Wednesday, August 14, 2013

အလောင်းလေး တစ်လောင်း



အလောင်းလေး တစ်လာင်းမြေခလို့
လွတ်နေတဲ့ အိပ်ကပ်လေး
ရင်ခွင်ပိုက်ထားတဲ့မိသားစုပုံလေးတစ်ပုံ
တမ်းတတဲ့စိတ်နဲ့ သူသေခဲ့ရတယ်

အမိအိမ်နဲ့ ခွဲခွာလာတာ နှစ်တွေကြာခဲ့ပြီလေ
အိမ်ပြန်မရောက်နိုင်တော့တဲ့
သူ့ခန္တာလေးမြေခလို့ မြုပ်ပေးသူမရှိ
ကျီးထိုးထိုး လဒဆွဲဆွဲ

သူချစ်ခဲ့ဖူးတဲ့ ကျည်တစ်တောင့်
နှလုံးသားထဲ သိမ်းထားတယ်

သူလွမ်းခဲ့ရတဲ့ အမိအိမ်လေး သူပြန်ရောက်တော့
အဝတ်လေးတစ်စုံကိုဖက်ငိုနေတဲ့
သူ့ မိဘနဲ့ ကိုယ်ဝန်သည်ဇနီး
သူ နားမလည်စွာ ငေးကြည့်မိနေတုန်း

သူ တပ်ရောက်မှသိလိုက်ရတဲ့ အသိ
သူချစ်မြတ်နိုးစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့
တပ်မတော် နှင့် သူ သက်ဆိုင်ခြင်း
မရှိတော့ဘူးဆိုတဲ့ အမိန့်တစ်ခု

ဒါဟာသူ့အတွက် နောက်ဆုံးသော
အမိန့် နာခံခြင်းပေလော......



ကျဆုံးသွားသော တပ်မတော်သားများအား
အစဉ်လေးစားဦးညွတ်လျက်

ရေးသားသူ - လမ်းပြ ကြယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...