သြဂုတ်လ ၈ ရက်စွဲပါ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း နဲ့ ပတ်သက်တဲ့သတင်းထုတ်ပြန်ချက် (၁၅/ ၂၀၁၃) မှာ နိုင်ငံတော်သမ္မတရဲ့ အဂတိလိုက်စားတဲ့ ၀န်ထမ်းများအပေါ် အရေးယူဆောင်ရွက်မှုအခြေအနေများကိုဖော်ပြထားပါတယ်။
သတင်းထုတ်ပြန်ချက်ပါ အချက်အလက်များအရ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရဖြစ်စေရေးအတွက် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တစ်ဦး က ကြီးကြပ်ပြီး နိုင်ငံ့ဝန်ထမ်းများနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၁၁၉ စောင်ကို စစ်ဆေးမှုများပြုလုပ် ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ အောက်ပါအတိုင်းအရေးယူခဲ့ကြောင်းဖော်ပြထား ပါတယ်။
၁။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၃ ပါပြဋ္ဌာန်းချက်အရ အရေးယူခြင်း ၃၆၂ ဦး။
၂။ ဌာနပြောင်းရွှေ့ခြင်း ၆၉ ဦး။
၃။ အငြိမ်းစားပေးခြင်း ၁၈ ဦး။
၎။ ထောင်ဒဏ် ၁ ဦး။
စုစုပေါင်း ၄၅၀ ဦး။
Friday, August 9, 2013
အဂတိလိုက်စားသော ၀န်ထမ်းများအားအရေးယူမှု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment