သိက္ခာ တက်သွားမယ်။ ကျွန်တော်တို့က ရှေ့နည်းနည်း တိုးမယ်။ Trust Building တွေ ပိုပေါ်လာမယ်။ ဒီအနေအထားကို ပိုပြီးကောင်းသွားလိမ့်မယ်။ လက်ရှိအနေ အထားမှာ နားလည်မှု လွဲသွားပြီးတော့ တစ်ယောက်ကိုတစ်ယောက် ခြိမ်းခြောက်တယ်။ စစ်တပ်ကလည်း သံသယရှိတယ်။ ဒီဘက်ကလည်း စိန်ခေါ်သလို ဖြစ်နေတယ်၊ အဲ့ဒီမှာ ပြည်တွင်းပြည်ပ မီဒီယာတွေကလည်း မြှောက်ပေးလိမ့်မယ်။ ပိုမိုရှုပ်ထွေးမှုတွေ ပေါ်လာမှာမျိုးကို ကျွန်တော်က မလိုလားဘူး။

Voice ။ ။ ခုအခြေအနေက တပ် ခေါင်းဆောင်ဟောင်းတွေက ပုဒ်မ ၁၈၈၊ ဇယား (၂) ကို ပြင်တာတော့ လက်ခံတယ်လို့ ပြောတယ်။ အဲဒီအပေါ် ဘယ်လို သဘောရပါသလဲ။

UUHS ။ ။ ပြင်ဖို့ဆိုတာကို ယေဘုယျတော့ သဘောတူကြတယ်လို့ ကျွန်တော်တို့ ကြားတယ်။ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲခွင့်၊ သယံဇာတ ခွဲဝေခွင့်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝမ်းသာရမယ့် စကားတွေကို ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့လည်း ပြောပါတယ်။ သူတို့ပြောတာ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ အဲဒါတွေဟာ Constitution ထဲမှာ အခိုင်အမာ Amendment အနေနဲ့ ပြောင်းသွားဖို့ လိုတယ်။ ခေါင်းဆောင် တစ်ယောက်က ပါးစပ်နဲ့ နှုတ်ကတိ ပြောတာမျိုး မဖြစ်ရဘူး။ ဒါတွေဟာ အချိန်တိုတိုတွင်းမှာ လုပ်လို့ရတဲ့ ဟာတွေ။

ဆက်လက်ဖော်ပြပါမည်။

(အောင်ဘိုဘိုရှိန်၊ နော်ကိုကို)

-------------------------------------

ကိုယ်ရေးအကျဉ်း

အမည် - ဦးဦးလှစော (မောင်ခိုင်အောင် - စစ်တွေ) 

မွေးသက္ကရာဇ် - ၁၉၅၃ မေ ၂၇ 

ပညာအရည်ချင်း - စက်မှုတက္ကသိုလ် ပဉ္စမနှစ် (မြို့ပြ) 
၁၉၇၅ တွင် ကျောင်းသား လှုပ်ရှားမှုဖြင့် ကျောင်းအထုတ်ခံရ။ စစ်ခုံရုံး ထောင်ဒဏ် ၉ နှစ်

နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်၊
စစ်တွေအထွေထွေ သပိတ်ကော်မတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်။ ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရ။ 
၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်။

Thursday, September 12, 2013

မြန်မာပြည်ရဲ့ 9/11




မြန်မာပြည်ရဲ့ 9/11 

◘ သေလိုက်ပေါ့ ညီလေးရေ.. ခွေးသေ ၀က်သေ ။
ခံလိုက်ပေါ့ ဒီတစ်သက် ၀ဋ်ရှိခဲ့လို့ပေါ့ ။

◘ ဒီလိုပါပဲ ညီလေးရေ ...
ကြာတော့လည်း စားပွဲခင်းဖြူဖြူထက်က
ရှန်ပိန်အဖုံး ဖောက် ခနဲ အပွင့်
လှုပ်ရမ်းလိုက်မယ့် လက်တစ်စုံကြားမှာ
မင်းရဲ့ ခွေးသေ၀က်သေ သေခြင်းဟာ
သောင်ပြင်ပေါ်က ရေတစ်ပေါက်လို
ပျောက်သွားအုံးမယ်။

◘ သူတို့ တွေ တစ်ယောက်ပုခုံးတစ်ယောက်ဖက်ရင်း
မင်းလက်က ကြိုးဒဏ်ရာကိုမေ့သွားလိမ့်မယ်။
သူတို့တွေ လဲသောက်မယ့် ရှန်ပိန် ဖန်တွတွ အရသာမှာ
မင်းရင်ကိုခွဲတဲ့ ဓါးဒဏ်ရာ ကိုမေ့သွားလိမ့်မယ်။
သူတို့တွေ လဲဝတ်မယ့် တိုင်းရင်းသားဝတ်စုံတွေအတွက်
မင်းလည်ပင်းမှာ ခေါင်းမရှိတာ သူတို့တွေ မေ့သွားလိမ့်မယ် ။

◘ဒီတော့လည်း
သေလိုက်ပေါ့ ညီလေးရေ.. ခွေးသေ၀က်သေ။

(ငှက်ခါး)
(9/11/2013)


ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက လခရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲပြီးတော့ တိုက်ခိုက်ခဲ့ကြပါတယ်...

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ၂ ခါဖြစ်ခဲ့ပြီး နေ့ခင်းဘက်မှာ ၃ ယောက် ကျဆုံးသွားခဲ့ကာ ညဘက် အနီးကပ် ထပ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ လိုက်သွားခဲ့တဲ့ စစ်တပ်ဘက်မှ လူစုတွေ ကွဲသွားခဲ့ပြီး... လူစုကွဲသွားတဲ့ အရာရှိကို KIA မှ ဖမ်းမိ သွားခဲ့ပါတယ်... အဖမ်းခံခဲ့ရတဲ့ အရာရှိ (ဗိုလ်ဇော်မျိုးထက်) ကို ဒဏ်ရာရနေတဲ့ အဖမ်းခံထားရတဲ့ ရဲဘော်တွေရှေ့မှာ ဗိုက်ခွဲ ခေါင်းဖြတ်ကာ ဗိုက်ထဲ ခေါင်းထည့်ပြ ပြီးတော့ ရဲဘော်တွေကိုပါ သတ်ခဲ့ပါတယ်...

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အရာရှိကတော့ အပတ်စဉ် ၅၂ မှ ဖြစ်ပြီး မိဘများကတော့ ရန်ကုန်ကပါ.. အဖေကတော့ ယဉ်မောင်းပါ။
 အခု သားကို ရိုးရိုးတိုက်ပွဲ ကျသွားတယ်လို့ပဲ သိရှိထားတဲ့
မိဘတွေကတော့ တပ်ကို လိုက်သွားကြပြီလို့ သိရှိရပါတယ်...

(ကျန်ရစ်သူမိသားစု များနှင့် ထပ်တူ ၀မ်းနည်းကျေကွဲလျှက်)


Wednesday, September 11, 2013

KIA တပ်မဟာ(၁)မှ ၎င်းတို့နယ်မြေအတွင်းဝင်ရောက်လာပါက မည်သူကိုမဆို တိုက်ခိုက် သွားမည် ဟုဆို.....


- ကချင်လက်နက်ကိုင်အဖွဲ့ စစ်မက်လိုလားသူ၊ ငြိမ်းချမ်းရေးမလိုလားသူ၊တပ်ရင်း(၁၀) တပ်ရင်းမှူးမှ ၎င်း၏လက်အောက်ခံတပ်မှူးများအား စစ်တပ်နှင့်သူရဲ့လက်အောက် က နယ်ခြားစောင့်တပ်၊ ပန်ဝါပြည်သူ့စစ်တွေကို သူတို့နယ်မြေဖြစ်တဲ့ ဆော့လော်၊ မန်ကျီ၊ လောခေါင်၊ ဖရဲ၊ လဂွေဒေသထဲကိုဝင်လာရင် တိုက်ခိုက်သွားရမယ်လို့ တပ်မဟာ(၁)ကနေ ညွှန်ကြားထား တာကြောင့် လက်အောက်ခံ KIA တပ်မှူးတွေက ဆော့လော်၊ မန်ကျီ၊     လောခေါင်ဒေသကရွာ သားတွေကို လိုက်လံပြောဆိုသတိပေး   နေတဲ့အတွက်   ဒေသခံပြည်သူလူထုမှ အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

- ဒီသတင်းနဲ့ပတ်သက်လို့ ချီဖွေမြို့ခံတစ်ဦးကို မေးကြည့်ရာမှာ “ ကျွန်တော်တို့ မေခမြစ်အရှေ့ခြမ်းတစ်ခွင်လုံးမှာ အရင်က ဦးဇခုန်တပ်တွေဘဲရှိတယ်၊ အခု နယ်ခြား စောင့်တပ်ပေါ့ ဒေသခံတွေက   လော်ဝေါ်လာချိတ်တွေချည်းဘဲ ဘာဂျိန်းဖောမှ မရှိဘူး... ၂၀၁၂ ခုနှစ်၊ သင်္ကြန်ပြီးတော့ တပ်မဟာ(၁)နဲ့ ရင်း(၁၀)က အင်အား ၂၀၀ ကျော် မေခမြစ်အနောက် ဘက်ကမ်းကနေ အရှေ့ဘက်ကိုကူးလာပြီး နယ်ခြားစောင့် တပ်တွေကို လိုက်တိုက်တယ်လေ စစ်တပ်နဲ့ပေါင်းပြီး ပြန်ချတော့ ထွက်ပြေးပြီး ကျောက်တိုင် ၆ နဲ့ လောခေါင် မျောမောတ ၀ိုက်မှာနေ ကြတယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်တော့ စစ်တပ်ကမတိုက်တော့ဘူးလေ၊  ဒါနဲ့ဘဲ KIA ကစခန်းတွေ လိုက်ဆောက်တာမနည်းတော့ဘူး၊ အခုတော့     မေခမြစ်အရှေ့ခြမ်းကို သူတို့နယ်မြေတဲ့ ၀င်လာရင် အကုန်တိုက်မယ်ဆိုပြီး လျောက်ပြောနေပြီ၊ KIA က ကုလားအုပ်လိုဘဲ ခေါင်းလေးဝင်ပြီး တစ်ကိုယ်လုံးလည်းရရော ပိုင်ရှင်ကို ကန်ထုတ်ပစ်တယ် ” လို့ ပြောပြပါတယ်။

- ပန်ဝါပြည်သူ့စစ်တစ်ဦးကတော့ “ ဒီမေခမြစ်အရှေ့ခြမ်းမှာ တစ်သက်လုံး ကျွန်တော် တို့ NDA(K)ဘဲ နေလာတာ KIA ကနေခွဲထွက်ပြီးကတည်းက ကျွန်တော်မျိုးနွယ်စု လော်ဝေါ်လာ ချိတ်တွေချည်းဘဲနေတာ အသွင်ပြောင်းလိုက်လို့ NDA(K)မရှိတော့တာ ဒါပေမယ့် အခု KIA ၀င်လာ လို့ ပြည်သူ့စစ်တွေဖွဲ့ပြီး ကိုယ်ကိုကိုယ် ကာကွယ်နေရ တယ်၊ ဒီဒေသမှာ သူတို့ချုပ်ကိုင်ပြီး ရင် မြေ ဇာပုံ တောင်ကတုံးဘဲကျန်တော့မှာ၊ အခု KIA က ငြိမ်းချမ်းရေးအကြောင်းပြပြီးနေရာတွေခွဲလာတာဆော့လော်တောင်သွားမရတော့ဘူး၊ မေခမြစ်အရှေ့ခြမ်းမှာ KIA ကို ဘယ်နည်းနဲ့မှ လက်ခံလို့ မရဘူး၊ စစ်တပ်ကမတိုက်လဲ ကျွန်တော်တို့က နေမရအောင်လုပ်ရမှာဘဲ ဘယ်ဒေသခံကမှ KIA ၀င်လာတာကို မကြိုက်ကြဘူး ” လို့ ဆိုပါတယ်။

