Saturday, August 31, 2013

ရယ်ဦးလေ...

ရယ်ဦးလေ...

ခရစ်ယာန် မယ်သီလရှင် ကျောင်းတခုတွင်ဖြစ်သည်...။
နေ့စဉ်နေ့တိုင်း ပြုလုပ်နေကျအတိုင်း သီလရှင် အပါး တစ်ရာတို့
ဝတ်ပြုဆုတောင်းမှု ပြုလုပ်ကြသည်။
ဝတ်ပြုဆုတောင်းပွဲ အပြီးတွင် မယ်သီလရှင်ဆရာမကြီးမှ
မတ်တပ်ရပ်၍ စကားထပြောသည်။

" ညတုန်းက မိုးတွေသည်းနေတုန်း ဒီသီလရှင်ကျောင်းကို
ယောက်ျားတယောက်တစ်ည လာတည်းသွားတယ်....."

မယ်သီလရှင် ၉၉ ပါး ။ ။ အိုးးးးးး.... ဘုရား ဘုရား.....
မယ်သီလရှင် ၁ပါး ။ ။ ဟီဟိ....ခစ်ခစ်....

ဆရာမကြီးက ဆက်ပြောသည်....
" အဲဒီယောက်ျားနဲ့ မယ်သီလရှင်တပါး မနေ့ညက တူတူအိပ်ကြတယ်......"

မယ်သီလရှင် ၉၉ ပါး ။ ။ အိုးးးးးး.... ဘုရား ဘုရား....
မယ်သီလရှင် ၁ပါး ။ ။ ဟီဟိ....ခစ်ခစ်....

ဆရာမကြီးက ဆက်ပြောသည်။
" အဲဒီယောက်ျားနဲ့ မယ်သီလရှင်နဲ့ သံဝါသပြုကြတယ်....."

မယ်သီလရှင် ၉၉ ပါး ။ ။ အိုးးးးးး.... ဘုရား ဘုရား....
မယ်သီလရှင် ၁ပါး ။ ။ ဟီဟိ....ခစ်ခစ်....

ဆရာမကြီးက ဆက်ပြောပြန်သည်။
" မနက်ကျတော့ အဲဒီနားမှာ အသုံးပြုထားတဲ့ Condom တခုတွေ့တယ်... "

မယ်သီလရှင် ၉၉ ပါး ။ ။ အိုးးးးးး....ဘုရားဘုရား
မယ်သီလရှင် ၁ပါး ။ ။ ဟီဟိ....ခစ်ခစ်....

ဆရာမကြီးက ထပ်ပြောရင်း စကားကို အဆုံးသတ်လိုက်သည်။
" အဲဒီ Condom မှာ အပေါက်တစ်ပေါက် ပေါက်နေတာတွေ့တယ်....

မယ်သီလရှင် ၉၉ ပါး ။ ။ ဟီဟိ....ခစ်ခစ်....
မယ်သီလရှင် ၁ပါး ။ ။ အိုးးးးးး....ဘုရားဘုရား

Credit to mmcybermedia

Feeling..


မြန်မာ့ရွှေဈေးအတက်အကျမြန်ပြီး ဆက်လက်မြင့်တက်လျက်ရှိနေ

မြန်မာ့ရွှေဈေးအတက်အကျမြန်ပြီး ဆက်လက်မြင့်တက်လျက်ရှိနေ


မြန်မာ့ရွှေဈေးသည်ယခုလအတွင်းအတက်အကျမြန်ပြီးရက်ပေါင်းဆယ်ရက်အတွင်း ကျပ်နှစ်သောင်းခန့် မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ထိုသို့ဈေးနှုန်းမြင့်နေသော်လည်း အရောင်းအ၀ယ် ဈေးကွက်အတွင်း အခေါက်ရွှေများ အရောင်းအ၀ယ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ
အထွေထွေ အတွင်းရေးမှုးဦးဝင်းမြင့်က ပြောကြားသည်။

“ရွှေဈေးကတော့ ဒီရက်ပိုင်းမှာ အတက်အကျလဲမြန်တယ်၊ အရောင်းအ၀ယ်လဲ လိုက်လာတယ်။ ဈေးကွက်ဖွင့်ချိန်မှာ တစ်မျိုးနဲ့ ဈေးကွက်ပိတ်ချိန်မှာ တစ်မျိုး ဈေးနှုန်းပြောင်းလဲမှု ဖြစ်ပေါ်လေ့ရှိပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

ပြည်တွင်းရွှေဈေးကွက် မြင့်တက်လာခြင်းမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့်လည်း ဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ စီးပွားရေးအတက်အကျ များသည်လည်း ပြည်တွင်းရွှေဈေးကွက်ကို ရိုက်ခတ်လေ့ရှိကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေဈေးကွက်တွင် ယခု ၂၀ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၄၃၀၀ ရှိရာမှ ယခုလ၂၉ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၇၂၅၀၀၀ ထိဈေးပေါက်လျက်ရှိကြောင်း ဈေးကွက်သတင်းအချက်အလက်များအရ သိရသည်။

ယခုလ အတွင်း ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း ပြီးခဲ့သည့် ဆယ်ရက်အတွင်းက ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၅၈.၄၃ ရှိရာမှ
၂၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၄၀၇.၄ ရှိကြောင်း၊
ယင်းအပြင် ပြည်တွင်း ငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှုကြောင့်လည်း ရွှေဈေးနှုန်းများ လိုက်ပါမြင့်တက်
လာခဲ့ခြင်းဖြစ်နိုင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

မြန်မာ့ခေတ်

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ




ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ
ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။
ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု
 သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။
အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး
သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။
သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။
သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။
အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး
ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့
ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး
(HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း
သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။
သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက်
ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ
အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို
Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။
၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို
အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ
မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။
.
Ref: nature.com
Aung Kham (International news for myanmar)

၂ + ၂ = ၅


    ဒီနေ့ ဖေ့စ်ဘုတ်သုံးနေရင်း ဗီဒီယိုဖိုင်လေးတစ်ခု ကြည့်ရတယ် ။ ဗီဒီယိုလေး နာမည်က ၂+၂=၅သို့မဟုတ်
အမှန် နဲ့ အမှား ပေါ့ ။
ဗီဒိယိုလေးမှာ ရိုက်ပြထားတာ က စာသင်ခန်းတစ်ခုထဲမှာ စာသင်ဖို့အတွက်  ကျောင်းသားငယ်လေးတွေကစောင့်နေတယ် ။ ဆရာကစာသင်ဖို့ဝင်လာတယ်။
ပြီးတော့ ဆရာက ပထမဆုံး သင်ခန်းစာ အဖြစ် နဲ့ ဘလက်ဘုတ်မှာ အီကွေးရှင်းတစ်ခုကိုရေးလိုက်တယ်။
၂ + ၂ = ၅ တဲ့ ။ 

          ဆရာကနေပြီးတော့ ၂ နဲ့ ၂ နဲ့ ပေါင်း၅ ဆိုပြီးတိုင်ပေးတယ် ။ ပြီးတော့ ကလေးတွေကိုလိုက်ဆိုစေတယ် ။
အဲဒီမှာ ကလေး တစ်ယောက်ကနေထပြီးတော့ “ ၂ နဲ့ ၂ နဲ့ ပေါင်းတာဟာ ၅ မဖြစ်နိုင်ဘူးထင်တယ် ၊
၎ ပဲဖြစ်ရမှာ ပေါ့လို့ဆိုတယ် ” ။ ဆရာက ထပြောတဲ့ ကလေးကို ငေါက်ပြီးတော့ “မင်း လျှာ မရှည်နဲ့ ငါသင်တဲ့ တိုင်းလိုက်ဆို” ဆိုတဲ့ သဘောမျိုးနဲ့ ပြောလိုက်တော့ ကျောင်းသားကငြိမ်သွားတယ် ။
နောက် တခြားကျောင်းသားလေးတစ်ယောက်ကနေ ထပြီးတော့ “၂ နဲ့ ၂ နဲ့ ပေါင်းခြင်း ဟာ ၄ ပါဆရာ ၊
ငါးမဟုတ်ပါဘူး ” ပြီးတော့ အတန်းဖော်သူငယ်ချင်းတွေ ကိုလည်း “ ဒီမှာကြည့် ဒီဘက်က ၂ ၊
ဒီတစ်ဖက်က ၂ ပေါင်းလိုက်ရင် ၄ ၊ ၅ မှမဟုတ်တာ”ဆိုပြီးထပြောတယ် ။
အဲဒီမှာ ဆရာက “ မင်းကို ဘယ်သူက စကားပြောခွင့် ပေးလို့လဲ ၊ မင်းအဲဒီမှာ ရပ်နေ ” ဆိုပြီး
ကျောင်းသားကြီးတွေ သွားခေါ်တယ် ။ ပြီးတော့ ခုနက ကျောင်းသားလေးကိုအတန်းရှေ့ ခေါ် ပြီး
၂ + ၂ = …. ဆိုပြီး အဖြေအရေးခိုင်းတယ် ။
“  မင်းကို နောက်ဆုံး အခွင့်ရေးပေးမယ် …မင်းမှန် ကန်သော အဖြေကို ပဲရေးပါ ” ဆိုပြီးပြောတယ်။ ပြီးတော့ ကျောင်းသားကြီး ၃ ယောက်က အဖြေရေးမဲ့ ကျောင်းသား လေးကို
သေနတ်နဲ့ ချိန်သလိုမျိုးချိန်ထားတယ်။
အဖြေရေးမဲ့ ကျောင်းသားငယ်လေး ဟာ တံတွေမြိုချ မာန်ကိုတင်းပြီး ရေးချလိုက်တယ် ။
၂ + ၂ = ၄ တဲ့ ။ 

          အဲဒီမှာ တင်ပဲ သေနတ်ကိုင်တဲ့ သဏ္ဍာန်လုပ်ထားတဲ့ကျောင်း သား ကြီး ၃ ယောက်က
ပစ်ချလိုက်တယ် ။ ကျောင်းသား ငယ်လေး လဲကျသေဆုံးသွားတယ် ပေါ့။
ပြီးတော့ ဘလက်ဘုတ်က အီကွေးရှင်းမှာ သွေးလေးတွေလည်းပေသွားတယ် ။
ဆရာ က အေးအေးဆေးဆေးပဲ “ ဒီကောင်ကို ထုတ်သွားလိုက် ”လို့ပြောပြီး သွေးပေနေတာလေးကိုပြန်ဖျက်ပြီး တော့..အီကွေးရှင်းလေးထပ်ရေးလိုက်တယ်။
၂ + ၂ = ၅ တဲ့ ။ ပြီးတော့ “ ၂ နဲ့ ၂ နဲ့ ပေါင်း ၅ ” “ ကျယ်ကျယ်ဆို ” “ အေး မင်းတို့စာအုပ်ထဲမှာ အဲတိုင်းလိုက်ရေးလိုက် ” လို့ ခိုင်းတယ် ။ ကျောင်းသားလေးတစ်ယောက် က သူ့စာအုပ်ထဲမှာ၂ + ၂ = ၅ လို့ ရေးပြီးမှ ၅ ဆိုတဲ့ နေရာလေးကို ခဲတံလေးနဲ့ ခြစ်ပစ်ပြီး ၄ လို့ ပြန်ရေးလိုက်တယ်။ ဗီဒီယိုလေး က အဲဒီနေရာမှာတင်ပြီးသွားတယ် ။
          ဒီဗီဒီယိုလေး ကို ကြည့်ပြီး တော့ ကျွန်တော်ရှယ်ထားသူတွေ ၊ အောက်က ကွန့် မန့်တွေကိုလိုက်ကြည့်ကြည့်တယ် ။ အတော်များများ ဟာ ဒီဗီဒီယိုကို အမှန်တရား နဲ့ အမှား လို့ဆိုတယ် ။ ဒီဗီဒီယိုလေးမှာ ဆရာသည် အာဏာရှင် အဖြစ်တင်စားတယ်လို့ဆိုတယ်။ ၂+၂=၅ အဖြစ် မှားနေတာကို အမှန်အဖြစ် အတင်းအကျပ်သူလိုရာပုံသွင်းတယ် ။ အတန်းထဲကကျောင်းသားတွေကတော့ပြည်သူနဲ့တူတယ်လို့ဆိုတယ် ။ ဆရာ ကိုအတိုက်ခံ လုပ်ပြီး ၂ နဲ့ ၂ နဲ့ ပေါင်းတာ ဟာ ၅ မဟုတ်ဘူး၎ ဆိုပြီး အသေခံ ပြောသွားတဲ့ကျောင်းသားလေးကိုတော့ တော်လှန်ရေးသူရဲကောင်းအဖြစ် တင်စားတယ်။ ဆရာခေါ်လာတဲ့ ကျောင်းသားကြီး သုံးယောက်ကိုတော့ အစိုးရရဲ့လက်ကိုင်တုတ်စစ်တပ်အဖြစ် တင်စားတယ်လို့ဆိုတယ်။ နောက် ဆုံး ကိုယ်ပိုင်စာအုပ်ထဲမှာ ၂+၂=၅ လို့ ရေးပြီးမှာ ၅ လေးကိုဖျက် ၄ လို့ အသာလေးရေးလိုက်တဲ့ကျောင်းသား ဟာတွေ အကြောက်တရားကြောင့် အမှန်ကို မပြောဝံ့သည့်တိုင် ရင်ထဲမှာတော့ အမှန်တရားကိုလက်ခံထားတဲ့ ပြည်သူအဖြစ် တင်စားတယ်လို့ ဆိုတယ် ။

