မြန်မာနိုင်ငံမှ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌတာဝန်ယူနေစဉ် ၂၀၁၄ မတ်လတွင် မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများအားလုံးကို အမေရိကန်နိုင်ငံ ဟာဝိုင်အီ၌ အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် စစ်ဘက်ရေးရာနည်းပညာများ လေ့လာနိုင်ရန် ဖိတ်ကြားလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က မြန်မာကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ တည်ငြိမ်စွာအသွင်ကူးပြောင်းနိုင်မှုကို အသိအမှတ်ပြုပြီး အိုဘားမားအစိုးရက ကူညီရန်အသင့်ရှိကာ နောင်နှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းယူမည်ကို ကြိုဆိုပါကြောင်း ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော အမေရိကန် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် သြဂုတ်လ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို လာမည့်အောက်တိုဘာလတွင် ဘရူနိုင်းတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေး၌ သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ကာ ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူမည် ဖြစ်သည်။ အလှည့်ကျဥက္ကဋ္ဌရာထူး တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံက အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူလက်ခံကျင်းပရမည်ဖြစ်သည်။ ထိုသို့ ထမ်းဆောင်စဉ် ၂၀၁၄ မတ်လ၌ မြန်မာအပါအ၀င် အာဆီယံကာကွယ်ရေးဝန်ကြီးများကို အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် ပုလဲဆိပ်ကမ်းအပါအ၀င် အမေရိကန်တပ်ဖွဲ့များနှင့် စစ်ဘက်ရေးရာ နည်းပညာများ လေ့လာနိုင်ရန် ဟာဝိုင်အီသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ဖိတ်ကြားမှုကို လက်ခံ၊ မခံကိုမူ သတင်းမရရှိသေးပေ။
မြန်မာနှင့်အမေရိကန် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံခြင်းမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
ဝန်ကြီးနှစ်ဦး တွေ့ဆုံရာတွင် စစ်ဘက်ရေးရာကိစ္စများ၌ လူသားချင်းစာနာထောက်ထားသော အရေးပေါ်အကူအညီများ၊ သဘာဝဘေးအန္တရာယ်များမှ ကယ်ဆယ်ကုသရေး လုပ်ငန်းများ(HADR) နိုင်ငံများကို ဘရူနိုင်းတွင် ဆောင်ရွက်သကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဟေဂယ်လ်က ဆွေးနွေးခဲ့သည်။
အရှေ့တောင်အာရှသည် အမေရိကန်အတွက် အထူးအရေးပါသောဒေသဖြစ်ပြီး အမေရိကန်သည် အရှေ့တောင်အာရှတွင် တပ်မတော်မှတပ်မတော် ဆက်ဆံရေး၊ ပြည်သူမှ ပြည်သူချင်း ဆက်ဆံရေးတို့ကို အခြေခံသည့် Defence Diplomacy ကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
Sgt. Aaron Hostutler U.S. Marine Corps
Gambling Laws - DrmCD
ReplyDeleteA 오산 출장안마 definition of gambling laws to 통영 출장마사지 be found on a regular 영주 출장샵 basis. 서귀포 출장마사지 casino, card games, roulette, poker, sports betting, bingo, blackjack, 고양 출장샵