Thursday, August 15, 2013

တပ်မတော်...ဘာလဲ...ဘယ်လဲ ၃




မြန်မာ့နိုင်ငံရေးခရီးမှာ တပ်မတော်ရဲ့ ရည်ရွယ်ချက်ကို
အရပ်စကားနဲ့ နားလည်အောင်ပြောပြပါလို့ 
ကျွန်တော့်ကို လာမေးရင်တော့ ဘယ်အစိုးရတက်တက်
ဘယ်ဝါဒကို ကျင့်သုံးကျင့်သုံး တိုက်စရာ ရှိရင် သူပဲ
တိုက်ရမှာပဲလို့ စဉ်းစားပြီး တပ်မတော်ရဲ့  ရပ်တည်မှုကို
မခြိမ်းခြောက်နိုင်အောင် ဖြိုခွဲလို့ မရအောင် အင်အား
တည်ဆောက် ထားရမယ်လို့  ယူဆတဲ့ 
အတွေးအခေါ်လို့  ကျွန်တော်ပြောရမှာပါ.....…။

တပ်မတော်ဟာလွတ်လပ်ရေးမရခင်ကတည်းက စခဲ့တဲ့
လူမျိုးရေး ၀ါဒရေးရာမှိုင်းများအောက်မှာ
ပြိုကွဲ လု နီးပါး ဖြစ်ခဲ့တဲ့ 
အတွေ့ အကြုံကို အခြေခံပြီး ဒီအတွေးအခေါ်
ပေါ်ထွက်လာတာလို့ ပြောရင်လဲ မှား မယ် မထင်ပါဘူး……။
၁၉၄၈ လွတ်လပ်ရေးရပြီးခါစမှာ တပ်မတော်ရဲ့ ရှိစုမဲ့စု
တပ်ရင်း ၁၀ရင်းထဲက တပ်ရင်းတစ်ချို့ ဟာ
တော ခိုသွား ခဲ့ပါတယ်။

တစ်ဖက်မှာလဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ရင်းတွေ
အတော်များများက တစ်ပြိုင်တည်း ပုန်ကန်ခဲ့တဲ့ဖြစ်ရပ်အတွက်
တပ်မတော်ဟာ အတော်အထိနာသွားခဲ့ပြီး
ရန်သူက မန္တလေးအပါအ၀င်
မြန်မာပြည် တစ်ပြည်လုံးနီးပါးနဲ့  ရန်ကုန်မြို့ အင်းစိန်ထိ
ထိုးစစ်ဆင်သိမ်းပိုက်လိုက်တဲ့ ဖြစ်ရပ်၊

တပ်ရင်းတွေဟာ
တပ်ရင်း လိုက်တောင်တိုက်ပွဲမ၀င်နိုင်တော့ပဲ
တပ်ခွဲ လိုက် မြန်မာပြည် အနှံ.အပြားပြန့် ကျဲ ခံစစ် ဆင်ခဲ့ရတဲ့
ဖြစ်ရပ်၊ လက်တစ်ဆုပ်စာလောက် တပ်တွေဟာ
မြန်မာပြည် အရှေ့ အနောက် တောင်မြောက် အရူးမီးဝိုင်း
အပြေးအလွှား ချီတက်တိုက်ခိုက်ရင်း
ကိုယ့်ထက် အင်အား ငါးဆလောက်များတဲ့ရန်သူကို
အသေခံကာကွယ်ခဲ့ရတဲ့ အဖြစ် အပျက်တွေဟာ
သက်တမ်းနုနယ်လှသေးတဲ့
အမြဲတန်း တပ်မတော် တစ်ခု ရဲ့စိတ်ကို
အင်မတန် အနာတရ ဖြစ်စေခဲ့ပါတယ်……။

အဲဒီနောက် ထပ်ပြီးခါးသီးစရာ ဖြစ်ခဲ့ရတာကတော့
ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ ရထားတဲ့ 
ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ ရင်ဆိုင်ရတဲ့ ကာလရှည်စစ်ပွဲကြီးရယ်၊
ဗူးလေးရာ ဖရုံဆင့်ဆိုသလို နောက် ထပ်စစ်
မျက်နှာ အသစ်တစ်ခု ဖွင့်လိုက်ရတဲ့ 
တရုတ်ဖြူကျူးကျော်မှုရယ်၊ အဲဒါနဲ့ အတူ တစ်ပြိုင်တည်းပေါ်လာတဲ့
ရခိုင်မြောက်ပိုင်းနယ်စပ်က မူဂျာဟစ်လှုပ်ရှားမှုရယ်ပါ …။

တပ်မတော်ဟာ လွတ်လပ်ရေးရခါစတိုင်းပြည်မှာ
အရပ်ဆယ်မျက်နှာကို လှည့်ပတ်စစ်တိုက်နေရတဲ့
ဘ၀ ကနေ သတိပြုမိလာတာကတော့
အစိုးရ အဖွဲ့ ရဲ့ ဆောင်ရွက်ချက်အားလုံးဟာ
တပ်မတော်ရဲ့ အနာဂတ်ကို
ဖန်တီးပေးနေ တယ်ဆိုတာပါ…။

အစိုးရအဖွဲ့ ထဲက နိုင်ငံရေးသမားများရဲ့
နိုင်ငံရေးကစားကွက်တွေဟာ
တပ်ထဲက စစ်သည်အတော်များများရဲ့ အသက်ကို
ချွေပစ်နိုင်တယ်ဆိုတာ ၁၉၆၁ သြဂုတ် (၂၆) ရက်နေ့ မှာ
 ဦးနု ကဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာလို့  ကြေငြာလိုက်ပြီး
တစ်လအတွင်း ဒီရေလိုတိုးလာတဲ့ 
KIA သောင်းကျန်းသူ အရေအတွက်ကို ကြည့်ပြီး
ကောင်းကောင်း သဘောပေါက်လာခဲ့ပါတယ်.။

ဒါဟာ မြန်မာ့တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ
တပ်မတော်က ပါကိုပါရမယ်၊
ဒါမှ နိုင်ငံရေးသမားတွေ မဲရဖို့ 
တပ်ကိုထိုးကျွေးတဲ့ ကိစ္စမျိုးကို တားဆီးနိုင်မယ်ဆိုတဲ့ 
အယူအဆ တစ်ခုကို ထွက်ပေါ်စေခဲ့ပါတယ်…….


- Ye Moe

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...