          ကျွန်တော့်မှာ စဉ်းစားတွေးခေါ် စရာတွေ အများကြီး ဖြစ်သွားတယ် ။ ဒီဗီယို လေးဟာ ဘာမက်ဆေ့ခ်ျပေးချင်တာလဲ၊ ၂+၂ =၅ ဟာ ဖြစ်နိုင်သလား ။ ၂+၂=၄ ဆိုတာသေချာပြီလား ။ တကယ်လို့ ကျွန်တော်တို့ ဟာကျောင်းသားနေရာမှာဆိုရင်ရော၊ တကယ်လို့ ကျွန်တော်တို့ ဟာဆရာနေရာမှာဆိုရင်ရော ။ အခု ဗီဒီယိုဖြစ်စဉ်မှာဘယ်ဟာ ကလွဲနေသလဲ။  ဒီအဖြစ်ပျက်ကို ဘယ်ရှုထောင့် ကနေ သုံးသပ်မလဲ….စတဲ့မေးခွန်းတွေ တသီးကြီးနဲ့ တစ်ယောက်တည်း Brain Storming လုပ်ကြည့်မိနေပါတော့တယ်။ 
          ပထမ ဒီ ၂+၂=၅ ဆိုတဲ့ အတွေးခေါ်ဟာဘယ်ကလာသလဲကျွန်တော် လျှောက်ဖတ်ကြည့်မိတဲ့ခါ ။ ၂+၂=၅ ဆိုတဲ့ အတွေးခေါ် concept တစ်ခုဟာ ကမ္ဘာကျော်စာရေးဆရာကြီးဂျော့အောလ်ဝဲ ဆီကနေ မြစ်ဖျားခံတယ်ဆိုတာသိရတယ် ။ ဂျော့အောလ်ဝဲရဲ့ ၁၉၈၄ ဆိုတဲ့ ဝထ္ထု မှာဒီ concept လေးကို စတင်မိတ်ဆက်ပေးခဲ့တယ် ။ နိုင်တီးအိပ်တိဖိုး ဝထ္ထုရဲ့ ဇာတ်ကောင်Smith က ပြောခဲ့တာကတော့ “ သာမာန်သချာင်္ အမြင်မှာတော့ ၂+၂=၄ ဖြစ်လို့၂+၂ =၅ ဆိုတာဟာ မှားယွင်းတဲ့ အမြင်ဖြစ်တယ် ၊သို့ပေမဲ့ နိုင်ငံရေးယဉ်ကျေးမှု မှာတော့၂+၂=၅ ဟာ မှန်ကန်တယ်လို့ ဆိုတယ် ” ။ ဝထ္ထုထဲမှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ Smith ဟာ “၂+၂=၅”ဆိုတဲ့သူချ ပြတဲ့ အယူအဆကိုသာ ပြည်သူတွေ အားလုံး ကလက်ခံယုံကြည်လာခဲ့ရင် သူဟာခေါင်းဆောင်အဖြစ်သူ့နိုင်ငံ ကို ကောင်းကောင်းမောင်းနှင်နိုင် လိမ့်မယ်လို့ဆိုတယ် ။ ကမ္ဘာကျော် ရုရှားစာရေးဆရာဒေါ့စတော့ရပ်စကီး (Fyodor Dostoyevsky)ကလည်း နိုင်ငံရေးယဉ်ကျေးမှု မှာ ၂+၂ ဆိုတာ တူညီသောအင်အားစုတွေ ပေါင်းစည်းတာဖြစ်လို့သာမာန်ထက်ပိုမိုကောင်းမွန်သောအကျိုးရလာဒ်တွေ ထွက် လာရတယ် ။ ဒါကြောင့် ဂျော့အောလ်ဝဲရဲ့concept ဖြစ်တဲ့  ၂+၂=၅ ဟာ  မှန်နိုင်တယ်လို့ဆိုတယ် ။ အဲဒီချိန် အဲဒီကာလ က ၂+၂=၅ဆိုတာ အတွေး ခေါ် ပညာ တစ်ရပ် အနေနဲ့ ပညာရှင်တွေ ကြားမှာ ခေတ်စားခဲ့ ပါသေးတယ် ။
          နောက် ဒီဗီယိုလေးကိုကြည့်ပြီးတော့ ကျွန်တော်ဘာကိုသွားသတိရလဲဆိုတော့Every Child Is Special ဆိုတဲ့ ဘောလိဝုဒ်က ကားလေးကိုသွားသတိရတယ် ။ အဲဒီ ကားထဲမှာ ကလေးက သာမာန်နဲ့ မတူတဲ့ထူးခြားတဲ့ ပါရမီတွေရှိနေတယ် ။ စာဖတ်တဲခါတိုင်းမှာ သူ့မျက်လုံးထဲမှာစာလုံးတွေ က ကခုန်နေလို့ စာကို ကောင်းကောင်း ဖတ်လို့မရဘူး။ အဲလို နဲ့ စာသင်ချိန်တွေမှာ အမြဲလိုလို အပြင်ထွက်နေရတတ်တယ် ။ တရက်တော့ သူတို့ကျောင်းမှာ စာမေးပွဲ ဖြေတယ်ပေါ့။ မေးခွန်းစာရွက် ရဲ့ ပထမဆုံးပုစ္ဆာက ၃ x ၉ = --- ဆိုပြီးပေးထားတယ် ။ သူက က ဒီပုစ္ဆာကိုစဉ်းစားတဲ့ခါ အတွေးအားရုံ က အာကာသထဲ ကိုရောက်သွားပြီးတော့ ဂြိုလ် ၉ လုံးပါတဲ့ နေ အဖွဲ့စည်းကိုသူ ကမြင်တယ် ။  ၃ ခုမြောက်က ကမ္ဘာဂြိုလ်ကို ၉ခုမြောက်က ပလူတိုဂြိုလ်ဆီ သွားထားလိုက်တယ် ။ အဲဒီမှာ အရွယ်အစားနဲ့အားငယ်တဲ့ ပလူတိုဂြိုလ်ဟာပျက်ဆီသွားပြီး၃ ခုမြောက် ကမ္ဘာဂြိုလ် ကတော့ ကျန်နေခဲ့တယ် ။ အဲဒီချိန်မှာ သူ အဖြေကိုသူအရမ်းသဘောကျသွားပြီးအဖြေလွှာစာရွက် မှာ ရဲရဲဝင့်ဝင့် နဲ့ အားရ ပါးရ ရေးပြီး ဖြေပစ်လိုက်တယ် ။ ၃ x ၉ = ၃တဲ့ ။ ပုစ္ဆာတစ်ပုဒ်ရဲ့ အဖြေဆိုတာ ဖြေသူရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်မှု ပေါ်မှာ မူတည်ပြီးအဖြေတွေ ဟာ ကွဲပြားသွားကြတယ် ။
          ဒီတခါ ၂+၂=၅ ဆိုတာ ဟာ သချာင်္က လာတဲ့concept ဖြစ်တာမို့ သချာင်္ဘက်လှည့်ကြည့်တယ် ။ ကျွန်တော်တို့ အတော်များများ ရင်းနှီးခဲ့ကြတာမှာ လော့ဂျစ်ဆိုရင် အရစ္စတိုတယ်ရဲ့ true or false လော့ဂျစ်နဲ့ ပဲအသားကျခဲ့ ကြတယ်။ အမှန်ရဲ့ တခြားတစ်ဖက်မှာ အမှားရှိသည်ပေါ့ ။ ကျွန်တော်တို့ရဲ့ အတွေးခေါ်မှာလည်း မှန်ချင်မှန်မယ်၊ မမှန်ရင်တော့ မှားလိမ့်မယ် ဆိုတဲ့ dogma လေးက မသိမသာ လွှမ်းမိုနေတယ် ။ ဒီအယူအဆကိုဆန့်ကျင်တော်လှန်ပစ်သူ ကတော့ Fuzzy Logic ဆရာ ဇာဒါး ပဲဖြစ်ပါတယ် ။ သူကတော့ အမှန်ထဲမှာ အမှားတချို့တဝက်ပါနိုင်သလို ၊ အမှားထဲမှာလည်း အမှန်တချို့တဝက်ပါနိုင်တယ်လို့ဆိုတယ် ။ ၆၀ ရာခိုင်အမှန်ဟာ ၄၀ ရာခိုင်နှုန်းအမှန်နဲ့ယှဉ်ရင်  အမှန်ဖြစ်ပြီး၊ ၈၀ ရာခိုင်နှုန်း အမှန်နဲ့ယှဉ်ရင်တော့ အမှား ဖြစ်တယ်လို့ သူကဆိုတယ် ။ Fuzzy Mathရဲ့ ကိုင်းဖျား ကိုင်နားလေးဖြစ်တဲ့ Robins Lemma  သက်သေပြချက်အရ ၁ ဟာ " ၀ " နဲ့ ညီနိုင်သလို ၊ ၂ ဆိုတာလည်း၁ နဲ့ညီနိုင်တယ် ။ ထို့ အတူပဲ ၂ နဲ့ ၂ ပေါင်းရင် ၅ ရကြောင်းကိုလည်း သက်သေပြနိုင်ပါ တယ်။
          ဆိုတော့ ကျွန်တော် အပေါ် မှာ စဉ်းစားခဲ့ တဲ့အချက်လက်တွေထဲမှာ ၂+၂=၄ လို့ ယေဘုယျ အမှန်ကို တရားသေ မှတ်ယူထားရင်လည်း dogmatism ဆန်သလို၊ ၂+၂=၅ လို့ တရားသေ မှတ်ထားခိုင်းမယ်ဆိုရင်လည်း Dogmatism ဆန်မှာဖြစ်ပါတယ် ။ ၂+၂ ဟာ၎ ဖြစ်နိုင်သလို ၊ ၅လည်းဖြ စ်နိုင်ပါတယ် ။ ထို့ အတူ ၂+၂ =၃ ဒါမှမဟုတ်၂ +၂ = ၆ ဖြစ်နိုင်သေးလားဆိုရင်လည်း ဖြစ်နိုင်ပါသေးတယ်လို့ ပြောရမှာပါ ။ 
          နောက်ဆုံး ပြန်ကောက်ရမယ်ဆိုရင်တော့ ဗီဒီယိုဖိုင် က ပေးထားတဲ့ မက်ဆေ့ခ်ျလေးဟာ …သာမာန်စာသင်ခန်း တစ်ခု အနေနဲ့ ပဲဖြစ်ဖြစ် ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပဲ ယူဆ ယူဆ ၊ အမှန် ၊ အမှား နဲ့ ချဉ်းကပ်လျှင်တော့ သေချာပေါက် အဖြေထွက်မှာ မဟုတ်ပါ။ အကျိုး အမြတ် အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အခု ဗီဒီယို သင်ခန်းစာမှာ Lose – Loseပါ ။ ဆရာ ဘက်က အကျိုးအမြတ် ဆုံးရှုံးသလို ၊ တပည့် တွေဘက်ကလည်း ရှုံးပါတယ် ။ ဆရာ (သို့)နိုင်ငံတစ်ခုရဲ့ အစိုးရအဖွဲ့ ဆိုတာ ခေါင်းဆောင် ဖြစ်ပါတယ် ။ ခေါင်းဆောင်း ဟာ မိမိဦးဆောင်ရတဲ့အဖွဲ့စည်းကို ဝေဖန်ဆန်းစစ်နိုင်စွမ်း ပြည့်ဝအောင် ၊ လုပ်ချင်ကိုင်ချင်စိတ်တွေတက်ကြွလာအောင်၊ အရည်ချင်းတွေ ရှိလာအောင် ဆွဲဆောင်စည်းရုံးနိုင်ရမှာဖြစ်ပါတယ် ။ ဒါကြောင့် ၂ နဲ့ ၂နဲ့ ပေါင်းရင် ၅ … အဲဒီတိုင်းမှတ် ဆိုတဲ့ ဝေဖန်ဆန်းစစ်မှုကို ပိတ်ပင်တဲ့ အဆိုတွေ ၊လွတ်လပ်စွာရွေးချယ်ခွင့်ကို သတ်ပစ်လိုက်တဲ့ အဆိုပြုမှုတွေ အတင်းအကြပ် လုပ်ဆောင်မှုမပြုသင့်ပါဘူး ။ ၂ နဲ့ ၂ နဲ့ ပေါင်းရင် ဘယ်လောက် ရသလဲ ၊ ဘယ်လောက်ရမယ်ထင်သလဲ ဆိုတဲ့ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှု ၊ ဆန်းစစ်တွေးခေါ်မှုတို့ ကို ညှစ်ထုတ်ယူသော မေးခွန်းမျိုးသာမေးသင့်ပါတယ်။ ထို့ အတူပဲ ကျောင်းသား (သို့) ပြည်သူ တွေဟာ ၂ နဲ့ ၂ ပေါင်းရင်တော့ ၄ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တရားသေဝါဒကိုဆုပ်ကိုင်ထားလို့ မရပါဘူး ။ ၄ ရ ရင် ရ ၄ မရရင်တော့ ချကို ချမယ် ဆိုတဲ့သဘောမျိုးလည်း မဖြစ်သင့်ပါ ဘူး ။ ၂ နဲ့ ၂ နဲ့ ပေါင်း တိုင်းဟာ အချိန်တိုင်း ၊ နေရာတိုင်းမှာ၎ ဖြစ်မနေပါဘူး ။ ဆရာ က  ၂ နဲ့ ၂ နဲ့ ပေါင်းရင်၅ ဆိုရင် ဘာကြောင့် ၅ ရသလဲ ၊ ဘယ်လိုငါး ရသလဲ ဆိုတာမေးခွန်းထုတ်ရမှာပါ ။ ဆွေးနွေး ရမှာပါ ။ ဒါမှသာ ကျောင်းသား နဲ့ ဆရာတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ တွေးခေါ်ဆင်ခြင်နိုင်သော ၊ယဉ်ကျေးသော ပညာတတ်တွေ ဖြစ်လာမှာဖြစ်သလို ၊ နိုင်ငံတစ်နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဆီကို ချီတက်နိုင်ပြီး ..အစိုးရကော ပြည်သူပါwin – win အခြေနေကိုဆိုက်ရောက်မှာဖြစ်ပါတယ် ။ 
ကိုင်း …. စာဖတ်သူကော … ၂+၂ = ဘယ်လောက်ဖြစ်စေချင်ပါသလဲ။

(ရုပ်ဆိုး)

ဒါကတော့ ၂+၂=၅ ဗီဒီယိုလင့်ခ်လေးပါ 
http://www.youtube.com/watch?v=OizX0LSxfPQ

Friday, August 30, 2013

Facebook ရှိ ၀ါဒဖြန့်နေသော အကောင့်များ၏ အချက်အလက်များကို အစိုးရမှတောင်းဆိုတော့မည်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် မဟုတ်မမှန်ဝါဒဖြန့်သူများနှင့်
နိုင်ငံတော်နှင့် အစိုးရအပေါ် အကြည်ညိုပျက်အောင်လုပ်သော account များ၏ အချက်အလက်အချို့ကို ဖေ့စ်ဘွတ်ခ်ထံမှ တောင်းဆိုသွားတော့မည်ဖြစ်ကြောင်း

နေပြည်တော်အသိုင်းအ၀ိုင်းမှသိရသည်။

အမေရိကန် နိုင်ငံသားများနှင့် အခြားနိုင်ငံများမှသူများကို
အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) က ထောက် လှမ်းရာ၌
၎င်းတို့ ပူးပေါင်းပါဝင်ခဲ့သည့် အကြောင်းကို ဖေ့စ်ဘွတ်ခ်က
ထုတ်ဖော် ပြောကြားလိုက်ပြီးနောက်
ကမ္ဘာ့ထိပ်တန်း လူမှုကွန်ရက် ဖြစ်လာ သည့် ဖေ့စ်ဘွတ်ခ်မှာ
အစိုးရအာဏာ ပိုင်များ ပစ်မှတ်ထားသည့် နေရာ တစ်ခု ဖြစ်လာသည်ကို တွေ့ရသည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်သည့် အစီရင်ခံစာတွင်
အစိုးရများမှတောင်းဆိုသည့် အချက်အလက် အမျိုးအစား များနှင့်ပတ်သက်ပြီး
အသေးစိတ်ဖော်ပြ ထားခြင်းမရှိသကဲ့သို့
မည်သည့်အချက် အလက် အမျိုးအစားမျိုးကို
ကုမ္ပဏီက လွှဲပြောင်းပေးလိုက်ကြောင်းလည်း မပါ ရှိပေ။

"အချက်အလက် တောင်းဆိုမှုတွေ နဲ့ပတ်သက်လို့ တိကျတဲ့ အကြိမ်ရေနဲ့
အမျိုးအစားတွေ အပါအ၀င် ဒီထက်ပို အသေးစိတ်ဖော်ပြပေးနိုင်အောင်
အမေ ရိကန်အစိုးရကို ဆက်ပြီးတောင်းဆို သွားမှာပါ"ဟု ဖေ့စ်ဘွတ်ခ်
ကုမ္ပဏီက ပြောကြားခဲ့သည်။

တူရကီဝန်ကြီးချုပ် ရီဆက်ပ်တေရစ်ပ် အာဒိုဂန်က လူမှုကွန်ရက် မီဒီယာကို "လူ့အဖွဲ့အစည်းအတွက် အဆိုးဆုံး အန္တရာယ်" ဟု ပြောကြားခဲ့သည်။

 တူရကီအစိုးရက သုံးစွဲသူ ၁၇၀ ၏အချက်အလက်များကို သိရှိနိုင်ရန်
 ၉၆ ကြိမ်တောင်းဆိုခဲ့ပြီး ဖေ့စ်ဘွတ်ခ် က ယင်းတောင်းဆိုမှု၏
၄၇ ရာခိုင်နှုန်း ကိုခွင့်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံက သတင်းအချက် အလက် တောင်းဆိုရာ၌ ဒုတိယအများ
ဆုံးနိုင်ငံဖြစ်ပြီး သုံးစွဲသူ ၄,၁၄၄ ဦး၏အချက်အလက်များကို သိရန်
၃,၂၄၅ ကြိမ် တောင်းဆိုခဲ့ရာ ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့သည်။
 ဗြိတိန်အာဏာပိုင်များ၏ သုံးစွဲသူ ၂,၃၃၇ ဦး၏ အချက်အလက်
အသေးစိတ် တောင်း ဆိုမှုတွင် ဖေ့စ်ဘွတ်ခ်က ၆၈ ရာခိုင်နှုန်း ကို ခွင့်ပြုခဲ့သည်။

နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရန် မဟုတ်မမှန်ဝါဒဖြန့်လျှက်ရှိသည့် ခွန်ဒီးယမ်၊ မိုးဇေညိမ်း အစရှိသူတို့၏ အကောင့်များတွင် တင်ထားသည့် နိုင်ငံတော်သမ္မတအား စော်ကားထားသည့် ပုံများအားတွေ့ရစဉ်။





"ကျိန်စာ"





"ကျိန်စာ"

အစွမ်းထက်တဲ့ စုန်းမကြီး တစ်ယောက်ကို ကိုကျေးညိုသွားတွေ့တယ်
စုန်းမကြီးက မေးတယ်... ...
'ဘာကိစ္စလဲ လူလေး'
'ကျနော့်အပေါ်မှာ အနှစ် ၂ဝ လောက်ကြာအောင် မိနေတဲ့
ကျိန်စာကို ပျက်ပြယ်အောင် ကူညီပါ'

'ရတယ်လေ၊ မင်းကို ဘယ်သူက ကျိန်စာတိုက်လိုက်တာလဲ'
'ကျနော့် ယောက်ခမ'

'ဟင်... ဘယ်တုန်းကလဲ'
'လွန်ခဲ့တဲ့ အနှစ် ၂ဝ၊ သူ့သမီးကို သွားတောင်းတုန်းက'

'ဘယ်လို ကျိန်လိုက်တာလဲ၊ တိတိကျကျပြော၊
ဒါမှ ချေဖျက်တဲ့အခါ ထိရောက်တာ'

ဒီတော့ ကိုကျေးညိုကလည်း တိတိကျကျရွတ်ပြတယ်... ...

'ယနေ့မှစပြီး ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ'... တဲ့

အီး ဟီး ...။

သန်၎ကို-ဘာသာပြန်သည်

NLD ပါတီတွင် မွတ်စလင်များရှိနေသည်မှာ မှန်ကန်ကြောင်း အဖွဲ့ချုပ်မှပြောကြား




''ဟိုတုန်းကလည်း အဖွဲ့ချုပ်ထဲမှာ ကွန်မြူနစ် ပါတီဝင်တွေ
ရှိနေတယ်လို့ ပြောခဲ့ကြတယ်။
ဒါက ရှိချင်လည်း ရှိမယ်။ ဒါပေမဲ့ အဲဒါက ပြဿနာမဟုတ်ဘူး။
အခုချိန်မှာလည်း အဖွဲ့ချုပ်ထဲမှာ မွတ်စလင် ဘာသာဝင်တွေ မရှိဘူး မဟုတ်ဘူး။
ရှိတာပဲ။ ဒါပေမဲ့  အများကြီး ရှိနေတာ မဟုတ်ဘူး။"
ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်
ဦးဟံသာမြင့်က Daily Eleven သတင်းစာအား ပြောကြားခဲ့ခြင်းဖြစ်သည်။

" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "

" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "
---------------------------------------
အွန်လိုင်းမှာရော.....
မီဒီယာတွေမှာပါ.....
တလစပ် တက်တက် နေတဲ့ ....
သတင်းတွေကို ကြည့်ရင်း .....
သတင်းမှောင်ချခံရတဲ့ ခေတ်ကနေ....
သတင်း အဆိပ် ခတ်ခံနေရတဲ့ ခေတ် ကို.....
ရောက်သွားပြီ ပဲလို့ တွေးမိလိုက်ပါတယ်.....

