အနောက်ဖက်ဆီမှ.....
ဘင်္ဂလီကုလားများ၏ ဘူမိနက်သန် ဘင်္ဂလားဒေ့ရှင်္နိုင်ငံအကြောင်းမှ စပြောရမည်ဆိုလျှင် ပါကစ္စတန်ပြည်တွင်းစစ်ပွဲအပြီး ၁၉၇၂ ခုနှစ် ဧပြီလ (၁၀)ရက်နေ့ တွင် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွက်လာခဲ့ပြီးနောက် အာရှတွင် ဆဌမမြောက်၊ ကမ္ဘာပေါ်တွင် န၀မမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ခြင်း၊ မြေနေရာ ကျဉ်းမြောင်းပြီး လူဦးရေပေါက်ဖွားနူန်း၊ လူဦးရေသိပ်သည်းမှုအနေဖြင့် တစ်စတုရန်းကီလိုမီတာတွင် (၁၀၀၂)ယောက် နေထိုင်၍ လူနေထူထပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်စာရင်းတွင် ပါဝင်ခြင်း၊ စာတတ်မြောက်မှု အနည်းဆုံးနှင့် ကလေးမွေးဖွားပြီး သေဆုံးနှုန်း များပြားခြင်း၊ မွတ်စလင်လူဦးရေ ဒုတိယ အများဆုံးဖြစ်ခြင်း၊ နှစ်စဉ် သဘာဝဘေးအန္တရာယ်ခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဘာသာရေးအရ ကွဲပြားခြားနားခြင်းနှင့် လူဦးရေပေါက်ကွဲမှုမှ တဆင့် အိမ်နီးချင်းနိုင်ငံများသို့ စိမ့်ဝင်မှုများပြားခြင်း စသည်တို့ကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့့် လုံခြုံရေးအားခြိမ်းခြောက်နေသော နိုင်င်ငံတစ်နိုင်ငံအဖြစ်တည်ရှိနေကြောင်း တွေ့မြင်ရမည်
ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် "Friendship to all, malice to none"ဟူသော အခြေခံ နိုင်ငံခြားရေးမူဝါဒ ကိုင်ဆွဲထားသော်လည်း နိုင်ငံတကာ၏ အကူအညီရယူသော နိုင်ငံဖြစ်၍လည်း နိုင်ငံတကာနှင့် "Adaptor Behaviour" ခေါ် လိုက်လျောညီထွေနေရသော နိုင်ငံဖြစ်သဖြင့် အလှူရှင်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှု မလွန်ဆန်နိုင်သော နိုင်ငံဖြစ်ခြင်း၊ လူဦးရေသိပ်သည်းမှု များပြားခြင်း (Population Burst) အပေါ် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများမှလည်း စိုးရိမ်ပူပန်မှုရှိခြင်း၊ နှစ်စဉ်သဘာဝ ဘေးအန္တရာယ် ခံစားရပြီး ဆင်းရဲမွဲတေမှုနှုန်းမြင့်မားမှုအပေါ် ဘာသာရေးအစွန်းရောက် အသေခံ အကြမ်းဖက်သမားများ၏ စည်းရုံးမှုမှတဆင့်လည်း အိုစမာဘင်လာဒင်လက်သစ် အမြောက်အများ ပေါ်ထွက်လာမည်ကိုလည်း နိုင်ငံတကာမှ စိုးရိမ်ပူပန်လျက် ရှိခြင်းတို့ကြောင့် ၀ိုင်းဝန်းထောက်ပံ့မှုများ ပေးနေရသည်ကိုတွေ့ရသည်။
ဤသို့ အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခန်းကန်ဏမှာ ဒေသအတွင်းတွင် မရှိလျှင်မဖြစ်သည့် ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်နိုင်မည့် အခြေအနေမှာ နိုင်ငံစွမ်းအား အခြေအနေအရ မဖြစ်နိုင်သော်လည်း ဆင်းရဲမွဲတေမှုမြင့်မားသော၊ လူဦးရေများပြားလွန်းသော၊ နှစ်စဉ် သဘာဝဘေးအန္တရာယ် ခံစားနေရသော အဆိုပါနိုင်ငံအား နိုင်ငံတကာမှသော်လည်းကောင်း၊ ဒေသတွင်း နိုင်ငံများကသော်လည်းကောင်း လစ်လျူရှုထားမည်ဆိုပါကလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေမည့် အသေခံ အကြမ်းဖက်သမားများ ပေါက်ဖွားရာ နိုင်ငံဖြစ်လာနိုင်သဖြင့် အရေးကြီးသည့် အခန်းကဏမှ မပါသော်လည်း အရေးပါသည့် အခန်းကဏတွင်ရှိနေသော နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့ရှိနိုင်သည်။
