Thursday, August 8, 2013

၈ လေးလုံးမှာ ဖြစ်ခဲ့တာတွေ အမှန်ကိုဝန်ခံကြဖို့တော့ လိုပါတယ်.....



၈ လေးလုံးဆိုတာနဲ့ တောက်လျှောက်ပုံဖော်လာတာ ဒီမိုကရေစီ တော်လှန်ရေး ဆိုတာပဲ ပါတယ်...... တကယ်တန်း ဖြစ်ခဲ့တဲ့ကိစ္စတွေကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးကြသူ တော်တော်လေး နည်းတာကို သတိထားမိတယ်........ ၈ လေးလုံးမှာ စစ်တပ်က ဆန္ဒပြ သူတွေကို ပစ်သတ်ခဲ့တယ်...... အဲ့ဒိလိုပဲ ဆန္ဒပြသူတွေကလည်း ဘဲရီးဂွတ်နဲ့ ခေါင်းတွေ ဖြတ်ခဲ့ကြတယ်........

စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တယ်........... အဲ့ဒိလိုပဲ လက်နက်ကိုင် အဖွဲ့အစည်းတော်တော်များများကလည်း အဲ့ဒိအခြေအနေကို တကယ့် အချက် ပဲလို့ ယူဆပီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲခဲ့ကြတယ်....... ၈ လေးလုံးမှာ အကျဉ်းထောင်တွေကို ဖောက်ဖို့လုပ်ခဲ့သူတွေ ရှိသလို၊ အကျဉ်းထောင်ထဲကနေ အချိန်ကိုက် ဖောက်ထွက်ဖို့ လုပ်ခဲ့တာတွေ ရှိတယ်....... ပဲခူးမှာ ဘာသာခြားတွေက မီးသတ်ကားထဲ ဓါတ်ဆီအပြည့်ထည့်ပီး မြို့နားက စစ်တပ်စီကို တက်လာတာမျိုးတွေ ဖြစ်ခဲ့တယ်.....

ဒီလိုကိစ္စတွေအပီး ၈ လေးလုံး နောက်ပိုင်းမှာ NLD နဲ့ အစိုးရကို လက်နက်ကိုင်တိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ အများကြီး ပါတ်သက်ခဲ့သလို၊ ပါတ်သက် ဆက်နွယ်ခဲ့တာတွေ အများကြီးရှိခဲ့တာ အဲ့ဒိအချိန်က သတင်းစာ ရှင်းလင်းပွဲတွေမှာ ပါခဲ့တယ်......

NLD အနေနဲ့လည်း အဲ့ဒိကိစ္စတွေကို ရေငုံနှုတ်ပိတ် မနေပဲ တစ်ခုခုတော့ ဖြေရှင်းသင့်တယ်....... တစ်ချိန်တုန်းက အာဏာဟူသမျှ ဖီဆန်ကြဆိုတဲ့ ပုံသဏ္ဍန်နဲ့ လုပ်ခဲ့တာတွေ၊ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပါတ်သက်ခဲ့တာတွေ၊ ဆက်နွယ်ခဲ့တာတွေကို ခပ်တည်တည်နဲ့ မှိန်းနေပီးတော့ အခုအချိန်မှာ အဲ့ဒိကိစ္စတွေကို အရိပ်မည်း ဖြစ်နေမှာမို့လို့ အွန်လိုင်းပေါ်က NLD ကြေးစားတွေကနေ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ရာဇဝင်ရိုင်းသွားမယ်လို့ မြင်မိတယ်.......

၈၈ မှာ ဖြစ်ခဲ့သမျှကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်းပဲ လိုချင်မိတယ်..... ဒါမှ သင်ခန်းစာရမှာ ဖြစ်သလို တကယ့်တကယ် ဒီမိုကရေစီ တော်လှန်ရေး လုပ်ခဲ့တဲ့ အချိန်နဲ့ တပြိုင်နက်တည်းမှာ ဖြစ်ခဲ့တဲ့ မင်းမဲ့စရိုက်တွေ၊ အကြမ်းဖက်မှုတွေကို လူတွေ သိမှ ဒီလိုဖြစ်ရပ်မျိုး ရှောင်ရှားနိုင်မယ်လို့ မြင်မိတယ်......

- Voice of James Mint

1 comments:

  1. သေချာတာတစ်ခုရှိတယ်. R.I.T ကျောင်းေ.ရှရှိကဖီးဆိုင်ကစခဲ.တာပါ မောင်ဖုန်းမော်ကို မမေ.ကြပါနဲ.နော် အဲ.ဒါဘာဖြစ်လို.လဲ သီချင်းလဲလှယ်ဖွင်.ခိုင်းရာမှစခဲ.တာ တစ်ယောက်နဲ.တစ်ယောက်ရန်ဖြစ်ပွါးတာကို တာဝန်ရှိ လုံထိန်းများက၀င်ရောက်ဖြေရှင်းပေးခဲ.ရာမှစခဲ.တာပါ...အဲဟာကိုအကြောင်းပြု နိုင်ငံရေးလူတစ်စုက အရေးတော်ပုံအဖြစ်ဖန်တီးခဲ.ပါသည်....တစ်ချိန်တည်းမှာ ဒေါ်ခင်ကြည် နေမကောင်းသဖြင်.ဒေါ်အောင်ဆန်းစုကြည်အမိနိုင်ငံသို.ရောက်ရှိခဲ.ရာ မှ နိုင်ရေးသမားတချို.ကအခွင်.ကောင်းယူ လူပ်ရှားကြ ခဲ.တာပါ....

    ReplyDelete

Related Posts Plugin for WordPress, Blogger...