ရုရှားနိုင်ငံမှ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ၄င်း၏ စွမ်းအင်နှစ်မျိုးသုံး အသံတိတ် သံချပ်ကာယာဉ် APC ကိုထုတ်လုပ်ခဲ့ပြီးစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဆာဂျီဆူဗိုရော့ဗ်က ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါ သံချပ်ကာယာဉ် Krymsk APC သည် BTR-90 သံချပ်ကာယာဉ်ကို အခြေခံ၍ ပြုလုပ်ထားခြင်း ဖြစ်ပြီး ၎င်း၏ ဒီဇယ်အင်ဂျင်ကို ပိတ်ထားချိန်တွင် ဘက်ထရီ စွမ်းအင်ကို အသုံးပြုပြီး အသံ တိတ်မောင်း နှင်နိုင်ကြောင်း အဆိုပါပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။
လက်ရှိ အချိန်စမ်းသပ်ချက်အရ အဆိုပါယာဉ်သည် ၎င်း၏ ဘက်ထရီ စွမ်းအင်ကို အသုံးပြုလျက် တိတ်ဆိတ်စွာဖြင့် အကွာအဝေး အနည်းငယ်ကိုသာ သွားရောက်နိုင်သော်လည်း ဘက်ထရီ အမျိုးအစားအသစ်ကို အသုံးပြုပါက ခရီး အကွာအဝေးများစွာ သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော စမ်းသပ်မှုတွင် အဆိုပါ သံချပ်ကာယာဉ်သည် တစ်နာရီလျှင် ၉၇ ကီလိုမီတာ အမြန်နှုန်းဖြင့် အများဆုံး သွားရောက်နိုင်ပြီး ၃၃ စက္ကန့်အတွင်း တစ်နာရီလျှင် ၈ဝ ကီလိုမီတာ နှုန်းအထိ အရှိန်မြှင့်တင်နိုင်ကြောင်း သိရသည်။
0 comments:
Post a Comment