ဘင်္ဂါလီပြဿနာကိုကြည့်မည်ဆိုပါက ယနေ့ ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတကာ အထောက်အပံ့ပိုမိုရရှိရေး Bilateral Issues မှ International Issues သို့ရောက်ရှိစေရန် ဦးတည်နေကြောင်းတွေ့ရသည်။ ရိုဟင်ဂျာအမည်မှာ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွင် လုံးဝမရှိသော အမည်ဖြစ်သည်။
ဘင်္ဂလီကုလားများ လာရောက်မှုသည် ဗြိတိသျှလက်အောက် မတိုင်မီကပင်ဖြစ်သော်လည်း ၁၈၅၀ ခုနှစ်နောက်ပိုင်း ဗြိတိသျှတို့မှ စပါးရိတ်သိမ်းရန်နှင့် ၁၈၅၆ ခုနှစ် စူးအက် တူးမြောင်းဖွင့်လှစ်နိုင်၍ ဆန်စပါးလုပ်ငန်း ပိုမိုတွင်ကျယ်လာမှုအပေါ် ဗြိတိသျှမှ လုပ်အားဈေးချိုသော ဘင်္ဂလီကုလားများအား ငှားရမ်းအသုံးပြုရာမှ စတင်များပြားအခြေချလာခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံရေးလောဘသားများကြောင့် တရားဝင်မှတ်ပုံတင်များရရှိ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဘင်္ဂလီများပို၍ များပြားလာခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရလျှင်ရခြင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေအား မွတ်ဆလင်ပြည်နယ်ပေးရေး တောင်းဆိုကာ အကြမ်းဖက်သောင်းကျန်းလာမှုကြောင့် ၁၉၄၈ မှ ၁၉၅၄ ခုနှစ်အထိ မြန်မာ့တပ်မတော်မှ နှိမ်နှင်းခဲ့သည်။
တစ်ဖက်မှလည်း ၁၉၅၁ ခုနှစ် ဇွန်လတွင် မောင်တောမြို့နယ် အလယ်သံကျော်တွင် မွတ်စလင်ညီလာခံကျင်းပ၍အစိုးရသို့ ရခိုင်မြောက်ပိုင်းအား သီးခြားမွတ်ဆလင်ပြည်နယ်နှင့် တောင်ပိုင်းအားရခိုင်နှင့်တန်းတူ အခွင့်အရေးပေးရန် ပါဝင်သော (၁၁) ချက်ပါတောင်းဆိုချက်ဖြင့် အိတ်ဖွင့်စာပေးခဲ့သည်။
တစ်ချိန်တည်းတွင် ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့ (ရတည) သည် ၁၉၆၀ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ရာ ဦးနုခေါင်းဆောင်သည့် (ပထစ) ပါတီမှ ရခိုင်ပြည်နယ်ပေးပါမည်ဟု ကတိပြုချက်ဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာတိုင်းရင်းသားမဟုတ်သော ဘင်္ဂလီများမှာလည်း ပြည်နယ်မရနိုင်မှုကိုသိလာ၍ ရခိုင်တိုင်းရင်းသား မွတ်စလင်အဖြစ် ပါလီမန် အမတ်ဟောင်း မစ္စတာဂဖားမှ စတင် လိမ်ညာဖော်ထုတ်ရာမှ "ရိုဟင်ဂျာ" အမည်တွင်လာခြင်းဖြစ်သည်။ ၄င်းဝေါဟာရကိုပင် ဘင်္ဂလီသမိုင်းပညာရှင်မှ ရခိုင်ပြည်အားဘင်္ဂလီဘာသာဖြင့် " ရိုဆင်" ခေါ်ဆိုမှု၊ အင်္ဂလိပ်သုတေသီမှ ဘင်္ဂလီများက ရခိုင်အား ကုလားသံဖြင့် "ရိုဟင့်သှ်ျ" ဟုခေါ်ရာရခိုင်များကလည်း ကုလားသံတိုင်း ပီပီသသမပြောနိုင်၍ "ရွင့်" ဟုခေါ်ကာ ရခိုင်လူမျိုးအား "ရွင့်ဂျာ" ဟုခေါ်ဆိုမှု၊ ရခိုင်ပြည်နယ် မြောက်ဦးအနီး ရွာဟောင်းရွာရှိရာ ၄င်းအား စစ်တကောင်းသားဘင်္ဂလီများက ရွာဟောင်းရွာအား "ရိုဟင်"ဟုခေါ်ဆိုကြပြီး ရွာသားဟား "ပါယာဂျာ" ဟုခေါ်ဆိုရာ ရွာဟောင်းရွာသားများအား "ရိုဟင်ဂျာ"ဟု ခေါ်ဆိုကြောင်း ဖော်ထုတ်ထားမှုအားတွေ့ရှိရသည်။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ပါတီစုံဖွဲ့စည်းရာတွင်လည်း ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောရှိ ဘင်္ဂလီနိုင်ငံရေးပါတီများက မဲဆွယ်မှုအဖြစ် ရိုဟင်ဂျာဟုမှည့်ခေါ်၍ တရားဝင်နိုင်ငံသားဖြစ်ရေး ဦးတည်လာခဲ့ပြန်သည်။ ၄င်းကိစ္စအရ ၁၉၈၈ခုနှစ် ပုံပေါက်သာကျော်မှ စာမျက်နှာ (၃၃၈) မျက်နှာပါရှိသော" ရိုဟင်ဂျာနှင့်ပတ်သက်သော ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများပြဿနာသုတေသနစာတမ်း" အဖြစ်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌထံသို့ (၁၃-၁၁-၈၉) ရက်နေ့တွင် "ရိုဟင်ဂျာအန္တရာယ်ကြီး" ခေါင်းစဉ်ဖြင့် ဖြစ်ရပ်မှန် တင်ပြထားကြောင်းတွေ့ရသည်။
အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်းပြဿနာများအရ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် အဓိကကျသည့် အနေအထားတွေ့ရှိရသည်။ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်၏ ပြည်ပ ခြိမ်းခြောက်မှုအန္တရာယ်အဖြစ် ရှုမြင်ထားသကဲ့သို့ အိန္ဒိယမှလည်း ဘင်္ဂလားဒေ့ရှ်အား အင်အားကြီးနိုင်ငံများ၏ ၀င်ရောက်စွက်ဖက်မှုမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်မှုသည်လည်း မြန်မာနိုင်ငံအတွက် ကြီးမားသော ပြဿနာတစ်ရပ်အဖြစ်လည်းကောင်း၊ လူဦးရေစီးဝင်မှုအား မတားဆီးနိုင်ပါက ရေရှည်တွင် ယူဂိုဆလားဗီးယားနိုင်ငံရှိ ဆာ့ဘ်နှင့် အယ်ဘေးနီးယား ခွဲထွက်မှုအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း သတိပြုကြစေလိုပါတယ်ခင်ဗျာ...။
ဘင်္ဂလီကိစ္စဆိုတာ အခုမှဖြစ်တဲ့ပေါ်ပင်ကိစ္စမဟုတ်ဘူးဆိုတာ မသိရှိလိုက်၊မမှီလိုက်သော ယနေ့ခေတ်လူငယ်များ ဗဟုသုတရစေရန်နှင့် အန္တရာယ်တစ်ခုအနေဖြင့် လူတိုင်းသိရှိနိုင်စေရန် ရည်ရွယ်ပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းက အမျိုးသားရေးတာဝန်တရပ် အနေဖြင့် အထက်ပါပြဿနာများအား ကြိုတင်မျှော်တွေးပြီး စည်းရိုးကာရံခြင်းများ၊ တံတိုင်းများကာရံခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ပင်လယ်ပြင်ပိုင်နက် အရေးအခင်းပြီးနောက် ကီလိုမီတာ (၂၃၀) ရှည်တဲ့ မြန်မာ-ဘင်္ဂလား နယ်စပ်တလျှောက် သံဆူးကြိုးကာရံခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ၂၀၀၉ ခုနှစ်ကုန်မှာ (၇၀) ကီလိုမီတာအထိ ပြီးစီးခဲ့ကြောင်း သိရပါတယ်။ စိုင်တင်မြစ် ရေအားလျှပ်စစ်ကနေရရှိတဲ့ လျှပ်စစ်ကိုသုံးပြီး ဓါတ်အားလွှတ်နယ်စပ်သံဆူးကြိုး စီမံချက်အရမြန်မာဘက်က အမြန်ဆုံးပြီးအောင် ကာရံနေတာပါ။
သို့သော်လည်း ယခု အတိုက်အခံပါတီကြီး အပြင် ပြည်ပရှိမီဒီယာအချို့မှ အထက်ပါ ခြံစည်းရိုးကာရံခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများအဖြစ် ပြင်းပြင်းပြင်းထန်ထန်ဝေဖန်ပြီး လူနည်းစုများအား တပ်မတော်မှနှိပ်ကွပ်နေသယောင် ပုံဖော်ခဲ့ကြတာကိုလည်း ၂၀၀၈-၂၀၀၉ ခုနှစ်လောက်မှာ ဘလော့အချို့ ၀က်ဆိုဒ်အချို့ကို ဖတ်သောသူအချို့လည်း မှီလိုက်ဦးမှာပါ။
အထူးသဖြင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး အမြဲအော်နေတဲ့ အနောက်နိုင်ငံကြီးတစ်ခုကိုပဲ နမူနာကြည့်ပါ။ သူ့ကိုဆန့်ကျင်တဲ့သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လူ့အခွင့်အရေးအတွက်ဆိုပြီး လွှတ်ပေးလိုက်တာတော့ တစ်ခါမှမကြားဖူးသေးပါဘူး။
ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံရဲ့အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် မည်သူ့ကိုမျှ ညှာတာနေမှာ မဟုတ်ဘူးဆိုတာပါပဲ။
ဆိုချင်တာက ဒီကိစ္စတွေဟာ အမျိုးသားရေးကိစ္စပါ။ လူ့အခွင့်အရေးကိစ္စမဟုတ်ပါဘူး။
အထူးသဖြင့် လူမျိုးရေး၊ အမျိုးသားရေး ကိစ္စတွေမှာ ကိုယ့်ပါတီမဲရပြီးရော၊ ထောက်ခံရင်ပြီးရော သဘောဖြင့် နိုင်ငံရေးအရောင် ဆိုးချင်နေကြသော ပါတီအချို့လည်း ဆင်ခြင်နိုင်ကြပါစေခင်ဗျာ....။
- myanmardailystar