- ဒီလိုအခြေအနေတွေဖြစ်ပေါ်နေတာကြောင့် မေခမြစ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေပြန် ဖြစ် လာနိုင်တယ်လို့ ကချင်အရေးလေ့လာသူတစ်ဦးက သုံးသပ်ပြထားပါတယ်။

မောင်မင်းတို့ကို ငါကိုယ်တော်မြတ် စိတ်ပျက်တော်မူတယ်

''မောင်းမင်းတို့ကို ငါကိုယ်တော်မြတ် စိတ်ပျက်တော်မူတယ်''
(အလောင်းမင်းတရားကြီး)
-----------------------------------------------------------------

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေမြန်မာ့မြေပေါ် ထင်တိုင်းကြဲခဲ့ကြတယ်။

လူသတ်တယ်-မုဒိန်းကျင့်တယ်-ရေနွေးပူနဲ့လောင်းတယ်- လက်သဲခွံခွါတယ်။
ပါးနားရိုက်တယ်ဆိုတာ.. အပရိက။

------------------------------------------------------------------------------

ဟိုးကုန်းဘောင်မင်းဆက် စတည်ထောင်တဲ့ အလောင်းမင်းတရားကြီး ယိုးဒယားကို ချီတက်တော်မူတယ်။

စစ်ဦး-ဘီလူး..။ ရန်သူကို ရက်ရက်စက်စက်သုတ်သင်မယ်။ ကလေးတွေကို မောင်းထဲ ထည့်ထောင်းတယ်။ အပေါ်ကို ပစ်မြှောက်ပြီး အောက်ကနေ လှံနဲ့ ခံတယ်။ စစ်နိုင်သူတွေရဲ့  ထုံးစံအတိုင်း အစွမ်းကုန် အနိုင်ကျင့်ခဲ့မယ်ဆိုတာ သံသယပွားစရာ မရှိဘူး။

-----------------------------------------------------------------------------------

မြန်မာ့သမိုင်းသင်ရိုးမှာ ဖက်ဆစ်ဂျပန် ဆိုးယုတ်ပုံကို ကျွန်တော်တို့ ခပ်ငယ်ငယ်က သင်ခဲ့ရတယ်။

ယိုးဒယားလူငယ်လူရွယ်တွေလည်း သူတို့သမိုင်းမှာ မြန်မာဘုရင်များ အနိုင်ကျင့်စော်ကားခဲ့တာတွေကို သင်ရမှာပါပဲ။

-----------------------------------------------------------------------------------

သမိုင်းသက်တမ်းနဲ့ ကြည့်ရင်.. ဂျပန်တွေ မြန်မာ့မြေမှာ ပွစာကျဲအောင်ပြုမူခဲ့တာဟာ အလောင်းမင်းတရား.. ယိုးဒယားကို ချီတက်တိုက်ခိုက်ခဲ့တာထက် အများကြီး လတ်ဆတ်ပါတယ်။

ဒါပေမယ့် အခု.. အနှီ ဂျပန်တွေ မြန်မာ့မြေလာတယ်..။ ကျွန်တော်တို့ရင်ထဲ သူတို့အပေါ် ဒုတိယကမ္ဘာစစ်ရဲ့  အရိပ်မည်း လွှမ်းမိုးရိုက်ခတ်အမုန်းပွားနေ
ဆဲပဲလား ဆိုတော့.. မြူမှုန်လောက်တောင် ကျန်-မထင်ဘူး။

စိတ်မနာတဲ့အပြင် '' လာပါ.. လာပါ မကြည်ရဲ့  '' လို့တောင် ကမ်းလှမ်း ဖိတ်ခေါ်နေရပါတယ်။

ဆိုတော့..

ရွှေမြန်မာတွေ ယိုးဒယားမှာ အနှိမ်ခံရတယ်၊ အစော်ကားခံရတယ် ဆိုတာ.. ဦးအောင်ဇေယျနဲ့ မဆိုင်ဘူးဆိုတာ အမှန်အတိုင်းသိမြင်ဖို့ လိုတယ်..။

တကယ်က.. မွဲလို့.. အနှိမ်ခံရတာပဲ။

ကျုပ်တို့သာ ဂျပန်လို၊ အမေရိကန်လို ချမ်းသာကြည့်စမ်းပါ။

ကျုပ်တို့ကို လတ်လတ်ဆတ်ဆတ် ပါးနားရိုက်-ရေနွေးပူလောင်း-လက်သည်းခွံခွါခဲ့တဲ့ ဂျပန်တွေကို အခု ကျုပ်တို့တွေ လက်ကမ်းကြိုသလို.. ယိုးဒယားတွေလည်း ရွှေမြန်မာတွေကို ကမ်းလင့်ကြိုဆိုရင်း အိမ်ဦးခန်းမှာ နေရာထိုင်ခင်းပေးမယ်ဆိုတာ.. မြေကြီးလက်ခတ်မလွဲဘူး။

အခုတော့.. အလောင်းမင်းတရားကြီးက အိပ်မက်ထဲမှာ ကျုပ်ကို အခုလို လာပြောသွားလေရဲ့ ..။

'' ယိုးဒယားက မောင်းမင်းတို့ကို နှိမ့်ချဆက်ဆံတာဟာ ငါကိုယ်တော်မြတ်နဲ့ လားလားမှမဆိုင်၊ မောင်းမင်းတို့ မွဲတော်မူလို့ အဲ့သလိုခံရတော်မူတာ.. ငါကိုယ်တော်မြတ်.. မောင်းမင်းတို့ကို အားကြီး စိတ်ပျက်တော်မူတယ်.. '


 - Ko Navana
'

Tuesday, September 10, 2013

၂၀၀၈ မော်ဒယ်နှင့်အထက် အိမ်စီးကားနှင့် ၂၀၀၃ မော်ဒယ်နှင့် အထက် လုပ်ငန်းသုံးကားများ အပ်ကုန်စနစ်ဖြင့် တင်သွင်းရောင်းချ ခွင့်ပြုမည်


ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ကားအရောင်း ပြခန်းတစ်ခုကို တွေ့ရစဉ်

ကားအရောင်း စင်တာများတွင် ၂၀၀၈ မော်ဒယ်နှင့်အထက် အိမ်စီးကားများနှင့် ၂၀၀၃ မော်ဒယ်အထက် လုပ်ငန်းသုံး ကားများကိုပါ အပ်ကုန်စနစ်ဖြင့် တင်သွင်းရောင်းချခွင့် ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

လက်ရှိတွင် ကားအရောင်းစင်တာ Car Sale Center များအား ယာဉ်အိုယာဉ်ဟောင်း လဲလှယ်အပ်နှံပြီး ပြန်လည်တင်သွင်းခွင့် ပြုပေးထားသည့် ၁၉၉၇ မော်ဒယ်မှ ၂၀၀၇ မော်ဒယ်အထိ ကားများကိုသာ ရောင်းချခွင့် ပြုထားသည်။

ယခု ၂၀၀၈ မော်ဒယ်နှင့်အထက် ကားများအားလုံး တင်သွင်းရောင်းချခွင့် ပြုမည်ဖြစ်၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသူ များအပြင် လူတစ်ဦးချင်း တင်သွင်းလိုသူများလည်း ကားအရောင်း စင်တာများတွင် ၀ယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှု ပမာဏမှာ နည်းပါးလာခြင်း၊ လူတစ်ဦးချင်း တင်သွင်းခွင့် ပြုထားသည့် ၁၃၅၀ စီစီအောက် ကားများ၏ တန်ဖိုးမှာ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ပြီး ပြန်လည်တင်သွင်းခွင့် ပြုထားသည့် ကားများထက် တန်ဖိုးသက်သာခြင်း တို့ကြောင့် ကားအရောင်း စင်တာများသည် ရောင်းအားကျဆင်းမှုနှင့် ရင်ဆိုင်ရလျက် ရှိသည်ဟု သိရသည်။

ထို့အတွက်လည်း ယခုကဲ့သို့ အိမ်စီးကား၊ လုပ်ငန်းသုံးကားများကို Consignment Basis စနစ်ဖြင့် စိတ်ကြိုက်တင်သွင်း ရောင်းချခွင့်ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ တင်သွင်းရောင်းချခွင့် ပြုလိုက်သည့် အတွက် တင်သွင်းလိုသူ လူတစ်ဦးချင်း အနေဖြင့် ငွေစာရင်းဖွင့်ခြင်း၊ နိုင်ငံခြားငွေဖြည့်ရခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ခြင်း၊ ပြည်ပမှ မော်တော်ယာဉ်အား လေလံဆွဲဝယ်ယူရခြင်း၊ ဆိပ်ကမ်းမှ ကားထုတ်ရခြင်း အပါအ၀င် အဆင့်ဆင့်သော ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် မလိုအပ်တော့သည့် အတွက် အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာမည်ဟု သိရသည်။

အရောင်းစင်တာများသို့ တင်သွင်းရောင်းချခွင့် ပြုရာတွင် အိမ်စီးကားများ ဆိုပါက ၂၀၀၈ မော်ဒယ်နှင့်အထက် (၁၃၅၀ စီစီ အောက် ကားများအပါအ၀င်)၊ ဘတ်စ်ကားများ ဆိုပါက ၂၀၀၃ မော်ဒယ်နှင့် အထက်ကားများ)၊ Express Bus များဆိုပါက ၂၀၀၈ မော်ဒယ်နှင့် အထက်ကားများ၊ ကုန်တင်ယာဉ် အုပ်စုဆိုပါက (Pick Up 2Door, Box Truck, Freezer Box Truck အပါအ၀င် ၂၀၀၃ မော်ဒယ်နှင့်အထက် ထုတ်လုပ်ခဲ့သည့် ကားများ ပါဝင်ကြောင်းလည်း သိရသည်။

ဘတ်စ်ကားများ အားလုံးကို ဘယ်မောင်း၊ ညာမောင်း ခွဲခြားခြင်း မပြုဘဲ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ အိမ်စီးကား၊ လုပ်ငန်းသုံးကား မည်သည့်ကားမဆို တင်သွင်းရာ၌ လက်ရှိ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ သတ်မှတ်ထားသည့် CIF တန်ဖိုးများဖြင့် တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

အရောင်းစင်တာများအား ယခုအမျိုးအစားကားများ တင်သွင်းခွင့် ပေးပြီးပါက ဆက်လက်၍ ကားအသစ် သီးသန့်တင်သွင်း ရောင်းချမည့် ကားအရောင်းပြခန်း Car Show Room များအား ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်းနှင့် ဘယ်မောင်းသီးသန့် ကားသစ်များအား တင်သွင်းရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း၊ အနိမ့်ဆုံး သုံးနှစ်အတွင်း ထုတ်ထားသည့် မော်တော်ယာဉ် သစ်များကိုသာ တင်သွင်းရောင်းချခွင့် ပေးရန် စီစဉ်နေသည်ဟု သိရသည်။

- Eleven Media Group

Monday, September 9, 2013

မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများကို အမေရိကန်က ဟာဝိုင်အီသို့ဖိတ်ခေါ်