သတင်းရေးသူ တစ်ချို့ ကတော့ ....
မှန်ကန်တိကျမှုကို .....
လျှင်မြန်မှုထက် ပိုအလေးထားတာ တွေ့ ရပေမယ့် ....
အများစု က တော့ .....
ချဉ်ချဉ် တူးတူး ... ဦးရင် ပြီးတာပဲ ဆိုတဲ့ ....
ပုံစံမျိုးတွေ အတော်များပါတယ်...။

ကျိုးကြောင်းဆင်ခြင်မှုနဲ့ .....
သတင်းကို စိစစ်နိုင်စွမ်း .....
အားနည်းသေးတဲ့  ကျွန်တော်တို့ ပြည်သူတွေမှာ ....
ရည်ရွယ်ချက်မျိုးစုံ နဲ့ ထင်ရာမြင်ရာ .....
ဖြန့် ဖြူးနေတဲ့  သတင်းတွေကြောင့် ....
ထင်ယောင်ထင်မှား သံသယ တွေအမျိုးမျိုးနဲ့ 
အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာတွေ....
နာကျည်းချက် အမုန်းတရားနဲ့  ဒေါသတွေ ....
ဖြစ်ခဲ့ ရပေါင်းလဲ မနည်းတော့ပါဘူး....။

ဖတ်ဖူး မှတ်ဖူး သလောက်တော့ ....
မီဒီယာတွေအတွက်....
ခွေးက လူကို ကိုက်တာသည် သတင်းမဟုတ်ပဲ....
လူက ခွေးကို ကိုက်တာကမှ ...
သတင်းလို့  ဆိုပါတယ်.....

တပ်မတော်မှာတော့ ....
သတင်း ဆိုတာက....
ဘယ်သတင်းပဲ ဖြစ်ဖြစ် ....
ရလာသမျှကို.....
ဒီ အချက်တွေနဲ့ ....
ပြန် ချိန်ထိုး အတည်ပြု ရပါတယ်....

မှန် တိ စီ ထင်.........
၁။ မှန်ကန်ရမယ်
၂။ တိကျရမယ်
၃။ စိစစ်ပြီး ဖြစ်ရမယ်
၎။ ထင်ကြေး တွေ မဖြစ်ရဘူး .......။

တစ်ခါ .....
သတင်းအခြေအမြစ် ( သတင်းကိုရတဲ့ နေရာ) ကို.....
၁။ လုံးဝအားထားရသည် ..................." က "
၂။ နဂိုအားထားရသည် ..................." ခ "
၃။ အသင့်အတင့် အားထားရသည်........." ဂ "
၎။ နဂို အားထားရမှုမရှိ ....................." ဃ "
၅။ အားထားခြင်း မပြုနိုင် ....................." င "
၆။ အားထားမှု မဆုံးဖြတ်ရသေး ............" စ "
ဆိုပြီး ပြန်စိစစ် ရပါတယ်.......။

ပြီးတော့....
သတင်းရဲ့ တိကျမှန်ကန်မှု အဆင့်အတန်းကို ......
၁။ အခြားအခြေအမြစ်မှ အတည်ပြုသော သတင်း .........." ၁ "
၂။ မှန်ကန်သောသတင်း .........................................." ၂ "
၃။ မှန်ကန်မည့် သတင်း ........................................." ၃ "
၎။ မှန်ကန်ကြောင်း သံသယရှိသည့် သတင်း ................." ၄ "
၅။ မဖြစ်နိုင်သောသတင်း ........................................." ၅ "
၆။ မှန်ကန်မှု ကို မဆုံးဖြတ်နိုင်သော သတင်း ................." ၆ "
ဆိုပြီး ထပ်စိစစ်ရပါတယ်................။

ရာခိုင်နူန်း နဲ့  တွက်ရင်တော့ ဒီအတိုင်းပါ.....
က.............၁...............၁၀၀%
ခ...............၂...............၅၀%
ဂ...............၃...............၂၅%
ဃ.............၄...............၁၂.၅%
င..............၅................၆.၅%
စ..............၆................၃.၁၂၅%

အဲတော့ .....
သတင်း တစ်ခုတင်ပြပြီဆို .....
က ၁ ....ပါ....
က ၂ .....ပါ....
ခ ၂ ....ပါ....
ဂ ၄ .....ပါ .........စသဖြင့် .....
စိစစ် တင်ပြရပါတယ်......

တင်ပြီးမှ ......
မှားသွားလို့ နော် ...ဆိုပြီး.....
ဘွာတေးလုပ်လို့  မရပါဘူး ....
ရူးချင်ယောင်လဲ ဆောင်နေလို့ မရပါဘူး.......

တစ်ချို့ သတင်းတွေ ဟာ.....
ချက်ချင်း အတည်ပြုလို့ မရနိုင်သေးတဲ့ အတွက် ....
အချိန်ကာလ တစ်ခုပေးပြီး.....
စနစ်တကျ တည်ဆောက်ရပါတယ်.....

မှန်ကန်တဲ့ သတင်းတွေ ကို ....
လျှင်လျှင်မြန်မြန် ရလာဖို့ ဟာ ....
ကိုယ် တည်ဆောက်ထားတဲ့  သတင်းကွန်ယက်...
အဆက်အသွယ်....
အသုံးပြုတဲ့  ငွေကြေး ၊ အရင်းအမြစ် စတာတွေပေါ်လဲ ....
အများကြီး မူတည်ပါတယ်.....

ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့ ...
အကြောင်းအကျိုးနဲ့ စနစ်တကျ စဉ်းစားပြီး....
ခွေးက လူကို ကိုက်တာပဲ ဖြစ်ဖြစ် ....
လူကခွေးကို ကိုက်တာပဲ ဖြစ်ဖြစ်....
...........
ဘယ်ကခွေးလဲ ....
ကိုက်ခံရတာ ဘယ်သူလဲ...
ဘယ်အချိန် ဘယ်နားမှာ.....
ဘယ်နေရာကို ဘယ်လို ကိုက်လိုက်တာလဲ ...
ဘာသွားလုပ်မိလို့  ကိုက်တာလဲ .....
မျက်မြင် သက်သေတွေက ဘယ်သူတွေလဲ....
သူတို့ ကရော အဲနားကို ဘာလို့ ရောက်နေတာလဲ ....
ကိုက်ခံရတဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ....
ကိုက်တဲ့ သူနဲ့  ကိုက်ခံရတဲ့ သူရဲ့ ...
အသေးစိတ် အချက်အလက်တွေက ဘာတွေလဲ.....
နောက်ဆက်တွဲ ဘာတွေ ထပ်ဖြစ်လာနိုင်လဲ ....
စတာတွေကို စိစစ်မေးခွန်းထုတ်လိုက်ရင်
သတင်း အဆိပ် သင့်တဲ့ ရောဂါကြီး.....
အမြန်ဆုံး သက်သာပျောက်ကင်း သွားမယ် ....
ထင်မိကြောင်းပါ ........။

( သတင်းပေး ရဲမိုး )

Thursday, August 29, 2013

KIA မလေးများ


'အမုန်းသည် ချစ်ခြင်း၏ အစဖြစ်သည် အမုန်းမှတစ်ဆင့်
မွေးဖွားလာသော အချစ်သည် ပိုမို ခိုင်မြဲနက်နဲ၏'

ဘာရယ်မဟုတ်ပါဘူး . . ဟို KIA မလေးတွေခမျာလည်း တစ်နေ့တစ်နေ့
ဗမာတွေကို သူတို့ ဘယ်လောက် မုန်းကြောင်း ဘယ်လိုအချက်တွေကြောင့်
မကျေနပ်ကြောင်း ဗမာတွေဟာ ဘယ်လို အကျင့်ရှိကြောင်း
Status တွေ တင်နေရှာတာ . . ဗမာဆိုတဲ့ စာလုံးလေးမှ မသုံးရရင်
သူတို့ ရင်ခုန်သံတွေ ပြီးဆုံးသွားမယ့် အလားပဲ . .

ဗမာ မကောင်းကြောင်း foul တွေသာ ထိုင်ထုတ်နေ . .
KIA ကို ကချင်လူထုက auto ထောက်ခံလာလိမ့်မယ် လို့
မစ္စတာ ဂွမ်းမော် က ညွှန်ကြားထားသလားမသိ . .

ဒါမှမဟုတ် ဒီ KIA မလေးတွေခမျာ တစ်ဖက်လှည့်နဲ့
ဖူးစာရှင် အမည်ကို Status တင်နေတာလည်း ဖြစ်တန်ရာ၏ . .

မုန်းရင်းမုန်းရင်း အမုန်းတွေဆုံးပြီး အချစ်တွေ ဖြစ်သွားတတ်တယ်နော် . .

ပါးစပ်က ဘယ်လောက်မုန်းမုန်း တကယ်ကျတော့
မသိစိတ်ထဲက ချစ်နေကြတယ်ဆိုတာ . . ဝန်ခံလိုက်စမ်းပါ . .
ရှက်မနေပါနဲ့ဗျာ . .

ဒါ့ကြောင့် . . နေ့စဉ် ဗမာ တွေ မကောင်းဘူး ဆိုတဲ့
status လေးတစ်ကြောင်းမှ မတင်ရရင် အမိတို့ KIA မလေးများရဲ့
ရင်ခုန်သံတွေ မူမမှန် ဖြစ်နေလေ့ရှိတယ်ဆိုတာ ဝန်ခံလိုက်စမ်းပါ

Min Myanmar - အချစ်ကမ်းမည့်လက်

မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းများ တစ်နှစ်လျှင် ကျပ်သုံးသောင်းသာ ထောက်ပံ့ကြေးရ

မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းများ တစ်နှစ်လျှင် ကျပ်သုံးသောင်းသာ ထောက်ပံ့ကြေးရ


စစ်တပ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့်
ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် စစ်သား များသည် တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးကြောင်း
ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၏ သြဂုတ် ၂၈ ရက်က
လွှတ်တော်တွင် ရှင်းလင်းဖြေကြားချက်တွင် ပါရှိသည်။

မသန်စွမ်း ဖြစ်သွားသည့် အငြိမ်းစား စစ်သားများအတွက် နိုင်ငံတော်မှ ကူညီ ထောက်ပံ့ပေးရန်နှင့် စစ်မှုထမ်း ဟောင်းများနှင့် ၎င်းတို့မိသားစုများ၏ ဘ၀ကို မြှင့်တင်ပေးရန် သြဂုတ် ၂၈ ရက်က အောက်လွှတ်တော် တွင်
အမတ်သုံးဦးက အရေးဆိုသဖြင့် ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က
ပြန်လည်ဖြေကြားစဉ် ထိုအချက် အလက် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဒုဝန်ကြီး၏ လွှတ်တော်တွင် ဖြေကြားချက်တွင် အသက် ၇၅ နှစ်အထက် စစ်မှုထမ်းဟောင်းများကိုလည်း တစ်နှစ်လျှင် ကျပ်နှစ်သောင်း ထောက်ပံ့ကြေး ပေးကြောင်းလည်း ပါရှိသည်။

ထို့ကြောင့် မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းတစ်ဦးသည်
တစ်ရက်လျှင် ၈၂ကျပ် ၁၉ပြား ထောက် ပံ့ကြေးရရှိပြီး၊
အသက် ၇၅ နှစ်အထက် စစ်မှုထမ်းဟောင်းများမှာမူ တစ်ရက်လျှင်
၅၄ ကျပ် ၇၉ ပြား ရရှိ သည့် သဘောဖြစ်သည်။

လက်ရှိတွင် မသန်စွမ်းဖြစ်နေသည့် စစ်သားအချို့မှာ စာအုပ်များနှင့် ဓာတ်ပုံများ လိုက်လံရောင်းချနေ သည်ကို ဒေသအနှံ့အပြားတွင် တွေ့မြင်နေရသည်။

“မသန်စွမ်းဖြစ်သွားတဲ့ စစ်သည်တွေဟာ ပြင်ပလောကမှာလည်း
အလုပ်အကိုင်ရရှိဖို့ မလွယ်ပါဘူး။ မိ သားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိုတောင် အနိုင်နိုင် ဖြေရှင်းနေရပါတယ်”ဟု ကရင်ပြည်နယ်၊ ဖာ ပွန်အမတ် ဦးစိုင်းသန်းနိုင်က
၎င်းဒေသရှိ မသန်စွမ်းစစ်သားများ၏ အခြေအနေကို လွှတ်တော်တွင် တင် ပြခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် စစ်မှုထမ်းဟောင်း နှစ်သိန်းကျော်ရှိနေကာ စစ်မှုထမ်းဟောင်း အိမ်ယာများကို လည်း ဆောက်လုပ်ပေးနေပြီး စစ်တပ်မှ ထိပ်တန်းအရာရှိ အငြိမ်းစားများ ထူထောင်ထားသည့် မြန်မာ့စီး ပွားရေး ဦးပိုင်လီမိတက်မှ လစဉ် ကျပ်သိန်းတစ်ရာနှင့် ဘိလပ်မြေအိတ် ၁၀၀၀ ထောက်ပံ့ပေးသည်ဟု ဒု ၀န်ကြီး၏ ဖြေကြားချက်တွင် ပါရှိသေးသည်။

သို့သော် ဒု-၀န်ကြီးက မည်သည့်အဆင့် အငြိမ်းစားများကို အိမ်ဆောက်ပေးပြီး၊
ငွေနှင့် ဘိလပ်မြေအိတ် များ ထောက်ပံ့ပေးသည်ကိုမူ ပြောမသွားခဲ့ပေ။

သမ္မတဦးသိန်းစိန်သည် “မသန်မစွမ်း ဖြစ်သွားသော တပ်မတော်သားများနှင့်
သေဆုံးသော (သို့) ကျဆုံး သော တပ်ေမတ်ာသားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပေဒ”ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်
မတ် ၃၀ ရက်က လက်မှတ်ရေးထိုးပြီး ပြဌာန်းခဲ့သည်။

ထိုဥပေဒတွင် မသန်မစွမ်းဖြစ်သွားသော စစ်သားသည် မသန်မစွမ်းမှုရာခိုင်နှုန်း၆၀နှင့် အထိရှိကြောင်း ဆေးခုံအဖွဲ့ကသတ်မှတ်ခံရပြီး၊ တပ်မတော်တွင်
ကျေနပ်လောက်အောင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု အခွင့်ရအာဏာပိုင် (သို့) အဖွဲ့က အတည်ပြုလျှင် ထောက်ပံ့စောင့်ရှောက်မှုကို ခံစားပိုင်ခွင့်ရှိသည်ဟု ပြ ဌာန်းထားသည်။

သို့သော် အဆိုပါဥပေဒအတည်ပြုပြီး တစ်နှစ်နှင့်ငါးလအထိ ကြာမြင့်ပြီဖြစ်သည့် ယနေ့အချိန်အထိ နည်း ဥပေဒ ထွက်မလာသေးသဖြင့်
ယင်းဥပေဒပါ ပြဌာန်းချက်များအတိုင်း အကောင်အထည် မဖော်နိုင်သေး ပေ။

ရွှေပြည်သာမှ အောက်လွှတ်တော်အမတ် ဦးတင်မောင်ဦးက “စစ်မှုထမ်းဟောင်းတွေကို လေ့လာကြည့် လို့ စစ်မှုထမ်းဟောင်းတွေဟာ စားဝတ်နေရေး မပြေလည်ဘူး။ အခက်အခဲတွေ့နေရင် နောင်အနာဂါတ် မှာ တပ်မတော်ထဲဝင်မယ့် ကလေးတွေဟာ သူတို့ကိုကြည့်ပြီး ၀င်ဖို့အတွက် အဟန့်အတားဖြစ်မှာ ဖြစ်ပါ တယ် ဟု ပြောသည်။

တကယ်လို့ စစ်မှုထမ်းဟောင်းတွေဟာ ပြောင်ပြောင်ရောင်ရောင်နှင့် နေရတာမျိုး မြင်တယ်ဆိုရင်တော့
အ နာဂတ်မှာ လူငယ်များစွာ အရင်လိုပဲ တပ်မတော်ထဲ ၀င်ကြမှာဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်သား တွေအတွက် အာမခံချက်တစ်ခု ဆောင်ရွက်ပေးဖို့
လိုမယ်လို့ အကြံပြု တင်ပြလိုပါတယ်”ဟု လွှတ်တော် တွင် ထောက်ပြပြောဆိုခဲ့သည်။
ယခုလက်ရှိဘဏ္ဍာရေးနှစ်တွင်ကာကွယ်ရေးဝန်ကြီးဌာနကအသုံးစရိတ်
ငွေကျပ်သန်းပေါင်း နှစ်သန်း ကျော် ရရှိထားပြီး ၀န်ကြီးဌာန
အားလုံးအနက်
ဘတ်ဂျက် ဒုတိယအများဆုံးရရှိသည့် ၀န်ကြီးဌာန ဖြစ် သည်။


- Mizzima

NLD ဥက္ကဌမှ ကင်တားနားအား ဆန္ဒပြခဲ့သော မိတ္ထီလာလူထုအားဝေဖန်


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက်
ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။

"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာ ကင်တားနားက ထုတယ်လို့ပြောတယ်။မိတ္ထီလာကရတဲ့ သတင်းက ထုတာလို့ ပြောတယ်။
ဒီဟာက မလုပ်သင့်ဘူးပေါ့။စာပေးချင်လဲ ရိုးရိုးပေးလို့ရပါတယ်။
တိုက်ရိုက်ပေးလို့မရရင်တောင် UNDP က တစ်ဆင့်ပေးလို့ရတာပေါ့။
မစ္စတာ ကင်တားနား ကျေနပ်လောက်အောင် ဖြေရှင်းချက်ပေးသင့်တာပေါ့"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့
မေးမြန်းရာမှာတော့ အမြန်ဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။

နိုင်ငံရေးသမားတချို့က ဖွဲ့စည်းပုံကို ပြင်ဆင်ရေးအစား လုံးဝအသစ် ရေးဆွဲဖို့ ပြောဆိုနေကြပေမယ့် လက်တွေ့ဘယ်လို အကောင်အထည် ဖေါ်နိုင်မလဲဆိုတဲ့ နည်းလမ်းကိုတော့ အကြံပြုခြင်းမရှိကြဖူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

"လွှတ်တော်ထဲမှာဆိုရင် ကော်မတီထဲမှာလည်း အမတို့ ကိုယ်စားလှယ်တွေ ပါတယ်။အမတို့ကိုယ်စားလှယ်တွေကလဲ တတ်နိုင်သလောက် အမြန်ဆုံးဖြစ်အောင် ကြိုးစားမှာပေါ့၊တစ်ချို့ကျတော့လည်း ကော်မတီက အစီရင်ခံစာကို ဒီဇင်ဘာလမှာ သွင်းရမယ်ဆိုတာ မြန်လွန်းတယ်တောင် ပြောတဲ့သူတွေ ရှိပါတယ်"

လေးစားပါတယ်ရဲဘော်



လေးစားပါတယ်ရဲဘော်....
ငါသိတာပေါ့
ဆန္ဒကိုမျိုသိပ်
သိုသိပ်စွာလွမ်းတတ်တဲ့မင်း
လူသိရှင်ကြား ငိုချင်းမချတတ်ပေမယ့်
မင်းတို့ အံကြိတ်သံ
ကြက်သီးထလောက် အောင် ညံနေခဲ့တယ်လေ။

လေးစားပါတယ်ရဲဘော်......
ထေရ၀ါရမှာတော့
သရဏဂုံရွတ်မှကျွတ်သတဲ့
စောင်ကြားပတ် ဒုတ်နဲ့ လျှို
" သင်နှင့်တပ်မတော် ဘာမှမဆိုင်" ဆိုတဲ့
အမိန့် စာတစ်ခုစောင်နဲ့ 
ဘ၀ကိုအဆုံးသတ်
သုဘရာဇာမရှိတဲ့ အရပ်က
မင်းတို့ ထဲက တစ်ချို့ အတွက်
သုသာန်ဖြစ်ခဲ့တယ်မလား။

လေးစားပါတယ်ရဲဘော်...
"စစ်ခွေး" လို့ ခေါ်သံတွေရင်မှာပိုက်
ဘာသာနဲ့ သာသနာအတွက်ဆိုရင်တော့
မင်းတို့ ပဲ ရှေ့ ကနေ လူမိုက်လုပ်
အရေးကြုံရင် သက်လုံကောင်းခဲ့ပေမယ့်
လက်ခုပ်သံနဲ့ ပန်းကုန်း မင်းတို့ အတွက်မဟုတ်ခဲ့ဘူးလေ။

လေးစားပါတယ်ရဲဘော်.....
ငတို့ ခေတ်က ကူးပြောင်းစမဟုတ်လား
လူ့ အခွင့်ရေး လို့ တွင်တွင်သုံး
Human Right ဆိုတဲ့ စကားလုံးနဲ့ 
တစ်ချို့ တွေ မင်းတို့ ကိုလက်ညှိုးထိုး
ရေပေါ်ဆီတွေရဲ့ အနာဖေးခွာချမှုကြား
မင်းတို့ အတွက်တော့
၂၄ နာရီထာဝရဆိုလည်းမမှုဘူးလေ။

လေးစားပါတယ်ရဲဘော်...
ရက်ရာဇာမဆောင် ပြဿဒါးမရှောင်
ကိုယ့်အတွက်မဟုတ်တဲ့ခရီး
သဲဖြူခင်း ရာဇမတ်မကာပဲ
နဂါးခေါင်းလှည့်တဲ့ အရပ်ကို
မင်းတို့ တည့်တည့်ပဲ
ထွက်ခဲ့တယ်မလား။
မင့် ပြန်အလာမျှော်နေတဲ့ လူတစ်စု
အပူတစ်ခုနဲ့ ရှိနေတာကိုတော့
သတိရစေချင်စမ်းတယ်။

လေးစားပါတယ်ရဲဘော်......
တပ်မတော်ဆိုတာ တြိဂံပုံမဟုတ်လား
ငါသိတာပေါ့
ထိပ်ဆုံးကထောင့်ရယ် အောက်ခြေအနားရယ်
အလယ်က ကွာကျသွားတဲ့ဘေးသားတွေရယ်
ပြီးတော့ မြေကြီးအောက် ရောက်သွားတဲ့ သွေးသားတွေရယ်
သစ္စာလေးချက်သံ ကြားတိုင်း
သတိဆွဲ နေတာ
ပြီးတော့ ဘယ်အချိန်မေးမေး တစ်သံတည်းထွက်တာ
ဘာကြောင့်လဲဆိုတာကိုလေ။

လေးစားပါတယ် ရဲဘော်....
မင့် တို့ ခံနိုင်ရည်ရှိခဲ့တယ်
မြေသြဇာဖြစ်သွားတဲ့ ဖွားဘက်တော်တွေ
မင့်တို့ လှူလိုက်တဲ့ ခြေလက်တွေ
မင့် တို့ ကိုမှီတည်နေတဲ့ ဘ၀တွေ
စစ်မြေပြင် ဆိုတဲ့ အ မင်္ဂလာရပ်က
ငိုညည်းသံတွေ
မြေပုံ ဘေးက တောက်ခေါက်သံတွေ
နောက်ပြီး.....
သန်းပေါင်းများစွာသော မျက်စောင်းတွေ
" စစ်ခွေး " လို့ ခေါ်သံတွေ......။

ထူးဝေ

ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား



ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်များ အရှိန်ယူနေ
အမေရိကန်နှင့် မဟာမိတ်တို့သည် ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊
လေယာဉ်များ အသုံးပြုကာ ဆီးရီးယားပြင်ပ ရေပိုင်နက်နှင့် ဝေဟင်တို့မှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ဖွယ် ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။
ဆီးရီးယားကို တိုက်ခိုက်ပါကရက်ပိုင်းသာ ကြာမြင့်နိုင်ပြီး စစ်ဘက်အဆောက်အအုံများကို
ပစ်မှတ်ထားနိုင်သော်လည်း ဓာတုလက်နက်များကိုမူ ပစ်မှတ်ထားဖွယ် မရှိကြောင်း
ဝါရှင်တန်ရှိ သတင်းရင်းမြစ်များက ဆိုသည်။
ဆီးရီးယား အဓိကအတိုက်အခံ (SNC) ကလည်း လေဆိပ်များ၊
စစ်အခြေစိုက် စခန်းများ၊ လက်နက်ရုံများ စသည်တို့ ပါဝင်သည့် ပစ်မှတ်များကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် အဖွဲ့ဖြစ်သော (FSA) နှင့် မဟာမိတ်နိုင်ငံတို့ကြား ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း
SNC တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကာကွယ်ရေး ၀န်ကြီးဌာနသည် လေကြောင်းတိုက်ခိုက်မှုကို သုံးရက်ကြာ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ မြေထဲပင်လယ်တွင်းရှိ ရေတပ်ဖျက်သင်္ဘောများ၊ ရေငုပ်သင်္ဘောများမှ ဒုံးကျည်တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိပ်တန်းတာဝန် ရှိသူများက
NBC News ကို ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်သည် မကြာသေးမီ ရက်များအတွင်းက မြေထဲပင်လယ်တွင်းမှ ဖျက်သင်္ဘောများကို မြေထဲပင်လယ် အရှေ့ဘက်စွန်းရှိ ဆီးရီးယားအနီးသို့ ရွှေ့ဆိုင်းခဲ့ရာ ရေတပ်သင်္ဘောများဖြစ်သည့်
USS Barry၊ USS Mahan၊ USS Ramage နှင့် USS Gravely တို့သည်
တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ရေတပ်တာဝန် ရှိသူများက ပြောကြားခဲ့သည်။

ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ဖြစ်လာနိုင်သော လက်တုံ့ပြန်မှု
အမေရိကန် စစ်တပ်သည် အဆင်သင့် ရှိနေပြီဖြစ်ပြီး သမ္မတ ဘာရက်အိုဘားမား၏ အမိန့်ကို စောင့်ဆိုင်းနေကြောင်း ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားခဲ့သော်လည်း ၀ါရှင်တန်က နောက်ဆုံးဆုံးဖြတ်ချက် မချရသေးပေ။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ၀ါလက်မူအာလင်က မိမိတို့တွင် အညံ့ခံ အရှုံးပေးခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း နည်းလမ်းနှစ်ခုအနက် ဒုတိယနည်းလမ်းသည် အကောင်းဆုံး ဖြစ်မည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု နောက်ကွယ်တွင် ပါဝင်သူများအား အပြစ်ပေးရန်
ပြင်သစ်က အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြောကြားခဲ့သည်။

သြဂုတ် ၂၇ ရက်တွင် အိုဘားမားသည် ကင်မရွန်ထံ ဖုန်းဆက်ပြီး
ဆီးရီးယားအရေး ကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ အိုဘားမားသည် သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ် ခေါင်းဆောင်များနှင့်လည်း ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း
အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားအပေါ် စစ်ရေးဖြင့် အရေးယူမှုအား မဟာမိတ်ရုရှားနှင့်
အီရန်တို့က ကန့်ကွက်ထားသည်။ သို့သော် ဆီးရီးယား မဟာမိတ်ဟောင်းနှင့်
ဒေသတွင်း အင်အားကြီး တူရကီကမူ ယင်းဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အတွက် တာဝန်ရှိသူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေမှုမှာ မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂါလီ ကျောင်းသားများ အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိ

ဘင်္ဂါလီ ကျောင်းသားများ တက်ရောက်သင်ကြားနေသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိ


ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက် သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိကြောင်း ပညာရေးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက "ဘင်္ဂါလီတွေက နိုင်ငံတော်သီချင်းကို မဆိုသလို၊ နိုင်ငံတော် အလံကိုလည်း အလေးမပြုကြဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းက အစိုးရက ခန့်အပ်ထားတဲ့ ဘင်္ဂါလီကျောင်းဆရာတွေလည်း ဒီအတိုင်းပဲ" ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေး စခန်းများနှင့် ရခိုင်တိုင်းရင်းသားများ မရှိသော အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ကျောင်းဆရာ ဆရာမများအား သွားရောက်တာဝန် ထမ်းဆောင်ခြင်းကိုလည်း ယာယီရပ်တန့်ထားကြောင်း သိရသည်။ သို့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားချက်အရ ဘင်္ဂါလီများ ယဉ်ကျေးလိမ္မာ လာစေရန်နှင့် ပြည်သူ့နီတိကဲ့သို့ စာများကိုလည်း သင်ကြားရမည်ဟု ပါရှိခဲ့ခြင်းအပေါ် စာသင်ကျောင်းများတွင် ပြည်သူ့နီတိများအား အချိန်ဇယားအလိုက် ထည့်သွင်းသင်ကြားမှုများ ရှိသော်လည်း ဘင်္ဂါလီကျောင်းသားများမှာ လိုက်နာမှု အားနည်းခြင်းများကို ပညာရေးဌာနမှ သက်ဆိုင်ရာ ဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

"ဘင်္ဂါလီတွေကို ပြည်သူ့နိတိတွေ သင်ခဲ့တယ်။ မလိုက်နာဘူး။ သူတို့ ဂရုမစိုက်ဘူး ဆိုတာကို အထက်အရာရှိတွေဆီ တင်ပြထားပြီး ဖြစ်တယ်။ ဘင်္ဂါလီ လူကြီးတွေက နိုင်ငံတော်အလံကို အလေးမပြုတော့၊ ကလေးတွေက ဘယ်လိုလုပ် အလေးပြုမှာလဲ" ဟု ဦးလှစိန်ထွန်းက ထပ်လောင်းပြောဆိုခဲ့ပါသည်။

လက်ရှိ အနေအထားတွင် ကယ်ဆယ်ရေး စခန်းများ၌ ဘင်္ဂါလီ ကျောင်းသားများအတွက် ကယ်ဆယ်ရေး စခန်းများရှိ ယာယီစာသင်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး ဘင်္ဂါလီဆွဲခန့် ကျောင်းဆရာများကိုလည်း ခန့်အပ်ထားရှိကြောင်း သိရသည်။ ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်လည်း ဘင်္ဂါလီများ သီးသန့်တက်ရောက် သင်ကြားနေသည့် အခြေခံပညာရေးကျောင်း ၄၀ ကျော်ရှိကြောင်းနှင့် အဆိုပါ ကျောင်းများအား တိုင်းရင်းသား ကျောင်းဆရာ/မများ လုံခြုံရေးအရ သွားရောက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့် ဘင်္ဂါလီဆရာများကို သင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ် အတွင်းရှိ အစိုးရ ကျောင်းများအားလုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။


- Eleven Media Group

Wednesday, August 28, 2013

ချစ်ခြင်းမေတ္တာ

စားပွဲအနီး၌ စစ္စတာ ဒေါ်မိုးသူနှင့် ဆရာဝန်မလေး ပြန်ရပ်နေကြပြီး ရှေ့၌
ပင်နီရင်ဖုံးဝတ် အမေအိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦးလည်း ရပ်နေကြ၏။

" နောက်ဆုံးလူနာပါပဲ ဆရာ" ဟု သူနာပြုဆရာမလေးက ကြည်လင်သော အသံဖြင့်ဆို၏။

နှင်းငွေသည် ပင်နီရင်ဖုံးအင်္ကျီနှင့် အမေအိုကို ကြည့်သည်။
အမေအိုက သူ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေ၏။ သူကလည်း ပြန်ပြုံး၏။
အမေအိုသည် အသက် ခြောက်ဆယ်ခန့် အနည်းဆုံးရှိပြီ။
နှင်းငွေသည် စားပွဲရှေ့မှ ကုလားထိုင်ကို ညွှန်ပြပြီး ဆို၏။

" ထိုင်ပါ ...... ထိုင်ပါအမေ"

အမေအိုသည် မထိုင်သေးဘဲ ပြုံးပြုံးကြီးပင် သူ့ကိုကြည့်နေ၏။
အမေအို၏ မျက်လုံးများသည် အပျိုမတစ်ဦး၏ မျက်လုံးများကဲ့သို့ မကြည်လင် မရွှန်းပသော်လည်း အပြစ်ကင်း သန့်စင်နေ၏။
ဤအခိုက်အတန့်တွင် ထူးခြားစွာ တောက်ပလျက်လည်း ရှိသည်။
နှင်းငွေက ထပ်မံ တိုက်တွန်း၏။

" ထိုင်ပါ ...... ထိုင်ပါအမေ"
အမေအိုသည် ပြုံးရွှင်စွာဖြင့် အားလုံးကို ကြည့်လိုက်ပြီး ဆို၏။

" ဆရာအကြီးကြီးရှေ့မှာ အဘွား ထိုင်ထိုက် မထိုင်ထိုက်"

ဤအသံဝဲ၀ဲမျိုးကို နှင်းငွေ ကြားဖူးလှပြီ၊ ဤစကားမျိုးကိုလည်း နားလည်ခဲ့ပြီ။
" " ထိုင်ပါ .... အမေ ထိုင်ပါ၊ အမေထိုင်ရင် ကျွန်တော် ထမင်းစားလို့ ချိုမယ်"
အမေအိုသည် အားရးပါးရ ရယ်မော၏။

" အမေထိုင်ရင် ဆရာကြီး ငါ့သား ထမင်းစားလို့ချိုမယ်၊ ဟား ဟား၊ မချိုမရှိသကော ၊ ချိုကိုး၊ ဆာဓု...ဆာဓု၊ အမေထိုင်ရော"

အမေအိုသည် ကုလားထိုင်၌ ကျကျနန၀င်ထိုင်၏။ ထိုင်ပြီးနောက်လည်း ဒေါက်တာကို ပြုံးပြုံးကြီး ဆက်ကြည့်နေပြန်၏။

ဘာကြောင့်မသိ နှင်းငွေ၏ စိတ်ဓါတ်မှာ ရွှင်ပျလာ၏။
အမေကိုမေးသော သား၏ လေသံဖြင့်မေး၏။

" အမေ နေမကောင်းဘူးလား"
" အို...အမေ နေကောင်း၊ သိပ်ကျန်းခန့်"
" ကျန်းခန့်သားနဲ့ အမေဘာလို့ ကျွန်တော်နဲ့ လာတွေသလဲ"
" အမေ ထီပေါက်တယ်"
" ခင်ဗျာ "

အမေအိုသည် လက်ငါးချောင်းထောင်ပြ၏။
" ငါးဆောင်း ၊ ငါးဆောင်း"
" သြော် .... အမေ ထီငါးသောင်းပေါက်တယ်၊ ဟုတ်ကဲ့ "

အမေအိုသည် တုန်ယင်သောလက်ဖြင့် ရင်ဖုံးအကျီအတွင်းမှ တစ်စုံတစ်ခုကို နှိုက်ယူသည်။ ထို့နောက် ထိုတစ်စုံတစ်ခုကို
လက်ဖ၀ါးထက် တင်လျက် ပြ၏။

ပုလဲနားကပ်တစ်ရန်ဖြစ်၏။ ရွှေမှာ သစ်လွင်နေ၏။ ပုလဲတို့ကား အိုမင်း၍ အရောင်မရှိလှပြီ။ ပုလဲအကောင်းစား ဟုတ်ဟန်မတူ၊ သေးလည်း သေးငယ်၏.
နှင်းငွေ၏ မျက်လုံးများပြူးသွား၏။

" အမေ ကျွန်တော် ဘာလုပ်ရမှာလဲ"

အမေအို၏ နှုတ်ခမ်းများလှုပ်လာ၏။ အမေအိုသည် နှင်းငွေ နားလည်အောင် ပြောပြနိုင်ဖို့ ကြိုးစားနေဟန်ရှိ၏။ လက်လျှော့လိုက်ဟန်ရှိပြီး မြေးပျိုမဘက် လှည့်ပြော၏။

