Tuesday, September 3, 2013

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ မြန်မာနိုင်ငံလာမည်




ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သတင်းရ သည်။ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့်
၎င်း၏ ဘလဲအကူအညီပေးရေး ရုံးသို့ လာရောက်မည် ဖြစ်ကြောင်း၊ အဆိုပါရုံးမှာ
နိုင်ငံရပ်ခြား အထောက်အပံ့များ ပေးအပ်ခြင်း၊ စီးပွားရေး နှစ်ရှည်လုပ်ကိုင်ရေး အကြံပေးဆွေးနွေးခြင်း၊ လူမှုစီးပွားရေး ပြန်လည် ထူထောာင်ရေး အတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
တိုနီဘလဲ သည် ဗြိတိသျှ လေဘာပါတီဝင် တဦးဖြစ်ပြီး ၁၉၉၇ ခုနှစ် မှ ၂၀၀၇ အထိ
ဝန်ကြီးချုပ် တာဝန်ယူခဲ့သည်။

-  Irrawaddy

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...