Friday, August 9, 2013

တစ်သွေး ၊ တစ်သံ ၊ တစ်မိန့် ဆိုတာ ဟာ ညီညွတ် မှု မဟုတ်ဘူးတဲ့လား

ဒေါ်အောင်ဆန်းစုကြည် က ပြောတယ် .....
တစ်သွေး ၊ တစ်သံ ၊ တစ်မိန့် ဆိုတာ ဟာ ညီညွတ် မှု မဟုတ်ဘူးတဲ့ ....

ပြီးတော့ ဘာက မှ ညီညွတ် မှု လို့ တိတိကျကျ ရယ်လို့ မပြောပဲ
ညီညွတ်မှု ဆိုတာ မတူညီ မှု တွေကို ညှိယူရတာတဲ့ ....

(ညှိ လိုက်တော့ မညီဘူးလား ၊ ညီသွားတော့ တစ်သံတည်းမထွက်ဘူးလား ၊ တစ်စိတ်တည်း ဖြစ် တော့ ရည်းမှန်းချက်တစ်ခုတည်းမဖြစ်ဘူးလား )

လူ ၂ ယောက်ရှိတယ် ...
ကိစ္စ တစ်ခု လုပ်ရမယ်
တစ်ယောက်က မလုပ်ဘူးဆိုတယ်
တစ်ယောက် က လုပ်မယ်ဆိုတယ်

လုပ်မယ်ဆိုတဲ့ စိတ် ( သွေး ) ၂ ယောက်တူညီနေတာ ဟာ ...ညီညွတ်မှုလား
လုပ်မယ် ၊ မလုပ်ဘူး ဆိုတဲ့ စိတ် ကွဲ ပြားနေတာ က .... ညီညွတ်မှုလား

၂ ယောက်လုံး လုပ်မယ်ဆို ပြီး တစ်သံ တည်း ထွက်တာ က ညီညွတ်မှုလား
လုပ်မယ် ၊ မလုပ်ဘူး ...၂ သံထွက်နေတာ က ညီညွတ်မှုလား

ငါတို့ လုပ်ကြရမယ် ဆိုတဲ့ တူညီတဲ့ ခံယူချက်ဟာ ညီညွတ်မှုလား
မင်းလုပ်ချင်လုပ် ..ငါတော့ မလုပ်နိုင်ဘူး ဆိုတဲ့ ခံယူချက်က ညီညွတ်မှုလား

ကျွန်တော်နားလည်တာ ဟာ အပေး အယူ ၊ အညှိ အနှိုင်းဟာ Process ဖြစ်ပြီး
one mission , one goal ဖြစ်လာရင် ညီညွတ်မှု ဆိုတဲ့ Result ပဲ ။

မေးခွန်းရရင် မေးချင်တယ် ...တစ်သွေး ၊ တစ်သံ ၊ တစ်မိန့် က ညီညွတ်မှု မဟုတ်ရင် ...ညီညွတ်မှု ဆို တာ ဘာလဲ ရှင်းပြ ပါလို့ ။

လိုက် မမှီသော
(ရုပ်ဆိုး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...