
တရုတ် မီဒီယာများသည် ဒုတိယ ကမ္ဘာစစ် ပြီးနောက် အကြီးဆုံး စစ်သင်္ဘော ကြီးကို
အင်္ဂါနေ့က ပထမဦးဆုံး ထုတ်ပြလိုက် ခြင်းသည် ဂျပန်တို့ စစ်ရေး
ပြန်လည် တည်ဆောက် နေပြီ လောဟူ၍ သတိပေး လိုက်ခြင်း ဖြစ်ကြောင်း ကြားသိရသည်။
ဂျပန်တို့၏ ဖျက် သင်္ဘောကြီး အစ်ဇူမို၏ထိပ် အမိုးမှာ ခပ်ပြားပြား ပြုလုပ် ထား၍ လေယာဉ်ပျံများ အတက် အဆင်း ပြုလုပ် နိုင်သည့် ကုန်းပတ် Flight Deck ၏အလျားမှာ ၂၅ဝ မီတာ ( ၈၂ဝ ပေ) ရှည်သဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ကိုးစင်း ကျော်မျှ သယ်ဆောင် သွားနိုင်သည် ဟုဆိုသည်။
လွတ်မြောက်ရေး တပ်မတော် နေ့စဉ် သတင်းစာနှင့် တရုတ်စစ်ရေး ကျွမ်းကျင်သူ များက ဂျပန်တို့၏ မျိုးဆက်သစ် 22DDH ရဟတ်ယာဉ်တင် သင်္ဘောကြီးသည် ပုံဖျက် ပုံပြောင်း ထားသော လေယာဉ်တင် သင်္ဘောကြီး တစ်မျိုးပင် ဖြစ်သည်ဟု ဆိုသည်။
သူတို့ ယုံကြည် ယူဆ ထားသည်မှာ အကယ်၍ အနာဂတ်တွင် ဂျပန်သည် စစ်ပြီးစက စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံကို ပြောင်းလဲ ပြင်ဆင် ခဲ့သည်ဟု ဆိုလျှင် ဂျက်တိုက် လေယာဉ် များကို အထောက် အကူဖြစ် စေရန် ပြန်လည် တပ်ဆင် ပြုပြင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
ယင်းသင်္ဘောသည် ၁၉၃ဝ ပြည့်နှစ်ကျော် ကာလ အတွင်းက တရုတ်နိုင်ငံသို့ ကျူးကျော် ဝင်ရောက် ခဲ့သော ဂျပန်ရေတပ် သင်္ဘော အုပ်စု၏ ရှေ့ဆောင် စစ်သင်္ဘော ကြီးနှင့် အမည် တူနေသည် ဖြစ်ရာ ယင်းသင်္ဘောသည် တရုတ် နေ့စဉ် သတင်းစာတွင် ဖော်ပြ ထားသည်ကို မျက်ခုံးပင့်၍ မျက်လုံးကို ပြူးပြဲ ကြည့်နေသည် ထင်ရသည်ဟု ဆို၏။
ဤသည် မှာလည်း ဂျပန် အစိုးရ၏ နောက်ထပ် လက်တစ်လုံးခြား လုပ်ရပ် ဖြစ်သည်ဟု ဆို၏။ တရုတ်တို့ အနေဖြင့် အစ်ဇူမိုသည် အပေါ့စား လေယာဉ်တင် သင်္ဘောကို အစောင့်လိုက် သင်္ဘော ကဲ့သို့ အဝတ် အစား ပြောင်းဝတ် ပေးထားသည့် တကယ့် လေယာဉ်တင် သင်္ဘောကြီး အဖြစ် ပြုလုပ် ထားခြင်းသာ ဖြစ်သည်ဟု ဂလိုဘယ်တိုင်းမ် သတင်းစာက ထောက်ပြ ထားသည်။
ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်တို့ လက်နက်ချသော နေ့ရက် ဖြစ်သည့် သြဂုတ် ၁၅ ရက်တွင် ယာဆူ ကူနီ စစ်သင်္ချိုင်းသို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မသွားရန် ဆုံးဖြတ် ထားခဲ့ သော်လည်း တခြားနိုင်ငံရေး သမားများ သွားရောက် နေခြင်းကို တားမြစ်ခြင်း မရှိသဖြင့် တချို့ မီဒီယာ များက သူ့ကို ဝေဖန် ပြစ်တင် ခဲ့ကြသည်။