သူငယ်မသည် ဒေါက်တာ့ကို တစ်ချက် မရဲတရဲကြည့်၏။
ထို့နောက် မျက်လွှာချပြီး စကားပြန်၏။

" အဘွားနှင့် အဘိုးဟာ သိပ်ဆင်းရဲတယ်တဲ့၊ သစ်သီးသစ်ရွက်ပဲ စိုက်စားခဲ့တယ်တဲ့၊
သူတို့ လက်ထက်တုန်းက အဘွားကို အဘိုးက ကတိတစ်ခု ပေးခဲ့တယ်တဲ့၊
အဘွားကို နားကပ်လုပ်ပေးမယ်တဲ့"

သူငယ်မသည် စကားကုန်သွားဟန် အမေအိုကို ပြန်ကြည့်သည်။
နှင်းငွေတို့ နားမလည်နိုင်သော စကားဖြင့် အမေအိုသည် သွက်လက်စွာ ပြန်ပြော၏။

" ကလေးတွေ အများကြီးမွေးရတော့ ပိုက်ဆံမရှိဘူးတဲ့၊
ဒါပေမယ့် အဘိုးက ပုလဲနှစ်လုံးတော့ ၀ယ်ပေးတယ်တဲ့၊
ရွှေဖိုးမရှိလို့ နားကပ်မလုပ်နိုင်ဘူးတဲ့၊ အခု အဘိုးလဲ သေသွားပြီတဲ့"

သူငယ်မလေးသည် အမေအိုကို ပြန်ကြည့်သည်။
အမေအိုက စကားပြောပြန်သည်။ ဤအကြိမ်၌မူ အမေအို၏ မျက်လုံးများမှ မျက်ရည်များကျလာ၏။
သူငယ်မလေးကလည်း ဆို့နင့်သောလေသံဖြင့် စကားဆက်ပြန်၏။


" အခု အဘွား ထီပေါက်တယ်တဲ့၊ ပိုက်ဆံတွေကို လှူပစ်မှာပဲတဲ့၊ နားကပ်တော့ လုပ်ထားတယ်တဲ့၊ ဒါပေမယ့် သူ့မှာ နားပေါက်မရှိဘူးတဲ့၊
နားဖောက်ခိုင်းရင် လူတွေက ရယ်ပြီး မဟုတ်တာ ပြောတယ်တဲ့၊
အဘွား သူငယ်မပြန်သေးဘူးတဲ့"


နှင်းငွှေက ငြိမ်သက်စွာနားထောင်နေ၏။ စစ္စာဒေါ်မိုးသူသည် အံကိုခဲထား၏။
စစ္စတာမျက်လုံးများ၌ မျက်ရည်များဝဲနေသည်။
အမေအိုက ဆက်ပြောပြန်သည်။ သူငယ်မလေးက ဘာသာပြန်ပြ၏။

" အဘိုးက အင်းသားပါတဲ့၊ သူက ဓနုပါတဲ့၊ အင်းသားနဲ့ ဓနုတွေဟာ မဟုတ်တာမပြောပါဘူးတဲ့၊ ဆေးရုံကြီးအကြောင်းလည်းသူသိပါတယ်တဲ့၊
ဗိုက်ကွဲပြီး အူပေါက်တာကို ချုပ်ပေးနိုင်တာ သူသိပါတယ်တဲ့၊ သူ့ကို နားဖောက်ပေးပါတဲ့၊ ဆေးရုံကြီးကို သူ အများကြီး လှူပါမယ်တဲ့"

အမေအိုသည် မြန်မာစကားကို ရေလည်စွာ မပြောတတ်လင့်ကစား မြန်မာစကားပြောခြင်းကိုမူ ကောင်းစွာနားလည်ဟန်တူ၏။

မြေးပျိုမလေး၏ စကားအဆုံး၌ အမေအိုသည် နှင်းငွေဘက်သို့ လှည့်ပြီး ခေါင်းညိတ်လျက် ပြုံးပြရှာ၏။ ပါးများပေါ်တွင်မူ မျက်ရည်ကြောင်းများ စီးလျက်။

နှင်းငွေရင်၌ ခံစားမှုများ ပြည့်လာသည်။ ကြည်လည်းကြည်နူးမိသည်၊
ဝမ်းလည်းနည်းမိ၏။
ယခုတိုင် ဖြန့်ထားလျက်ရှိသေးသော အမေအို၏ လက်ဖ၀ါးထက်မှ
နားကပ်များကို ကြည့်မိ၏။

လူသာအိုမည်၊ နှလုံးသားက အိုချင်မှ အိုမည်။ အိုလေသည့်တိုင်အောင် နှလုံးသားသည် နုပျိုစဉ်က တွယ်တာခဲ့ရသော
သံယောဇဉ်များကို ထိန်းသိမ်းထားပေမည်။
မိမိပင် ချစ်လှစွာသော နုနုငယ်၏ စာလေးများကို သိမ်းထားဆဲဖြစ်၏။
တစ်ခုတည်းသော နုနုငယ်၏ ဓါတ်ပုံကလေးကိုလည်း သိမ်းထားဆဲဖြစ်၏။
နုနုငယ်၏ စာများက ၀ါညိုစပြုပြီ၊ နုနုငယ်၏ ဓါတ်ပုံကလေးကလည်း မှုန်ဝါးစပြုပြီ။

အမေအိုသည် ဤဘ၀၌ မရှိတော့ပြီဖြစ်သော ချစ်သူအဘိုး၏ လက်ဆောင်
ပုလဲညိုနှစ်လုံးနှင့် ဘာများခြားပါသနည်း...။
နှင်းငွေသည် ပြုံးရင်း မျက်ရည်ဝဲလျက်ဆို၏။   

" အမေ့နားကို ကျွန်တော် ဖောက်ပေးပါ့မယ်၊ ကောင်းကောင်းလှလှ ဖောက်ပေးပါမယ်၊ အမေဘယ်တော့ နားဖောက်ခံမလဲ"

အမေအို၏ မျက်နှာ၌ အပြုံးကြီး ပြန်ပေါ်လာ၏။
အမေအိုသည် လက်ချောင်းများကို ချိုးလျက် ရေတွက်နေ၏။

" နေ့ကောင်းရက်သာ လာဖောက်ရင် ဆရာကြီး ခွင့်ပြုမပြု"
" ကြိုက်တဲ့နေ့ အမေလာပါ၊ ကျွန်တော် ဖောက်ပေးပါ့မယ်၊ အမေကျေနပ်ပြီလား"

အမေအိုသည် နေရာမှ ထသည်၊ အပြုံးကြီးပြုံးလျက်နှင့် အရေတွန့်သော သူ့လက်ကြီးတစ်ဖက်ဖြင့် နှင်းငွေ၏လက်ကို လှမ်းကိုင်၏။

" နှလုံးကောင်းဆရာကြီး ဆာဓု.... ဆုဓု "
အမေအိုနှင့် မြေးပျိုမလေးတို့ ထွက်သွားကြ၏။

သူတို့ကို မျက်ရည်ဝဲလျက် ငေးကျန်ကြည့်နေရာမှ နှင်းငွေသည် လှည့်ကြည့်လိုက်၏။


မိမိက မျက်ရည်ဝဲရုံ ၀ဲမိသည်။
ဖြူမွတ်သန့်စင်သော စစ္စတာဒေါ်မိုးသူ၏ ပါးပြင်ထက် စီးကျလျက်ရှိသော မျက်ရည်များကို ဒေါက်တာနှင်းငွေ မြင်ရလေသတည်း...။
-

-
-
-

-
-
-
-

-
-
-
-
-
-
-

-
-
-
-
-
နောက် တစ်ပါတ်ခန့်အကြာ ဒေါက်တာ နှင်းငွေ၏ ရုံးခန်းအတွင်း၌ဖြစ်သည်။
စားပွဲပေါ်၌ ပန်းများရှိနေ၏။ ပန်းများထံမှ ရနံ့များကြိုင်နေ၏။

ဟိုးတစ်ရက်က လာခဲ့ဖူးသော အမေအိုသည် စားပွဲရှေ့၌ ပြုံးပြုံးကြီးထိုင်နေ၏။ အနီး၌ မြေးမကလေးသည် ရှက်ပြုံးပြုံးရင်း ရပ်နေ၏။

စားပွဲပေါ်၌ ရွှေချိတ်ကောက်နှစ်ကွင်းသည် ကတ္တီပါခင်းဘူးထက်တွင် တင့်တယ်စွာ ရှိနေ၏။

စစ္စတာဒေါ်မိုးသူ အကူအညီဖြင့် နှင်းငွေသည် အမေအိုကို နားဖောက်ပေး၏။
နားဖောက်ပြီးသောအခါ အမေအို၏ နားတွင် ရွှေချိတ်ကောက်နှစ်ကွင်းကို နှင်းငွေက ဆင်ပေး၏။

" အမေ နာပါသလား "
" အိုး....နာတယ် မရှိသကိုး"
" အမေ ... လှသွားပြီ "
" လှတဲ့သူက လှတယ်ပြောမင့် အမေ ယုံသကိုး "

အမေအိုသည် ဟက်ဟက်ပက်ပက်ရည်လိုက်ပြီး နှင်းငွေ၏လက်ကို လှမ်းဆုပ်လိုက်၏၊ နှင်းငွေကလည်း ပြုံးရွှင်ရယ်မောရင်း အမေအို၏လက်များကို ယုယစွာ ပြန်ဆုပ်ကိုင်၏။

" အမေ့နားက အနာ မယဉ်းစေရဘူး၊ ဆေးမီးတိုတွေ လျှောက်မထည့်ရဘူးနော်၊ ဆယ်ရက်ဆိုရင် နားကပ်နဲ့ အမေပြန်လာခဲ့၊ ကျွန်တော်ကိုယ်တိုင် ပန်ပေးမယ် "

" အို .... မလာလား "

အမေအိုသည် မြေးငယ်မထံ နှင်းငွေတို့ နားမလည်သော စကားဖြင့်ဆို၏။
မြေးငယ်မက လွယ်အိတ်အတွင်းမှ ငွေစက္ကူထုပ်ကို နှိုက်ယူ၏။

မြေးမထံမှ ငွေစက္ကူထုပ်ကို ယူပြီး အမေအိုသည် နှင်းငွေကို လှမ်းပေး၏။
" တစ်ထောင်၊ တစ်ထောင်တိတိ" ( မှတ်ချက်၊ တစ်ထောင်ဆိုသည်မှာ
ထိုခေတ်ထိုအခါက များပြားလှသော ငွေကြေးဖြစ်သည်။

" အို .... အမေ ... ကျွန်တော် ငွေမယူဘူး "
" ငါ့သား.... ဆရာက ... တစ်ထာင်နည်းတယ် ပြောတာဟုတ်မဟုတ်"

နှင်းငွေသည် ကြည်နူးစွာပြုံး၏။ ၀မ်းနည်းစွာလည်း ငြင်းရ၏။

" ကျွန်တော်တို့ ဒီဆေးရုံကြီးမှာ ငွေမယူပါဘူး အမေ "
" ငွေမဟုတ်ကော၊ ဒါန လုပ်သကော "
" အမေ ဒါနလုပ်ချင်ရင် ဆေးရုံအုပ်ကြီးနဲ့သွားတွေ့ပါ၊ ဘယ်လိုဒါနလုပ်ရမယ်ဆိုတာ ဆေးရုံအုပ်ကြီးက အမေ့ကိုပြောပါလိမ့်မယ် "

နှင်းငွေ၏စကားကို နားမလည်ဟန်ဖြင့် အမေအိုသည် မြေးမလေးကို ကြည့်မေး၏။ မြေးမလေးက ရှင်းပြ၏၊ နားလည်သွားဟန်တူသော
အမေအိုသည် နှင်းငွေဘက် လှမ်းကြည့်ပြီးဆို၏။

" ဆာဓု ... ဆာဓု ... ဆာဓု... ၊ အတ်ဆဟိဆမရှိသကော၊ ပရဟိဆရှိသကော၊
ဆာဓု ... ဆာဓု ... ဆာဓု..."

အမေအိုနှင့် မြေးမလေးသည် အခန်းတွင်းမှ ထွက်သွားကြ၏။
စစ္စတာဒေါ်မိုးသူက နှင်းငွေ၏ မျက်နှာကို လှမ်းကြည့်သည်။
နှင်းငွေသည် ပီတိပြည့်စွာ ပြုံးနေလေ၏....။


-----------------------------------------------------
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရေးသားခဲ့တဲ့ ၀သန်လေချိန်မှန်ကူးစာအုပ်ထဲမှ
ကျွန်တော်နှစ်သက် သဘောကျမိသော စာစုလေးကို
သူငယ်ချင်း၊မိတ်ဆွေများလည်း ဖတ်ရအောင် စာရိုက်ပြီးပြန်တင်ပေးလိုက်တာပါခင်ဗျာ။
အထက်ပါ စာစုလေးကိုဖတ်ပြီးတဲ့အခါ ၀မ်းသာ၊ ၀မ်းနည်းလည်း ဖြစ်မိပါတယ်။

ဝမ်းသာတာကတော့ သစ္စာနဲ့ယှဉ်တဲ့ချစ်ခြင်းမေတ္တာကို ဥပက္ခာမပြုခဲ့တဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာနှင်းငွေနဲ့ အဘွားအိုရဲ့အဘိုးအပေါ်ထားရှိခဲ့တဲ့ မေတ္တာတရားတို့ရဲ့ အေးချမ်းမှုကိုပါ။

ဝမ်းနည်းမိတာကတော့ ယနေ့အချိန်မှာ ကျွန်တော်တို့ဟာ ရုပ်ဝတ္ထုတွေနောက်ပြေးလိုက်ရင်း....
ကိုယ်ကျင့်တရားပိုင်းအပါအ၀င် စိတ်တွေဟာလည်း
ကျွန်တော်တို့ သတိမပြုလိုက်ခင်မှာပဲတဖြည်းဖြည်းနဲ့ ညစ်နွမ်းလို့လာခဲ့ပါပြီ။


>>> အထက်တွင် ဖော်ပြခဲ့သော စာစုတွင်ပါရှိသော ဆေးရုံကြီးမှာ အခြားဆေးရုံကြီးမဟုတ်။ တောင်ကြီးမြို့မှ စပ်စံထွန်းဆေးရုံကြီးပင် ဖြစ်လေ၏။ ဆိုဗီယက်ဆိုရှယ်လစ် ရုရှဗိသုကာများ တည်ဆောက်ခဲ့သည်ဟု မှတ်သားခဲ့ရဖူး၏

- From fb

ရွှေတိဂုံစေတီပုံ ရိုက်နှိပ်ထားသော လက်ဖက်ခြောက်ဘူးများကို ပြန်လည်သိမ်းဆည်း





ဖူရှင်းဘရားသား(စ်) ကုမ္ပဏီက ရွှေတိဂုံ စေတီတော်ပုံရိုက်နှိပ်အသုံးပြုထားသော လက်ဖက် ခြောက်ဘူးများကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်
သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီမှ ထုတ်လုပ်သည့် စီးကရက် ဘူးပုံ လက်ဖက်ခြောက်ဘူးပေါ်တွင်လည်းကောင်း၊ ပစ္စည်းထည့်ဘူးပေါ်တွင် လည်းကောင်း ရွှေတိဂုံ စေတီတော်ပုံ ရိုက်နှိပ်ဖြန့်ချိထားခြင်းနှင့်ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနမှ ယနေ့တွင် ကမ္ဘာအေးရှိ သာသနာရေးဝန်ကြီးဌာန၌ ရှင်း လင်းပွဲပြုလုပ်ခဲ့ရာတွင် အဆိုပါဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

”စေတီပုံနဲ့ ဈေးကွက်ထဲရောင်းဖို့တော့ မဟုတ်ဘူးဆိုပေမယ့် ဒါကလက်ဆောင် ပေး တာပဲယူသုံးသုံး တကယ်တော့ ရှင်းရှင်းပြောရရင် မသုံးသင့်ဘူးပေါ့”ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ လက်ဖက်ခြောက်ဘူး ၅ဝ ကို ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက နီးစပ်ရာအသိုင်း အဝိုင်းများကိုလက်ဆောင်ပေးရန်အတွက် တရုတ် နိုင်ငံကူမင်းသို့မှာယူခဲ့ပြီး သြဂုတ်လဆန်းပိုင်း တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။

”နီးစပ်ရာ သူတို့စီးပွားရေး မိတ်ဆွေတွေ ရှိတယ်။ ပေးလိုက်တယ်။ ထင်တာက ပေးလိုက် တဲ့ တစ်ယောက်ကလည်း ဒါမျိုးက အထွဋ် အမြတ်ဆိုတော့ ဘုန်းကြီးကို လှူရင်းနဲ့မှ မြင် တာလို့ထင်တယ်”ဟု ဖူရှင်းဘရားသား(စ်) ကုမ္ပဏီမှ ဥပဒေရေးရာ အကြံပေး ဦးဇင်ဦးက ပြောသည်။

အဆိုပါ လက်ဖက်ခြောက်ဘူးမှာ ယူစဉ်တွင် ကုမ္ပဏီလိပ်စာ၊ လိုဂိုနှင့် ၄င်း တို့ပိုင်ဆိုင်သော စီးကရက်စက်ရုံ လိုဂို သာ ပေးလိုက်ခြင်းဖြစ်ပြီး ဘူးပုံစံနှင့် အသုံးပြုရ မည့်ပုံကို ပေးလိုက်ခြင်း မရှိ သဖြင့် ယခုကဲ့သို့ စေတီပုံကို ရိုက်နှိပ်၍ ဘူးပုံစံအား စီးကရက်ဘူးပုံစံ ပြုလုပ်၍ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြော သည်။

