၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ Mumbai မြို့ ဆိပ်ကမ်း၌ အိန္ဒိယရေတပ်၏ Kilo Class ရေငုပ်သင်္ဘော INS Sindhurakshak သည် မီးလောင်ပေါက်ကွဲခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။
ထိုဖြစ်စဉ်တွင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ရေငုပ်သင်္ဘော
INS Sindhurakshak နှင့်အတူ လူစွမ်းအား အရင်းအမြစ်အတွက်
တန်ဖိုးမဖြတ်နိုင်သော အနှစ်နှစ်အလလ လေ့ကျင့်ထားသော
Submarine Crew (၁၈) ဦးပါ ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း၊
ချစ်ကြည်ရင်းနှီးမှုဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နေသော
မြန်မာနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ခြင်း၊
နှစ်နိုင်ငံတပ်မတော်အချင်းချင်း ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နေခြင်း၊ နှစ်နိုင်ငံရေတပ်အချင်းချင်း ထိတွေ့ဆက်ဆံမှု၊ကူညီရိုင်းပင်းမှု
အစဉ်အလာကောင်းများ ထွန်းကားနေခြင်းကြောင့် လည်းကောင်း၊
လူသားအချင်းချင်း စာနာထောက်ထားခြင်းကြောင့် လည်းကောင်း
အဆိုပါဖြစ်စဉ်နှင့် ဆုံးရှုံးမှုများအတွက် Myanmar Navy Page မှ အထူးဝမ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။
ထို့အတူ မြန်မာ့တပ်မတော်(ရေ)၏ အကြီးအကဲများမှလည်း ဝမ်းနည်းစာနာထောက်ထားကြောင်း စာသဝဏ်လွှာများအား
အိန္ဒိယရေတပ် တာဝန်ရှိသူများထံ ပေးပို့လျက်ရှိကြောင်း ကြားသိရပါသည်။
Myanmar Navy
0 comments:
Post a Comment