၁၉၆၂ တော်လှန်ရေးအစိုးရရဲ့ အဖွဲ့ ဝင်အများစုဟာ
တပ်မတော်သားတွေ ဖြစ်တဲ့အတိုင်း
သူတို့ လက်ထက်မှာ ပြည်တွင်းသောင်းကျန်းမူ
အမြစ်ပြတ်ချေမှုန်းရေးကို ဦးစားပေးခဲ့ပါတယ်။
ငြိမ်းချမ်ရေး ဆွေးနွေး ပွဲတွေ
အဆင်မပြေတဲ့ နောက် အစိုးရရဲ့ မူဝါဒအတိုင်း
တပ်မတော်ဟာ ၁၉၆၄ ဒီဇင်ဘာမှာ ကေအိုင်အေကို
စတင်ပြီးထိုးစစ်တွေဆင်နွဲပါတော့တယ်။
၁၉၆၆ အရောက်မှာ ကေအိုင်အေဟာ
နယ်စပ်ကိုထွက်ပြေးခဲ့ရတဲ့ အဆင့်ထိ
ဖြစ်လာခဲ့ပြီး ၁၉၈၇ မေလမှာတော့ ကေအိုင်အေရဲ့ 
ဗဟိုဌာနချုပ် ပါဂျိုနားဖော့စခန်းကြီးနဲ့ဂျာပူ ၊ နမ့်ဆန်ယန်၊
ကဇူး စခန်းတွေကို တပ်မတော်က သိမ်းပိုက်ချေမှုန်းပစ်လိုက်ပါတယ်။
ဒါပေမယ့်သူတို့ကိုမဆုံးနိုင်တဲ့
နောက်ထပ်တာဝန်ကြီးတစ်ခုက အသင့်စောင့်ကြိုနေပါပြီ၊
ထောင့်တစ်ညပုံပြင် ဇာတ်လမ်းတွေထဲကလို
လွတ်လပ်ရေးရတဲ့  အချိန်ကနေ ၁၉၈၉ ထိ
အနှစ်လေးဆယ်ကျော်ဆက်တိုက်
ထမ်းဆောင်ရတော့မယ့် တာဝန်ကြီးလဲဖြစ်ပါတယ်။
အဲဒါကတော့ သူတို့ ရဲ့ မဟာရန်သူတော်ကြီး
ဗမာပြည်ကွန်မြူနစ်ပါတီပါပဲ……။
ဗကပ ကိုအမြစ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့  တပ်မတော်ဟာ
၁၉၆၆ နှစ်ဦးပိုင်း မှာ လက်ရှိ
တပ်မတော်ရဲ့  အဓိက တိုက်ခိုက်ရေး အင်အားစုတွေဖြစ်တဲ့
ခြေမြန်တိုက်ခိုက်ရေး တပ်မတွေကို စတင်ဖွဲ့ စည်းခဲ့
ပါတယ်။ ၁၉၆၈ စက်တင်ဘာ မှာ တပ်မ ၇၇ ဟာ
ဗကပ ဗဟိုဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး
သခင်သန်းထွန်းကိုပါ အသေ ဖမ်းဆီး ရမိခဲ့တဲ့အတွက်
ကာလရှည် တိုက်ပွဲကြီးမှာ တပ်မတော်က အသာစီးရလာတယ်
ဆိုနိုင်ပေမယ့် ကိုယ်ကိုယ်တိုင် မကြာခဏ အထိနာခဲ့ရတဲ့
ဖြစ်စဉ်တွေဟာလဲ မနည်းမနောပါ….။
၁၉၇၀-၇၁ တစ်ဝိုက်မှာ စဖြစ်ခဲ့ တဲ့ 
ဗကပ အရှေ့ မြောက် စစ်ဒေသရဲ့ နာမည်ကျော်
ကြူကုတ်ပန်ဆိုင်း တိုက်ပွဲ၊ ကွမ်းလုံ ရက် ၄၀
တိုက်ပွဲ တွေအပြီး ၁၉၇၅ ပဲခူးရိုးမ တိုက်ပွဲစဉ်တွေမှာ
သခင်ဇင် ၊ သခင်ချစ်
ကျဆုံးပြီး ဗကပ (ဗဟို) ပြိုလဲသွားတဲ့ အတွက်
အထိနာသွားတဲ့ ဗကပဟာ ၁၉၇၇ မှာ
ခြူးရွှေပန်ကောက်တိုက်ပွဲ၊
၁၉၇၈ မှာ နောင်လိုင် ပါဖန် တိုက်ပွဲ နဲ့ 
၁၉၈၆ မှာ စီစီဝန် တာပန် တိုက်ပွဲကို
ဆက်ဆင်နွဲခဲ့ပါတယ်။
အဲတိုက် ပွဲတွေ အပြီးမှာ တပ်မတော်က
ဗကပ ခြေကုပ်စခန်းကြီးတွေဖြစ်တဲ့ ကြူကုတ် ပန်ဆိုင်း ၊ကွန်ဟိုင်း၊
နောင်မ၊ မာန်ဟီးရိုး စခန်းတွေကိုပါ ဆက်တိုက် သိမ်းပစ်ခဲ့လို့
ဗကပ ဟာ အကြီးအကျယ်
အထိနာ သွားခဲ့တယ် ဆိုပေမယ့်
တပ်မတော်ဘက်က အကျအဆုံးလဲ
နည်းလှ တယ်တော့ မဟုတ်ပါဘူး …..။
အထူးသဖြင့် အရှေ့မြောက်ဒေသ တိုက်ပွဲတွေမှာ
ရင်ဆိုင်ရတဲ့  ရန်သူဟာ ပြောက်ကျားစစ် ၊
တောတွင်း တိုက်ပွဲစတာတွေမဟုတ်တော့ပဲ
နိုင်ငံနှစ်ခုက စစ်တပ်တွေ တိုက်ကြသလို သမားရိုးကျ စစ်ဆင်
တိုက်ခိုက် နည်းတွေ နဲ့ တိုက်လာပြီး
လူလက်နက် ခဲယမ်း စတာတွေဟာ
ပြည်တွင်း သောင်းကျန်းသူအဆင့်ကို
ကျော် လွန်နေပြီဖြစ် တဲ့ အတွက် တပ်မတော်ဘက်ကလဲ အတော်အကျအဆုံးများခဲ့ ရပါတယ်…။
ရှိစုမဲ့စု တပ်မ ၇၇ ၊ ၈၈ ၊ ၉၉ သုံးခုထဲက နှစ်ခုကို
အရှေ့ မြောက်ဒေသမှာ အမြဲလိုလို တပ်စဲထားခဲ့ရပြီး
သူတို့ ရဲ့ ရန်သူတော်ကြီးကို ရင်ဆိုင်ခဲ့ ရပါတယ်။
ဒါဟာ အနာဂတ်မှာ ပြည်ပ အထောက်အပံ့ရတဲ့ 
ရန်သူနဲ့ ရင်ဆိုင်တိုက် ဖို့ ၊
ဒါမှ မဟုတ်လဲ အိမ်နီးချင်း နိုင်ငံတွေ ရဲ့ 
တပ်မတော်တွေနဲ့  ယှဉ်ပြိုင် နိုင်ဖို့ အတွက်
တပ်မတော်ရဲ့ဖွဲ့ စည်းပုံ ကို
တိုးချဲ့ပြင်ဆင်ဖို့ လိုလာမယ်ဆိုတာကို
တပ်မတော်ရဲ့  ဒုတိယ မျိုးဆက်ခေါင်းဆောင်တွေကို
သတိပြုမိစေခဲ့ပါတယ်…..။
ကျန်အပိုင်းများဆက်တင်ပါမည်။
- Ye Moe
ဆက်လက်ဖတ်ရှုလိုသေးလျှင်
http://goldenlandnew.blogspot.com/2013/08/blog-post_1812.html
http://goldenlandnew.blogspot.com/2013/08/blog-post_9868.html
http://goldenlandnew.blogspot.com/2013/08/blog-post_6870.html
http://goldenlandnew.blogspot.com/2013/08/blog-post_9977.html







0 comments:
Post a Comment