Sunday, September 1, 2013

လက်တွေ့ဘ၀နှင့် အလားအလာ



ထမင်းဝိုင်းတစ်ခုတွင် အငယ်ဆုံးသားဖြစ်သူက သူ့အဖေအား မေးခွန်းတစ်ခုမေးသည်။
“ ဒက်ဒီ… အလားအလာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ လက်တွေ့ဘ၀ ဘယ်လိုခွဲမလဲဟင်”

အဖေဖြစ်သူက မိန်းမကို တချက်လှည့်ကြည့်ပြီး …..
“ မင်းကို ဒေါ်လာတစ်သန်းပေးမယ်ဆိုရင် မင်းသား နေတိုးနဲ့ တစ်ညအိပ်နိုင်မလား ”
“ အသေအချာပဲပေါ့၊ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးကို လက်လွတ်ခံလို့ဘယ်ဖြစ်လိမ့်မလဲ ”

ဆယ်ကျော်သက် သမီးဖြစ်သူဘက် တချက်လှည့်ပြီး မေးလိုက်ပြန်သည်……
“ သမီးရော ဒေါ်လာတစ်သန်းရမယ်ဆိုရင် စိုင်းစိုင်းခမ်းလှိုင်နဲ့ တစ်ညအိပ်နိုင်မှာလား ”
“ အိုး…. တကယ်ကြီးလား၊ သူက သမီးတို့ အသည်းစွဲပဲဟာ ဘာလို့ မအိပ်နိုင်ရမှာလဲ ”

တချိန်လုံး ဘာသံမှမထွက်သော အကြီးဆုံးသားဖက်ကို လှည့်ပြီး ထပ်မေးလိုက်ပြန်သည်…..

“ မင်းရော… ဒေါ်လာ တစ်သန်းရမယ်ဆိုရင် အောင်ရဲလင်းနဲ့ တညအိပ်နိုင်မလား ”
တချက် တွေဝေသွားပြီးနောက်….

“ ဘာလို့ မအိပ်ပေးနိုင်ရမှာလဲ၊ ဒီလောက်များတဲ့ ပိုက်ဆံတွေရမှာပဲဟာ၊
ဖြစ်တယ် ”

အဖေဖြစ်သူက သားအငယ်ဆုံးဘက်ကို ပြန်လှည့်လိုက်ပြီး…..

“ တွေ့တယ်မလားသား….၊ အလားအလာအနေနဲ့ ပြောရရင်
ငါတို့တွေ မီလျံနာသုံးယောက်နဲ့ တူတူထိုင်နေကြတယ်။
လက်တွေ့ဘ၀ကတော့ မိန်းမပျက် နှစ်ယောက်နဲ့ အခြောက်တစ်ကောင်နဲ့ တူတူထိုင်နေကြတယ်ကွဲ့… ”

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...