ဆဲတော့ ခံရနိုင်တယ် ပြောတော့ပြောရမှာပဲ မြန်မာပြည်သူတွေတစ်ချို့ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ညံ့တယ် ဒါလွတ်လပ်ရေးဖခင်အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်းမြန်မာတွေကို ဒီစိတ်ဓါတ်တွေကို ပြင်ဖို့လဲပြောခဲ့ပြီးသား ခနခနလဲပြောခဲ့တယ် ဒိထက်ပိုပြောရရင် တော့ မြန်မာတွေထဲမှာ တစ်ချို့တော်တော်များများဟာ စိတ်ဓါတ်ပိုင်း အောက်တန်းကျနေသေးတယ်။
လွတ်လပ်ရေး ရခါနီးတော့လဲ ဆန်တွေလုကြဘာကြဖြစ်တော့ လဲ တပ်က ၀င်ထိန်းရတယ် အင်္ဂလိပ်က မြန်မာစစ်တပ်ကို မင်းတို့ လူတွေမင်းတို့ဟာမင်းတို့ ထိန်းဆို လုပ်ပလိုက်တော့ ဘာပြောကောင်းမလဲ ပစ်ရခတ်ရတာပေါ့ အဲ့တော့ သေကုန်တယ်။
စစ်တပ်ကတော့ သူ့ရှေ့မှာ လုဟယ်ယက်ဟယ် သတ်ဟယ်ဖြတ်ဟယ်
ဆူဆူပူပူ လုပ်ရင်တော့ ဒါတာဝန်အရ နှိမ်နင်းမှာပဲ။နောက်တစ်ခါ၈၈ ဖြစ်တယ် ဘာမှမဟုတ်တဲ့ကိစ္စ လက်ဖက်ရည်ဆိုင် ကက်ဆက်ခွေဖွင့်တဲ့ကိစ္စဖြစ်တယ်။
ထောင်ကားထဲလူတွေ ညှပ်ပိတ်ပြီးသေကုန်တယ် အရေးယူတယ် ပြည်ထဲရေး ၀န်ကြီးပြုတ်တယ်။ဆန္ဒတွေပြကြတယ် ပစ်ပလားအဲ့တုန်းက မလိမ်ကြေး မပစ်ပါဘူး။မဖမ်းသေးပါဘူး။ဦးနေ၀င်း ပြောတယ် နိုင်ငံရေးအပြောင်းအလဲလုပ်ပေးမယ် ပါတီစုံစနစ်နဲ့ တစ်ပါတီစနစ်ကြိုက်ရာရွေးတွေပြောခဲ့တယ်။
နောက်သူကိုယ်တိုင် ဆင်းသွားတယ်။ပစ်ပလား ခတ်ပလား မပစ်သေးပါဘူး မဖမ်းသေးပါဘူး။ပြကောင်းကောင်းနဲ့ ဆန္ဒတွေပြ အလွန်တွေလုပ်လာ ကြားဖြတ်အစိုးရချက်ချင်းပေးတွေဖြစ်လာ အုပ်ချုပ်ရေးစနစ်ပျက် အဆိုးဆုံး အင်းစိန်လမ်းပေါ်မယ် ဘဏ်ရိပ်သာတိုက်ပွဲဆိုပြီး စစ်ကားကို ချောင်းပစ် ပြည်သူထဲကပြည်သူချင်းတွေကို အနဲစုကို အများစုက တရားစီရင် မကျေနပ်တဲ့လူ အစိုးရသူလျှို စွဲပြီး ဖမ်းထား အိမ်ပေါ်တက် ဆန်လု စက်ရုံဖောက် ပစ္စည်းတွေဖြုတ်လု ဖြစ်ချင်တိုင်းဖြစ်နေမှတော့ စစ်အုပ်ချုပ်ရေးကြေငြာပြီပေါ့ အဲ့ဒိနေ့အထိပစ်ပြီလား မပစ်သေးပါဘူး ကဲ ခင်ဗျားတို့အုပ်ချုပ်ရင်ရော အဲ့ဒိအခြေအနေထိရောက်ရင် ပစ်မလား မပစ်ဘူးလား မလိမ်ကြေး ဖြေနော်။
