Wednesday, September 4, 2013

ကင်ဂျုံအန်၏ မိတ်ဆွေ ရော့ဒ်မန် မြောက်ကိုရီးယားသို့ သွားရောက်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ မိတ်ဆွေ ဘက်စကတ်ဘော ကစားသမား ဒန်းနစ်ရော့ဒ်မန်သည် ယခုနှစ်အတွင်း ၎င်း၏ဒုတိယမြောက် ခရီးစဉ်အဖြစ်        မြောက် ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် ခဲ့သည်။

ရော့ဒ်မန်၏ခရီးစဉ်မှာ မြောက်ကိုရီးယားတွင်အကျဉ်းကျခံနေရသော အမေရိကန်သာသနာပြု ကဲနက်ဘေး လွတ်မြောက်ရေးအတွက် သွားရောက်ခြင်းဖြစ်သည်ဟု အများ၏ ထင်မြင်ချက်ကိုမူ ရော့ဒ်မန်က ငြင်းဆိုခဲ့ပြီး ယင်းအတွက် ဘာမျှ ကတိပေးထားခြင်းမရှိဟု ဆိုသည်။

"ကျွန်တော် မြောက်ကိုရီးယားသွားတာ ကျွန်တော့်သူငယ်ချင်း ကင်နဲ့ တွေ့ဆုံဖို့ပါ" ဟု ရော့ဒ်မန် က ပြုံယမ်းသို့သွားရောက်ရန် ပေကျင်းလေဆိပ်၌ ကူးပြောင်းစဉ် စက်တင်ဘာ ၃ ရက်က သတင်းထောက်များကို ပြောကြားခဲ့ သည်။

ရော့ဒ်မန်သည် ဖေဖော်ဝါရီလအတွင်းက အားကစားမြှင့်တင်ရေးနှင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး အတွက် သွားရောက်စဉ်က ပထမအကြိမ် ကင်နှင့်တွေ့ဆုံခဲ့သည်။ အမေရိကန်တာဝန်ရှိ သူများက ယခုခရီးစဉ်နှင့် ပတ်သက်၍ဘဝင်မကျသော်လည်း ဘက်စကတ်ဘောသံတမန်နည်းလမ်းက ဆက်ဆံရေးကို    နွေးထွေးစေနိုင်သည်ဟု ရော့ဒ်မန်က ယူဆခဲ့သည်။

အေပီ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...