မြန်မာနိုင်ငံမှ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌတာဝန်ယူနေစဉ် ၂၀၁၄ မတ်လတွင် မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများအားလုံးကို အမေရိကန်နိုင်ငံ ဟာဝိုင်အီ၌ အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် စစ်ဘက်ရေးရာနည်းပညာများ လေ့လာနိုင်ရန် ဖိတ်ကြားလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က မြန်မာကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ တည်ငြိမ်စွာအသွင်ကူးပြောင်းနိုင်မှုကို အသိအမှတ်ပြုပြီး အိုဘားမားအစိုးရက ကူညီရန်အသင့်ရှိကာ နောင်နှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းယူမည်ကို ကြိုဆိုပါကြောင်း ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော အမေရိကန် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် သြဂုတ်လ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို လာမည့်အောက်တိုဘာလတွင် ဘရူနိုင်းတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေး၌ သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ကာ ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူမည် ဖြစ်သည်။ အလှည့်ကျဥက္ကဋ္ဌရာထူး တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံက အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူလက်ခံကျင်းပရမည်ဖြစ်သည်။ ထိုသို့ ထမ်းဆောင်စဉ် ၂၀၁၄ မတ်လ၌ မြန်မာအပါအ၀င် အာဆီယံကာကွယ်ရေးဝန်ကြီးများကို အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် ပုလဲဆိပ်ကမ်းအပါအ၀င် အမေရိကန်တပ်ဖွဲ့များနှင့် စစ်ဘက်ရေးရာ နည်းပညာများ လေ့လာနိုင်ရန် ဟာဝိုင်အီသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ဖိတ်ကြားမှုကို လက်ခံ၊ မခံကိုမူ သတင်းမရရှိသေးပေ။
မြန်မာနှင့်အမေရိကန် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံခြင်းမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ဝန်ကြီးနှစ်ဦး တွေ့ဆုံရာတွင် စစ်ဘက်ရေးရာကိစ္စများ၌ လူသားချင်းစာနာထောက်ထားသော အရေးပေါ်အကူအညီများ၊ သဘာဝဘေးအန္တရာယ်များမှ ကယ်ဆယ်ကုသရေး လုပ်ငန်းများ(HADR) နိုင်ငံများကို ဘရူနိုင်းတွင် ဆောင်ရွက်သကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဟေဂယ်လ်က ဆွေးနွေးခဲ့သည်။

အရှေ့တောင်အာရှသည် အမေရိကန်အတွက် အထူးအရေးပါသောဒေသဖြစ်ပြီး အမေရိကန်သည် အရှေ့တောင်အာရှတွင် တပ်မတော်မှတပ်မတော် ဆက်ဆံရေး၊ ပြည်သူမှ ပြည်သူချင်း ဆက်ဆံရေးတို့ကို အခြေခံသည့် Defence Diplomacy ကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

Sgt. Aaron Hostutler U.S. Marine Corps

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီထည့်သွင်း ပြေးဆွဲမည်


ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထား တွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေးဆွဲခြင်း အခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

လူဦးရေ ခြောက်သန်းကျော် နေထိုင်သော ရန်ကုန်မြို့တွင် ကားလမ်းများတွင် ကားပိတ်ဆို့မှုများ ပြားနေသည့်အတွက် ယင်းကိစ္စအား အထိုက်အလျောက် ပြေလည်နိုင်စေရန် အတွက် ရထားပို့ဆောင်ရေးအား မြှင်တင်ပေးရန် ရည်ရွယ်ကြောင်း၊ ယခုရန်ကုန် မြို့ပတ်ရထား လမ်းများအား ပြင်ဆင်ခြင်းအပြင် မြို့ပတ်ရထားလမ်း တစ်လျှောက် အမှိုက်များကို ကောက်ယူကာ သန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ပြီး မြင်ကွင်းများ လှပစေရန် ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် ရထားစီးရေများကို တိုးမြှင့်ကာ ရထားများကို အချိန်မှန်စေရန်လည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်က လူဦးရေ ခြောက်သန်းကျော် လောက်ရှိတယ်။ ကားလမ်းတွေမှာက Traffic က သိပ်ဆိုးလာတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ရထားပို့ဆောင်ရေး မြှင့်ပေးချင်တဲ့ ဆန္ဒရှိတယ်။ ကားပိတ်ဆို့မှု ဆိုးလာတဲ့ အချိန်မှာပဲ တစ်ပြိုင်တည်း မြို့ပတ်ရထား လမ်းတွေလည်း ပြင်လာပါတယ်။ လမ်းပေါ်မှာ လူတကာလာပစ်တဲ့ အမှိုက်တွေကို ကျုံးပြီးတော့ မြင်ကွင်းလေး လည်းကောင်းအောင် လုပ်ပါတယ်။ ပြီးတော့မှ ရှိရင်းစွဲ ရထားတွေကိုလည်း ထိုင်ခုံတွေ ပြင်ပေးလိုက်တာ တွေရှိတယ်။ ရေရအောင် လုပ်ပေးတယ်။ နောက်ပြီး အသွင်အပြင် ကောင်းအောင် လုပ်ပေးလိုက်တော့ ရထားကို အတော်များများ စိတ်ဝင်စားလာကြတယ်။ ကျွန်တော်တို့ လုပ်ပေးဖို့တွေ ကျန်ပါတယ်။ ရထားအစီးရေ ထပ်ပြီးတော့ မြှင့်ပေးရမယ်။ အချိန်တွေမှန်အောင် လုပ်ပေးရမယ်။ မြို့ပတ်ရထား တွဲဆိုင်းသုံးဆိုင်းမှာလည်း အထူးတွဲတွေ ချိတ်ပေးဖို့ ကျန်ပါသေးတယ်။ နောက်အပတ်လောက်ဆို အဲဒါထပ် လုပ်ပေးမယ်။ နောက်ပြီး ရန်ကုန်-ကျိုက်ထို- ရန်ကုန် ခရီးစဉ်ပြေးတဲ့ ရထားတွေလို အဲကွန်းပါတဲ့ အထူးရထားတွေလိုမျိုး မြို့ပတ်ထဲမှာ သွင်းပေးပြီး ကျွန်တော်တို့ ပေးနိုင်မယ့် ၀န်ဆောင်မှုကို မြှင့်ပေးသွားမယ်'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆိုသည်။

မြန်မာ့မီးရထား လမ်းကြောင်း ၃၅ ခုအနက် ငါးခုသာ စီးပွားရေးအရ တွက်ခြေကိုက်ပြီး ကျန်သည့်လမ်းကြောင်း ၃၀ အား အရှုံးခံ၍ ပြေးဆွဲ ပေးနေရကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ပတ်ရထားပေါ်တွင် လိုက်ပါစီးနင်းသူများအား တွေ့ရစဉ်

-  Eleven Media Group

နိုင်ငံရေး အမည်ခံ လုပ်စားများအား ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့



ယခုတလော မည်သည့်နေရာ၊ မည်သည့်ပွဲပဲဖြစ်ဖြစ် ရှေ့ဆုံးမှမြောက်ကြွမြောက်ကြွမိုက်ကိုင်ပြီး တက်ရောက်လာသူ ပရိတ်သတ်များ            စိတ်ပျက်ဖွယ်ကောင်းလောက်အောင်
ပြောဆိုနေကြသည်မှာနိုင်ငံရေးသမားယောင်ယောင်၊   ဟိုယောင်ယောင်   ဒီယောင်ယောင်
ထောင်ထွက်များပင်ဖြစ်သည်။        နိုင်ငံတော်သမ္မတကြီး၏ စေတနာဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေသည့်ကာလတွင် နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ကျရာနေရာမှ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၄င်းတို့အား လွှတ်ပေးခဲ့သည့်အချိန်က ပြည်သူအများမှ မျှော်လင့်တကြီးဖြင့် ကြိုဆိုခဲ့ကြဖူးသည်။

သို့သော်.....တဖြည်းဖြည်းဖြင့် အချိန်ကာလကြာရှည်သောအခါ မယောင်ရာဆီလူးများ၊ တိုင်းပြည်၏ တိုးတက်ရာတိုးတက်ကြောင်းကို ဖျက်ဆီးနေကြသူများ၊ ၄င်းတို့ ရောက်ရှိသည့်နေရာတိုင်းတွင်       ကောင်းကျိုးများဖြစ်လာသည်မရှိဘဲ မတည်မငြိမ်မှုများဖြစ်ပေါ်ခြင်း၊ အမျိုးမျိုးသောဆန္ဒပြပွဲများ ကို လုပ်ဆောင်နေသူများအဖြစ်    ပြည်သူများက သတိပြုမိလာခဲ့ပြီဖြစ်သည်။

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍လည်း ယခုအပါတ်ထုတ် First News           ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်မှလည်း နိုင်ငံရေးအမည်ခံလုပ်စားများအကြောင်း
ဖော်ထုတ်ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်...။
- Myanmar Express

Friday, September 6, 2013

ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်

ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ သြဂုတ်လ နှောင်းပိုင်းက အိုးအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာရေး ပဋိပက္ခတွေ အစပြုခဲ့တဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးခံထားရသူ ကိုဆန်းမင်းဦးကို ကန့်ဘလူတရားရုံးက ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် အမှုစီရင်တဲ့နေရာမှာ တရားခံဘက်က ရှေ့နေမပါတဲ့အတွက် တရားမျှတမှု ရှိတယ်လို့ ပြောဖို့ ခက်နေတယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ အမျိုးသမီးငယ်တဦးကို သြဂုတ်လ ၂၄ ရက်နေ့က အဓမ္မပြုကျင့်ဖို့ ကြံစည်မှုနဲ့ ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ခံထားရတဲ့ ကိုဆန်းမင်းဦးကို သူ့ကို ချုပ်ထားတဲ့ ရွှေဘိုထောင်ကနေခေါ်လာပြီး စက်တင်ဘာလ ၄ ရက်နေ့က ကန့်ဘလူမြို့နယ် တရားရုံးမှာ စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ သူ့အပေါ် စီရင်ချက် ချလိုက်တဲ့ အကြောင်းကိုတော့ ခရိုင်ရဲမှူး ဦးအုန်းလှိုင်က ဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုပါတယ်။

"သူ့ကို ကျနော်တို့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆၊ ၅၁၁၊ အရ တရားရုံးကနေပြီးတော့ ထောင်ဒဏ်ငါးနှစ်ပါခင်ဗျ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄နဲ့ ပြစ်ဒဏ်ထောင်ဒဏ် နှစ်နှစ်ပါခင်ဗျ။ သီးခြားစီ ပြစ်ဒဏ်ချပါတယ်ခင်ဗျ။ ပေါင်း ခုနှစ်နှစ်ပါခင်ဗျ။ "

သူ့အပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မတွေထဲမှာ တရားဥပဒေလမ်းကြောင်းနဲ့ မကိုက်ညီမှုတွေ ရှိနေတာကို တွေ့ရတယ်လို့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ Robert စန်းအောင်က အခုလို ရှင်းပြပါတယ်။