”ဗမာပြည်အတွက်လှတဲ့ပုံ၊ ကောင်း တဲ့ပုံကို လုပ်လိုက်ပါဆိုတော့ သူတို့ဘာ သူတို့ ဗမာပြည်ရဲ့ Sample ကို ရွှေတိဂုံ လို့ပဲ သူတို့ဘာသာ သူတို့ထင်ပြီး လုပ် လိုက်သလား မသိဘူး။ စီးကရက် စက် ရုံပါတဲ့အတွက်အထဲမှာ စီး ကရက်ဘူးပုံ ထွင်လုပ်လိုက်တယ်လို့ ထင်တယ်” ဟု ဦးဇင်ဦးက ဆက်ပြောသည်။

လက်ဆောင်ပေးရန် မှာယူထား သော ဘူး ၅ဝ တွင် ကုမ္ပဏီ၌ ကျန်ရှိ သော ၃၄ ဘူးကို သက်ဆိုင်ရာက ထိန်း သိမ်းပြီး လက်ဆောင်အဖြစ် ပေးအပ် ထားသော ၁၆ ဘူးကိုလည်း တတ်နိုင်သ လောက် ပြန်လည်သိမ်း ဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

”လက်ရှိ အချိန်မှာတော့ ကိုယ့်ရဲ့ ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ အစွန်းထင်း အထိခိုက်မခံတဲ့ ကာလမှာ ဒီလိုက မဖြစ်သင့်ဘူး”ဟု သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက မှာယူခဲ့သော လက်ဖက်ခြောက်ဘူး ၅ဝ ကိုသာသနာရေးဝန်ကြီးဌာနသို့ ပေးအပ် သွားမည်ဖြစ်ပြီးဈေးကွက်တွင်းရောင်းချ ရန်ရည် ရွယ်ချက်မရှိကြောင်းနှင့် စီးက ရက်ဘူးပုံဖြင့်ရွှေတိဂုံစေတီ ရိုက်နှိပ်ခြင်း အား ကုမ္ပဏီမှ အမှန်တကယ် မသိရှိခဲ့ ခြင်းဖြစ်ကြောင်းဦးဇင်ဦးကရှင်းပြသည်။

ဖူရှင်းဘရားသား(စ်) ကုမ္ပဏီသည် ပြည်ပသို့ ရော်ဘာတင်ပို့လျက်ရှိပြီး ပြည်တွင်းသို့ ဆောက်လုပ်ရေး သံ ချောင်း၊ နွားနီနို့မှုန့်နှင့် စားသောက်ကုန် သုံး ဓာတုပစ္စည်း အချို့ကို တင်သွင်း လျက်ရှိသည်။

ခိုင်နွယ်ဦး

- Popular Myanmar News Journal

အနော်ရထာမင်းသည် ရှင်အရဟံ မထေရ်မြတ်အား စတင်ဖူးတွေ့စဉ် လျှောက်ထားသည့် သာရဏီယကထာ


အနော်ရထာမင်းသည် ရှင်အရဟံ မထေရ်မြတ်အား စတင်ဖူးတွေ့စဉ် လျှောက်ထားသည့် သာရဏီယကထာ

အနော်ရထာမင်း - အရှင်ရဟန်းသည် အဘယ်အမျိုးအနွယ်ဖြစ်တော်မူသနည်း။
အဘယ်အမှုကိစ္စအတွက် ဤနေရာအရပ်သို့ ကြွမြန်းတော်မူလာပါသနည်း။

ရှင်အရဟံ - ငါသည် ဂုဏ်တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ဗုဒ္ဓ္ဓမြတ်စွာ၏ အမျိုးအနွယ်တည်း။ ဤအရပ်တွင် ဗုဒ္ဓ္ဓမြတ်စွာ၏ စစ်မှန်သော သာသနာတော်ထွန်းကားစေရန် ရည်သန်၍ ရောက်ရှိလာခြင်းဖြစ်သည်။

အနော်ရထာမင်း - ဗုဒ္ဓ္ဓမြတ်စွာသည် အဘယ်မည်သော တရားတော်တို့ကို မြွက်ကြားတော်မူခဲ့ပါသနည်း။

ရှင်အရဟံ - မြတ်စွာဘုရားသခင် ဟောကြားတော်မူခဲ့သော တရားတော်အရေအတွက်သည်ကား ဓမ္မ၀ိနယအားဖြင့် ကိုးပါး၊ ဓမ္မက္ခန္ဓ္ဓ္ဓာအားဖြင့် ရှစ်သောင်းလေးထောင်ရှိကုန်၏။

အနော်ရထာမင်း - ဘုရားသခင် ဟောကြားတော်မူအပ်သော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ ဟောတော်မူပါလော့။


    မထေရ်မြတ်၏ ပုဂံနေပြည်တော်တွင် ဟောကြားသည့် တရားဦးမြတ်ဒေသနာတော်


                                အပ္ပမာဒေါ            အမတံ   ပဒံ၊
                                ပမာဒေါ                မစ္စုနော ပဒံ၊
                                အပ္ပမတ္တာ              နမိယန္တိ     ၊
                                ယေပမတ္တာ           ယထာမတာ။


    ကုသိုလ်ကောင်းမှု မမေ့လျော့ခြင်းသည် သေခြင်းကင်းရာ
နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည်
ပူပန်ဆင်းရဲ၊ အဖန်ဖန်တလဲလဲသေရခြင်း၏ အကြောင်းဖြစ်၏။

ထိုအခါ အနော်ရထာမင်းသည် တရားတော်၌ သဒ္ဓါ္ဓကြည်ညိုခြင်းပြင်းရကား -

" ငါတို့ကား ငါ့ရှင်မှတပါး အခြားကိုးကွယ်ရာ မရှိပြီ။ ငါတို့ ကိုယ်အသက်နှစ်ပါးကို ငါ့ရှင်အား ဆောင်နှင်းတော့သည်။ ငါ့ရှင်အဆုံးအမ၌လည်း ငါခံတော့သည် "
ဟူ၍ လျှောက်ခဲ့ပေ၏။

နေပြည်တော်မှာ ဆူညံပူညံ ရုတ်ရုတ် ရုတ်ရုတ်လာမလုပ်နဲ့... ဆွဲကုပ်ပစ်လိုက်မယ်


ည ၁၀ နာရီကျော်ကျော်လောက်မှာ နေပြည်တော်မြို.မဈေးကနေ ပြန်လာတော့ လမ်းမှာ ကျောင်းတုန်းကအတူတူနေခဲ့တဲ့ သူငယ်ခင်း ၂ ယောက်နဲ.ပြန်တွေ.တယ်။ မတွေ.ရတာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေဆိုတော့ ၀မ်းသာအားရနဲ. တစ်ယောက်နဲ.တစ်ယောက် အော်ကြီးဟစ်ကျယ်နှုတ်ဆက်ကြတာပေါ့။
ပြီးတော့ ကျောင်းတုန်းကအကျင့်အတိုင်း တစ်ယောက်နဲ.တစ်ယောက် လက်မောင်းကိုထိုးလိုက် ဗိုက်ကိုထိုးလိုက် လုပ်ပြီး စနောက်နေကြတုန်း
ကျွီဆိုပြီး light truck တစ်စီးက ဘေးမှာလာရပ်တယ်။

ပြီးတော့ လူ ၅ ယောက်ဆင်းလာတယ်။ ကျွန်တော်တို.က
သူတို.ကို ကြောင်ပြီးကြည့်နေတုန်း
“ဘာဖြစ်နေကြတာလည်း ညီလေးတို.” ဆိုပြီး လာမေးတယ်။
ကျွန်တော်တို.ကလည်း ဒီလူတွေ ဘာသဘောနဲ.လာမေးတာလဲမသိဘူးဆိုပြီး မဖြေဘဲနေနေတော့ “ရန်ဖြစ်နေကြတာတော့ မဟုတ်ပါဘူးနော်” ဆိုပြီး
သူတို. က ထပ်လာမေးတယ်။ “မဖြစ်ပါဘူး၊ ကျွန်တော်တို.က သူငယ်ချင်းတွေပါ၊ စနေကြတာပါ” ဆိုတော့မှ “သြော်..ဟုတ်လား။ ဆောရီး ညီလေးတို.။
ကိုယ်တို.က တစ်ခုခုဖြစ်နေတာ ထင်လို. ထိန်းပေးမလို.ပါ။ ” ဆိုပြီး ကားပေါ်တက်ပြန်ထွက်သွား တယ်။ အရပ်ဝတ်ဝတ်ထားတဲ့ ညပိုင်း နေပြည်တော်လုံခြုံရေးတွေပါ။ သူတို.အလုပ် သူတို. လုပ်နေကြတာပါ။

နေပြည်တော်ကမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်က ပြောတယ်။ “မင်းတို.နေပြည်တော်ကလည်း ဆူညံပူညံ ရုတ်ရုတ် ရုတ်ရုတ်လာမလုပ်နဲ.။
လုပ်တာနဲ. ဆွဲကုပ်ပစ်လိုက်မယ့်သဘောပဲ။
တစ်နိုင်ငံလုံး အဲတိုင်းလုပ်နိုင်ရင် ကောင်းမယ်ကွ” တဲ့။
ဖြစ်လာတော့မှာပါသူငယ်ချင်းရာ လို.ပြန်ပြောရင်း ရှေးဟောင်းနှောင်းဖြစ်တွေကို
အေးအေးဆေးဆေးပြောကြဖို. ရာဇဌာနီလမ်းမကြီးနားက ဆိုင်တွေကို
ချီတက်ခဲ့ကြပါတယ်။

- ထိုက်သူ

ပြည်တွင်းမီဒီယာအချို့၏ အဆင်ခြင်မဲ့လုပ်ရပ်များအပေါ် ပြည်သူအများမှ စိတ်ပျက်လျက်ရှိ




Myanmar Newsweek ဂျာနယ် ရဲ့လုပ်ရပ်ကတော်တော်
တရားလွန်သွားပြီဗျာ။ Myanmar Newsweek ဂျာနယ်ရဲ့
အတွဲ(၂) အမှတ် (၉၇) (၂၉.၈.၂၀၁၃)ရက်စွဲ နဲ့ ၂၇.၈.၂၀၁၃
မှာဖြန့်ချီခဲ့တဲ့ သူတို့ရဲ့ဂျာနယ်မှာ ဖော်ပြထားသော
"အကြမ်းဖက် ဖောက်ခွဲရေးသမား(၃)ဦးကို မြိတ်ကျွန်းစု၌
ဖမ်းဆီးရမိ" ဆိုတဲ့သတင်းမှာ ကျနော်ပုံကို အထင်အမြင်
လွဲမှားစေရန် ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေး သိက္ခာကျ ပြဿနာများအောင်
တမင်ကြံစည်ပြီးဖော်ပြတယ်လို့ ထင်မြင်ယူဆမိပါတယ်။

မြင်နေရတဲ့ဖော်ပြပါပုံနဲ့ ယခုစာအောက်ကLink ကပုံနဲ့
နှိုင်းယှဉ်ပြီးလေ့လာကြည့်ပါ။
http://www.imagebam.com/image/fe55de272594914

သတင်းမှားဖြစ်ကြောင်းကျနော်ဖြေရှင်းထားတဲ့ပို့စ်ကပုံကိုမှ
လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံအလယ်စာကို ဖျက်ပြီးတော့
အပေါ်အောက်ပြောင်းပြီး ဖြတ်ဆက်ထားတာကိုမြင်တွေ့နိင်ပါတယ်။

ဖော်ပြထားတဲ့သတင်းဖြစ်တဲ့ဖောက်ခွဲရေးသမား သုံးယောက် ဖမ်းမိတယ် ဆိုတဲ့ သတင်းဟာလည်း မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားတာ ကြားထားရတဲ့အတွက် ဒီသတင်း ကလဲသတင်းမှားကြီး ဖြစ်ပါတယ်။

အခုလို ပြည်သူလူထုကို ဖြန့်ချိတဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြပြီး လိမ်ညာဖြန့်ချိတဲ့အပြင် တစ်ဖက်သားကို သိက္ခာကျ ပြဿနာများအောင် လုပ်တာမျိုးကတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဘယ်လိုမှ မကိုက်ညီတာ ထင်ရှား ပေါ်လွင်လှပါတယ်။

အခုလိုမမှန်မကန်သတင်းတွေကို ပုံနှိပ်ဖော်ပြတဲ့ Myanmar Newsweek
ဂျာနယ်ရော ဂျာနယ်လစ်ကိုရော အတော်ကိုစိတ်ပျက်မိပါတယ်။

ဖြစ်ရပ်မှန်နဲ့ပက်သက်ပြီးဂျာနယ်တိုက်ကိုလဲ လူကိုယ်တိုင်
သွားရောက်ဖြေရှင်းဦးမယ့်အပြင် ယခုလိုဖြစ်ရပ်မျိုး အပြစ်မရှိတဲ့
တခြားသူတွေဓားစာခံ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ
ဂျာနယ်လစ်အစည်းအရုံး ဂျာနယ်လစ်ကွန်ယက်နဲ့
ပြန်ကြားရေးဝန်ကြီးဌာနကိုပါအသိပေးတိုင်ကြားသွားမှာပါ။

ယခုရေးထားတဲ့စာကို အများပြည်သူသိအောင် ရှဲပေးကြပါရန်
အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားလျှက်

မောင်စေတန်

Kyaw Myint Hlaing တရားဆွဲလေ
တောင်းပန်လဲမကျေအေးနဲ့
အဲ့ဒါမှမှတ်မှာ
Like · Reply · 16 · 8 hours ago via mobile

    Zam Khaing အားပေးတယ်
    Like · 1 · 57 minutes ago
    Write a reply...

Bayint Naung ညစ်ပတ် စုတ်ချာတဲ့စိတ်ဓာတ်ပဲ ဟုတ်တယ် မှတ်လောက်သားလောက်အောင်လုပ်
Like · Reply · 2 · 8 hours ago via mobile

Yanmyo Aung ဒီဟာတော့မဖြစ်သင့်ဘူးစာဖတ်သူတွေကစောက်ရူးတွေကျနေတာပဲ
သတင်းဖြစ်ရင်ပီးတာပဲလုပ်နေတာလား
Like · Reply · 2 · 7 hours ago

Breaky Khin တရားစွဲပီးရော်ကြေးပါတေ
ာင်းပစ်လိုက် ပီးမှကြေ အေးပေး
Like · Reply · 2 · 8 hours ago via mobile

Lim Wai Min ဒါကြောင့် ဘယ်ဂျာနယ်မှ ဝယ်မဖတ်တာ
Like · Reply · 2 · 8 hours ago

Suzuki Jinjin ရန်ကုန် လေဆိပ် မှာ ရိုက်ထားတာ များလား လို့
Like · Reply · 2 · 8 hours ago via mobile

Lukav D Dark ကိုစေတန်တော့
ဆေးအကြီးကြီးမီပီ
ငြိမ်မနေနဲ့ဗျို့
အာ့တော့တရားလွန်တွားပီ
Like · Reply · 1 · 8 hours ago via mobile

Ko Shwe Mung ဒီဂျာနယ် ကို တရားစွဲပါ.. ပြန်ကြားရေး၊ ဂျာနယ်လစ်ကွန်ယက်၊ စာနယ်ဇင်းကောင်စီ.. အကုန်တိုင်ပါ.. တရားရုံးမှာ ပုဒ်မ- ၄၉၉/ ၅၀၀ နဲ့ တရားစွဲလို့ရပါတယ်.. ဒီကိစ္စက လွှတ်ပေးထားရမယ့် ကိစ္စမဟုတ်ဖူး.. သိပ်ကို စည်းမဲ့ကမ်းမဲ့နဲ့ လူတစ်ယောက်ရဲ့ သိက္ခာကို စော်ကားတာ
Like · Reply · 1 · about an hour ago

Koung Kin Pyar တရားဆွဲ ဦးစေတန်ရေ
Like · Reply · 1 · about an hour ago

Soe Wai Htun အဲဒီဂျာနာယ်က သတင်းအတုတွေ ခဏခဏထွက်တယ်.. သတင်းလိမ်ရေးတဲ့ သူတွေ... သူတို့ကြောင့် မီဒီယာလောက ပုပ်နိုင်တယ်။ ကြိုတင်သတိထားမှ
Like · Reply · 1 · 6 hours ago

Vincent Valentine တရားစွဲလို့ရပါတယ်အကို..
Like · Reply · 1 · 8 hours ago

Ye Dway စေတန်တော့ကျားကိုက်ပြီ
Like · Reply · 2 · 8 hours ago via mobile

Nila Elect တရားစွဲသင့်ပါတယ်။
Like · Reply · 29 minutes ago via mobile

Nou Pai Nou Pai သတင်းရေးသူကိုပါးရိုက်လိုက်ပေါ့ကွာ။
Like · Reply · 2 · 53 minutes ago via mobile

Zam Khaing အပေါ်က ရုပ်ဖြောင့်ဖြောင့်နဲ့ဘဲကြီးလေ
Like · Reply · 1 · 57 minutes ago

炳成 ထောက်ခံတယ်..တရားစွဲဗျာ..လူတွေကို ရေးချင်ရာရေးပြီး ရောင်းစားနေတာလား မသိဘူး..
Like · Reply · 1 · about an hour ago

Tin Lay Zaw ဖြေရှင်းတာ အကောင်းဆုံးပါ ခင်ဗျားကိုထောက်ခံတယ် ဗလောင်းဘလဲ မီဒီယာကို ရှုတ်ချတယ်
Like · Reply · 1 · about an hour ago

Koung Kin Pyar အဲ့ဒါတော့တော်တော်လွန်သွားပြီ
Like · Reply · about an hour ago

Win Lin Latt ကိုစိန်သန်းကိုဆေးထိုးပီ.....

