တစ်ခါတုန်းက ခရစ်ယာန်တွေနေတဲ့ တံငါရွာလေးတစ်ခုရှိတယ်။
တံငါရွာဆိုတော့ ရွာထဲက ယောက်ျားတွေအားလုံးနီးပါးက
ပင်လယ်ကို ငါးဖမ်းထွက်တဲ့အခါ ရွာမှာ မိန်းမတွေအများစု ကျန်ခဲ့ကြတာပေါ့။
အဲဒီလိုနဲ့ ရွာထဲက မိန်းမတွေက ယောက်ျားတွေပင်လယ်သွားရင် ဖောက်ပြန်ကြတာပေါ့
ပြီးတော့ သူတို့က ရွာဘုရားကျောင်းက သင်းအုပ်ဆရာဆီမှာ သွားသွားပြီး အပြစ်ဝန်ခံကြတယ်။
ရွာထဲက မိန်းမတော်တော်များများ ဖောက်ပြန်ပြီး အပြစ်ဝန်ခံတာများလာတော့
ဖာသာလည်း စိတ်ရှုပ်လာတယ် အဲဒါနဲ့ သူက မိန်းမတွေကို မှာထားတယ်
နောက်တစ်ခါနင်တို့ ဖောက်ပြန်လာပြီးရင် ဖောက်ပြန်တယ်လို့မပြောနဲ့ ချော်လဲတယ်လို့ပြောဆိုပြီးမှာလိုက်တယ်
အဲဒီလိုနဲ့ အချိန်ကြာတော့ ဖာသာက အသက်ကြီးပြီး
သူ့ဇာတိသူ ပြန်ရမယ့်အချိန်ကျတော့ နောက်ရောက်မယ့်
ဖာသာအသစ်ကို မစောင့်နိုင်တာနဲ့ ရွာသူကြီးကို ခေါ်ပြီးမှာတယ်
သူကြီးရေ နောက်ဖာသာရောက်လာရင် ချော်လဲတယ်ဆိုတဲ့စကားလုံးကို
ရှင်းပြပေးပါဆိုပြီး သူကမှာခဲ့တယ်.... ဖာသာအသစ်ရောက်လာတော့
သူကြီးလည်း သူ့အလုပ်နဲ့ သူရှုပ်နေတော့ အရင်ဖာသာမှာခဲ့တာကို ပြောဖို့မေ့သွားတယ်.. တစ်ရက်ကျတော့ ဖာသာအသစ်က သူကြီးအိမ်ရောက်လာပြီးပြောတယ်...
သူကြီးရေ ရွာထဲကလမ်းတွေတော့ ပြင်ဖို့ကောင်းနေပြီဆိုပြီး
သူကြီးကပြန်မေးတယ် အကောင်းကြီးရှိပါသေးတယ်ဖာသာရယ်
ပြင်ဖို့မလိုပါဘူးလို့ပြောတော့ ဖာသာက ရွာထဲက မိန်းမတွေ ခဏခဏချော်လဲလို့ သူ့ဆီလာပြောတဲ့အကြောင်းလည်း ပြောရော
သူကြီးက သတိရပြီး ထရယ်တယ်
အဲဒါနဲ့ ဖာသာက ပြောလိုက်တယ်
ဟေ့သူကြီး ခင်ဗျား ရယ်မနေနဲ့ဗျ ဒီတစ်ပတ်ထဲတင်
ခင်ဗျားမိန်းမ ချော်လဲတာ (၃)ခါရှိပြီလို့ပြောလိုက်တယ်........
0 comments:
Post a Comment