Sunday, September 1, 2013

မိုးမောက်မြို့နယ်တွင် လူသစ်မပေးနိုင်၍ဟု အကြောင်းပြကာ KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရှမ်းတိုင်းရင်းသား(၆)ဦး ပြန်လည်လွတ်မြောက်

မိုးမောက်မြို့နယ်တွင် လူသစ်မပေးနိုင်၍ဟု အကြောင်းပြကာ KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရှမ်းတိုင်းရင်းသား(၆)ဦး ပြန်လည်လွတ်မြောက်


ကချင်ပြည်နယ် မိုးမောက်မြို့နယ် မန်နောင်၊ ခုံးဆင်၊ နောင်ပေါ်ကျေးရွာများမှ ရှမ်းတိုင်းရင်းသား(၆)ဦးအား သြဂုတ် ၂၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့တစ်ဖွဲ့မှ လူသစ်မပေးနိုင်၍ဟု 

အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သြဂုတ် ၂၈ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေသခံအချို့ခံမှ သိရသည်။

“ကျွန်တော်တို့ရွာကို လူသစ်(၁၅)ယောက်ပေးရမယ်လို့ ကချင်လွတ်မြောက်ရေးတပ်က တောင်းပါတယ်၊ မပေးနိုင်လို့ဆိုပြီး ပြီးခဲ့တဲ့ တစ်ပတ်က လာဖမ်းသွားတာပါ၊ လိုင်ဇာကိုခေါ်သွားပြီး ကျွန်တော်တို့ကို အချုပ်ခန်းထဲ မှာ ထားပါတယ်။ ဟိုတစ်နေ့က ပြန်လွှတ်လာတာပါ” ဟု ပြန်လည်ရောက်ရှိလာသော မန်နောင်ကျေးရွာသား တစ်ဦးက ပြောပြသည်။

ပြန်လည်လွတ်မြောက်လာသော ခုံးဆင့်ရွာသားတစ်ဦးကလည်း“မန်နောင်၊ ခုံးဆင့်၊ နောင်ပေါ် သုံးရွာပေါင်း လူသစ်(၅၀)ပေးဖို့ ကချင်လွတ်မြောက်ရေးတပ်က တောင်းပါတယ်။ ကျွန်တော်တို့ရွာက(၁၆)ယောက် ပေးရမှာ ပါ။ မပေးနိုင်တဲ့အတွက် ဟိုတစ်ပတ်ကျော်ကလာပြီး ဖမ်းသွားတာပါ၊ သုံးရွာပေါင်းရွာသား(၆)ယောက်အဖမ်းခံ ခဲ့ရပြီး ဟိုတစ်နေ့ကမှ ပြန်လွှတ်လာတာပါ” ဟု ပြောပြခဲ့သည်။

အဆိုပါရွာ(၃)ရွာမှ ဖမ်းဆီးခံရသော ရွာသား(၆)ဦးမှာ အုပ်ချုပ်ရေးမှူး(၂)ဦး အတွင်းရေးမှူး(၁)ဦးနှင့် သာမန် ရွာသား(၃)ဦးတို့ ဖြစ်ကြကြောင်း၊ 

လိုင်ဇာ၌ အချုပ်ခံရစဉ် ယူသွားသောငွေများအား 
ဆက်ကြေးငွေအဖြစ် ပေးသော်လည်း KIA မှ လက်မခံကြောင်း၊
 တောင်းထားသော လူသစ်(၅၀)ကိုသာ မဖြစ်ဖြစ်အောင် ပေးရမည် ဟု ပြောကြားကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံများမှာ 
ရှမ်းတိုင်းရင်းသားများဖြစ်၍ KIA အဖွဲ့ထဲသို့ လူသစ်အဖြစ်ဝင်ရောက်လိုသော ဆန္ဒမရှိကြောင်း၊ ကျေးရွာများတွင် အရွယ်ရောက်သော ရှမ်း လူငယ်များမှာ မနေထိုင်ကြတော့ဘဲ အခြားမြို့၊ ရွာများသို့ ထွက်ခွာသွားကြပြီးဖြစ်၍
 အသက်ကြီးသူများသာ ကျန်ရှိတော့ကြောင်း၊ ရှမ်းတိုင်းရင်းသားရွာများအပေါ်
 KIA မှ ယခုလိုအနိုင်ကျင့်နေခြင်း လူသစ်စုဆောင်းနေမှု အပေါ် တာဝန်ရှိအစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများမှ တရားဥပဒေနှင့်အညီ တာဝန်ယူဖြေရှင်ပေးစေလိုကြောင်း ဒေသခံရှမ်းလူမျိုးများ၏
 ပြောပြချက်အရ သိရှိရပါသည်။

စိုင်းအောင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...