တရုတ် တို့သည် ဂျပန်နှင့် သူပိုင်၊ ကိုယ်ပိုင် အငြင်းပွား နေသော ကျွန်းများ အနီး ရေပြင် ပေါ်တွင် သင်္ဘောများ တပ်ဖြန့် ချထားပြီး ၂၈ နာရီကြာ စံချိန် ချိုး၍ ရေကြောင်း စွမ်းအား ထုတ်ဖော် ပြသသည့် နည်းဖြင့် ပိုင်နက် နယ်မြေ တောင်းဆိုသည့် ဖိအားပေး နည်းဗျူဟာကို ထပ်ကာ ထပ်ကာ ကျင့်သုံးလျက် ပုံမှန် ဆန္ဒ ပြနေကြောင်း သိအောင် အကြိမ်ကြိမ် လုပ်ဆောင်လျက် ရှိသည် ဟုဆို၏။
တရုတ် တို့၏ အသစ် ဖွဲ့စည်း ထားသော ကမ်းခြေစောင့် တပ်ဖွဲ့မှ သင်္ဘော များသည် လွန်ခဲ့သည့် နှစ်တွင် ဂျပန် အစိုးရက ကျွန်းများကို ဝယ်ယူ လိုက်သည့် အချိန် ကတည်းက ဂျပန်တို့ ထိန်းချုပ်ထားသော ရေပြင်တွင် အချိန် အကြာဆုံး နေပြ ခဲ့ကြသည်။
တရုတ်တို့၏ တပ်ဖြန့် မှုသည် တောင်တရုတ် ပင်လယ်တွင် စကာဘိုရို ငါးဖမ်းကွက် နေရာကို ဖိလစ်ပိုင် တို့နှင့် အငြင်း ပွားကာ ယင်းနယ် မြေကို တရုတ်တို့ ပိုင်သည်။ ယင်းတို့၏ အချုပ် အခြာ အာဏာ သက်ရောက်ရာ နေရာ ဖြစ်သည်ဟု ပိုင်နက် တောင်းဆိုကာ ဖိအားပေးသည့် နည်းလမ်းကို ထင်ဟပ် စေခဲ့သည်။ ဤလှုပ်ရှားမှုက တရုတ်တို့သည် သူတို့၏ ကာကွယ်ရေး အသုံး စရိတ်ကို ကျယ်ပြန့်စွာ သုံးစွဲပြီး သမ္မတ ရှီကျင့်ဖျင် ကလည်း ဒေသတွင်း တရုတ်တို့၏ ရေကြောင်း စွမ်းပကားကို ထုတ်ပြသည့် သဘော ဖြစ်သည်ဟု ဆိုသည်။
အစိုးရ အဖွဲ့ အတွင်း ရေးမှူး ယိုရှီဟီဒေဆူးဂါးက တိုကျိုတွင် အတိုချုပ် ရှင်းလင်းပွဲ၌ ပြောကြား ခဲ့ရာတွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ် သံအမတ်ကို ဆင့်ခေါ်၍ တင်းတင်း မာမာ ကန့်ကွက် စကား ပြောကြား ခဲ့သည်ဟု သိရသည်။
တိုကျိုမြို့ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ လေ့လာရေး ဌာန တော်ဝင် ယူနိုက်တက် ဆားဗစ် အင်စတီကျု တိုကျို ဗျူရို ညွှန်ကြား ရေးမှူး ချိုင်ကီအာကီ မိုတိုက ''ဒီကိစ္စက အလားတူ ပါပဲ'' ဟူ၍ ဂျပန်နှင့် ဖိလစ်ပိုင်တို့ အပေါ် တရုတ်တို့၏ လုပ်ရပ်ကို ရည်ညွှန်း၍ ပြောခြင်း ဖြစ်သည်။ ''အကြံ အစည် ကတော့ နည်းနည်းချင်း တိုးတိုးပြီး သွေးတိုး စမ်းကြည့် နေတာ ပေါ့ဗျာ။ တစ်ချိန်မှာ ဂျပန်က ဘယ်လို တုံ့ပြန်လေ မလဲပေါ့။ သူတို့က မြင်ချင် သိချင် နေတာလေ'' ဟု သူက ပြောသည်။