"၃၇၆က မုဒိမ်းမှုနဲ့ပတ်သက်ပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို သတ်မှတ် ထားခြင်းဖြစ်တယ်။ အဲ့တော့ ပုဒ်မ ၅၁၁ ဆိုတာကတော့ ကြံစည်မှုပေါ့ဗျာ။ ၃၅၄ဆိုတာ ကတော့ အမျိုးသမီးတစ်ယောက်ကို ကာအိနြေ္ဒပျက်ပြားစေမှုပါ။ အဲ့တော့ ပုဒ်မ ၃၇၆အရ ပြစ်ဒဏ်က တစ်သက်တစ်ကျွန်းအထိ ထိုက်ပါတယ်။ ပုဒ်မ ၃၇၆/၅၁၁ အရ စွဲဆိုမှုမှာ ၃၅၄ကို ထည့်တာကတော့ သိပ်ပြီးတော့ မလျော်ညီဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ မုဒိမ်းမှုပါ ဆိုကာမှတော့ မိန်းကလေးတယောက်ရဲ့ ခန္ဓာကိုယ်ကို ထိတွယ်ကိုင်ရမှာကိုး။ အဲ့တာအတွက်က သီးခြားသွားလို့မရပါဘူး။ အဲ့တော့ ဘာနဲ့သွားတူလဲဆိုတော့ ဖောက်ထွင်းမှုတခုမှာ ပိုင်နက်ကျူးလွန်မှု ၄၄၇၊၄၄၈တို့ပါ ထည့်ပေးသလိုဖြစ်နေတယ်။ အဲ့ဒီ့တော့ ဥပဒေသဘောနဲ့ မညီညွတ်ဘူး။"

စွဲချက်တင်ခံထားရသူ ကိုဆန်းမင်းဦး အမှုကို ကြားနာ စစ်ဆေးတဲ့နေရာမှာလည်း သူ့ဘက်ကလိုက်ပေးတဲ့ ရှေ့နေမပါပဲ စီရင်ချက် ချလိုက်တာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ကန့်ဘလူမြို့ခံတွေက ပြောပါတယ်။

အဲဒီလို တရားခံဘက်က ရှေ့နေ ရှေ့ရပ်မပါဘဲ စီရင်ချက် ချတာဟာ တရားစီရင်ရေးစံနစ် မှန်ကန်မှုရှိတယ်လို့ ပြောဖို့ ခက်နေတယ်လို့ အကျိုးဆောင်ရှေ့နေ Robert စန်းအောင်က ဆက်ပြောပါတယ်။

"တရားမျှတမှုကို တရားရုံးက ဆောင်ရွက်နေရုံမျှနဲ့ မပြီးသေးပါဘူး။ ရှေ့နေရှေ့ရပ်မပါဘဲ အမှုဆောင်ရွက်တာမျိုး၊ ရှေ့နေရှေ့ရပ်မရှိဘဲ အမိန့်ချမှတ်တာမျိုး တွေက နည်းနည်း အမြင်မှာ အခက်အခဲဖြစ်စေပါတယ်။ အဲ့သလိုမဖြစ်အောင် တရားရုံးဘက်က အထူးသဖြင့် အငြင်းပွားမှုတွေရှိတဲ့ အမှုတွေမှာ ပိုသတိထားသင့်ပါတယ်။"

သြဂုတ်လ ၂၄ ရက်နေ့ညနေက အဲဒီ ထန်းကုန်းရွာသူ အမျိုးသမီးကို အစ္စလာမ်ဘာသာဝင် လူငယ်တဦးက အဓမ္မ ပြုကျင့်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒေသခံတွေအကြား မကျေမနပ်ဖြစ်ရာက အိမ်တွေကို မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

မျက်မြင်သက်သေတွေက ကိုဆန်းမင်းဦးဟာ အဲဒီလို အဓမ္မပြုကျင့်ဖို့ ကြံစည်သူဖြစ်တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် သူ့ကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တာလို့ ခရိုင်ရဲမှူး ဦးအုန်းလှိုင်က ပြောပါတယ်။

"အားလုံးက မြင်တဲ့သက်သေတွေကပြောတယ်။ ကောင်မလေးက အော်တယ်။
အော်တော့ မြင်တဲ့သက်သေတွေပြောပြချက်အရ ကောင်မလေးကပြောတယ်။ သူတို့ဖြစ်တဲ့နေရာက ဒီရွာနှစ်ရွာကြား လယ်ကွင်းလို့ပြောတယ် ခင်ဗျ။ မြင်လိုက်တဲ့သူတွေက လိုက်ဖမ်းပို့ပြီးတော့ ရဲစခန်းကို တရားခံ လာအပ်တာနဲ့ သွားခေါ်တဲ့ လူတွေနဲ့ကြုံပြီး ပြစ်မှုကျူးလွန်တဲ့ ဆန်းမင်းဦးကို ခေါ်ခဲ့ရတယ်။ခေါ်ပြီးတော့ မလိုလားအပ်တာတွေ ဆက်ဖြစ်မှာစိုးတာနဲ့ ဒါတောင် တရားခံ ထုတ်ပေး ဘာညာနဲ့ဆိုပြီးတော့ အုတ်အော်သောင်းနင်း ပြောကြဆိုကြသေးတယ်။ "

အဲဒီ ဆူပူ မီးရှို့မှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရသူ ၁၁ ဦးရှိတဲ့အထဲက တဦးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အချုပ်ခန်းထဲမှာ ကွယ်လွန်သွားပြီး ဖြစ်ပါတယ်။ ကျန် ၁၀ ဦးကိုတော့ ပုဒ်မ ၄၃၆ မီးရှို့မှု၊ ပုဒ်မ ၄၂၇ အကျိုးပျက်ဆီးစေမှု စတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။
အခုချိန်မှာတော့ ထန်းကုန်းရွာက အခြေအနေဟာ တည်ငြိမ်မှု ရှိနေပြီဆိုပေမယ့် ဒေသခံတွေအကြား စိုးရိမ်မှုတွေတော့ ရှိနေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

"အခုလောလောဆယ် အနေအထားကတော့ ထန်းကုန်းကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမဲ့ ပုံမှန်အနေအထား၊ သွားတာလာတာတွေကတော့ ပုံမှန်အနေအထားတော့ပြန်ဖြစ်နေပြီ ဒါပေမဲ့ယခင်ကလိုတော့ ညရေးညတာ သွားရေးလာရေး၊ ကတော့ မရှိသလောက်ဖြစ်သွားပြီပေါ့ဗျာ။ အဆောက်အဦးက အိမ်ထောင်စုပေါင်း ၅၂စုခင်ဗျ။ ဆန်စက်ကြီးတလုံးပါတယ်ခင်ဗျ။ အခုဟာက ရေးတဲ့သတင်းတွေထဲမှာ ဆန်စက်ကြီးဆိုတာ ပျောက်နေတယ်။ ဆန်စက်ကြီးက လောလောဆယ် အကြမ်းဖျင်း ပျက်ဆီးတဲ့စာရင်းကိုတွက်တာကိုက အားလုံးပေါင်း သိန်းနှစ်ထောင်နီးပါးတွက်လို့ရနေပြီဗျ။"

အခု ကန့်ဘလူမြို့နယ်တရားရုံးက စီရင်ချက်ချလိုက်တာကို ခရိုင်တရားရုံး၊ တိုင်းဒေသကြီး တရားရုံးအထိ အယူခံဝင်ရုံ တင်မကပဲ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး အထိ ပြင်ဆင်မှု လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။


- VOA

မေးလ်တစ်စောင်ရရုံဖြင့် သတင်းအဖြစ်တင်နိုင်ပြီ





ငါ့သားကြီး သမီးကြီး ဂျာနယ်လစ်တွေလည်း camera 360 နဲ့ ရိုက်တဲ့ ပုံတွေ သတင်းလုပ်လိုလုပ်၊       တင်လိုတင်၊  အခုလည်းတစ်ခါ       ဖြစ်ပြန်ပြီ။ Myanmar Times မှာ တင်ထားတဲ့သတင်တစ်ပုဒ်က ကလေးစစ်သားအသုံးပြုမှုများကို ရပ်တန့်ရန် လိုတယ်
ကလေးစစ်သားအသုံးပြုမှုတွေကဆက်လက်ဖြစ်ပွားနေတုန်းပဲတဲ့၊    ဘယ်သူပြောလဲ၊             ဘယ်ကနေသိတာလဲဆိုတော့ မေးလ်ကနေပို့တာတဲ့။  အင်မတန်တိကျခိုင်မာတဲ့   သတင်းရင်းမြစ်ကြီးကရထားတာပဲ။  ပြောပြန်ရင်လဲ   အောင်မင်းလွန်ရာကျဦးမယ်။  
 
ပြည်တွင်းမှာလည်း လက်ရှိ ရှိမနေတဲ့လူတစ်ယောက်က ရလာတဲ့ သတင်း အတိုအစလေးတွေအပေါ်ကိုးကားပြီးပို့လိုက်တဲ့မေးလ်တစ်ခုကိုသတင်းအဖြစ်တင်တယ်ဆိုတော့    ထပ်ပြောစရာအကြောင်းလည်း   မရှိတော့ပါဘူး။ ကလေးစစ်သား၊ ကလေးစစ်သားနဲ့သာ လူကြားကောင်းအောင်အော်နေကြတာ တာဝန်ရှိသူတွေက ခင်ဗျားတို့သိခဲ့ရင်ပြောပါ အချိန်မရွေးလာသတင်းပို့ပါ၊ မိဘနေရပ်ကိုပြန်နိုင်အောင် စီစဉ်ပေးမယ် အကြောင်းကြားပါလို့ပြောတော့ ပါးစပ်ပိတ်နေကြတယ်။

၂၀၁၂ ခုနှစ် ဇွန်လက ကုလသမဂ္ဂနဲ့ အရွယ်မရောက်သေးသူများ တပ်မတော်တွင်အမှုထမ်းဆောင်ခြင်းအား စိစစ်ဖို့  သဘောတူလက်မှတ်ရေးထိုးပြီး ၁၃ လ အတွင်းအစိုးရက စစ်မှုထမ်းဆောင်ရန် အသက်မမှီသေးသူ  စုစုပေါင်း ၁၇၆ ဦးကို ၄ ကြိမ်ခွဲပြီး လွတ်ငြိမ်းခွင့် ပေးခဲ့တယ်။ ပထမအကြိမ် ၂၀၁၂ စက်တင်ဘာလ တုန်းက ၄၂ ဦး၊ ဒုတိယကြိမ် ၂၀၁၃ ဖေဖဝါရီလမှာ ၂၄ ဦး၊ နောက်တကြိမ် ၂၀၁၃ ဇူလိုင်လက ၄၂ ဦးနဲ့ အခုအကြိမ် ၆၈ ဦး စုစုပေါင်း ၁၇၆ ဦး အသီးသီး မိဘနေရပ်ဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။

ဒီလောက်             နိုင်ငံတော်အစိုးရနဲ့            တပ်မတော် အကြီးအကဲတွေအနေနဲ့ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ အရွယ်မရောက်သေးသူများ တပ်မတော်သို့ဝင်ခွင့်မပြုဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ    လမ်းမကြီးတွေမှာစိုက်ထူပြီး        ကြေငြာနေတာတွေ၊ အရွယ်မရောက်သေးတဲ့ တပ်သားတွေရှိရင်လည်း    မိဘရပ်ထံဆီသို့                    ပြန်လည် ပို့ဆောင်ပေးနေတာတွေကို မမြင်၊ မကြားတာလား၊ မမြင်ချင်ယောင်၊ မသိချင်ယောင် ဆောင်နေကြတာလားဆိုတာကိုတော့    ကာယကံရှင်တွေမှပဲသိလိမ့်မယ်။
မြန်မာမီဒီယာတို့၏  တရားမျှတသော  စိတ်ထားကြီးပါတကား။