Like · Reply · 1 · about an hour ago
Siam Thi Ha တ၇ားစွဲ လျော်ကြေးပါတောင်း။ပြောသာပြော၇တယ်။တ၇ား၁ုပဒေကလဲခေတ်နဲ့  မလျော်ညီတော့ လျော်ကြေး၇လဲ ၅၀၀ ~ ၁၀၀၀ လောက် ကုန်ကျစ၇ိတ်ကုန်တာက ၁၀ သိန်းလောက်ဖြစ်နေမှာ။ဟူး...
Like · Reply · 1 · about an hour ago

Nay Thawon တရားစွဲဗျာ…
Like · Reply · 1 · 2 hours ago via mobile

Aung Kyaw Htut အဲဒီ့ဂျာနယ်ရဲ့အဆင့်အတန်းကို ဖော်ပြတာပဲ၊
Like · Reply · 1 · 2 hours ago via mobile

Ko Shwemoe မောင်စေတန်ရေ ဒီကိစ္စ ကမြန်မြန်ရှင်းမှကောင်းမယ်လို့ထင်ပ့တယ် ကျွန်တော်တို့လို အင်တာနက်သုံးနေသူတွေက အကြောင်းသိနေပေမယ့် ဂျာနယ်ကိုယုံစားပြီး ဖတ်တဲ့သူတွေက အမြင်မှားနိုင်ပါတယ် အမြန်ဖြေရှင်းနိုင်ပါစေ
Like · Reply · 1 · 2 hours ago via mobile

Myo Nyunt Kyaw ထမင်းငတ်ရင်ဂျာနယ်လစ်လုပ်ဆိုပြီးဖော်မြူလာထုတ်ပေးလိုက်မယ်စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့မတန်သေးပါစိတ်ဓာတ်တွေအရင်ပြင်ရမယ်။
Like · Reply · 1 · 3 hours ago via mobile

Kokyaw Thaung လူတွေဟာတရားမဲ့နေတာကြာပြီပဲ
Like · Reply · 1 · 5 hours ago

Zay Moe အောက်တန်းကျတာဘဲလား နည်းပညာဘဲ....ရှပ်ပါတယ်ဗျာ တရားဆွဲ
Like · Reply · 1 · 6 hours ago

Yanmyo Aung တရားစွဲလေမုတ်မိအောင်လုပ်ပျစ်
Like · Reply · 1 · 7 hours ago

Aung Thiha Kyaw တရားဆွဲလေကွာ
Like · Reply · 1 · 7 hours ago

Nyein Mg မီဒီယာတွေ စံပြဖြစ်သွားအောင်လုပ်ပါ နောက်ထပ်မလုပ်ရဲအောင်
Like · Reply · 1 · 7 hours ago

Nyein Chan Kyaw ဒီတခါတော့အကြီးကြီး
Like · Reply · 1 · 7 hours ago via mobile

Zaw Lin Tun ဒါ News Week ရဲ့ထုံးစံလိုဖြစ်နေပြီ။
Like · Reply · 1 · 8 hours ago via mobile

Kyithar Kyithar စေတန်ရေ ရမ်း ကူံးမှန်း ကန်တွေကို ဆော်သာ ဆော်ပစ်
Like · Reply · 1 · 8 hours ago via mobile

Aung Pyai Sone မခံနဲ့ကွ မင်းကို သပ်သပ်သိက္ခာချနေတာပဲ
Like · Reply · 1 · 8 hours ago via mobile

All Min Tharlay မလုပ်သင့်ပါဘူးနော်
Like · Reply · 1 · 8 hours ago via mobile

Kaung Myat ကိုနတ်ဆိုးတော့ဂြိုလ်ဆိုးဝင်ပြီကိုယ်ချင်းစာပါတယ်ဗျာ
ထိထိရောက်ရောက်ဆော်ခဲ့ပါအဲ့ကောင်တွေကိုshareလိုက်ပါပြီ
Like · Reply · 1 · 8 hours ago
Ko Phyo-Paung Paung စောက်ကျက်သရေမရှိတဲ့လဖွတ်ဂျာနယ်
Like · Reply · 1 · 8 hours ago via mobile
Ty Legacy နာမယ်ကြီးတာပ
Like · Reply · 1 · 8 hours ago via mobile
အာ ယုေ၇လည်ပဲ့တယ်ကွာ ...
Like · Reply · 1 · 8 hours ago
Sai Loa Main ရုံးတင်တရားစွဲပြီး နေ့တိုင်းလို ရုံးချိန်း
ခေါ်လိုက်..
Like · Reply · 2 · 8 hours ago via mobile
Nyi Nyi Htun ဒါလားကွ media။
Like · Reply · 1 · 8 hours ago via mobile
Jordan Phong အွန်.. ခင်ညားပုံ ဟိုနေ့က ဘာဖစ်တယ်ဆိုလား တင်တာတွေ့လိုက်တေးတယ်.. ဒိရုပ်သေချာမှတ်မိတယ်... ခွေးချီတောင် မမေ့ဘူး ကံဇာတာ အတက်ဖက်ရောက်နေပီ.
Like · Reply · 1 · 8 hours ago
Zulus Kan ဒါနဲ့များ သတင်းဂျာနယ်ထုတ်ချင်နေကြသေးတယ်
Like · Reply · 1 · 8 hours ago via mobile
Rasing Paa နားလည်ပေးလိုက်ပါ သူတို့ ခဗျာ ထည့်စရာသတင်းမရှိလို့ နေ မှာ Pity news week
Like · Reply · 1 · 8 hours ago via mobile
Faceofdice MK တောက်စ်.. ဟာသဘဏ် ကိုပါ နာမည်ပျက်အောင်လုပ်နေတယ်...
Like · Reply · 1 · 7 hours ago
Yar Hu Thar ဟား ဟား စေတန် ခေါင်းဆင်ဆယ်ကောင်နင်းရော ဆေးထိုးခံလိုက်ရပြီပေါ့ LOLz...
Like · Reply · 1 · 8 hours ago via mobile
Min Soe မီဒီယာဆိုပီး..တော်တော်ကို ကျင့်ဝတ်အားနည်းပြီး...။ သတင်တခုကို အခြေ အမြစ်မရှိ...ဖွရပီးရော...စွတ်လုပ်နေတာ၊ မြန်မာ့သတင်းလောကကို ဖျက်ဆီး
နေတာပဲ
Like · Reply · 1 · 8 hours ago
Litle Chris ကိုစေတန်ကြီး ဆေးထိုးခံလိုက်ရပြီ ... ဒီဂျာနယ်က လဲ ပိန်းပ၊ တော်တော်များများ သိနေတဲ့ Fake သတင်းကြီးကို အဟုတ်မှတ်ပြီး တင်တယ်... တော်တော့ကို ပိန်း...

လူတစ်ဦးကျဆုံးရသော အကြောင်းအရင်းများ



၁. မကောင်းသော ဗီဇနှင့် ၀ါသနာ အားကြီးခြင်း။
၂။ တိကျသော ရည်မှန်းချက်မရှိခြင်း။
၃။ သာမန်ထက်ပို၍ တိုးတက်လိုစိတ်မရှိခြင်း။
၎။ လုပ်ငန်း/ ဘ၀တိုးတက်မည့် အထောက်အကူပညာမတတ်ခြင်း၊ 
    အတွေ့အကြုံဗဟုသုတမရှိခြင်း။
၅။ ဇွဲ၊ လုံ့လ၀ီရိယနှင့် စည်းကမ်းမရှိခြင်း။
၆။ ကျန်းမာရေးမကောင်းခြင်း ( ကျန်းမာရေးထိခိုက်အောင် နေထိုင်စားသောက်ခြင်း)
၇။ မကောင်းသော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၏ သြဇာလွှမ်းမိုးမှုခံရခြင်း
၈။ ကာမဂုဏ်အာရုံလိုက်စားခြင်း
၉။   အဓိကမဟုတ်သော အကြောင်းအရာအပေါ် ဆန္ဒပြင်းအားထည့်လွန်းခြင်း။
၁၀။ လိုအပ်သည်ထက် စိုးရိမ်သောက ပူဆွေးမှု လွန်ကဲခြင်း၊ မာန်မာနထောင်လွှားခြင်း။
၁၁။ သည်းခံမှု၊ စောင့်စည်းမှု၊ ထိန်းချုပ်မှုမရှိခြင်း။
၁၂။ အများစုအပေါ် စေတနာမမှန်ခြင်း၊ မရိုးသားခြင်း နှင့်
      တရားမျှတသော အကြီးအကဲအပေါ် သစ္စာမရှိခြင်း။
၁၃။ မိမိအား ကာကွယ်ပံ့ပိုးကူညီနိုင်သော ဆရာသမား၊ မိတ်ဆွေကောင်းမရှိခြင်း။ 
      ရှိအောင်လုပ်မထားခြင်း။
၁၄။ အခွင့် အခါကေင်းကိုမသိခြင်း။
၁၅။ ပူဇော်ထိုက်သူကို မပူဇော်ခြင်း (အလိုက်မသိခြင်း)။
၁၆။ မိမိကိုယ်ကို အချိန်မှီ ဝေဖန်သုံးသပ်ဆင်ခြင်၍ ပြုပြင်မှုမရှိခြင်း။
၁၇။ သြဇာ၊ တန်ခိုးကြီးသူတို့၏ ဦးနှောက်နှင့် နှလုံးသား၏ အဇ္ဖတ္တတွင် 

      မိမိရှိအောင် ဆောင်ရွက်မထားခြင်း။
၁၈။ အတိတ်ကံအကျိုးပေးမကောင်းခြင်း၊ ပါရမီမပါ၇ှိခြင်း။
၁၉။ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး ထင်ရာတဇွတ်ထိုးလုပ်ခြင်း။
၂၀။ သူတစ်ပါးကျေးဇူးမသိတတ်ခြင်း၊ မေ့ပစ်ခြင်း။

Tuesday, August 27, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၁ အားဖျက်သိမ်းသင့်သည်




အခုတလော အင်တာနက်စာမျက်နှာအတော်များများမှာ ဟိုနေရာလည်းရေကြီးလိုက်၊ ဒီနေရာလည်း မြေပြိုလိုက်၊ လမ်းပိတ်လိုက် အမျိုးမျိုးတွေ့နေရတယ်။
ဘေးဒုက္ခဖြစ်တဲ့ နေရာတိုင်းမှာလည်း ဘယ်အချိန်ကြည့်ကြည့် တပ်မတော်သားတွေပဲ ထိပ်ဆုံးက ကူညီလုပ်ကိုင်ပေးနေတာ တွေ့နေရတယ်။ 

တစ်ရက် မြို့ထဲက မြောင်းကို ရေစီးရေလာကောင်းအောင် ၀ိုင်းပြီး ဆယ်နေကြတဲ့ တပ်မတော်သား အရာရှိ၊စစ်သည်တွေကိုတွေ့တော့ မေးကြည့်တယ်။ အစ်ကိုတို့ဒီလိုဆယ်နေရတာ ဘယ်သူခိုင်းလို့လဲဆိုတော့ ခိုင်းမှလုပ်စရာလားဗျာ ၊ မြောင်းပိတ်လို့ဒုက္ခရောက်ရင် ကိုယ့်ပြည်သူတွေပဲ သွားရေးလာရေးအဆင်မပြေနဲ့ ဒုက္ခရောက်မှာ  ငပွကြီးများလို့ဆိုချင်လည်းဆိုပေါ့ဗျာ၊ အများပြည်သူဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ ဘယ်နေရာ ဘယ်အချိန်မှာမဆို အမြဲရှေ့ဆုံးကရှိနေမှာပါတဲ့။

အမျိုးသားရေးလဲ အမျိုးသားရေးမို့ ..ဒိမိုကရေစီဆိုလဲ ဒီမိုကရေစီရေးမို့ .....
တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားရေးမို့ ..
နေရာတကာ တပ်က မပါရင်မပြီးဆိုတာ သတိထားမိတယ်။
အဲဒီတော့ စိတ်ပေါက်ပေါက်နဲ့တွေးမိတာတစ်ခုက


" နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်။ "ဆိုတဲ့

ပုဒ်မ ၃၄၁ က တပ်မတော်သားတွေအတွက်တော့ အထူးတလည် လိုက်နာလုပ်ဆောင်စရာမလိုတဲ့ ပုဒ်မဆိုတာ ရှင်းနေတာပဲဗျာ...။

ပုဒ်မ ၃၄၁ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တပ်မတော်ကတော့ ပြည်သူလူထုဘေးဒုက္ခရောက်နေတဲ့အချိန်တိုင်းမှာ
ရှေ့ဆုံးကနေ အသက်ကိုပေးပြီး ကာကွယ်ကူညီပေးနေမယ်ဆိုတာကတော့ အသေအချာပါပဲ..။

ရဲတပ်ဖွဲ့အပြစ်



နေပါဦး မြန်မာနိုင်ငံမှာ ရဲစခန်းတစ်ခု ရဲဝန်ထမ်း ဘယ်လောက်ရှိလို့တုန်း.... 

ထစ်ခနဲရှိ အဓိကရုဏ်းဖြစ်လိုက်ရင် လူအုပ်က ရာဂဏန်းက ခဏလေးပဲ........ 
ကြိုတင်ပြင်ဆင်ပီး အဓိကရုဏ်း နှိမ်နှင်းတာက ပြဿနာမရှိပေမယ့် မထင်မှတ်ပဲ ဖြစ်လာတဲ့ လူအုပ်ကို ထိမ်းဖို့ ရှိနှင့်နေတဲ့ ရဲဝန်ထမ်း အရည်အတွက်က လောက်မှာမဟုတ်ဘူး.....

ကမ္ဘာမှာလည်း ရုတ်တရက် ဖုန်းဒိုင်း၊ အုမ်းဂွမ်းဆိုပီး အဓိကရုဏ်း ချက်ခြင်း ဖြစ်သွားရင် ဘယ်သူမှ ချက်ခြင်း ထိမ်းနိုင်တာ မဟုတ်ဘူးလေ..... အမေရိကားမှာ တစ်ကိုယ်တော် သေနတ်သမားတွေ လက်စွမ်းပြနေတာတောင် ရဲက ချက်ခြင်း သွားထိမ်းနိုင်တာမဟုတ်ဘူး အချိန်တစ်ခုတော့ လိုသေးတယ်.... ရဲရောက်သွားချိန် သေနှင့်တဲ့လူက သေနေပီ.....

အဲ့တော့ အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ အဓိကရုဏ်းတွေမှာ ရဲဘက်က အက်ရှင်နှေးတာ လက်ခံပေမယ့် ဘာကြောင့်နှေးသလဲဆိုတာ စဉ်းစားသင့်တယ်..... 

ခင်ဗျားတို့ အဆိုအရဆို ရဲစခန်းတစ်ခုမှာ ရဲတပ်သား အယောက် ၅၀၀ အထက်လောက် ထားမှ ရာဂဏန်းရှိတဲ့ လူအုပ်ရဲ့ အဓိကရုဏ်းကို ချက်ခြင်း နှိမ်နှင်းလို့ရမယ့် အနေအထားမှာရှိမယ်....

ကိုယ့်လူမျိုးတွေကလည်း ထစ်ခနဲဆို ကောင်းဘွိုင်စိတ်ဓါတ်နဲ့ ကိုယ်တိုင်ရှင်းလိုက်ရမှ ကျေနပ်တဲ့ လူတန်းစားက များနေတာလည်း ပါနေတော့ ခက်သားကလား..... ပြဿနာဖြစ်ရင် အပြစ်ပုံချတာတော့ လွယ်တယ်..... 

အဲ့ဒိပြဿနာကို မဖြစ်အောင် ဘယ်လိုရှင်းကြမလဲမှာ အားလုံးနှုတ်ဆိပ်နေကြတာလည်း အံ့သြဖို့ကောင်းတယ်..... ပြဿနာဖြစ်ပီးမှ မထိမ်းနိုင်တဲ့လူတွေကို အပြစ်ရှာနေတာတော့ နည်းလမ်းက လွဲနေတယ်....

အဓိကက ပြဿနာကို လုံးဝမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ လိုမယ်.... 

အဲ့ဒိလို မဖြစ်အောင် ထစ်ခနဲရှိ ပြဿနာ စရှာနေတဲ့ကောင်တွေကို ပြတ်ပြတ်သားသား အရေးယူဖို့လိုမယ်.... သူ့ဘာသာရေး အဖွဲ့အစည်းကလည်း ဒါတွေကို မဖြစ်ရအောင် စနစ်တကျ ထိမ်းသိမ်းဖို့ လိုမယ်...... အမှိုက်ကအစ ပြဿာဒ် မီးမလောင်အောင် ကာကွယ်ဖို့ထက် အမှိုက်က မီးခဏခဏ လောင်နေပီး မီးလိုက်မငြိမ်းနိုင်တဲ့ မီးသတ်သမားတွေကို မီးမငြိမ်းရကောင်းလား အပြစ်တင်နေတာတော့ သိပ်မဟုတ်သေးဘူး ထင်တယ် ပုဂ္ဂိုလ်တို့ရေ......

ရှက်တတ်ရင် ခင်ဗျားတို့ လမ်းလွဲနေတာ ရှက်ဖို့ကောင်းတယ် လစ်ဗြဲတို့......

- Voice of James Mint

Photo credit to DVB

အစိုးရနှင့်ပြည်သူ




အမှိုက်ပုံနားမှာ ပြောင်ပြောင်-ပြောင်ပြောင် နဲ့ ကြေးချောင်းလေး တစ်ချောင်း ပေါ်နေတယ်..။ ပလတ်စတစ်ကောက်တဲ့ ကလေးငယ်က ၀မ်းသာအားရနဲ့ တူးဆွကောက်ယူဖို့လုပ်တယ်..။

ဖြစ်ချင်တော့.. အဲ့ဒီကြေးချောင်းက ဘေးနားက ထရန်စဖော်မာ..
မြေဓါတ်ချထားတဲ့ ကြိုးဖြစ်နေတယ်..။

အဲ့သလိုနဲ့ ဘ၀တစ်ခု ဖျတ်ကနဲ လွင့်ပါးသွားတော့တယ်..။

လမ်းဘေးရေမြောင်းတွေ ရေစီးရေလာ မကောင်းဘူး..။ စည်းကမ်းမဲ့ အမှိုက်
တွေ ပစ်ကြတယ်..။ ပလက်ဖောင်းမှာ မြောင်းဖုံးတွေက လွတ်နေတယ်..။ အကျိုးဆက်အနေနဲ့ မိုးကြီးတဲ့အချိန် ကျောင်းကပြန်လာတဲ့ ကလေးငယ်
မမြင်မစမ်းနဲ့ မြောင်းထဲ ကျွံကြတယ်..။

အဲ့သလိုနဲ့ ဘ၀တစ်ခု အဆုံးနိဂုံး ကြွေလွင့်ရပြန်တယ်..။

ဘူးသီးနုနု အမွှေးသပ်ခံရသလို.. ငယ်ငယ်ရွယ်ရွယ်နဲ့ မပြည့်မစုံ အိမ်ထောင်ကျတယ်..။ စက်ရုံရှေ့  လမ်းပုခုံးကို မေးတင်- တူနှစ်ကိုယ် တိုင်းပြည် တဲထိုးနေကြတယ်..။

သိပ်မကြာဘူး..။ လသားအရွယ်ကလေးငယ်နဲ့ အိမ်သူသက်ထားကို ထားခဲ့ပြီး ယောကျာ်းလုပ်သူက နောက်မိန်းမယူသွားတယ်..။ အမေတစ်ခု သားတစ်ခု.. ပါးစပ်လှုပ်ဖို့.. သားသည်အမေ မနက်သွားညနေပြန် အလုပ် လုပ် ရုန်းရရှာတယ်..။

ဘေးဘယ်ညာက ဘ၀တူ တဲတွေဆီ အမှာစကားပါးရင်း ကလေးငယ်ခါးနဲ့ တဲတိုင်ကို ကြိုးချည်ထားခဲ့ရတယ်..။ တစ်ရက်နှစ်ရက် တစ်ပတ်လောက် ကြာတော့ ခါးမှာချည်ထားတဲ့ကြိုး ပြေ- လေးဘက်သွားကလေးငယ် တဲအောက်ပြုတ်ကြ သေ.. ရှာတယ်..။

တဲအောက်မှာက ရေတွေနဲ့  လေ..
 

တကမ္ဘာလုံး အုတ်အော်သောင်းနင်း ထိတ်လန့်ရှာတဲ့ ကြက်ငှက်တုတ်ကွေး ဒီကိုရောက်လာတယ်..။ ကြက်ဘဲဈေးတွေ ထိုးကျကုန်တယ်..။ မရောင်းရဘူးတော့ မထင်နဲ့ ..။

ဒါအခွင့်အရေး..။ ကြက်သားကို ဈေးပေါပေါနဲ့ စားခွင့်ကြုံတာ..။ စားကြမယ် ဟေ့ ကောင်းကောင်း..။ တုတ်ကွေးမကလို့.. တုတ်ကွေး အဘ လာလာ.. လူ့အသက်ဆိုတာ ကံပေးတဲ့အတိုင်း..။

စားလိုက်ကြတာ.. အုန်းအုန်းကို ထလို့ ..။

---------------------------------------------------------------------

ဆင်းရဲ တွင်း နက်တော့.. အဖက်ဖက်က ခြွတ်ခြုံကြတယ်..။ ရောဂါဘယ
တွေ သူမတူအောင် ထူပြောကြတယ်..။

ဖျတ်ကနဲ ဖြုတ်ကနဲ မျက်စိတမှိတ်အတွင်းမှာ ဘ၀တွေ လွင့်ကြွေလွယ် ကြတယ်..။

အဲ့ဒါတွေက အမြန်ဆုံး လွတ်မြောက်ဖို့ဆိုတာ.. ဆင်းရဲတွင်းက ရုန်းထွက်နိုင်မှ ဖြစ်မှာ..။ ဆင်းရဲတွင်းက လွတ်ဖို့ဆိုတာကလည်း အစိုးရနဲ့ ပြည်သူ တက်ညီလက်ညီ ရှိမှ..။

အစိုးရရဲ့  မှန်ကန်တဲ့ အစီအမံ- မြန်ဆန်ထိရောက်တဲ့ အကောင်အထည်ဖော်မှု ရှိရမယ့်အပြင်.. ပြည်သူကလဲ သခွပ်ပင်က မီးတကျည်ကျည် မလုပ်ကြဖို့ လိုတယ်..။

အစိုးရ နဲ့ ပြည်သူ ရဲ့  တာဝန်ရှိမှုက လက်ရှိအခြေအနေမှာ အပေါင်းလက္ခဏာ သဘောမဆောင်ဘူး..။ အမြှောက်သဘော ဆန်တယ်။ တက်ညီလက်ညီရှိခြင်းမှာ.. တဖက်ဖက်က.. သုည ဖြစ်လို့ မရဘူး..။

အစိုးရက တာဝန်ကျေသည့်တိုင် ပြည်သူ့ဖက်က.. သုညဖြစ်နေခဲ့ရင်.. မြှောက်လဒ် သုညပဲ ရမယ်..။

အလားတူ ပြည်သူဖက်က တာဝန်ကျေသည့်တိုင် အစိုးရဖက်က.. သုညဖြစ်ခဲ့ရင်လည်း.. အဖြေက သုညပဲ..။

နှစ်ဦးနှစ်ဖက် တာဝန်ယူမှု-တာဝန်ကျေမှု ကိန်းဂဏန်းကြီးလေလေ.. တိုင်းပြည်ရဲ့  အကျိုးစီးပွားမြှောက်လဒ်က ကြီးလေလေ ပဲ..။

တဖက်ဖက်က သုညဖြစ်နေသမျှ ဒီအခြေအနေက ရုန်းနိုင်ဖို့ မလွယ်လှဘူး..။


- Ko Navana

လွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ



   သြဂုတ် ၂၆ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် အများစုက မထောက်ခံသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးထောက်ခံ၍ လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရသည်။

   ဒါဟာ အရာအားလုံးထက် နိုင်ငံကို ချစ်တဲ့စိတ်၊ အမျိုးသားရေးတာဝန်နှင့်ပတ်သက်လာလျှင် မည်သူပင်ဖြစ်ဖြစ် တပ်မတော်ကလက်ခံမည်မဟုတ်ကြောင်း တွေ့မြင်ရမည်ဖြစ်ပြီး လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် က တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူအများစုနဲ့ စုဖွဲ့ထားတဲ့ပြည်ခိုင်ဖြိုးပါတီ ထက် ပို၍  နိုင်ငံအပေါ်ချစ်တာပြလိုက်တယ်လို့   ပြည်သူလူထုမှ  ထင်မြင်ယူဆနေကြပါတယ်။

    လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်ကာလ အတောအတွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မကြာခဏပြောင်းလဲခဲ့ပေမယ့် ယခုလို တက်တက်ကြွကြွနဲ့ ပါဝင်ဆွေးနွေးတာမျိုး မကြားမိခဲ့ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ် သုံးဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဥာဏ်နိုင်၊ ဗိုလ်မှူးကြီးမြင့်ကိုကိုနဲ့  ဗိုလ်မှူးကြီးတင့်ဆန်းတို့ ဆွေးနွေးချက်တွေဟာ လည်း MRTV မှကြည့်ရှူနေကြတဲ့ ပြည်သူများအကြား တပ်မတော်အပေါ် ပိုလို့ ယုံကြည်အားကိုးလာစေခဲ့ပါတယ်။

   တကယ်တော့ တပ်မတော်ဆိုတာ အမိန့်နဲ့အလုပ်လုပ်တာ ဖြစ်ပါတယ်။ မီဒီယာတွေက တပ်က ကိုယ်စားလှယ်တွေကို မေးတဲ့အခါ ပြေးကြတာ များပါတယ်။ ဗိုလ်မှူးလောက်ကို မေးရင် ဗိုလ်မှူးကြီးကို မေးဖို့ တွန်းလွှတ်ပါတယ်၊ ဗိုလ်မှူးကြီးကို မေးဖို့သွားရင် ဗိုလ်မှူးချုပ်လောက်ကို မေးဖို့ ပြောပါတယ်။ တချို့ကတော့ ကျွန်တော် မသိဘူး၊ မဖြေတတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

  ယခုလိုထဲထဲဝင်ဝင် အားတက်သရောနဲ့ ဆွေးနွေးလာကြတဲ့အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့    အမျိုးသားရေးတာဝန်နဲ့ပတ်သက်တဲ့သဘောထားကို သိရှိနိုင်တဲ့အပြင်နိုင်ငံတော်နှင့်ပြည်သူလူထုအပေါ်ထားရှိတဲ့ ပျော့ပြောင်းတဲ့ သဘောထားတွေကို မြင်တွေ့ရလာတယ်၊ တစ်နည်းအားဖြင့် လွှတ်တော်နိုင်ငံရေးဘက်ကိုလည်း အလေးထားပြီး စိတ်ပါဝင်စားမှုရှိလာတယ်လို့ သုံးသပ်နေကြပါတယ်။

         လွှတ်တော်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဌကတော့
ပိုလို့ အကြိတ်အနယ်ရှိလာပြီလို့ သတ်မှတ်ရမှာပါ။ ယခင်ကတပ်မတော်နှင့် တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စများမှအပ ကျန်သောကိစ္စများမှာ ၀င်ရောက်ပြောဆိုခြင်းမပြုကြတဲ့ တပ်မတော်သားကိုယ်စားလှယ်များအနေနဲ့ ယခုလို အများနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးလာကြတာ နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် အင်မတန်မှ
ကောင်းမွန်ပါတယ်။          ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်းဒီလို တပ်မတော်သား ကိုယ်စားလှယ်တွေ အသံထွက်လာကြတာ ၀မ်းသာစရာကောင်းတယ်လို့ ပြောပါတယ်။


     ''စဉ်းစားဆွေးနွေး သင့်တယ်လို့ ယူဆတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထောက်ခံကန့်ကွက်ရာမှာ လူပုဂ္ဂိုလ်၊ပါတီအဖွဲ့အစည်း မကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသားနိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်။ အခုဆုံးဖြတ် တာကလည်း ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြုတာ မဟုတ်သေးပါဘူး။ ဆွေးနွေးစဉ်းစားဖို့ ဆုံးဖြတ်တာပါ။ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကို နားထောင်ရပါဦးမယ်။လိုအပ်ရင်လည်း ပါဝင်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပေါ့'' ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က The Daily Eleven သို့ပြောကြားခဲ့သည်ကိုလည်း ဖတ်ရသည်။


  နိုင်ငံတော်သမ္မတ၏ မူဝါဒအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကိုအကောင်အထည် ဖော်နိုင်မည့်၊ ထာဝရ ထိန်းသိမ်း ထားနိုင်မည့် အခြေအနေ
ကောင်းများကို ဖော်ဆောင် ပေးသကဲ့သို့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်အောင်၊ ပျက်ပြားအောင်   လုပ်ဆောင်လာသည့် ပြည်တွင်း ပြည်ပ အင်အားစုများ၏ အဖျက်အမှောင့်
လုပ်ရပ်များကိုလည်း ကာကွယ် တားဆီးနေရသည့် တပ်မတော်သည် အတိတ် ကာလကကဲ့သို့    နိုင်ငံရေးသက်သက်၊ စစ်ရေး သက်သက် အမြင်ဖြင့် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေးစသည်ဖြင့် ဘက်စုံထောင့်စုံမှ စဉ်းစား ဆောင်ရွက်နေသည်ကိုလည်း       လေ့လာလျှင်တွေ့ရှိနိုင်ပေသည်။

အကြမ်းဖက်သောင်းကျန်းသူများကြောင့် ရန်ကုန်တိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အဓိကဈေးကွက် ဖြစ်လာနိုင်

အစိုးရမှ မူးယစ်ဆေးဝါး ပပျောက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေသော်လည်း
မူးယစ်ဆေးဝါးကို အဓိကထုတ်လုပ်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကြောင့်  ရန်ကုန်တိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အဓိကဈေးကွက် ဖြစ်လာနိုင်


ရန်ကုန်တိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါး လုပ်ကိုင်နေကြသည့် ၀ိသမ လောဘသများ၏ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပြုလုပ်သည့် ဈေးကွက် ဖြစ်လာနိုင်ကြောင်း ရန်ကုန်အနောက် မူးယစ် (အထူး) အဖွဲ့၏ ကြီးကြပ်သူ အရာရှိ ဒုရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်း၌ စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားလာပြီး ဖမ်းဆီးရမိမှု မှာလည်း များပြားလာကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဦးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

''ရန်ကုန်တိုင်းမှာ တစ်နိုင်ငံလုံးရဲ့ လူဦးရေအရ ၁၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ပြည်ပနိုင်ငံများနဲ့ အဓိက ကုန်သွယ်နေတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ ရှိတယ်။ အခြားပြည်နယ်တိုင်း ဒေသကြီးထက် ထူးခြားတိုင်း ဒေသကြီးပါ။ အဲဒီအတွက်လည်း မူးယစ်ဆေးဝါးက ရေဆိပ်၊ လေဆိပ်ကနေ ထွက်နိုင်၊ ၀င်နိုင်တယ်။ စင်တင် တေးဂီတတွေ၊ KTV တွေ၊ Club တွေ အကုန်လုံးရှိတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ မူးယစ်ဆေးဝါး လုပ်ကိုင်တဲ့ ၀ိသမ လောဘသားတွေရဲ့ Target ဖြစ်လာနိုင်တယ်။ ရန်ကုန်တိုင်းဟာ မူးယစ်ဝိသမ လောဘသားတွေရဲ့ မူးယစ်ဆေးဝါးဈေးကွက် ဖြစ်လာနိုင်တယ်'' ဟု ရန်ကုန်အနောက် မူးယစ် (အထူး)အဖွဲ့၏ ကြီးကြပ်သူ အရာရှိ ဒုရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် ရထားများတွင် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများ လုပ်ကိုင်နေသည့် အတွက် ဖမ်းဆီးရမိမှု ဖြစ်စဉ်များ ရှိနေကြောင်း သိရသည်။

ဆက်လက်ပြီး ဒုရဲမှူး ခင်မောင်သိန်းက ''ကျွန်တော်တို့ မူးယစ်အထူးအဖွဲ့ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အင်အား ၅၀၀ နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို ဘယ်လိုမှ အောင်မြင်အောင် လုပ်လို့မရနိုင် သေးပါဘူး။ ဒါကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးမှာ သတင်းရရှိဖို့က အသက်ဖြစ်ပါတယ်'' ဟု ဆိုသည်။

မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် စီမံကိန်းများ ချမှတ်ကာ ၁၅ နှစ် စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အတွက် နောက်ထပ် စီမံကိန်းသက်တမ်း ငါးနှစ်ထပ်တိုးကာ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်များဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါး အမှုပေါင်း ၄၀၀၀ ကျော် ဖမ်းဆီးခဲ့ရာ တရားခံ ၅၇၀၀ ဦး ကျော်အား ဥပဒေအရ အရေးယူခဲ့သည်။

Eleven


မြန်မာပြည်က ကျောက်နဂါးကြီး

မြန်မာပြည်က ကျောက်နဂါးကြီး
xxxxxxxxxxxxxxxxxxxxxx
တစ်ချို့လည်း သိကြမှာပါ။ မသိသေးသူတွေအတွက် ထပ်မံဖော်ပြလိုက်တာပါ။ ကျောက်နဂါးကြီးကို စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆင်ခေါင်းတောင်ရှိ ၂၀၀၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ဘိုးမင်းခေါင် ကိုယ်ပွားပုံတော်အတွက် ကျောက်ဖျာရှာရင်း တူးဖော် ရရှိခဲ့ကြောင်း၊ အရှည် ၆၅ ပေရှိ အင်ကြင်ကျောက်ကြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးသန်းခန့် အင်ကြင်းပင်ကြီး လဲကျရာမှ ဖြစ်ပေါ်ခဲ့သော ပရိုင်းမိတ် အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်း ဖြစ်ကြောင်း
ရှေးဟောင်းသုတေသီများ ခန့်မှန်းချက်အရ သိရှိရပါသည်။

ကျောက်နဂါးကြီးမှာ အနောက်မှ အရှေ့သို့ တွားသွားနေဟန် သဘာဝအတွန့် ခုနစ်တွန့် ပါရှိပြီး မိမိလာရာလမ်းကြောင်းကို သုံးသပ်သည့် ဟန်ဖြင့် ဦးခေါင်းနောက်ပြန်လှည့် ကြည့်သည့် အနေအထား ဖြစ်နေကြောင်း သိရှိရသည်။


ယခုအခါ မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးခရီးသည်များ နေ့စဉ်လာရောက် အဓိဋ္ဌာန်ဝင်ကြကြောင်း၊ကမ္ဘာလှည့် ခရီးသည်များလည်းလာရောက် လေ့လာကြကြောင်း သိရှိရသည်။

ယုံကြည်သူ တွေကတော့ ကျောက်နဂါးနဲ့ ကျောက်ကလေး မှာအဓိဌာန်ပြုပြီး ဆုတောင်းကြတာ ဆုတောင်းပြည့်သတဲ့။

ဘယ်လိုပဲဖြစ်ပါစေ ....ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သဘာဝ ကပေးတဲ့ အလှအပ၊ ထူးဆန်းမှု့တွေကို
တော့ ပရိတ်သတ်ကြီးတို့ လမ်းကြုံရင် အလယ်တစ်ခေါက်လောက်တော့ သွားလေ့လာစေချင်ပါတယ်...

Related Posts Plugin for WordPress, Blogger...