ဇွန်လထဲတွင် တရုတ် စစ်သင်္ဘောနှင့် ရဲတပ်ဖွဲ့ သင်္ဘောတွေ အင်နှင့် အားနှင့် တောင်တရုတ် ပင်လယ်ပြင်ရှိ သူတို့ တောင်းဆို နေသော နေရာ တစ်ဝိုက်မှာ ရောက်နေသည့် အတွက် ဖိလစ်ပိုင်က တရုတ်ကို ကန့်ကွက် ခဲ့ရသည်။ ဇန်နဝါရီလတွင် တရုတ်နှင့် အငြင်းပွား နေသော ကိစ္စအား ကုလ သမဂ္ဂကို ဖြေရှင်း ပေးရန် အကူ အညီ တောင်းခံ ခဲ့ရသည်။ ယခင်နှစ်က ဖိလစ်ပိုင်နှင့် တရုတ် သင်္ဘောများ စကာဘိုရို ငါးဖမ်းကွက်ကို သူတို့ ထိန်းချုပ် လို၍ ပြဿနာ တက်ပြီးနောက် ယခုလို လှုပ်ရှားမှု ထပ်လုပ်ခြင်း ဖြစ်သည်။
တရုတ် ကမ်းခြေစောင့် တပ်သ င်္ဘောများကို ဂျပန်တို့ ထိန်းချုပ်မှု အောက်တွင် ရှိသော အငြင်းပွား ကျွန်းများ၏ အနီး ရေပြင်သို့ ၂၈ နာရီကြာ စေလွှတ် ထားခဲ့ပြီး ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အီးမေးလ် ကြေညာချက် အရ တချို့အချိန်တွင် မီနာမီကိုဂျီးမား ကျွန်းမှ ၅ ကီလိုမီတာ (၃ ဒသမ ၁ မိုင်) အတွင်း ရပ်နား ထားကြောင်း သိရသည်။
ရှင်းနေသည်မှာ ရှင်ကာကူ ကျွန်းများသည် ဂျပန်၏ ပိုင်နက်န ယ်မြေ ဖြစ်သည်။ ''သမိုင်း အရရော၊ အပြည်ပြည် ဆိုင်ရာ ဥပဒေ အရပါ ဂျပန်ပိုင်ပါ'' ဟု ဆူးဂါးက ပြောသည်။ ပြီးခဲ့သည့် ဂျပန် အစိုးရက ဤကျွန်း များကို ဝယ်လိုက်ပြီး ကတည်းက ဤတစ်ကြိမ် ဂျပန် ပိုင်နက် ရေပြင်တွင် ကျူးကျော် မှုသည် အချိန်အကြာဆုံး ကျူးကျော်မှု ဖြစ်သည်။ ''ဤကိစ္စမှာ အလွန့် အလွန် ဝမ်းနည်း ဖွယ်ရာ ဖြစ်ပြီး မိမိတို့ လက်မခံ နိုင်ပါ'' ဟုပြောသည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ ဖုန်း ဆက်သွယ် ခေါ်ဆိုခြင်းကို အကြောင်း မပြန်ပါ။ ယနေ့ ဆူးဂါး၏ သဘောထား ပြောကြား ချက်ကိုလည်း အီးမေးလ် ပို့ထား သည်ကို အကြောင်း မပြန်ပါ။ ယမန်နေ့က တရုတ် အစိုးရက ပြောကြား ရာတွင် ကမ်းခြေစောင့် တပ်ဖွဲ့၏ ကင်းလှည့် အဖွဲ့က ဂျပန် သင်္ဘော များကို ကျွန်းများ အနီး တစ်ဝိုက်မှ နှင်ထုတ် ခဲ့ကြောင်း ပြောသွားသည်ဟု ဆို၏။
ဂျပန်အစိုးရက ဂျပန် ပုဂ္ဂလိက ကျွန်းပိုင်ရှင် ထံမှ အဆိုပါ ကျွန်းငါးကျွန်း အနက် သုံးကျွန်းကို ဝယ်ယူ လိုက်ကတည်းက ဂျပန်နှင့် တရုတ် ဆက်ဆံရေးမှာ ထိခိုက် ယိုယွင်း လာခဲ့ရာ အာရှတိုက်၏ စီးပွားရေး အင်အား အကြီး မားဆုံး နှစ်နိုင်ငံ အကြား ကုန်သွယ် ဆက်ဆံရေးကို ထိခိုက် စေခဲ့သည်။ ယနေ့ ကုန်သွယ်ရေး ကိန်းဂဏန်း အချက် အလက် ထုတ်ပြန်ချက် အရ တရုတ်မှ ဂျပန်သို့ ပို့ကုန် ပမာဏမှာ ယခင်နှစ် ဇူလိုင်လ အစော ပိုင်းထက် နှစ်ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ဤအကြိမ်သည် (၆) ကြိမ်မြောက် တောက်လျှောက် ကျဆင်းခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက တရုတ်တို့သည် ကျွန်းများ အနီး ရေပြင်သို့ ပုံမှန် သင်္ဘောများ စေလွှတ် ခဲ့သည်။ ဒီဇင်ဘာတွင် ကျွန်းများ အနီး ဂျပန်တို့ ထိန်းချုပ်မှု အောက်ရှိ လေကြောင်း ပိုင်နက် အတွင်း တရုတ် ထောက်လှမ်းရေး လေယာဉ် တစ်စင်းကို ခြေရာခံ မိသည်။ ယခင်လက တရုတ် သင်္ဘောများ ပထမဆုံး အကြိမ် အနေဖြင့် မြောက်ဘက် ပိုင်နက် နယ်မြေ ရေလက်ကြားကို ဖြတ်၍ သွားခဲ့ကြောင်း အတည်ပြု ခဲ့သည်။
နောက်ဆုံး လှုပ်ရှားမှုမှာ ဂျပန် နိုင်ငံသည် အဆိုပါ ကျွန်းများကို တရုတ်ပိုင် အဖြစ် အသိ အမှတ် ပြုရန် တောင်းဆိုချက်ကို အတင်း အကြပ် လုပ်ဆောင်ရန် ရည်ရွယ် ထားသည်ဟု ဆို၏။ ယင်းကိစ္စကို တိုကျိုရှိ ဂျပန် အစိုးရက ယခုတိုင် ငြင်းဆိုလျက် ရှိသည်ဟု မတ်ဆာ ချူးဆက် နည်းပညာ တက္ကသိုလ် နိုင်ငံရေး သိပ္ပံ တွဲဖက် ပါမောက္ခ တေလာဖရာဗဲလ် အပါအဝင် သုံးသပ် သူများက ပြောကြား ခဲ့သည်။ ကျွန်းများ တစ်ဝိုက် တရုတ်တို့၏ လုပ်ရပ်သည် ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက တည်ဆောက်ခဲ့သည့် အကြီးမားဆုံး စစ်သင်္ဘော ကြီးကို ဂျပန်က ထုတ်ပြ ခဲ့သည့်နောက် နှစ်ရက် အကြာတွင် ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။ ဤသို့ တရုတ်တို့က ဂျပန်နှင့် အငြင်းပွား နေသော ကျွန်းများ အနီးသို့ ကမ်းခြေစောင့် သင်္ဘောများ စေလွှတ်ခြင်း မပြုမီ တရုတ် အစိုးရက ကမ်းခြေစောင့် အဖွဲ့အစည်း၏ အောက်တွင် အေဂျင်စီများ တချို့ကိုပါ ထည့်သွင်း ဖွဲ့စည်း လိုက်ပြီး လက်နက်များ တပ်ဆင်ခွင့် ပြုခဲ့သည်ဟု ဆို၏။
နိုင်ငံတကာ နိုင်ငံရေး သုံးသပ်သူ များက သတိပေး ပြောကြား ရာတွင် ''ဤကျွန်း များသည် လက်နက်ကိုင် ထိပ်တိုက် ရင်ဆိုင် နိုင်ခြေ အလား အလာမှာ ယခု အခါ အလွန်ပင် များလာပါ ကြောင်း'' သတိ ပေးကြသည်။ ဤသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့သ င်္ဘောများ များပြား လာခြင်းသည် အသေး အဖွဲ မတော် တဆမှု ကလေးမှသည် ပို၍ ကြောက်စရာ ကောင်းသော အသည်းအသန်အခြေအနေမျိုးသို့ အရှိန် မြင့်တက်သွားကာ အမှိုက်ကစ
ပြာသာဒ် မီးလောင် ဖြစ်လာ နိုင်လေသည်။
0 comments:
Post a Comment