- ပရိုမီးသီးယပ်စ်

Thursday, September 5, 2013

အမေရိကန်မှ ဆီးရီးယားအား စတင်တိုက်ပြီ




အမေရိကန်လွှတ်တော်မှ ဆီးရီးယားနိုင်ငံအား စစ်ရေးအရ တိုက်ခိုက်ချေမှုန်းသွားရန် ဆုံးဖြတ်ချက်ကိုအတည်ပြုလိုက်ပြီဖြစ်သည်၊ လွတ်တော်မှ ယင်းတိုက်ခိုက်မူ့ကို ရက် ( ၉၀ ) သာလျှင် ခွင့်ပြုထားပြီး မြေပြင်တပ်များကို အသုံးပြုခွင့်မပေးပါ။

- BBC

တိုင်းဝန်ကြီးချုပ် ဖြစ်ရပ်မှန်နှင့် မြန်မာ့ FB



တိုင်းဝန်ကြီးချုပ် ဖြစ်ရပ်မှန်နှင့် မြန်မာ့FB
(Credit-ဇီးကုန်းမြို့သားများ ရင်ဖွင့်သံ)

- တိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းဟာ တိုင်းအတွင်း ရေကြီးတဲ့နေရာတွေ ကို သွားရောက် ကြည့်ရှုပြီး ကိုယ်တိုင်ကိုယ်ကျ စီမံကွပ်ကဲခဲ့တာ လို့ သိရပါတယ်။

-သက်ဆိုင်တဲ့ မြို့ရွာတွေက အုပ်ချုပ်ရေးအရာရှိတွေကိုအနီးကပ် ညွှန်ကြားချက်တွေ ပေးပြီး လူထုနဲ့ တစ်သားတည်း နေထိုင်လုပ်ကိုင်တာ လို့ သိရပါတယ်။

- ဒီဓါတ်ပုံ(၂)ပုံလုံးဟာ တစ်ရက်တည်း ရိုက်ထားတာတွေဖြစ်ပါတယ်။ဒါပေမယ့် အွန်လိုင်းမှာ ဖြန့်တဲ့ပုံကတစ်ဘက်သတ် ဖြစ်နေပါတယ်။

- ဦးဥာဏ်ဝင်း လှေစီးတယ်ဆိုတာက ရေစိုမှာ ကြောက်လို့မဟုတ်ပါဘူး။
ရေကြီးတဲ့နေရာတွေအတွက် လှေအသစ်တွေ
လှူတာကိုလှေစမ်းစီးကြည့်တာ လို့ ပြောပါတယ်။
ပြီးတော့ဘေးကပါလာတဲ့ အုပ်ချုပ်ရေးမှူးကို ဆူနေတာ ဖြစ်ပါတယ်။

- စီးတာကလည်း (၁၀) မိနစ်တောင် မကြာပါဘူး။ ပြီးတော့
လှေပေါ်ကဆင်းပြီး ပုဆိုးမလမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

- ဦးဥာဏ်ဝင်းဟာဇီးကုန်းသားဗွက်တောထဲမှာ ကြီးလာတာ၊
ဇီးကုန်းမှာသူနဲ့သူ့ဇနီးတို့ဟာ မြိုသူမြို့သားအားလုံးသိတဲ့
ကိုယ့်ဒူးကိုယ်ချွန်စံနမူနာလို့ဇီးကုန်းမြို့ခံတွေက ပြောပါတယ်။

- တောသားပီပီ လူထုနဲ့တစ်သားတည်းတစ်သွေးတည်း နေ
ထိုင် စားသောက်တဲ့ ၀န်ကြီးချုပ်လို့ သိရပါတယ်။

- ဓါတ်ပုံဖြန့်တဲ့သူကရည်ရွယ်ချက် ရှိရှိ တစ်ဘက်သတ် ကွက်
ကွက်ကလေး လုပ်ပြသွားတာ သတိပြုစရာပါ။လူတစ်ယောက်
ကို ဂျောက်ချမယ် ဆိုရင် ဒီလို ပါးနပ်တဲ့ ပညာရပ်တွေ အသုံး
တည့်တယ် ဆိုတာကိုလည်း လက်တွေ့ မြင်ခဲ့ရပါပြီ။

- သတိပြုစရာ ပြီးတော့ သတိထားစရာ လုပ်ရပ်ပါပဲ။

မလေးရှားတွင်အဖမ်းခံရသည့် မြန်မာလုပ်သားများကို ပြန်ခေါ်တော့မည်


မလေးရှားနိုင်ငံတွင် အဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို နိုင်ငံသားမှန်မမှန် သံရုံးကစိစစ်ပြီး ပြန်လည်ခေါ်ယူသွားမည်ဟု သမ္မတ၏ပြောရေးဆို ခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည့် ဦးရဲထွဋ်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ထုတ်ဖော် ရေးသားလိုက်သည်။

စက်တင်ဘာ ၁ရက်က စတင်ခဲ့သည့် မလေးရှားအစိုး၏ တရားမ၀င်လုပ်သားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် လက်ရှိအချိန်အထိ မြန်မာ ၅၅၅ ဦး အထိန်းသိမ်းခံထားရကြောင်းလည်း ဒု-၀န် ကြီးကဆိုထားသည်။

“ဒီစစ်ဆင်ရေးဟာ မြန်မာနိုင်ငံသားများကိုပဲ ဦးတည်ဆောင်ရွက်တာ မဟုတ်ပါဘူး။ တရားမ၀င်နေထိုင် လုပ်ကိုင် နေသူများနဲ့ ၎င်းတို့ကို အလုပ်ခန့်အပ်ထားသူ များအားလုံးကို အရေးယူနိုင်ဖို့ မလေးရှားနိုင်ငံ အစိုးရက ဆောင်ရွက်တာဖြစ်ပါတယ်” ဟုလည်း သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ရှင်းလင်း ထားသေးသည်။

မလေးရှားအာဏာပိုင်တို့ ဖမ်းဆီးထားသူများထဲတွင် မြန်မာနိုင်ငံသားများသာမက အင်ဒိုနီးရှားနိုင်ငံသားများ၊ နီပေါနိုင်ငံသားများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၊ ပါကစ္စတန်နိုင်ငံသားများ၊ တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း ဒု-၀န်ကြီးက ဆိုသည်။

မလေးရှားအစိုးရ၏ `Ops 6P Ber-sepadu´ဟု အမည်ရသည့် အဆိုပါစစ်ဆင်ရေးကြောင့် လက်ရှိအချိန် အထိ လူပေါင်း ၈၁၀၀ အဖမ်းခံခဲ့ရသည့်အနက် ၂၄၀၀ မှာ တရားမ၀င်နေထိုင်သူများဖြစ်ကြောင်း ဒု-၀န်ကြီး က ရေးသားထားသည်။

မလေးရှား လူဝင်မှုကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရ၀နကူးမားက “တရားမ၀င်အလုပ်သမားတွေ ကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကိုတော့ မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ် သိန်း ၁၅၀ ခန့်) နှင့် အထက် ဒဏ်ကြေးပေးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ် အထိကျခံစေခြင်း(သို့မဟုတ်) ကြိမ် ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့နဲ့ အရေးယူနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း ယင်းပြစ်ဒဏ်သုံးရပ်စလုံး ကျခံရနိုင်ပါတယ်” ဟု ပြောကြောင်း The Star သတင်းဌာနတွင် စက်တင်ဘာ ၃ ရက်က ဖော်ပြထားသည်။

မလေးရှားရောက် ၈၈ ကျောင်းသား အဖွဲ့မှ ကိုအောင်ကြီးကမူ မြန်မာများ ကြိမ်ဒဏ်ပေးခံရမည့်ကိစ္စကို အစိုးရက တားဆီးပေးသင့်ကြောင်း မဇ္ဈိမကို ပြောသည်။

သူက “ကြိမ်ဒဏ်က ကျွန်တော်ကိုယ်တိုင်အထိ ခံဖူးထားတာဆိုတော့ မလွယ်ဘူးဗျ။ အေးလာရင် အသားကုန်ကိုက်တာ။ အလေးအပင်လည်း တော်တော်နဲ့ မ မနိုင်ဘူး” ဟုလည်း ရှင်းပြသည်။

- Mizzima

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ရထားအသုံးပြုသူ နေ့စဉ်မြင့်တက်လာပြီး တစ်ရက်လျှင် ခရီးသည် တစ်သိန်းကျော်အထိ ရှိလာ

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ရထားအသုံးပြုသူ နေ့စဉ်မြင့်တက်လာပြီး တစ်ရက်လျှင် ခရီးသည် တစ်သိန်းကျော်အထိ ရှိလာ

ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ရထားအသုံးပြုသူ နေ့စဉ်မြင့်တက်လာပြီး တစ်ရက်လျှင် ခရီးသည် တစ်သိန်းကျော်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
ယခင်က ရန်ကုန်မြို့ပတ်ရထား၏ စနစ်မှာ ကောင်းမွန်မှု မရှိခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှု လျော့နည်းခြင်းတို့ကြောင့် ရထားစီးနင်းသူများမှာ သောင်းဂဏန်းမျှသာ ရှိခဲ့ကြောင်း ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ဆိုသည်။
"အခု အခြေအနေအရ ရန်ကုန်မြို့က ယာဉ်ကြောပိတ်မှုတွေက ကြီးမြင့်လာတယ်။ အဲဒီအတွက်ကြောင့် ရထားကို အသုံးပြုတဲ့ သူတွေက တဖြည်းဖြည်း များလာတယ်။
အခုဆိုရင် တစ်သိန်းကျော်ထိ ရှိပါပြီ" ဟု ဦးရဲလွင်က ပြောကြားသည်။'

မြို့ပတ်ရထား အသုံးပြုမှုများတွင် ရန်ကုန်ဘူတာကြီးမှ နေ့စဉ် လူဦးရေ ၅၀၀၀ နှင့် ၆၀၀၀ ကြား လာရောက်စီးနင်းနေပြီး ရန်ကုန်မြို့တွင်းရှိ ဘူတာရုံများမှ ကိုးသောင်းနှင့် တစ်သိန်းကြား စီးနင်းလိုက်ပါနေကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။ ယင်းအတွက် ကျပ် ၁၀၀ ဖြင့် မီးရထားလက်မှတ်များကို မှတ်ပုံတင်ပြပြီး ၀ယ်ယူရသည့် အခြေအနေမှ အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူနိုင်အောင် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးရဲလွင်က ဆက်လက်ပြောကြားသည်။


လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား အစီး ၂၀၀ အသုံးပြုနေမှုအား ထပ်မံတိုးမြှင့်သွားရန် ရှိသည့်အပြင် မြို့တစ်ပတ်ပြေးဆွဲမှု ကြာချိန်သုံးနာရီအား လျှော့ချသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
အဲယားကွန်များ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေပြီဖြစ်ပြီး ရထားတွဲ ၁၀ တွဲဖြင့် စတင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

- Eleven

Wednesday, September 4, 2013

KIA ကဲ့သို့သော သောင်းကျန်းသူများအပေါ် အမြစ်ပြုတ်တိုက်ရန် သမ္မတဦးသိန်းစိန်ကို တရုတ်အစိုးရ တိုက်တွန်း



KIA ကဲ့သို့သော အဖွဲ့အစည်းများအပေါ် နယ်စပ်ဒေသလုံခြုံရေးအတွက် အမြစ်ပြုတ်တိုက်ရန် သမ္မတဦးသိန်းစိန်ကို တရုတ်အစိုးရ တိုက်တွန်း