၂၀၁၃ ခုနှစ် ၈လပိုင်း ဘောလုံးပွဲတစ်ပွဲ မြန်မာပြည်သူတွေထဲက ပြည်သူတွေချင်း ကန်တဲ့ပွဲ အားပေးတဲ့ပရိတ်သတ် တွေအကုန်လုံးကလဲ မြန်မာပြည်သူတွေချင်း မြန်မာပြည်ပိုင်
မြန်မာဘောလုံးကွင်းမယ်ကန်တဲ့ပွဲ။ဘာဖြစ်ခဲ့လဲ ကိုယ့်စိတ်အလိုကျမဟုတ်တာနဲ့ သောင်းကျန်းလိုက်တာ သောင်းကျန်းလိုက်တာ ဆိုတာ ဘောလုံးကွင်းအသစ်ကြီးက ခုံတွေကို ဘာမဆိုင်ညာမဆိုင် ရိုက်ချိုး ကွင်းထဲ ပိတ်ပေါက် ရုန်းရင်းဆန်ခတ်တွေဖြစ်လို့
တကယ်ဆိုရင် ပြည်ပကကျူးကျော်နေတာလဲမဟုတ်ပါဘူး ပြည်ပကစော်ကားနေတာလဲမဟုတ်ပါဘူး ကိုယ့်မြန်မာပြည်သူချင်းပါ ကိုယ့်လူမျိုးချင်းပါ ကိုယ့်တိုင်းရင်းသား နိုင်ငံသား အချင်းချင်းပါ။အဲ့လောက်ဒေါသတွေထွက် ရုပ်ပျက်ဆင်းပျက်ဖြစ်စရာလိုသလား။
အချုပ်ပြောရရင်တော့ မြန်မာတွေစိတ်ဓါတ်က မဟုတ်တဲ့နေရာကျသွားတော်နေတယ် ဆိုသလိုပဲ အောက်တန်းကျတဲ့နေရာမယ်ထူးချွန်နေတယ်။ အမေရီကန်နဲ့များသာ မြန်မာအသင်းနဲ့ ကန်ကြည့် အဲ့ အားပေးတဲ့ ပရိတ်သတ် အခုလိုသောင်းကျန်းပါ့မလား ဘယ်သောင်းကျန်းမလဲ ဂွကောင်တွေက ယန်ကီးမြင်ရင်ကို ဖင်လေးတွေ အမြှီးလေးတွေက နှံ့နေတဲ့ အပ်ချုပ်တန်းဆရာဖေကဗျာ ထဲက ခွေသို့ပမာတွေလိုပဲ နေမှာကိုဗျနော်။
မကျေနပ်လဲမတတ်နိုင်ဘူး ခင်ဗျားတို့စောက်ကျင့်တွေ အောက်တန်းက ကျနေတာ လွတ်လပ်ရေးမရခင်ကတည်းကရယ်ခုထိပဲ ဒီတော့ပြောစရာရှိတာတော့ပြောရမှာပဲ ကိုယ့်အလိုမကျရင် သောင်းကျန်းရမ်းကား ဆိုးသွမ်းချင်တဲ့ အဲ့အောက်တန်းကျတဲ့ စိတ်ဓါတ်နဲ့တော့ ဘယ်သူပဲခေါင်းဆောင်ဆောင် ကမ္ဘာ့လူတောထဲမပြောနဲ့
ခွေးတောထဲတောင် မတိုးဘူးပဲမှတ်ပါ။
(ဆန်းသစ်)
Thursday, August 8, 2013
ဆဲတော့ ခံရနိုင်တယ် ပြောတော့ပြောရမှာပဲ
11:12 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment