Wednesday, September 11, 2013

KIA တပ်မဟာ(၁)မှ ၎င်းတို့နယ်မြေအတွင်းဝင်ရောက်လာပါက မည်သူကိုမဆို တိုက်ခိုက် သွားမည် ဟုဆို.....


- ကချင်လက်နက်ကိုင်အဖွဲ့ စစ်မက်လိုလားသူ၊ ငြိမ်းချမ်းရေးမလိုလားသူ၊တပ်ရင်း(၁၀) တပ်ရင်းမှူးမှ ၎င်း၏လက်အောက်ခံတပ်မှူးများအား စစ်တပ်နှင့်သူရဲ့လက်အောက် က နယ်ခြားစောင့်တပ်၊ ပန်ဝါပြည်သူ့စစ်တွေကို သူတို့နယ်မြေဖြစ်တဲ့ ဆော့လော်၊ မန်ကျီ၊ လောခေါင်၊ ဖရဲ၊ လဂွေဒေသထဲကိုဝင်လာရင် တိုက်ခိုက်သွားရမယ်လို့ တပ်မဟာ(၁)ကနေ ညွှန်ကြားထား တာကြောင့် လက်အောက်ခံ KIA တပ်မှူးတွေက ဆော့လော်၊ မန်ကျီ၊     လောခေါင်ဒေသကရွာ သားတွေကို လိုက်လံပြောဆိုသတိပေး   နေတဲ့အတွက်   ဒေသခံပြည်သူလူထုမှ အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

- ဒီသတင်းနဲ့ပတ်သက်လို့ ချီဖွေမြို့ခံတစ်ဦးကို မေးကြည့်ရာမှာ “ ကျွန်တော်တို့ မေခမြစ်အရှေ့ခြမ်းတစ်ခွင်လုံးမှာ အရင်က ဦးဇခုန်တပ်တွေဘဲရှိတယ်၊ အခု နယ်ခြား စောင့်တပ်ပေါ့ ဒေသခံတွေက   လော်ဝေါ်လာချိတ်တွေချည်းဘဲ ဘာဂျိန်းဖောမှ မရှိဘူး... ၂၀၁၂ ခုနှစ်၊ သင်္ကြန်ပြီးတော့ တပ်မဟာ(၁)နဲ့ ရင်း(၁၀)က အင်အား ၂၀၀ ကျော် မေခမြစ်အနောက် ဘက်ကမ်းကနေ အရှေ့ဘက်ကိုကူးလာပြီး နယ်ခြားစောင့် တပ်တွေကို လိုက်တိုက်တယ်လေ စစ်တပ်နဲ့ပေါင်းပြီး ပြန်ချတော့ ထွက်ပြေးပြီး ကျောက်တိုင် ၆ နဲ့ လောခေါင် မျောမောတ ၀ိုက်မှာနေ ကြတယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်တော့ စစ်တပ်ကမတိုက်တော့ဘူးလေ၊  ဒါနဲ့ဘဲ KIA ကစခန်းတွေ လိုက်ဆောက်တာမနည်းတော့ဘူး၊ အခုတော့     မေခမြစ်အရှေ့ခြမ်းကို သူတို့နယ်မြေတဲ့ ၀င်လာရင် အကုန်တိုက်မယ်ဆိုပြီး လျောက်ပြောနေပြီ၊ KIA က ကုလားအုပ်လိုဘဲ ခေါင်းလေးဝင်ပြီး တစ်ကိုယ်လုံးလည်းရရော ပိုင်ရှင်ကို ကန်ထုတ်ပစ်တယ် ” လို့ ပြောပြပါတယ်။

- ပန်ဝါပြည်သူ့စစ်တစ်ဦးကတော့ “ ဒီမေခမြစ်အရှေ့ခြမ်းမှာ တစ်သက်လုံး ကျွန်တော် တို့ NDA(K)ဘဲ နေလာတာ KIA ကနေခွဲထွက်ပြီးကတည်းက ကျွန်တော်မျိုးနွယ်စု လော်ဝေါ်လာ ချိတ်တွေချည်းဘဲနေတာ အသွင်ပြောင်းလိုက်လို့ NDA(K)မရှိတော့တာ ဒါပေမယ့် အခု KIA ၀င်လာ လို့ ပြည်သူ့စစ်တွေဖွဲ့ပြီး ကိုယ်ကိုကိုယ် ကာကွယ်နေရ တယ်၊ ဒီဒေသမှာ သူတို့ချုပ်ကိုင်ပြီး ရင် မြေ ဇာပုံ တောင်ကတုံးဘဲကျန်တော့မှာ၊ အခု KIA က ငြိမ်းချမ်းရေးအကြောင်းပြပြီးနေရာတွေခွဲလာတာဆော့လော်တောင်သွားမရတော့ဘူး၊ မေခမြစ်အရှေ့ခြမ်းမှာ KIA ကို ဘယ်နည်းနဲ့မှ လက်ခံလို့ မရဘူး၊ စစ်တပ်ကမတိုက်လဲ ကျွန်တော်တို့က နေမရအောင်လုပ်ရမှာဘဲ ဘယ်ဒေသခံကမှ KIA ၀င်လာတာကို မကြိုက်ကြဘူး ” လို့ ဆိုပါတယ်။

- ဒီလိုအခြေအနေတွေဖြစ်ပေါ်နေတာကြောင့် မေခမြစ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေပြန် ဖြစ် လာနိုင်တယ်လို့ ကချင်အရေးလေ့လာသူတစ်ဦးက သုံးသပ်ပြထားပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...