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် အတွက် နယ်စပ်လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် တရုတ်အစိုးရက နန်နင်းသို့ ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံနယ်စပ်ဒေသများ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်နိုင်မှသာ နှစ်နိုင်ငံ ရေရှည် တည်မြဲသော ဆက်ဆံရေးကို ဖော်ဆောင် နိုင်လိမ့်မည်ဟု တရုတ်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် လီကာကျန်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့ကြောင်း ရှင်ဟွာ သတင်းကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၂ရက်နေ့က ကျင်းပသည့် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် ခရီးစဉ်အတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီကာကျန်းနှင့် တွေ့ဆုံစဉ် ၄င်းက ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ အနောက် တောင်ပိုင်းဒေသ တစ်လျှောက်တွင် မြန်မာအစိုးရက စီးပွားရေးနှင့် လူမှုဘဝ တည်ဆောက်ရေး လုပ်ငန်းများ ဆောက်ရွက်နေချိန်တွင် တရုတ်နိုင်ငံကလည်း ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောက်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်တစ်လျှောက် ဈေးကွက်များစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်ကြောင်း ၄င်းက ရှင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် တပ်မတော်နှင့် ကေအိုင်အေ တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့မှု ကြောင့် တရုတ်နယ်မြေ အတွင်းသို့ အမြောက်ကျည်များ၊ ဗုံးများ ကျရောက်ခဲ့၍ မြန်မာနိုင်ငံကို နယ်စပ်လုံခြုံရေး ကိစ္စများကို အရေးတယူ ဆောင်ရွက်ရန် အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့ဖူးသည်။

Ref- The Voice

၈၈ အဖွဲ့အတွင်း သဘောထားကွဲလွဲရာမှ ဦးမင်းကိုနိုင် ကိုပြုံးချိုနှင့်မလိုက်ဘဲ ကျန်ခဲ့



၈၈ ကျောင်းသားကြီးများအဖွဲ့အတွင်းကိုမင်းကိုနိုင်နှင့်ကိုပြုံးချိုတို့အကြား
နိုင်ငံခြားခရီးစဉ်ကိစ္စ္စ္စနှင့်ပတ်သက်၍  အပြင်းအထန်စကားများခဲ့သဖြင့် ကိုမင်းကိုနိုင်မှ ယခုခရီးစဉ်သို့ လိုက်ပါခြင်းမရှိဘဲ ကျန်နေခဲ့ကြောင်းသိရသည် ။

ကြေးမုံသတင်းစာ၏ စီးပွားရေးသတင်း အစီအစဉ်သစ်အားပြန်ကြားရေး ဒုဝန်ကြီးမှ မိတ်ဆက်




ကြေးမုံသတင်းစာရဲ့ အပတ်စဉ် စီးပွားရေးသတင်း အစီအစဉ်သစ်ဖြစ်ပါတယ်။
စာမျက်နှာ ၁၆ မျက်နှာပါပြီး စီးပွားရေးသတင်း၊ စီးပွားရေးကြော်ငြာများပါဝင်မှာပါတယ်။

ဒီနေ့ စတင်စမ်းသပ်ဖော်ပြပါတယ်။ ဗုဒ္ဓဟူးနေ့တိုင်း မူလသတင်းစာမှာ
အခမဲ့ အပိုဆောင်းထည့်သွင်းဖြန့်ဝေပေးမှာဖြစ်ပါတယ်။
ကြော်ငြာများလည်း ထည့်သွင်းနိုင်ပါတယ်။

အနိဌာရုံ




အရင်အလုပ်မှာတုံးက.. Singaporean ဘောစိတစ်ယောက်က
ပြောဖူးတယ်..။

သတင်းစာတွေ၊ ဂျာနယ်တွေ၊ တီဗီသတင်းတွေမှာ အနိဌာရုံတွေ သိပ်များလွန်းတယ်..။ တစ်ရက်လည်းမဟုတ်.. နေ့စဉ်လိုလို.. ဟိုနားဒီနား ကမ္ဘာတလွှားက အနိဌာရုံတွေကို ကြားရမြင်ရဖတ်ရတာ စိတ်မသက်သာဘူး..။

ဒါကြောင့်.. ငါ- ကတော့.. သတင်းစာဖတ်ဖတ်၊ ဂျာနယ်ဖတ်ဖတ်၊ တီဗွီကြည့်ကြည့် အဲ့ဒါတွေကို ကျော်ဖတ်ကျော်ကြည့်တယ်.. တဲ့။

သူပြောတာလည်း ဟုတ်တုတ်တုတ်..။

ဒီမနက်ပဲ ကြေးမုံသတင်းစာ ကောက်လှန်မိပါတယ်..။

နိုင်ငံတကာ သတင်းအနေနဲ့.. ဆီးရီးယားမှာ ဓါတုလက်နက်နဲ့တိုက်ခိုက်ခံရပုံ၊
အာဖဂန်မှာ တာလီဘန်က အမေရိကန်စစ်စခန်းကို ဆော်ပလော်တီးပုံ.. စတာတွေကို ဝေေ၀ဆာဆာတွေ့ရတယ်..။

ပြည်တွင်းသတင်းအနေနဲ့ကတော့.. မျက်နှာဖုံးမှာ သမ္မတကြီး တရုတ်ပြည် ခြေစင်္ကြာဖြန့်တာ တွေ့ရပြီး.. မှုခင်းစာမျက်နှာမှာတော့
လျှပ်စစ်ကေဘယ်ကြိုးခိုးတဲ့ သူခိုးဂိုဏ်းဖမ်းမိပုံ တွေ့ရတယ်..။

နောက်..

မိခင်ကို လည်ပင်းညှစ်သည့်သား- ဓါးဖြင့်ပေါက်ခံရ၍ သေဆုံး.. တဲ့..။
သားအကြီးက မူးယစ်သောက်စားဆဲဆိုပြီး မိခင်ကိုလည်ပင်းထညှစ်လို့
သားငယ်လုပ်သူက ဓါးနဲ့ပေါက်လိုက် သတဲ့..။

ဒါတင်ပဲလားဆိုတော့.. မဟုတ်သေးဘူး..။

ပထွေးဖြစ်သူ ရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး.. တဲ့..။ သေချာဖတ်ကြည့်တော့ သုံးနှစ်ကလေးကို ပထွေးက ရိုက်နှက်ကိုင်ပေါက်လိုက်လို့ သတိလစ်သွားတာကို အပူအပုပ်များပြီး တက်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံပို့ခဲ့ကြောင်း သိရတယ်..။ မိခင်ဖြစ်သူကိုယ်တိုင်က အဲ့ဒီလုပ်ဇာတ်မှာ အလိုတူအလိုပါဖြစ်ကြောင်းလည်း သိရတယ်..။

ဒေါသ နဲ့ လောဘ နဲ့ မောဟနဲ့ သွေးသားရင်းချာပင်ဖြစ်ပစေ.. ရိုက်နှက်သတ်ဖြတ်နှိပ်စက်ကလူပြုကြတာတွေဟာ.. လူ့ပြည်လူ့ရွာမှာ.. ကျုပ်တို့ဆီမှ မဟုတ်ပါဘူး.. တိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာ
လည်း ဖြစ်ပွားလေ့ရှိတာ မကြာခဏဖတ်ရပါတယ်..။

သြော်.. လူ့ပြည်လူ့ဘ၀.. အမယ်ဘုတ်ရဲ့  သူ့ချည်ခင်တွေလို့ ပြောရမှာပဲ..။

ဒီလောက်ပဲလားဆိုပြန်တော့လည်း မကပြန်ဘူး..။

ချောင်းအတွင်း ငါးရှာသူ ရေနစ်သေဆုံး.. ဆိုတဲ့ သတင်းကိုလည်း တွေ့ရပြန်ပါတယ်..။

နောက်ဆုံးမတော့.. '' ပိုးသတ်ဆေး ပါးစပ်ထဲဝင်၍ သေဆုံး '' တဲ့..။
ဖြစ်ပုံက ပိုးသတ်ဆေးဖျန်းရင်း ပိုက်ပိတ်နေလို့ ပိုက်ကိုပါးစပ်နဲ့ စုပ်သတဲ့..။ ဘယ်လို ပြောရမှန်းတောင် မသိတော့အောင်ပါပဲ..။

ဒါကြောင့် Singaporean ဘောစိက ပြောဟန်ရှိတယ်..။

သတင်းစာတွေ-ဂျာနယ်တွေ-တီဗွီသတင်းတွေက အနိဌာရုံတွေကို ငါ ကျော်ကြည့်၊ ကျော်ဖတ်သတဲ့..။

ကျွန်တော်လား.. ကျွန်တော်က စင်ကာပူဘောစိမှ မဟုတ်တာ..။

အဲ့ဒါတွေလည်း ဖတ်ပါတယ်..။ ဖတ်ပြီး ဆင်ခြင်ပါတယ်..။ စဉ်းစားပါတယ်..။ သင်ခန်းစာယူသင့်ရင် ယူပါတယ်..။ လူပဲဗျာ.. ခံစားသင့်ရင်လည်း ခံစားမိပါတယ်..။ တခါတရံတော့လည်း ယူကြုံးမရဖြစ်မိပါတယ်..။


- Ko Navana

ကင်ဂျုံအန်၏ မိတ်ဆွေ ရော့ဒ်မန် မြောက်ကိုရီးယားသို့ သွားရောက်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ မိတ်ဆွေ ဘက်စကတ်ဘော ကစားသမား ဒန်းနစ်ရော့ဒ်မန်သည် ယခုနှစ်အတွင်း ၎င်း၏ဒုတိယမြောက် ခရီးစဉ်အဖြစ်        မြောက် ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် ခဲ့သည်။

ရော့ဒ်မန်၏ခရီးစဉ်မှာ မြောက်ကိုရီးယားတွင်အကျဉ်းကျခံနေရသော အမေရိကန်သာသနာပြု ကဲနက်ဘေး လွတ်မြောက်ရေးအတွက် သွားရောက်ခြင်းဖြစ်သည်ဟု အများ၏ ထင်မြင်ချက်ကိုမူ ရော့ဒ်မန်က ငြင်းဆိုခဲ့ပြီး ယင်းအတွက် ဘာမျှ ကတိပေးထားခြင်းမရှိဟု ဆိုသည်။

"ကျွန်တော် မြောက်ကိုရီးယားသွားတာ ကျွန်တော့်သူငယ်ချင်း ကင်နဲ့ တွေ့ဆုံဖို့ပါ" ဟု ရော့ဒ်မန် က ပြုံယမ်းသို့သွားရောက်ရန် ပေကျင်းလေဆိပ်၌ ကူးပြောင်းစဉ် စက်တင်ဘာ ၃ ရက်က သတင်းထောက်များကို ပြောကြားခဲ့ သည်။

ရော့ဒ်မန်သည် ဖေဖော်ဝါရီလအတွင်းက အားကစားမြှင့်တင်ရေးနှင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး အတွက် သွားရောက်စဉ်က ပထမအကြိမ် ကင်နှင့်တွေ့ဆုံခဲ့သည်။ အမေရိကန်တာဝန်ရှိ သူများက ယခုခရီးစဉ်နှင့် ပတ်သက်၍ဘဝင်မကျသော်လည်း ဘက်စကတ်ဘောသံတမန်နည်းလမ်းက ဆက်ဆံရေးကို    နွေးထွေးစေနိုင်သည်ဟု ရော့ဒ်မန်က ယူဆခဲ့သည်။

အေပီ။

Tuesday, September 3, 2013

ကိုးကန့်အရေး


၂၀၀၉ ခုနှစ် သြဂုတ်လရဲ့  နေ့ တစ်နေ့ မှာ…….
ကိုးကန့် အထူးဒေသ (၁) က ……
MNDAA ( မြန်မာလူမျိုးများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု ) တပ်ဖွဲ့ ဝင်တွေဟာ…..
လက်နက်ထုတ်လုပ်နေတယ်လို့  သံသယရှိတဲ့ 
သူတို့ ရဲ့ မသင်္ကာဖွယ်ရာ စက်ရုံတစ်ခုကို …..
စစ်ဆေးဖို့ လာရောက်တဲ့ ….
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင် ၃၀ လောက်ကို ….
ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်……

တပ်မတော် ရဲ့ တုန့် ပြန်မှုကတော့……
၂၄ နာရီ အတွင်းမှာပဲ …..
သိန္နီ အခြေစိုက် ….
အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု တပ်မ ဟာ….
သိန္နီ - နမ့်ဆလတ် - ကွမ်းလုံ - ချင်းရွှေဟော် လမ်း အတိုင်း….
တစ်ဟုန်ထိုး ချီတက်လာကာ…..
လောက်ကိုင်မြို့ ပတ်ပတ်လည်ကို ပိတ်ဆို့ နေရာယူလိုက်ပြီး….

သူ့ နောက်က ကပ်ရက် ပါလာတဲ့ ….
စစ်ကိုင်း အခြေစိုက် အမှတ် ( ၃၃ ) ခြေမြန်တပ်မ ကတော့ …….
လားရှိုး - သိန္နီ - ကွတ်ခိုင် - တာမိုးညဲ - မုံးစီး - တာပါး ကူးတို့ ဆိပ် နဲ့ …..
သိန္နီ - နမ့်ဆလတ် - ကွမ်းလုံ - ချင်းရွှေဟော် - လောက်ကိုင် မဟာဗျုဟာ လမ်းကြောင်း များကို …..
ဝင်ရောက်ထိန်းချုပ် နေရာယူ လိုက်ပါတယ်……..

မိတ္ထီလာ က အပြင်းချီတက်လာတဲ့  ……..
အမှတ် ( ၉၉ ) ခြေမြန် တပ်မ ကတော့ ….
သိန္နီ - နမ့်ဆလတ် - ကွမ်းလုံ - ညီနောင်တံတား ကနေ……
ဝ အထူးဒေသထဲကို ၀င်ရောက်သွားပြီး …….
ဟိုပန် ပန်လုံ ဒေသတစ်ဝိုက်မှာ ……
ဝ တပ်ဖွဲ့ များနဲ့ ထိပ်တိုက် ရင်ဆိုင်….
တပ်မ တစ်မ လုံး ခံစစ်ပြင်ကာ……
ဝ ဒေသ နဲ့  ကိုးကန့် ဒေသကြားက ….
ဆက်သွယ်ရေး လမ်းကြောင်း အားလုံးကို …..
ဖြတ်တောက် ပြစ်လိုက်ပါတယ်……

နောက်တစ်နေ့ မနက် ……
မိုးစင်စင်လင်းချိန်မှာတော့…..
ရှမ်း အရှေ့ မြောက်ဒေသ ရဲ့ …..
အရေးအခင်း ဖြစ်ပွားရာ ဒေသ တစ်ခုလုံးကို …..
တပ်မတော်ရဲ့ နာမည်ကျော် တပ်မ သုံးခု က….
အခိုင်အမာ နေရာယူ ထိန်းချုပ်ထားပြီးပါပြီ ……

ဒီလို တုန့် ပြန်နိုင်ဖို့ ဆိုတာ….
၁၉၈၈ ခုနှစ်ရဲ့ အရှေ့ ပိုင်းမှာ….
တပ်မတော် အနေနဲ့ …..
စိတ်ကူး နဲ့ တောင် ….
စဉ်းစားလို့ မရနိုင်ခဲ့ တဲ့  အခြေအနေပါ…..။

ကျွန်တော်တို့ ……
စစ်အုပ်ချုပ်ရေး ၂၂ နှစ်ဆိုတဲ့  နာမည်ဆိုးကြီးနဲ့ …..
နာမည်ပျက်ခံ ……
အဆဲခံ …..
အဆိုခံ…..
အမုန်းခံပြီး ……..
တပ်မတော်ကြီးကို …..
တည်ဆောက်ခဲ့ ရကျိုး နပ်ပါတယ်……
ကျွန်တော်တို့ …ပျော်တယ်……။

တစ်နေ့ ကျရင် ….
တိုင်းရင်းသား လက်နက်ကိုင် တစ်သိန်းခွဲ နဲ့  ….
အချင်းချင်းလဲ မတည့်တဲ့ ……
အဖွဲ့ ပေါင်း သုံး လေးဆယ်လောက်ရှိတဲ့  ….
ဒီတိုင်းပြည်မှာ ……
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့  ……
ကျားကုတ်ကျားခဲ ဆွေးနွေးရမယ့် ....
အရပ်သား အစိုးရရဲ့ နောက်မှာ….
စွမ်းရည်ထက်မြက်တဲ့ …..
ခေတ်မီ အင်အားကြီး တပ်မတော်ကြီးက …..
ရင် မြေကတုတ် လုပ်ပြီး …..
ကျောထောက်နောက်ခံ ပြုထားဖို့ .....
လို ကို လိုတယ်ဆိုတဲ့…..
အခြေအနေမှန် ကို …….
ခင်ဗျားတို့ သဘောပေါက်လာပါလိမ့်မယ်ဗျာ……။

( ထာဝရ ငြိမ်းချမ်းရေး အတွက် နာမည်အပျက်ခံ နိုင်တဲ့  ရဲမိုး )

Photo - ကချင်ပြည်နယ်တွင် .....
ပြည်ထောင်စု မပြိုကွဲရေးအတွက် ......
တိတ်တိတ် ဆိတ်ဆိတ်....
အသက်ပေး ကာကွယ်သွားသော....
အညတရ စစ်ခွေး နှစ်ဦး ....

ချော်လဲခြင်း



တစ်ခါတုန်းက ခရစ်ယာန်တွေနေတဲ့ တံငါရွာလေးတစ်ခုရှိတယ်။
တံငါရွာဆိုတော့ ရွာထဲက ယောက်ျားတွေအားလုံးနီးပါးက
ပင်လယ်ကို ငါးဖမ်းထွက်တဲ့အခါ ရွာမှာ မိန်းမတွေအများစု ကျန်ခဲ့ကြတာပေါ့။
အဲဒီလိုနဲ့ ရွာထဲက မိန်းမတွေက ယောက်ျားတွေပင်လယ်သွားရင် ဖောက်ပြန်ကြတာပေါ့
ပြီးတော့ သူတို့က ရွာဘုရားကျောင်းက သင်းအုပ်ဆရာဆီမှာ သွားသွားပြီး အပြစ်ဝန်ခံကြတယ်။

ရွာထဲက မိန်းမတော်တော်များများ ဖောက်ပြန်ပြီး အပြစ်ဝန်ခံတာများလာတော့
ဖာသာလည်း စိတ်ရှုပ်လာတယ် အဲဒါနဲ့ သူက မိန်းမတွေကို မှာထားတယ်
နောက်တစ်ခါနင်တို့ ဖောက်ပြန်လာပြီးရင် ဖောက်ပြန်တယ်လို့မပြောနဲ့ ချော်လဲတယ်လို့ပြောဆိုပြီးမှာလိုက်တယ်

အဲဒီလိုနဲ့ အချိန်ကြာတော့ ဖာသာက အသက်ကြီးပြီး
သူ့ဇာတိသူ ပြန်ရမယ့်အချိန်ကျတော့ နောက်ရောက်မယ့်
ဖာသာအသစ်ကို မစောင့်နိုင်တာနဲ့ ရွာသူကြီးကို ခေါ်ပြီးမှာတယ်
သူကြီးရေ နောက်ဖာသာရောက်လာရင် ချော်လဲတယ်ဆိုတဲ့စကားလုံးကို
ရှင်းပြပေးပါဆိုပြီး သူကမှာခဲ့တယ်.... ဖာသာအသစ်ရောက်လာတော့
သူကြီးလည်း သူ့အလုပ်နဲ့ သူရှုပ်နေတော့ အရင်ဖာသာမှာခဲ့တာကို ပြောဖို့မေ့သွားတယ်.. တစ်ရက်ကျတော့ ဖာသာအသစ်က သူကြီးအိမ်ရောက်လာပြီးပြောတယ်...
သူကြီးရေ ရွာထဲကလမ်းတွေတော့ ပြင်ဖို့ကောင်းနေပြီဆိုပြီး

သူကြီးကပြန်မေးတယ် အကောင်းကြီးရှိပါသေးတယ်ဖာသာရယ်
 ပြင်ဖို့မလိုပါဘူးလို့ပြောတော့ ဖာသာက ရွာထဲက မိန်းမတွေ ခဏခဏချော်လဲလို့ သူ့ဆီလာပြောတဲ့အကြောင်းလည်း ပြောရော
သူကြီးက သတိရပြီး ထရယ်တယ်
အဲဒါနဲ့ ဖာသာက ပြောလိုက်တယ်

 ဟေ့သူကြီး ခင်ဗျား ရယ်မနေနဲ့ဗျ ဒီတစ်ပတ်ထဲတင်
ခင်ဗျားမိန်းမ ချော်လဲတာ (၃)ခါရှိပြီလို့ပြောလိုက်တယ်..
......


အာဆီယံသမိုင်းတွင် အရှည်ဆုံးဆောင်ပုဒ် ၂၀၁၄ အတွက် မြန်မာရွေးချယ်


အာဆီယံသမိုင်းတွင် အရှည်ဆုံးဆောင်ပုဒ် ၂၀၁၄ အတွက် မြန်မာရွေးချယ်



၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးကို ပထမဦးဆုံး အလှည့်ကျ တာဝန်ယူမည့် မြန်မာအစိုးရက အာဆီယံ အဖွဲ့အစည်း ကိုယ်စားပြု အရှည်ဆုံး ဆောင်ပုဒ်တစ်ရပ်ကို ထုတ်ပြန် ကြေညာလိုက်သည်။

ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဆိုင်ရာ ဝန်ကြီးဌာနများ ထိပ်သီးအစည်းအဝေးတွင် မြန်မာအစိုးရက ယင်းသို့တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းပြီး၊ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်း တစ်ခုဆီသို့ တစ်စုတစ်စည်းတည်း ချီတက်ကြပါစို့” (“Moving forward in unity towards a peaceful and prosperous Community”) ဟူသော ဆောင်ပုဒ်တစ်ရပ်ကို မြန်မာအစိုးရက အကြိမ်ကြိမ်အခါခါ ဆွေးနွေးမှုများ၊ မူဝါဒဆိုင်ရာ ပညာရှင်၏ အကြံပြုချက်များ အပါအဝင် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပါဝင်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ကဝီက ရေးသားထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် အာဆီယံဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်လွှဲပြောင်း ရယူတော့မည် ဖြစ်ပြီး အဆိုပါရာထူး ဆက်ခံရန်အတွက် ၂၀၀၈ ခုနှစ်မှစ၍ ယခင်အာဆီယံရာထူး ဆက်ခံခဲ့ဖူးသည့် အခြားအာဆီယံနိုင်ငံများမှ အတွေ့အကြုံများ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆောင်ပုဒ်ရွေးချယ်ပုံများကို လေ့လာ သုံးသပ်ခဲ့သည်။

ယခုလက်ရှိ ဥက္ကဋ္ဌ ရာထူးခံယူနေသည့် ဘရူနိုင်းနိုင်ငံ၏ ဆောင်ပုဒ်မှာ
“ကျွန်ုပ်တို့ ပြည်သူများနှင့် ကျွန်ုပ်တို့ အနာဂတ်များ အတူတူ ဖြစ်စေရမည်” ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်း ၁၆ နှစ် ကြာမြင့်ပြီးမှ ပထမဦးဆုံးအကြိမ် ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်လွှဲပြောင်းရယူမည် ဖြစ်သည်။


- The Voice

၈ လေးလုံးငွေရတုပွဲပြီး တစ်လခန့် အကြာ


၈လေးလုံးငွေရတုပွဲပြီးတစ်လခန့် အကြာတွင်၈၈မျိုးဆက်ကကျောင်းသားကြီးများ
(ငြိမ်းပွင့်)အဖွဲ့ သည်စက်တင်ဘာ ၆ ရက်နေ့ တွင်နော်ဝေနိုင်ငံ ရွေးကောက်ပွဲအား သွားရောက်လေ့လာကြမည်ဖြစ်သည်။

ယခုခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားတိုင်းပြည်တွေသွားပြီး လေ့လာတော့ကောင်းတာပေါ့ဗျာ။
သူများပြောသမျှကို တဟီးဟီးနဲ့လုပ်ပြီး ကိုယ့်နိုင်ငံမကောင်းကြောင်းတွေကို အားရပါးရပြောနေမယ့်အစား သူများနိုင်ငံမှာ သူတို့ရဲ့နိုင်ငံသားနဲ့
နိုင်ငံသားမဟုတ်သူတွေအပေါ် ကန့်သတ်ထားတာတွေ၊ မဲပေးပိုင်ခွင့်ရှိသူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လေ့လာခဲ့ရင်တော့အကောင်းဆုံးပေါ့ဗျာ..။

ဥပမာ- ကိုမြအေးလေ့လာခဲ့ရမှာက ဂျာမဏ်ီမှာဆိုရင် တူရကီတွေအများကြီးရှိတယ်။ သူတို့ဂျာမဏီမှာနေလာခဲ့ကြတာကလည်း မျိုးဆက်သုံးလေးဆက်ရှိပြီ။
ဒါပေမယ့် ဂျာမဏီအစိုးရက သူတို့ကိုအခုထိနိုင်ငံသားမပေးဘူး။ မဲပေးပိုင်ခွင့်မရှိဘူး။


အမျိုးသားရေးနဲ့ပတ်သက်လာရင် ဘယ်နိုင်ငံမှ လူ့အခွင့်အရေးတွေ ၊
ဆန္ဒမဲပေးပိုင်ခွင့်တွေကိုလည်း ကြည့်နေမှာမဟုတ်ဘူးဆိုတာ

ဘင်္ဂလီလော်ဘီတစ်ဦးဖြစ်တဲ့ ကိုမြအေးလည်း လေ့လာခဲ့သင့်တယ်လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ ဦးလင်းမောင်ကိုကလည်း We Love True သို့ပြောဆိုသည်။

ရှစ်ပူးအဖွဲ့မှ ကိုမြအေးကတော့ "နော်ဝေနိုင်ငံ ရွေးကောက်ပွဲကို လေ့လာမှာ ဖြစ်သလို၊
ဂျာမနီနိုင်ငံရဲ့ ပါလီမန်ကိုလည်းသွားလေ့လာမယ့် အပြင် ဖက်ဒရယ်လစ်ဇင်ကိုလည်း ဖလှယ်ဖို့ရှိပါတယ်။ ရွေးကောက်ပွဲတွေဟာ အရေးပါတဲ့ကဏ္ဍမှာရှိတဲ့အတွက်
ရွေးကောက်ပွဲကျင်းပပုံ၊ နိုင်ငံသားတွေရဲ့ပါဝင်ဆောင်ရွက်ပုံ၊ လွတ်လပ်သန့်ရှင်းမျှတမူတွေရှိမူ၊ ကျွန်တော်တို့နိုင်ငံအတွက်လိုက်လျောညီထွေတဲ့ အတွေ့အကြုံရရှိမှာ
ပါ" ဟုပြောဆိုသည်။

ယခုခရီးစဉ်သည် ၈၈ငွေရတုပွဲပြီးနောက် ၈၈မျိုးဆက်များ၏ လှုပ်ရှားမှုတစ်ခုလဲဖြစ်သည်။
မြန်မာနိုင်ငံတွင် နေရာအနှံ့ အပြားတွင် ရေကြီးနေသော်လဲ ၈၈မျိုးဆက်များအနေဖြင့်
တစ်ဦးတစ်ယောက်မျှသွားရောက်ခြင်းမရှိပဲ ယခုကဲ့သို့ နိုင်ငံခြား လေ့လာရေးခရီး သွားရောက်မည့်အပေါ် ပြည်သူအချို့မှလည်း မေးခွန်းထုတ်နေကြောင်းသိရသည်။

- We Love True

ပြည်ပတွင်အသုံးပြုနိုင်မည့် MasterCard CB Bankထုတ်မည်



နိုင်ငံခြားတိုင်းပြည်များသို့ ခရီးသွားလျှင် ငွေကြေးကိုင်ဆောင်ရန်မလိုဘဲ
လွယ်လင့်တကူ အသုံးပြုနိုင်မည့် Easi Travel အမည်ရှိ MasterCard Pre-paid ကဒ်များကို သမဝါယမဘဏ်လီမိတက် (CB Bank) မှ မကြာမီ ထုတ်ဝေသွားမည်ဟု သတင်းထုတ်ပြန်သည်။

MasterCard Pre-paid ကဒ်များနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်များကိုလည်း ထပ်မံထုတ်ပြန်သွားမည်ဟု ၎င်းဘဏ်၏ဖေ့ဘုတ်စာမျက်နာတွင် ရေးသားထားသည်။

သမဝါယမဘဏ်လီမိတက်သည်၎င်း၏ (၅၆)ခုမြောက်ဘဏ်ခွဲကို
မကြာမီ ရက်ပိုင်းကဖွင့်လှစ်ခဲ့သည်။

-  Popular Myanmar News Journal

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ မြန်မာနိုင်ငံလာမည်




ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သတင်းရ သည်။ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့်
၎င်း၏ ဘလဲအကူအညီပေးရေး ရုံးသို့ လာရောက်မည် ဖြစ်ကြောင်း၊ အဆိုပါရုံးမှာ
နိုင်ငံရပ်ခြား အထောက်အပံ့များ ပေးအပ်ခြင်း၊ စီးပွားရေး နှစ်ရှည်လုပ်ကိုင်ရေး အကြံပေးဆွေးနွေးခြင်း၊ လူမှုစီးပွားရေး ပြန်လည် ထူထောာင်ရေး အတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
တိုနီဘလဲ သည် ဗြိတိသျှ လေဘာပါတီဝင် တဦးဖြစ်ပြီး ၁၉၉၇ ခုနှစ် မှ ၂၀၀၇ အထိ
ဝန်ကြီးချုပ် တာဝန်ယူခဲ့သည်။

-  Irrawaddy

Monday, September 2, 2013

မုဆိုး တောခြောက်ခံရပြီလား


 မုဆိုး တောခြောက်ခံရပြီလား

မုဆိုးအလုပ်ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ ၀ါသနာလည်း ပါမှ၊ အပင်ပန်း အဆင်းရဲလည်း ခံနိုင်မှ၊ ဇွဲကောင်းကောင်းနဲ့ စိတ်ရှည်သည်းခံတတ်မှလည်း ရတဲ့အလုပ်တစ်ခုပါ။ တော်ရုံလူကလည်း မုဆိုးလုပ်လို့မရနိုင်ပါဘူး။ သားကောင်ကို  ချောင်းမြောင်းရတာလည်း  မလွယ်ကူလှပါဘူး။ တောရဲ့ သဘောသဘာဝ အလေ့အထကို ကျွမ်းကျင်ပိုင်နိုင်ရသလို သားကောင်ရဲ့ ဓလေ့စရိုက်ကိုလည်း နားလည်ဖို့လိုပါတယ်။

တော်ရုံတန်ရုံတောထဲမှာ တောလည်ရတာ အပန်းမကြီးပေမယ့် တောနက်ထဲမှာတော့ မလွယ်ကူလှပါဘူး။ တောနက်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ သာကောင်တွေပေါလာသလို   တောခြောက်တာ တောမှောက်တာတွေလည်း တွေ့ကြုံရတတ်ပါတယ်။ တောကောင်ကို အလွယ်တကူနဲ့ ရှာတွေ့တဲ့အခါလည်း ရှိသလို ခက်ခက်ခဲခဲနဲ့  ချောင်းမြောင်းရှာဖွေရတဲ့အခါလည်း  ရှိတတ်တယ်။တောကောင်ကိုတွေ့ပေမယ့် ကိုယ်ကသားကောင်ကို   ထောင်ချောက်ဆင်ထားပြီးမှ       လွတ်သွားတဲ့အခါမျိုးလည်း ရှိတယ်။

   ရဲရင့်တဲ့ မုဆိုးတွေကတော့ ဘယ်လိုပဲတောနက်နက် သားကောင်နောက်ကို ခြေရာခံလိုက်ပြီး သားကောင်ကို ရအောင် ဖမ်းနိုင်ကြတယ်။ သားကောင်ရပြီဆိုရင်တော့ မုဆိုးဟာ အောင်ပွဲရစစ်သူကြီးပါပဲ။ သားကောင်ကိုထမ်းပြီး အိမ်အပြန်တော့ မျက်နှာပန်းလှပြီပေါ့။

   မုဆိုးကောင်းတို့မည်သည် ဘယ်သောအခါမှ လမ်းမမှားဘူးလို့လည်း ဆိုကြပါတယ်။ မုဆိုးကောင်းမှန်ရင် တောကောင်ကိုလည်း ရွေးပြီးပစ်တတ်တယ်။ တောကောင်ကို ကြုံသလို ပစ်လေ့မရှိဘဲ ဦးတည်ချက်၊ ရည်မှန်းချက်ထားပြီးမှ လုပ်တတ်ကြပါတယ်။

   မုဆိုးက သားကောင်ကိုခြောင်းပြီး သားကောင်က မုဆိုးကိုပြန်ချောင်းတာခံရရင်တော့ ခပ်ညံ့ညံ့မုဆိုးဖြစ်သွားပါပြီ။ ဒီထက်ပိုဆိုးတာကတော့    တောနက်ထဲကိုဝင်ပြီးမှ မုဆိုးက  တောခြောက်တာခံရပြီဆိုရင်တော့ မုဆိုးလုပ်လို့မရတော့ပါဘူး။    တောထဲက အမြန်ဆုံးပြန်ထွက်ဖို့ပဲရှိပါတော့တယ်။
    အခုတလော  တွေ့နေမြင်နေ၊ ကြားနေရတာတွေက မုဆိုးတောခြောက်ခံရတဲ့ အဖြစ်မျိုးဖြစ်နေတာကို သတိပြုမိရင်း    လွှတ်တော်ဆိုတဲ့         မှော်ရုံတောကြီးအလယ်မှာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တဲ့အဖြစ်မျိုးနဲ့         တောခြောက်ခံနေရပြီလားလို့        တစ်ယောက်ထဲ   အတွေးနယ်ချဲ့နေမိတော့တယ်။

- ပရိုမီးသီးယပ်စ်

Related Posts Plugin for WordPress, Blogger...