Myanmar Convention Center (MCC)၌ ပြုလုပ်လျက်ရှိသော ရှစ်လေးလုံးငွေရတုပွဲအခမ်းအနားသို့ တက်ရောက်လေ့လာသူ နည်းပါးပြီး စိတ်ဝင်စားမှုနည်းပါးနေကြောင်း သိရှိရသည်။
ယနေ့ ရှစ်လေးလုံး ၂၅ နှစ်တိတိပြည့်တွင်လည်း ရန်ကုန်၊နေပြည်တော်၊ မန္တလေး၊ တောင်ကြီး စသည့်မြို့ကြီးများ ၌ ပြည်သူများမှာ ပုံမှန်ပင်သွားလာလှုပ်ရှားလျက်ရှိကြပြီး ရှစ်လေးလုံးနှင့် ပတ်သက်၍လှုပ်ရှားမှု မရှိသလောက်နည်းပါးနေကြောင်း NMP မှပေးပို့ချက်အရ သိရှိရပါသည်။ ဒါ့အပြင် ပြည်သူအချို့မှပြောကြားချက်အရ ရှစ်လေးလုံးနေ့ ကို အခမ်းအနားဖြင့် ကြီးကြီးကျယ်ကျယ်လုပ်နေသူများသည်ခေတ်နောက်ပြန်ဆွဲချင်သူများသာဖြစ်ကြောင်း၊
ပြည်သူအများစုသည် ခေတ်နောက်ပြန်ဆွဲခြင်းကို သဘောမကျဘဲ
နိုင်ငံ၏ ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို အားလုံးစိတ်ဝမ်းမကွဲဘဲ လက်တွဲညီညီဖြင့်
နိုင်ငံတိုးတက်အောင် ကြိုးစားလုပ်ဆောင်သွားစေလိုကြောင်း သိရသည်။
ရှစ်လေးလုံးနှင့် ပတ်သက်၍ ယနေ့မြို့ကြီးများတွင် တွေ့မြင်နေရသော အခြေအနေသည်
အာဇာနည်နေ့က နှင့်မတူ လုံးဝခြောက်ကပ်ပြီး အထိမ်းအမှတ်ပြုလုပ်ခြင်းများမတွေ့ရ၍
မန္တလေးမြို့ ဒေသခံတစ်ဦးအား မေးမြန်းကြည့်ရာ
"ရှစ်လေးလုံးနဲ့ အာဇာနည်နေ့ကို နှိုင်းလို့မရပါဘူး။
အာဇာနည်နေ့က တိုင်းပြည်လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးစားခဲ့ကြတဲ့ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတဲ့ သမိုင်းဝင်နေ့ပါ။
ရှစ်လေးလုံးကတော့ဒီမိုကရေစီကို တကယ်လုပ်တဲ့လူတွေကနည်းနည်းနဲ့ ဆူပူအကြမ်းဖက်ခေါင်းဖြတ်လူသတ်မှုတွေလုပ်၊အဒိဋ္ဌာရုံတွေနဲ့ လူတွေထိတ်လန့်ခြောက်ခြားခဲ့ရတာပါ။
ဒီမိုကရေစီအတွက် တကယ့်ကို လှုပ်ရှားပေး
ခဲ့သူတွေအတွက် တကယ့်ကိုကျေးဇူးတင်ပါတယ်။
ဒါပေမယ့် အကြမ်းဖက်မှုတွေကများတော့ ဒီလိုနေ့ကို
လူတွေက ခေါင်းထဲကမေ့ပစ်ချင်ကြလို့ ဒီနေ့မှာ ဘာလှုပ်ရှားမှုမှ မရှိတာလို့ မြင်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ယနေ့ဟာ ဆိုရင်ဖြင့် ၈၈ ကျောင်းသားအများစု ဦးဆောင်ပြုလုပ်နေကြတဲ့ ရှစ်လေးလုံးငွေရတုနေ့ပဲဖြစ်ပါတယ်။
0 comments:
Post a Comment