မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ
- 1985 ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် လူထုလှုပ်ရှားမှုဖြစ်ပွားပြီး စစ်အာဏာရှင် "မားကို့စ်" ပြုတ်ကျသွားခြင်းသည် မြန်မာနိုင်ငံအတွင်း ဂယက်ရိုက်ခဲ့သည်။ အထူးသဖြင့် နိုင်ငံရေးနိုးကြားသော ကျောင်းသားလူငယ်များအတွင်း လန်းဆန်းမှုကို ဖြစ်စေခဲ့။ "မားကို့စ်ငာင်း" ဟူသော ဗန်းစကားတလုံးက နိုင်ငံတ၀န်းရေပန်းစားခဲ့။ မြေအောက်ကျောင်းသား လှုပ်ရှားစုဖွဲ့မှုများ အရှိန်မြင့်လာသည်။
-၁၉၈၇ ခုနှစ် ကုလသမဂ အထွေထွေညီလာခံကြီးမှ မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC အဖြစ် စာရင်းသွင်းခဲ့။ ထိုသတင်းအား မဆလ သတင်းမီဒီယာများမှအမှောင်ချထားသော်လည်း နိုင်ငံခြားသတင်းဌာနများမှတဆင်
့ မြန်မာလူထိမှ သိရ။ အမျိုးသားဂုဏ်သိက္ခာ ကျဆင်းမှုကြီးတရပ်အဖြစ် ခံစားနာကျည်းခဲ့ကြ။
> ၄.၁.၁၉၈၇ ။ ။ မဆလ စစ်အစိုးရအား ဆန့်ကျင်သော ပြည်ပရောက် အင်အားစုများစုပေါင်း၍ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးကော်မတီ CRDB စတင်ဖွဲ့စည်း။
> ၂၆.၃.၁၉၈၇ ။ ။ ၀န်ကြီးချုပ်ဟောင်း ဦးနုနှင့်ဇနီးသည်တို့ ပြည်ပခရီးစဉ်ထွက်ခွာ။ Passport တွင် " စာရေးဆရာတစ်ယောက်အနေနှင့် ခရီးသွားရန်" ဟု ဖော်ပြထား။ ၈.၁.၁၉၈၈ နေ့တွင်မှ မြန်မာပြည်သို့ ပြန်ရောက်။ ၉ လနှင့် ၁၃ ရက်ကြာ။ နီပေါ၊ အိန္ဒိယ၊ အင်္ဂလန်၊ အမေရိကန်၊ နယ်သာလန်၊ အရှေ့ဂျာမဏီ၊ ဆွစ်ဇာလန်နှင့် ပြင်သစ် ၈ နိုင်ငံရောက်။ အမေရိကန်နှင့် အိန္ဒိယတို့တွင် ကြာကြာနေ။ ခရီးစဉ်တလျှောက် ဘာသာရေးဆိုင်ရာ တရားပွဲများ လုပ်ဆောင်။ ပြည်ပရောက်သားသမီးများ၊ မိတ်ဆွေဟောင်း လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့်တွေ့ဆုံ BBC အပါအ၀င် သတင်းဌာနတချို့နှင့် တွေ့ဆုံခဲ့သည်။
> ၂၁.၇.၁၉၈၇ ။ ။ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးမှ ဗိုလ်နေ၀င်းထံ ပေးစာတစောင်ထွက်လာ။ လူထုအကြာပျံ့နှံ့။
> ၁၀.၈.၁၉၈၇ ။ ။ မဆလပါတီ ဥက္ကဌ ဦးနေ၀င်းမှ တိုင်းပြည်သို့ရေဒီယိုမိန့်ခွန်းပြောကြား။ " အချိန်အခါနှင့် လျော်ညီစွာ ပြောင်းသင့်တာကို ပြောင်းရပါမယ်" ဟုပြောဆို။
> ၁၅.၈.၁၉၈၇ ။ ။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏အာဘော်ဖြစ်သော " ပြည်သူ့အာဏာဂျာနယ်" အမှတ် ၁ စတင်ထုတ်ဝေ။
> ၁.၉.၁၉၈၇ ။ ။ မဆလ စစ်အစိုးရက ၁၉၆၆ ခုနှစ်ကတည်းက လက်ဝါးကြီးအုပ်ထားခဲ့သော ဆန်စပါးနှင့် ဆန်ထွက်ပစ္စည်းများ ၀ယ်ယူ၊ ရောင်းချ၊ သယ်ပို့ခွင့်အား ပုဂလိကများသို့ စတင်ခွင့်ပြုလိုက်။
> ၅.၈.၁၉၈၇ ။ ။ နေ့လည် ၁၁ နာရီ မြန်မာ့အသံရေဒီယိုမှ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၂၅ ကျပ်တန် ငွေစက္ကူများ တရားဝင်သုံးစွဲခွင့်အာ ရပ်ဆိုင်းလိုက်ကြောင်း ကြေငြာ။ နိုင်ငံအတွင်း လည်ပတ်ငွေ ၈၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွား။
> ၅.၈.၁၉၈၇ (ည) ။ ။ ငွေစက္ကူများ တရားမ၀င်ဖျက်သိမ်းကြောင်း ကြေငြာချက်အား မကျေနပ်၍ ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြ။ လှည်းတန်းလမ်းဆုံတွင်လည်း အုံကြွမှုဖြစ်။ ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီရုံးအား ဒေါသဖြစ်နေသော လူထုကဖျက်ဆီးပစ်ခဲ့။
> ၅.၉.၁၉၈၇ ။ ။ ည ၈ နာရီတွင် စာမေးပွဲဖြေဆိုနေဆဲဖြစ်သော တက္ကသိုလ်များအား ၆-၉-၈၇ နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြန်မာ့အသံမှကြေငြာ။ ထိုကျောင်းများအား ၂၆-၁၀-၈၇ နေ့တွင် ပြန်ဖွင့်၊ စာမေးပွဲဆက်ဖြေခိုင်းပြီး ပိတ်လိုက်။
> ၆.၉.၁၉၈၇ ။ ။ မြေအောက်နည်းဖြင့်စုထားသော ကျောင်းသားအင်အားစုများမှ " ငွေစက္ကူဖျက်သိမ်းခြင်းနှင့်ပတ်သက်ပြီး ၇န်ကုန်တက္ကသိုလ်ကျောင်းသားများသမဂနှင့် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂတို့၏ သဘောထား ပူးတွဲကြေငြာချက်" ဟူသော ကြေငြာချက် ထုတ်ပြန်။
0 comments:
Post a Comment